လေယာဥ်ပျက်ကျပြီးနောက် သီတင်းပတ်(၂)ပတ်ကြာ ပျောက်ဆုံးနေသော ကလေးငယ်(၄)ဦးကို အသက်ရှင်လျက် ပြန်တွေ့

4899

Pika (NP News) - မေ ၁၈
ကိုလံဘီယာနိုင်ငံတွင် လူ(၇)ဦးကိုတင်ဆောင်လာသော လေယာဥ်တစ်စင်း တောအုပ်တစ်ခုထဲတွင် ပျက်ကျခဲ့ပြီး နောက် သီတင်းပတ်(၂)ပတ်ကျော်အကြာတွင် ကလေးငယ်(၄)ဦးကို နိုင်ငံတောင်ပိုင်းရှိ တောထဲတွင် အသက်ရှင် လျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုက ပြောကြားခဲ့သည်။
ကလေးငယ်(၄)ဦးကို ကိုလံဘီယာနိုင်ငံ Caqueta ပြည်နယ်၏ တောအုပ်တစ်ခုထဲတွင် စစ်တပ်၊ မီးသတ်သမားများ နှင့် အရပ်ဖက်လေကြောင်းမှ တာဝန်ရှိသူများက ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူ(၇)ဦးကို တင်ဆောင်ထားသော Cessna 206 အမျိုးအစားလေယာဥ်သည် မေလ(၁)ရက်တွင် Amazonas ပြည်နယ်ရှိ Araracuara တောအုပ်နှင့် Guaviare ပြည်နယ် San Jose del Guaviare မြို့ကြားရှိ လမ်းကြောင်းတွင် အင်ဂျင်ချို့ယွင်းခဲ့သည်ဆိုသည့် အရေးပေါ်သတိပေးချက်ကို ပေးပိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရို က "Guaviare ပြည်နယ်မှာ လေယာဥ်ပျက်ကျပြီးနောက် ကျွန်တော်တို့ရဲ့ စစ်တပ်က လိုက်လံရှာဖွေမှုတွေလုပ်ဆောင်ခဲ့ပြီး ကလေးငယ်(၄)ဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစရာပါပဲ" ဟု ပြောဆိုခဲ့သည်။
လေယာဥ်ပျက်ကျမှုကြောင့် လေယာဥ်မှူးအပါအဝင် အရွယ်ရောက်ပြီးသူ(၃)ဦးသေဆုံးခဲ့ပြီး ၎င်းတို့အားလုံး၏ ရုပ်အလောင်းများကို လေယာဥ်ကိုယ်ထည်အတွင်းတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။ သို့သော်လည်း အသက်(၁၃) နှစ်၊ (၉)နှစ်၊ (၄)နှစ် နှင့် (၁၁)လသားအရွယ် ကလေးငယ်(၄)ဦးတို့သည် လေယာဥ်ပျက်ကျမှုမှ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အစောပိုင်းအချက်အလက်များအရ ကလေးငယ်များသည် လေယာဥ်ပျက်ကျမှုမှ လွတ်မြောက်ပြီးနောက် အကူအညီများရှာဖွေရန်အတွက် သစ်တောထဲသို့ ထွက်ခွာသွားခဲ့ကြခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ကို ကူညီဆောင်ရွက်ပေးခဲ့သည့် အရပ်ဖက်လေကြောင်းအာဏာပိုင်များက ပြောဆိုခဲ့သည်။
ကလေးငယ်များ အသက်ရှင်ရန်အတွက် စားသောက်ခဲ့သော သစ်သီးဝလံအကြွင်းအကျန်များ နှင့် အမိုးအကာများ ကို ရှာဖွေရေးခွေးများက တွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုလံဘီယာနိုင်ငံ စစ်တပ်နှင့် လေတပ်တို့မှ လေယာဥ်များနှင့် ရဟတ်ယာဥ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေလယာဥ္ပ်က္က်ၿပီးေနာက္ သီတင္းပတ္(၂)ပတ္ၾကာ ေပ်ာက္ဆုံးေနေသာ ကေလးငယ္(၄)ဦးကို အသက္ရွင္လ်က္ ျပန္ေတြ႕
Pika (NP News) - ေမ ၁၈
ကိုလံဘီယာႏိုင္ငံတြင္ လူ(၇)ဦးကိုတင္ေဆာင္လာေသာ ေလယာဥ္တစ္စင္း ေတာအုပ္တစ္ခုထဲတြင္ ပ်က္က်ခဲ့ၿပီး ေနာက္ သီတင္းပတ္(၂)ပတ္ေက်ာ္အၾကာတြင္ ကေလးငယ္(၄)ဦးကို ႏိုင္ငံေတာင္ပိုင္းရွိ ေတာထဲတြင္ အသက္ရွင္ လ်က္ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ကိုလံဘီယာသမၼတ ဂူစတာဗိုပက္ထ႐ိုက ေျပာၾကားခဲ့သည္။
ကေလးငယ္(၄)ဦးကို ကိုလံဘီယာႏိုင္ငံ Caqueta ျပည္နယ္၏ ေတာအုပ္တစ္ခုထဲတြင္ စစ္တပ္၊ မီးသတ္သမားမ်ား ႏွင့္ အရပ္ဖက္ေလေၾကာင္းမွ တာဝန္ရွိသူမ်ားက ကယ္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လူ(၇)ဦးကို တင္ေဆာင္ထားေသာ Cessna 206 အမ်ိဳးအစားေလယာဥ္သည္ ေမလ(၁)ရက္တြင္ Amazonas ျပည္နယ္ရွိ Araracuara ေတာအုပ္ႏွင့္ Guaviare ျပည္နယ္ San Jose del Guaviare ၿမိဳ႕ၾကားရွိ လမ္းေၾကာင္းတြင္ အင္ဂ်င္ခ်ိဳ႕ယြင္းခဲ့သည္ဆိုသည့္ အေရးေပၚသတိေပးခ်က္ကို ေပးပိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ကိုလံဘီယာသမၼတ ဂူစတာဗိုပက္ထ႐ို က "Guaviare ျပည္နယ္မွာ ေလယာဥ္ပ်က္က်ၿပီးေနာက္ ကြၽန္ေတာ္တို႔ရဲ႕ စစ္တပ္က လိုက္လံရွာေဖြမႈေတြလုပ္ေဆာင္ခဲ့ၿပီး ကေလးငယ္(၄)ဦးကို အသက္ရွင္လ်က္ေတြ႕ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ ဂုဏ္ယူစရာပါပဲ" ဟု ေျပာဆိုခဲ့သည္။
ေလယာဥ္ပ်က္က်မႈေၾကာင့္ ေလယာဥ္မႉးအပါအဝင္ အ႐ြယ္ေရာက္ၿပီးသူ(၃)ဦးေသဆုံးခဲ့ၿပီး ၎တို႔အားလုံး၏ ႐ုပ္အေလာင္းမ်ားကို ေလယာဥ္ကိုယ္ထည္အတြင္းတြင္ ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း အသက္(၁၃) ႏွစ္၊ (၉)ႏွစ္၊ (၄)ႏွစ္ ႏွင့္ (၁၁)လသားအ႐ြယ္ ကေလးငယ္(၄)ဦးတို႔သည္ ေလယာဥ္ပ်က္က်မႈမွ အသက္ရွင္ လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။
အေစာပိုင္းအခ်က္အလက္မ်ားအရ ကေလးငယ္မ်ားသည္ ေလယာဥ္ပ်က္က်မႈမွ လြတ္ေျမာက္ၿပီးေနာက္ အကူအညီမ်ားရွာေဖြရန္အတြက္ သစ္ေတာထဲသို႔ ထြက္ခြာသြားခဲ့ၾကျခင္းျဖစ္ေၾကာင္း ကယ္ဆယ္ေရးလုပ္ငန္းမ်ား ကို ကူညီေဆာင္႐ြက္ေပးခဲ့သည့္ အရပ္ဖက္ေလေၾကာင္းအာဏာပိုင္မ်ားက ေျပာဆိုခဲ့သည္။
ကေလးငယ္မ်ား အသက္ရွင္ရန္အတြက္ စားေသာက္ခဲ့ေသာ သစ္သီးဝလံအႂကြင္းအက်န္မ်ား ႏွင့္ အမိုးအကာမ်ား ကို ရွာေဖြေရးေခြးမ်ားက ေတြ႕ရွိခဲ့ၿပီးေနာက္ ကယ္ဆယ္ေရးသမားမ်ားက ရွာေဖြႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ကိုလံဘီယာႏိုင္ငံ စစ္တပ္ႏွင့္ ေလတပ္တို႔မွ ေလယာဥ္မ်ားႏွင့္ ရဟတ္ယာဥ္မ်ားလည္း ပါဝင္ခဲ့ေၾကာင္း သိရသည္။