တိုက်ကြီးမြို့ရှိ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်၌ အလှမွေးငါး သောင်းနှင့်ချီ သေဆုံးမှုဖြစ်ပွားခဲ့ပြီး ကနဦးတွင် အဆိပ်ခပ်ခံရဟု ယူဆထား

2040

NP News - မေ ၂၂
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၊ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်တွင် အလှမွေးငါး သောင်းနှင့်ချီ သေဆုံးမှုဖြစ်ပွားခဲ့ပြီး ကနဦးတွင် အဆိပ်ခပ်ခံရဟု ယူဆထားကြောင်း သိရသည်။
အဆိုပါအလှမွေးငါးများသည် ယနေ့(မေလ ၂၂ ရက်)၊ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့သေဆုံးခဲ့နေခြင်းဖြစ်ကြောင်း မိုးစေတနာပရိဟတအသင်းထံမှ သိရသည်။
နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်ထဲတွင် ငါးများသိန်းနှင့်ချီရှိကြောင်းသိရပြီး လက်ရှိတွင်ဆယ်ယူနေရသည့် ငါးအရေအတွက်မှာ သောင်းနှင့်ချီရှိနေကြောင်း သိရသည်။
“လောလောဆယ်တော့ အဆိပ်ချခံရတယ်လို့ပဲ ထင်ပါတယ်။ ဘာလို့ဆို့ ရေအောက်မှာနေတဲ့ ငါးရှဉ်တွေဘာတွေတောင်မှ သေတာဆိုတော့။ ခါတိုင်းနေပြင်းရင်တော့ တစ်ကောင်စနှစ်ကောင်စ သေတတ်တဲ့အလေ့အထတော့ရှိတယ်။ ခုဟာက ရေတစ်ပြင်လုံး ငါးတွေကပျောက်သွားတော့ ကန်ထဲဆင်းကြည့်တော့မှ ငါးတွေက ခေါင်းတွေစိုက်နေကြတာ။ လက်ရှိပေါ်တဲ့ဟာတွေကို ဆယ်လိုက်တာနဲ့တင် ကားက ကိုးခေါက်မြောက်လောက်ရှိသွားပြီ"ဟု မိုးစေတနာပရိဟတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်တွင် ငါးများကို အလှမွေးထားခြင်းဖြစ်ပြီး တိုက်ကြီးမြို့နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
အဆိုပါငါးများကို ယနေ့ နံနက်ပိုင်းမှစ၍ လက်ရှိအချိန်ရှိဆယ်ယူနေရပြီး ၎င်းငါးများကို မြေမြှုပ်သွားရန်စီစဉ်နေကြောင်း ၎င်းမှဆိုသည်။

zawgyi version
တိုက္ႀကီးၿမိဳ႕ရွိ နိဗၺာန္ခ်မ္းသာ မဂၤလာကန္၌ အလွေမြးငါး ေသာင္းႏွင့္ခ်ီ ေသဆုံးမႈျဖစ္ပြားခဲ့ၿပီး ကနဦးတြင္ အဆိပ္ခပ္ခံရဟု ယူဆထား
NP News - ေမ ၂၂
ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕၊ နိဗၺာန္ခ်မ္းသာ မဂၤလာကန္တြင္ အလွေမြးငါး ေသာင္းႏွင့္ခ်ီ ေသဆုံးမႈျဖစ္ပြားခဲ့ၿပီး ကနဦးတြင္ အဆိပ္ခပ္ခံရဟု ယူဆထားေၾကာင္း သိရသည္။
အဆိုပါအလွေမြးငါးမ်ားသည္ ယေန႔(ေမလ ၂၂ ရက္)၊ နံနက္(၄)နာရီခြဲဝန္းက်င္အခ်ိန္တြင္ အထက္ပါကဲ့သို႔ေသဆုံးခဲ့ေနျခင္းျဖစ္ေၾကာင္း မိုးေစတနာပရိဟတအသင္းထံမွ သိရသည္။
နိဗၺာန္ခ်မ္းသာ မဂၤလာကန္ထဲတြင္ ငါးမ်ားသိန္းႏွင့္ခ်ီရွိေၾကာင္းသိရၿပီး လက္ရွိတြင္ဆယ္ယူေနရသည့္ ငါးအေရအတြက္မွာ ေသာင္းႏွင့္ခ်ီရွိေနေၾကာင္း သိရသည္။
“ေလာေလာဆယ္ေတာ့ အဆိပ္ခ်ခံရတယ္လို႔ပဲ ထင္ပါတယ္။ ဘာလို႔ဆို႔ ေရေအာက္မွာေနတဲ့ ငါးရွဥ္ေတြဘာေတြေတာင္မွ ေသတာဆိုေတာ့။ ခါတိုင္းေနျပင္းရင္ေတာ့ တစ္ေကာင္စႏွစ္ေကာင္စ ေသတတ္တဲ့အေလ့အထေတာ့ရွိတယ္။ ခုဟာက ေရတစ္ျပင္လုံး ငါးေတြကေပ်ာက္သြားေတာ့ ကန္ထဲဆင္းၾကည့္ေတာ့မွ ငါးေတြက ေခါင္းေတြစိုက္ေနၾကတာ။ လက္ရွိေပၚတဲ့ဟာေတြကို ဆယ္လိုက္တာနဲ႔တင္ ကားက ကိုးေခါက္ေျမာက္ေလာက္ရွိသြားၿပီ"ဟု မိုးေစတနာပရိဟတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
နိဗၺာန္ခ်မ္းသာ မဂၤလာကန္တြင္ ငါးမ်ားကို အလွေမြးထားျခင္းျဖစ္ၿပီး တိုက္ႀကီးၿမိဳ႕နယ္၏ အထင္ကရေနရာတစ္ခုျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
အဆိုပါငါးမ်ားကို ယေန႔ နံနက္ပိုင္းမွစ၍ လက္ရွိအခ်ိန္ရွိဆယ္ယူေနရၿပီး ၎ငါးမ်ားကို ေျမျမႇဳပ္သြားရန္စီစဥ္ေနေၾကာင္း ၎မွဆိုသည္။