တရုတ်နိုင်ငံ၊ ဝူလောင် သဘာဝဘေးမဲ့တောမှာ ရှားပါး အယ်လ်ဘီနို အဖြူရောင် ပန်ဒါကြီးကို ပြန်လည်တွေ့ရှိ

 2080

ရောင်နီ (NP News) - မေ ၂၉

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ တောရိုင်းထဲမှာ တစ်ကောင်တည်းသာရှိတယ်လို့ ယူဆရတဲ့ ရှားပါး အယ်လ်ဘီနို အဖြူရောင် ဧရာမပန်ဒါကြီးကို ပြန်လည် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

စီချွမ်ပြည်နယ်ရှိ Wolong National Nature Reserve ဘေးမဲ့တောမှ အဖြူရောင် ဝက်ဝံကြီးတစ်ကောင်ရဲ့ ကင်မရာ ဗီဒီယိုကို နိုင်ငံပိုင်ရုပ်သံ CCTV မှ မေလ ၂၇ ရက်က ဖော်ပြခဲ့ပါတယ်။

အဆိုပါ ပန်ဒါဝက်ဝံဟာ အသက်ငါးနှစ်မှ ခြောက်နှစ်ခန့်ရှိမယ်လို့ ယုံကြည်ရပြီး ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ခံစားနေရပုံမပေါ်ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ Wolong National Nature Reserve ဘေးမဲ့တောရဲ့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂ဝဝဝ ခန့်အမြင့်ရှိတဲ့ နေရာမှာ ၂ဝ၁၉ ခုနှစ် ဧပြီလက တောတွင်း တပ်ဆင် ထားတဲ့ကင်မရာများမှ ထူးခြားတဲ့ အဖြူရောင်ဝက်ဝံကြီးကို ပထမဆုံးတွေ့ရှိခဲ့ပါတယ်။

အရံအာဏာပိုင်တွေက ပန်ဒါဝက်ဝံတွေကိုစောင့်ကြည့်ဖို့ အထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး သုတေသီတွေက ဝက်ဝံရဲ့ ဖြစ်နိုင်ချေရှိတဲ့ လုပ်ရိုးလုပ်စဉ်တွေကို လေ့လာခဲ့ကြကာ သူ့ရဲ့လှုပ်ရှားမှုတွေကို ဖမ်းယူနိုင်ဖို့ လျို့ဝှက် ကင်မရာတွေ တပ်ဆင်ခဲ့ကြပါတယ်။ ယခုဟာ အဆိုပါဝက်ဝံဖြူကြီးကို ပြန်လည်တွေ့ရှိခြင်းဖြစ်ပြီး တောထဲမှာ ပထမဆုံး တွေ့ရှိတဲ့ အယ်ဘီနို ဧရာမပန်ဒါကြီး ဖြစ်တယ်လို့ ပီကင်းတက္ကသိုလ် သက်မွေးသိပ္ပံကျောင်းမှ သုတေသီ လီရှန်က ပြောကြားခဲ့ပါတယ်။

သူတို့ရဲ့မျိုးရိုးဗီဇဟာ ပန်ဒါဝက်ဝံငယ်လေးတွေထိ ဆက်တိုက်မျိုးဗီဇ ဆက်ခံသွားနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းသေး တာကြောင့် နောက်ဆက်တွဲ သုတေသနပြုမှုတွေ ပြုလုပ်ဖို့ ထပ်မံလိုအပ်နေတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၁၉၈၅ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အတွင်း တောရိုင်းထဲမှာ ရှားပါးအညိုရောင်ပန်ဒါကြီး ၁ဝ ကောင်ကို လည်း ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံမှာ ပန်ဒါကြီးတွေ မျိုးပွားလေ့ရှိကြပြီး အဓိကအားဖြင့် စီချွန်၊ ရှန်ဇီ၊ ဂန်စု ပြည်နယ်များရှိ တောင်တွေမှာ နေထိုင်ကျက်စားကြပါတယ်။

တရုတ်နိုင်ငံရဲ့ ၂ဝ၂၁ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲ အစီရင်ခံစာအရ ပန်ဒါဝက်ဝံပေါင်း ၁၈၆ဝ ခန့်ဟာ တောရိုင်းတွေထဲမှာ နေထိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ ဝူေလာင္ သဘာဝေဘးမဲ့ေတာမွာ ရွားပါး အယ္လ္ဘီႏို အျဖဴေရာင္ ပန္ဒါႀကီးကို ျပန္လည္ေတြ႕ရွိ
ေရာင္နီ (NP News) - ေမ ၂၉

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ ေတာ႐ိုင္းထဲမွာ တစ္ေကာင္တည္းသာရွိတယ္လို႔ ယူဆရတဲ့ ရွားပါး အယ္လ္ဘီႏို အျဖဴေရာင္ ဧရာမပန္ဒါႀကီးကို ျပန္လည္ ေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။

စီခြၽမ္ျပည္နယ္ရွိ Wolong National Nature Reserve ေဘးမဲ့ေတာမွ အျဖဴေရာင္ ဝက္ဝံႀကီးတစ္ေကာင္ရဲ႕ ကင္မရာ ဗီဒီယိုကို ႏိုင္ငံပိုင္႐ုပ္သံ CCTV မွ ေမလ ၂၇ ရက္က ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ ပန္ဒါဝက္ဝံဟာ အသက္ငါးႏွစ္မွ ေျခာက္ႏွစ္ခန႔္ရွိမယ္လို႔ ယုံၾကည္ရၿပီး က်န္းမာေရးျပႆနာ တစ္စုံတစ္ရာ ခံစားေနရပုံမေပၚဘူးလို႔ အစီရင္ခံစာက ဆိုပါတယ္။ Wolong National Nature Reserve ေဘးမဲ့ေတာရဲ႕ ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ ၂ဝဝဝ ခန႔္အျမင့္ရွိတဲ့ ေနရာမွာ ၂ဝ၁၉ ခုႏွစ္ ဧၿပီလက ေတာတြင္း တပ္ဆင္ ထားတဲ့ကင္မရာမ်ားမွ ထူးျခားတဲ့ အျဖဴေရာင္ဝက္ဝံႀကီးကို ပထမဆုံးေတြ႕ရွိခဲ့ပါတယ္။

အရံအာဏာပိုင္ေတြက ပန္ဒါဝက္ဝံေတြကိုေစာင့္ၾကည့္ဖို႔ အထူးအဖြဲ႕တစ္ဖြဲ႕ ဖြဲ႕စည္းခဲ့ၿပီး သုေတသီေတြက ဝက္ဝံရဲ႕ ျဖစ္ႏိုင္ေခ်ရွိတဲ့ လုပ္႐ိုးလုပ္စဥ္ေတြကို ေလ့လာခဲ့ၾကကာ သူ႔ရဲ႕လႈပ္ရွားမႈေတြကို ဖမ္းယူႏိုင္ဖို႔ လ်ိဳ႕ဝွက္ ကင္မရာေတြ တပ္ဆင္ခဲ့ၾကပါတယ္။ ယခုဟာ အဆိုပါဝက္ဝံျဖဴႀကီးကို ျပန္လည္ေတြ႕ရွိျခင္းျဖစ္ၿပီး ေတာထဲမွာ ပထမဆုံး ေတြ႕ရွိတဲ့ အယ္ဘီႏို ဧရာမပန္ဒါႀကီး ျဖစ္တယ္လို႔ ပီကင္းတကၠသိုလ္ သက္ေမြးသိပၸံေက်ာင္းမွ သုေတသီ လီရွန္က ေျပာၾကားခဲ့ပါတယ္။

သူတို႔ရဲ႕မ်ိဳး႐ိုးဗီဇဟာ ပန္ဒါဝက္ဝံငယ္ေလးေတြထိ ဆက္တိုက္မ်ိဳးဗီဇ ဆက္ခံသြားႏိုင္ျခင္း ရွိ၊ မရွိ မရွင္းလင္းေသး တာေၾကာင့္ ေနာက္ဆက္တြဲ သုေတသနျပဳမႈေတြ ျပဳလုပ္ဖို႔ ထပ္မံလိုအပ္ေနတယ္လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၁၉၈၅ ခုႏွစ္မွ ၂ဝ၂၁ ခုႏွစ္အတြင္း ေတာ႐ိုင္းထဲမွာ ရွားပါးအညိဳေရာင္ပန္ဒါႀကီး ၁ဝ ေကာင္ကို လည္း ရွာေဖြေတြ႕ရွိခဲ့ဖူးပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ပန္ဒါႀကီးေတြ မ်ိဳးပြားေလ့ရွိၾကၿပီး အဓိကအားျဖင့္ စီခြၽန္၊ ရွန္ဇီ၊ ဂန္စု ျပည္နယ္မ်ားရွိ ေတာင္ေတြမွာ ေနထိုင္က်က္စားၾကပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ၂ဝ၂၁ ခုႏွစ္ ဇီဝမ်ိဳးစုံမ်ိဳးကြဲ အစီရင္ခံစာအရ ပန္ဒါဝက္ဝံေပါင္း ၁၈၆ဝ ခန္႔ဟာ ေတာ႐ိုင္းေတြထဲမွာ ေနထိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.