တိုက်ပွဲအပြီး လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေး ခရီး

172

သုတကျော် (NP News) - အောက်တိုဘာလ ၂၉
ကယားပြည်နယ်၏မြို့တော် လွိုင်ကော်သည် မြန်မာနိုင်ငံအတွင်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့တော်များ အနက် လက်နက်ကိုင်သူပုန်တို့ မြို့တော်အထိ တိုက်ပွဲဖော်ခြင်း ခံခဲ့ရသည့် တစ်ခုတည်းသော မြို့တော်ဖြစ်သည်။ သို့သော် ယင်းသူပုန်တို့သည် မြို့ကို အလုံးစုံ မထိန်းချုပ်နိုင်သည့်အပြင် နောက်ဆုံးတွင် မြို့မှဆုတ်ခွာ ထွက်ပြေးခဲ့ ရပြီး လက်ရှိတွင်လည်း တပ်မတော်စစ်ကြောင်းများ၏ ဖိအားပေးထိုးစစ်များအောက်တွင် ကယားပြည်နယ်မှ ခြေကုပ်နေရာများကို လက်လွှတ်နေရသည်။ ကယားပြည်နယ်၏မြို့တော် လွိုင်ကော်၏ နောက်ဆုံး ပြန်လည်ထူထောင်ရေးအခြေအနေ၊ ပြည်သူများ၏အခက်အခဲတို့၊ သူပုန်တို့၏ လက်ရှိအခြေအနေတို့နှင့်ပတ်သက်၍ ဒေသခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပထမဆုံးမေးချင်တာက လွိုင်ကော်မှာ လက် ရှိ တိုးတက်မှုက ဘာတွေရှိပါသလဲ။
ဖြေ - တိုးတက်မှုကတော့ ရှိတာပေါ့။ ပထမဆုံးက ကျောင်းတွေပြန်ဖွင့်ပြီ။ လမ်းပန်းတွေလည်း တော် တော်လေးကောင်းလာပြီ။ အခုဆိုရင် ကျွန်တော်တို့ ဒီးမော့ဆို၊ ဖရူဆိုဘက်တောင်မှလမ်းတွေပြန်ပွင့်ပြီ။ ဝင်တဲ့လမ်းမှာဆိုရင်လည်း အရင်တုန်းက ပြည်နယ် လမ်းတစ်ခုပဲသုံးနေရတာလေ။ အခုဆိုရင် အရင် ပင် လောင်း-ဖယ်ခုံ -မိုးဗြဲ လမ်းကလည်း ပြန်သုံးလို့ရပြီ ပေါ့။ ပြီးတဲ့အခါကျတော့ ပြည်သူတွေလည်း သီတင်း ကျွတ်မှာ တော်တော်ပြန်ဝင်လာကြပြီ။
မေး - အကြမ်းဖက်အဖွဲ့တွေက မြို့ကိုဝင်ပြီးတဲ့ နောက် ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာပေါ့ လေ။ ဘယ်လို အခက်အခဲတွေရှိခဲ့တယ်လို့ မြင်လဲ။
ဖြေ - တချို့ရုံးတွေကျတော့ စာရွက်စာတမ်းတွေပါ ဖျက်ဆီးခံလိုက်ရတာရှိတယ်။ ဥပမာ မြေစာရင်းရုံးဆို စာရွက်စာတမ်းတွေကအစ ဖျက်ဆီးခံလိုက်ရတာရှိ တော့ မြေပုံစံတွေပါပျက်စီးသွားတာ။ အဲဒါမျိုးကျတော့ အစအဆုံးပြန်လုပ်ရတာ အဲဒီလိုအခက်အခဲတွေ ရှိတာပေါ့။
မေး - လွိုင်ကော်ကို ပြန်လည်ထူထောင်ပြီးတဲ့နောက် အခုက သာမန်မြို့တစ်မြို့ဖြစ်သွားပြီလား။ ဘယ်အ ပိုင်းတွေမှာ လိုအပ်ချက်ရှိနေသေးလဲ။
ဖြေ - သာမန်မြို့တစ်မြို့ဖြစ်တယ်ဆိုတာကလည်း မိန်းလမ်းမကြီးပေါ်နဲ့ မပျက်စီးသွားတဲ့ရပ်ကွက်တွေ ဘက်မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပေါ့နော်။ တကယ်တမ်း သူတို့ဝင်တိုက်သွားတဲ့ဘက်ခြမ်းပေါ့။လွိုင်ကော်ရဲ့မြောက်ဘက်ခြမ်းက တချို့ ရွာတွေ၊ ရပ် ကွက်တွေကပျက်သွားတယ်လေ။ ပျက်သွားတဲ့နေရာ တွေက ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများတယ်။ အဲဒီအ ခါ အဲဒီနေရာတွေကျတော့ အစိုးရအဆောက်အအုံ တွေ၊ ဌာနဆိုင်ရာရုံးတွေကျတော့ ချက်ချင်းပြန်လုပ်နိုင် တယ်။ ပြီးတော့ သာသနာ့ဆိုင်ရာအဆောက်အအုံ တွေကျတော့ အစိုးရအထောက်အပံ့နဲ့ ချက်ချင်းမြန် မြန်ဆန်ဆန်လုပ်နိုင်တယ်။ ပြည်သူတွေကျတော့ ဘယ်သူမှ အဲဒီလောက်ချမ်းသာနေတာမရှိဘူးလေ။ အိမ်တစ်လုံးရဖို့ဆိုတာက လေး ငါး နှစ် လောက်မှ အိမ်တစ်လုံးဆောက်နိုင်တာလေ။ တချို့ဆို မိသားစု နှစ်ဆက်လောက်ကျမှ အိမ်တစ်လုံးဖြစ်တာ။ တကယ့် တောင်သူလယ်သမားတွေဆိုရင် မိသားစုနှစ်ဆက် လောက်ကျမှ အိမ်တစ်လုံးရတာဗျာ။ အဲဒီတော့ ဒီလို ပျက်စီးသွားတဲ့အိမ်တွေကို တစ်နှစ်၊ နှစ်နှစ်အတွင်း ပြန်ဆောက်နိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ တကယ် ပျက်စီးသွားတဲ့အိမ်တွေမှာ ပြည်သူတွေက ပြန်လာနေ ဖို့ကျတော့ အိမ်မရှိတဲ့အခါ၊ အိမ်ပျက်စီးသွားတဲ့အခါ စိတ်နာပြီးပြန်မလာတာလည်းရှိတာပေါ့။ အစိုးရပိုင်း ကတော့ မြန်တာပေါ့ဗျာ။ ချက်ချင်း အင်နဲ့အားနဲ့ မြန် မြန်ပြန်လုပ်နိုင်တာပေါ့။ တချို့သူဌေးတွေကျတော့ လည်း ခြောက်ထပ်တိုက်ကြီး၊ ငါးထပ်တိုက်ကြီးဆောက် ထားတယ်။ မီးလောင်သွားတော့ ပြန်ဖြိုရဦးမယ် သူ တို့ကလည်းစဉ်းစားပြီလေ။ ရင်းနှီးမြှုပ်နှံပြီးရင် လွိုင် ကော်ကနေ ဘာတွေပြန်ရမလဲဆိုတာလည်း စဉ်းစား မှာပေါ့။ တစ်နှစ်လောက်ကတော့ တောင်ကြီးတို့၊ ညောင်ရွှေတို့၊ ပင်လောင်းတို့၊ အောင်ပန်းတို့မှာ စီးပွား ရေးကိုခွဲထားလိုက်တာပေါ့။ အဲဒီမှာ စီးပွားရေးကို အခြေပြန်တည်နေတဲ့အခါကျတော့ လွိုင်ကော်ကို ပြန်ဝင်မယ့်နေရာမှာ ထောက်ပံ့မှုမရှိဘဲမလုပ်ရဘူး။ နည်းနည်းလေး ပြန်စည်ကားဖို့မှာ အဲဒီပြဿနာတော့ ရှိတာပေါ့။ ချေးငွေတို့ဘာတို့ တော်တော်များများလုပ် ပေးနိုင်မှ ဒီလူတွေအဆင်ပြေမယ်။
မေး - လွိုင်ကော်က အခုပြည်နယ်မြို့တော်ဆိုတဲ့ သွင်ပြင် တိတိပပ ပြန်ပေါ်ပြီလား။
ဖြေ - ပေါ်ပြီ။ ပြည်နယ်ရုံးတွေအကုန် တော်တော် များများ ပြန်လည်ပတ်ပြီလေ။ မီးလောင်သွားတဲ့ တချို့ ရုံးတွေနဲ့ မီးလောင်လို့ စာရွက်စာတမ်းပါသွားတဲ့ ရုံးတွေလောက်ပဲ နည်းနည်းအခက်အခဲရှိမှာပါ။ ဥပမာဆို မြေငှားဂရမ်ကိစ္စတွေ နည်းနည်း ဒုက္ခ ရောက်သွားတာမျိုးပဲ ရှိမယ်။ ကျန်တဲ့ ဌာနတွေမှာက သူတို့ရဲ့ စာရွက်စာတမ်းစာရင်းတွေ အဲဒီလောက် မပျက်စီးတာဖြစ်တဲ့အတွက် ပြောမယ်ဆိုရင် ပြည်နယ် အဆင့် အုပ်ချုပ်ရေး ယန္တရား ပြန်လည်ပတ်နေတာပေါ့။ လွိုင်ကော်မြို့ဆိုလည်း ဘေးပတ်လည်က အစွန် အဖျား ရပ်ကွက် လေးငါးခြောက်ခုလောက်ပဲ ကျန် တော့တာပါ။ အဲဒီရပ်ကွက်တွေမှာတော့ နည်းနည်း လေး လူနေထိုင်ခွင့် သိပ်မပေးသေးဘူးပေါ့။ မြို့လယ် နဲ့ တောင်ဘက်ခြမ်းက ရပ်ကွက်တွေမှာတော့ လူနေ ထိုင်ခွင့် ပြန်ပေးနေပြီပေါ့။ စည်လည်း စည်နေပါပြီ။ လွိုင်လင်လေးတို့ လောပိတ တို့ စတဲ့ မြို့တွေက အစ ပြန်စည်ကားလာပြီ။
မေး - ကယားကို KNDF တို့က ဝင်တိုက်ခဲ့တယ်။ သူတို့ဘာကြောင့် မအောင်မြင်တာလဲ။
ဖြေ - ရည်ရွယ်ချက်ပေါ့နော်။ သူတို့ စတိုက်မယ် ဆိုတည်းက လွှတ်တော်၊ အစိုးရအဖွဲ့ကို သိမ်းပြီး တိုက်မယ်ဆိုပြီး လာတယ်။ လွှတ်တော်နား စရောက် တဲ့အချိန် မတိုးနိုင်တော့ဘူး။ အစိုးရ အဖွဲ့နား ဒကစ နားဆို ကပ်လို့တောင် မရတော့ဘဲနဲ့ လွယ်မယ်ထင်တဲ့ ပြည်နယ်ရဲတို့ ထောင်ဘက်တို့ လှည့်သွားတာ။ ဘေး ကာတွေကျလည်း ဘာမှမထူးဘူးလေ။ နောက်ဆုံး တိုက်ပွဲက အီလာတာပေါ့။ ဒီကောင်တွေ ထောက်ပံ့မှု ကလည်းကျသွားတယ်လေ။ အရှေ့မြောက်ခြမ်းက လာတဲ့ လက်နက်တွေကိုလည်း မိခဲ့တယ်လေ။ အဲဒီ မှာ ဒီကောင်တွေ တစ်ချက်လိုက်ရတယ်။ မှတ်မိလား ဟိုပုန်းမှာ တခါဖမ်းမိတယ်။ နှစ်ခါ မိလိုက်တာမှာ သူတို့ရဲ့လက်နက်ခဲယမ်းထောက်ပံ့မှု တော်တော်များ များက ပြတ်တောက်သွားတယ်။ အလှည့်အပြောင်း တွေ ဖြစ်သွားတယ်။ တိုက်ပွဲက ကြာလာတာနဲ့ အမျှ အဓိက ထောက်ပံ့နိုင်တဲ့ လမ်းကြောင်းသာတဲ့သူက နောက်ဆုံးမှာ သာလွန်သွားတာပေါ့။
မေး - လွိုင်ကော်တိုက်ပွဲစဉ်မှာ KNDF တွေ စိတ် ဓာတ်က အမြင့်ဆုံးရှိနေခဲ့တယ်လို့ပြောကြတယ်။
ဖြေ - သူတို့ ဘယ်လောက် စိတ်ဓာတ်တက်ကြွတက် ကြွ တပ်ရဲ့ခေါင်းဆောင်၊ မြေပြင်ကွန်မင်ဒါထဲမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့ တိုက်ရည်ခိုက်ရည် ကောင်းပြီး ခံချမယ်ဆိုတဲ့ ကွန်မင်ဒါတွေရှိတယ်ဗျ။ နောက်တစ်ချက်က တပ်မှာလက်နက်ခဲယမ်း၊ ကျည် ဆံက ကိုယ်တိုင်ထုတ်နေတာဖြစ်တဲ့အတွက် အများ ကြီး သုံးနိုင်တယ်လေ။ ဖောဖောသီသီ သုံးနိုင်တယ်။ သေနတ်ဆိုတာက ကျည်ဆန်မရှိရင် တုတ်လောက် တောင် သုံးလို့မရဘူး။ ရေရှည်တိုက်ပွဲ ဖြစ်လာပြီ ဆို ရင် ကျည်ဆန်ဘယ်ကရမှာလဲ။ နောက်ပြီးတော့ စား စရာ ရိက္ခာ။ အဲဒါတွေကပြောမယ်ဆိုရင် လွယ်တဲ့ အလုပ်တွေ မဟုတ်ဘူး။ ထောက်ပံ့ပို့ဆောင်ရေးက လည်း အရေးကြီးတာလေ။ အဲဒီနှစ်ခုကို စီမံ ကွပ်ကဲ နိုင်စွမ်းရှိမှပဲ၊ ရှိတဲ့သူက နိုင်တာပဲ။ စိတ်ဓာတ် ရှိတာ၊ မရှိတာ မဆိုင်ဘူး။ စိတ်ဓာတ်ရှိလည်း ဝါးရင်းတုတ်နဲ့ တက်ရိုက်လို့မှမရတာ။ တစ်ဖက်က တိုက်မိုင်းတွေ၊ ရှေ့ထွက်မိုင်းတွေ၊RPG တွေ၊ စက်လတ်တွေ အ ကုန်ပြင်ပြီးတော့ ထိုင်စောင့်နေတဲ့ တပ်သားတစ် ယောက်ကို ကျည်ဆန်ထောင့်ငါးရာလောက် ပေးထား နိုင်တယ်။ လက်ပစ်ဗုံး ဆယ်လုံးလောက် ပေးထားနိုင် တယ်။ တစ်ယောက်မှကျည်ဆန်လေး တစ်ရာဝန်းကျင် လောက်ရှိတဲ့ကောင်တွေက ဘယ်တိုက်နိုင်မှာလဲ။ တကယ်ပစ်ကြည့် နှစ်နာရီတောင် မခံဘူး။
မေး - KNDF တို့မြို့ကပြေးပြီးတဲ့နောက် ပြန်တည် ဆောက်တဲ့အခါ စစ်ရဲ့လက်ကျန် ဘေးထွက်ဆိုးကျိုး က ဘာတွေများ ရှိမလဲ။
ဖြေ - မိုင်းတွေပေါ့ဗျာ။ မိုင်းတွေက ပြောမယ်ဆိုရင် သတ်မှတ်ချက်မရှိဘူး။ ဘယ်နားမှာ ဘယ်လို ပေါက်မ လဲဆိုတာ ဘယ်သူမှ မသိတဲ့အတွက်ကြောင့် အဲဒါ ခံရတာပေါ့ဗျာ။ အလုပ်သမားတွေပေါ့နော်။ နောက် မိုင်း ရှင်းတဲ့သူတွေ၊ ပြန်ဝင်တဲ့ ပြည်သူတွေ အဲဒါ နံပါတ်တစ်ခံရတာပေါ့။ နောက်တစ်ခုက ဘာလဲဆို တော့ အကုန်လုံး ပြည်သူတွေက ခိုးတာကိုခံရတယ်။ အိမ်တွေမှာ ဘာမှမကျန်တာပေါ့။ ပထမဆုံး အိမ်ပြန်လာတဲ့အချိန်မှာ အိမ်တော့ကျန်သေးတယ်။ အိမ်ထဲမှာ ဘာပစ္စည်းမှမကျန်တော့ဘူး။ ကြေးကြိုး တွေ ဘာတွေကျတော့ ကျည်ဆန်တွေ လုပ်တာပေါ့ဗျာ။ လမ်းတွေမှာဆိုရင်လည်း ထရန်စဖော်မာတွေ၊ မီးကြိုး တွေ ဘာမှမကျန်ဘူး။ ထရမ်စဖော်မာထဲက ကြေးအုံ တွေဆိုရင်လည်း ကြေးပိဿာချိန် များတာကို။ စစ်ရဲ့ ဆိုးကျိုးက တစ်မြို့လုံး ရဲ့ မီးအားပေးစနစ်ကအစ ပျက်စီးတာ။ အိမ်တွေက ရေမော်တာတွေက အစ ကြေးပါတာတွေ အကုန်အခိုးခံရတာပဲ။ ကြေးဈေးကွက် က ရှိနေတာ။ ကြေးဈေးကွက်ရှိနေသမျှ တိုက်ပွဲပြီး သွားတဲ့မြို့တွေမှာ အများဆုံးကြုံရတာက ခုနက မိုင်းအန္တရာယ်၊ ပြီးတော့ ခုနက အိမ်တွေရဲ့ပစ္စည်းတွေ ဘာမှမကျန်တာ။ နောက်ပြီး နည်းနည်းလေးကြာ လာမယ်ဆို အိမ်တွေမှာ ခေါင်မိုးတွေ ဖြုတ်တယ်။ တံခါးရွက်တွေ ဘာမှမကျန်ဘူး။ လူသာ လာမ စောင့်နိုင်ရင်လေ။ အဲဒါတော့ ခံရတာပေါ့။ ချက်ချင်း ပြန်နေတယ်၊ စောင့်တယ်ဆိုတဲ့ လူတွေလောက်ပဲ နည်းနည်းသက်သာတာ။
မေး - မြို့ကို ပြန်ပြီးထူထောင်တဲ့အခါ ပြည်နယ် အစိုးရ ကြုံရတဲ့ အခက်အခဲက ဘာတွေဖြစ်မယ်လို့ မြင်မိလဲ။
ဖြေ - ကြုံရတာတော့ အများကြီးပေါ့ဗျာ။ ခုနက ပြည် နယ်အစိုးရက နံပါတ်တစ် ကြုံရတာက ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပြန်ခေါ်ရတာပေါ့။ အဲဒီလိုဟာမှာကျ တော့ တချို့တွေက ဗေထိ ဆို ပြေးကြတယ်။ မလာ ချင်ကြဘူး။ ထွက်စာတွေ တင်တယ်ပေါ့။ မျိုးစုံပေါ့။ ဝန်ထမ်းတွေ လာရေး ကြိုးစားရတာပေါ့။ ရောက် တော့လည်း ဝန်ထမ်းတွေမှ မဟုတ်ဘူး ပြည်သူတွေ အကုန် ဒုက္ခရောက်ကြတာပေါ့။ ပြန်တည်ဆောက် ထူထောင်ရေးလုပ်တဲ့အခါလည်း သန့်ရှင်းရေးတွေ လုပ်ရတယ်။ အဲဒါမှာလည်း ခုနကပြောတဲ့ မိုင်းတွေ အန္တရာယ်ပေါ့နော်။ တော်တော် ဒုက္ခရောက်ကြတယ်။ ပြည်နယ်အစိုးရကလည်း ကြိုးစားပြီးတော့ လုပ်ခဲ့ကြ တာ။
မေး - လွိုင်ကော်က အခု လုံခြုံရေး စိတ်ချရတဲ့မြို့ ဖြစ်ပြီလား။
ဖြေ - စိတ်ချရတဲ့မြို့ဖြစ်ပြီလို့ ပြောလို့ရတယ်။ ဘာလို့ လဲဆိုတော့ တစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ လည်း (၁၁၁၁) လို ပြန်တိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ အင်အားလည်းမရှိတော့ဘူး။ ခဲယမ်းလည်း မရှိတော့ ဘူး။ တကယ်တော့ လုပ်နိုင်တာက အဖျက်အမှောင့် လောက်ပဲ လုပ်နိုင်တော့မယ်။ လုပ်ရင်လည်း လုံခြုံ ရေးကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရင် ပိုပြီး တည် ငြိမ်လာမယ်။ ဟို အရင်လို အင်နဲ့အားနဲ့ တိုက်နိုင်ဖို့ ဝေးသွားပြီ။
မေး - လက်နက်ကိုင်တွေကြောင့် ပြည်သူတွေမှာ ဘယ်လောက်ခက်ခဲမှုရှိလဲ။ သူတို့ လက်နက်ကိုင် တွေကကော ဘယ်လိုရှိနေလဲ။
ဖြေ - သူတို့ ခက်ခဲလား မခက်ခဲလားတော့ မသိဘူး ပြည်သူတွေကတော့ တော်တော်ခက်ခဲသွားတာပေါ့။ အခုကျွန်တော်တို့ လွိုင်ကော်ကလူတွေ တော်တော် များများမှာ ဒီကာလအတွင်း ပျက်စီးဆုံးရှုံးသွားတာ တွေအတွက် ဘယ်သူတွေက ပေးလျော်မလဲ။ အစိုးရ မှာလည်း အဲဒီအတွက် ဘတ်ဂျက်တို့ ခေါင်းစဉ်တို့ မရှိဘူး။ အစိုးရက ထောက်ပံ့တာ၊ ကူညီတာပေးနိုင် တယ်။ တချို့တွေ လေးထပ်တိုက်၊ ငါးထပ်တိုက် မီး လောင်တယ်၊ ဟိုတယ်ကြီးတွေ ပြာကျတာရှိတယ် လေ။ တချို့ဆို သိန်း နှစ်သောင်း၊ သိန်းသုံးသောင်း အဲဒီအထိတွေ ရှိကြတယ်။ ဒါတွေကို ပြန်ပြီး ရင်းနှီး မြှုပ်နှံဖို့ မဖြစ်နိုင်ဘူးလေ။ တချို့ပြည်သူတွေရဲ့ အိမ် တွေဆိုရင်လည်း မီးလောင်ကုန်ကြတယ်။ ပျက်စီးကုန်ကြတယ်။ အဲဒီဟာတွေက ပြည်သူတွေ တော်တော် ဆုံးရှုံးကုန်တယ်။ အဲဒီဟာတွေနဲ့ ပတ် သက်ပြီး ဘယ်သူ့ဆီကမှ လျော်ကြေးရစရာ အ ကြောင်းက ကမ်းမမြင်၊ လမ်းမမြင်လေ။ ဘယ်သူမှ လျော်ပေးနိုင်တဲ့ အင်အားမရှိဘူး။ အများဆုံး လျော် ပေးနိုင်ရင်တောင် သိန်း တစ်ရာ၊ နှစ်ရာ။ ဒါတောင် မိုင်ကုန်ပဲ။ အဲဒါတောင် ဘတ်ဂျက်မှာ သေချာ စိစစ် ပြီးမှ လျော်နိုင်မှာ။ ဒီလို သိန်းသောင်းချီ နစ်နာသူ ရှိ သလို အိမ်ပျက်စီးတယ်။ ဆုံးရှုံးမှုတွေက တစ်ယောက် နဲ့ တစ်ယောက် မတူကြဘူး။ ဒါအတွက် လျော်ကြေးမှ မရှိတာ။ ပြည်သူတွေကတော့ တိုက်ပွဲဖြစ်သွားတယ်။ သူတို့ပစ္စည်းတွေ အခိုးခံရတယ်။ သူတို့အိမ်တွေ မီး လောင်ပျက်စီးသွားတယ် အစအဆုံး အကုန်ပြန်ရှာ ရမှာလေ။ အကူအညီကလည်း အသေးအမွှား လောက်ပဲ ပေးနိုင်မှာလေ။
မေး - ဒါက နောက်ဆုံး မေးခွန်းပါ။ ကယားပြည် နယ်ထဲက အစိုးရကို တော်လှန်နေတယ်လို့ဆိုတဲ့ အဖွဲ့တွေရဲ့အခြေအနေက ဆုတ်ခွာထွက်ပြေးနေရ တာလား။
ဖြေ - ရေရှည်မှာကျတော့ ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်း ပြတ်ပြီလေ။ နောက်ပြီးတော့ အလှူခံ တွေ ဘာတွေက ရတာကိုး။ အလှူခံတွေ မရတော့ မြေပြင်မှာက နံပါတ်တစ် ကျည်ဆန်၊ နံပါတ်နှစ် စားရေ ရိက္ခာ၊ ဆေးဝါးပေါ့ဗျာ။ ဒီလိုထောက်ပံ့ရေး လမ်း ကြောင်းတွေက ကြာလာတာနဲ့အမျှ တပ်ကို မယှဉ်နိုင် တော့ဘူးဗျ။ အဲဒါကျတော့ တစ်ဖက်ကလည်း တပ် ဘက်မှာလည်း အင်အားကောင်းတယ်။ မဟာမိတ် အဖွဲ့တွေနဲ့ ခိုင်မာတဲ့တည်ဆောက်မှု တည်ဆောက် ထားနိုင်တယ်။ တဖြည်းဖြည်းတော့ တော်လှန်ရေးဆိုတဲ့ အဖွဲ့တွေက နယ်မြေကျဉ်းလာတယ်။ တိုက်တယ်ဆို တာက ကျည်ဆန်အများကြီးလိုတယ်။ ခံစစ်ထက်ကို တိုက်တဲ့သူက ပိုကို လိုတယ်။ အဲဒီတော့ မလွယ်ပါဘူး ဗျာ။ ရေရှည်မှာ နယ်မြေက ကျဉ်းသထက် ကျဉ်းသွား မှာ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
တိုက္ပြဲအၿပီး လြိဳင္ေကာ္ၿမိဳ႕ ျပန္လည္ထူေထာင္ေရး ခရီး
သုတေက်ာ္ (NP News) - ေအာက္တိုဘာလ ၂၉
ကယားျပည္နယ္၏ၿမိဳ႕ေတာ္ လြိဳင္ေကာ္သည္ ျမန္မာႏိုင္ငံအတြင္းမွ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၿမိဳ႕ေတာ္မ်ား အနက္ လက္နက္ကိုင္သူပုန္တို႔ ၿမိဳ႕ေတာ္အထိ တိုက္ပြဲေဖာ္ျခင္း ခံခဲ့ရသည့္ တစ္ခုတည္းေသာ ၿမိဳ႕ေတာ္ျဖစ္သည္။ သို႔ေသာ္ ယင္းသူပုန္တို႔သည္ ၿမိဳ႕ကို အလုံးစုံ မထိန္းခ်ဳပ္ႏိုင္သည့္အျပင္ ေနာက္ဆုံးတြင္ ၿမိဳ႕မွဆုတ္ခြာ ထြက္ေျပးခဲ့ ရၿပီး လက္ရွိတြင္လည္း တပ္မေတာ္စစ္ေၾကာင္းမ်ား၏ ဖိအားေပးထိုးစစ္မ်ားေအာက္တြင္ ကယားျပည္နယ္မွ ေျခကုပ္ေနရာမ်ားကို လက္လႊတ္ေနရသည္။ ကယားျပည္နယ္၏ၿမိဳ႕ေတာ္ လြိဳင္ေကာ္၏ ေနာက္ဆုံး ျပန္လည္ထူေထာင္ေရးအေျခအေန၊ ျပည္သူမ်ား၏အခက္အခဲတို႔၊ သူပုန္တို႔၏ လက္ရွိအေျခအေနတို႔ႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ပထမဆုံးေမးခ်င္တာက လြိဳင္ေကာ္မွာ လက္ ရွိ တိုးတက္မႈက ဘာေတြရွိပါသလဲ။
ေျဖ - တိုးတက္မႈကေတာ့ ရွိတာေပါ့။ ပထမဆုံးက ေက်ာင္းေတြျပန္ဖြင့္ၿပီ။ လမ္းပန္းေတြလည္း ေတာ္ ေတာ္ေလးေကာင္းလာၿပီ။ အခုဆိုရင္ ကြၽန္ေတာ္တို႔ ဒီးေမာ့ဆို၊ ဖ႐ူဆိုဘက္ေတာင္မွလမ္းေတြျပန္ပြင့္ၿပီ။ ဝင္တဲ့လမ္းမွာဆိုရင္လည္း အရင္တုန္းက ျပည္နယ္ လမ္းတစ္ခုပဲသုံးေနရတာေလ။ အခုဆိုရင္ အရင္ ပင္ ေလာင္း-ဖယ္ခုံ -မိုးၿဗဲ လမ္းကလည္း ျပန္သုံးလို႔ရၿပီ ေပါ့။ ၿပီးတဲ့အခါက်ေတာ့ ျပည္သူေတြလည္း သီတင္း ကြၽတ္မွာ ေတာ္ေတာ္ျပန္ဝင္လာၾကၿပီ။
ေမး - အၾကမ္းဖက္အဖြဲ႕ေတြက ၿမိဳ႕ကိုဝင္ၿပီးတဲ့ ေနာက္ ျပန္လည္ထူေထာင္ေရးလုပ္တဲ့အခါမွာေပါ့ ေလ။ ဘယ္လို အခက္အခဲေတြရွိခဲ့တယ္လို႔ ျမင္လဲ။
ေျဖ - တခ်ိဳ႕႐ုံးေတြက်ေတာ့ စာ႐ြက္စာတမ္းေတြပါ ဖ်က္ဆီးခံလိုက္ရတာရွိတယ္။ ဥပမာ ေျမစာရင္း႐ုံးဆို စာ႐ြက္စာတမ္းေတြကအစ ဖ်က္ဆီးခံလိုက္ရတာရွိ ေတာ့ ေျမပုံစံေတြပါပ်က္စီးသြားတာ။ အဲဒါမ်ိဳးက်ေတာ့ အစအဆုံးျပန္လုပ္ရတာ အဲဒီလိုအခက္အခဲေတြ ရွိတာေပါ့။
ေမး - လြိဳင္ေကာ္ကို ျပန္လည္ထူေထာင္ၿပီးတဲ့ေနာက္ အခုက သာမန္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သြားၿပီလား။ ဘယ္အ ပိုင္းေတြမွာ လိုအပ္ခ်က္ရွိေနေသးလဲ။
ေျဖ - သာမန္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တယ္ဆိုတာကလည္း မိန္းလမ္းမႀကီးေပၚနဲ႔ မပ်က္စီးသြားတဲ့ရပ္ကြက္ေတြ ဘက္မွာေတာ့ ပုံမွန္အတိုင္း ျပန္ျဖစ္သြားတာေပါ့ေနာ္။ တကယ္တမ္း သူတို႔ဝင္တိုက္သြားတဲ့ဘက္ျခမ္းေပါ့။လြိဳင္ေကာ္ရဲ႕ေျမာက္ဘက္ျခမ္းက တခ်ိဳ႕ ႐ြာေတြ၊ ရပ္ ကြက္ေတြကပ်က္သြားတယ္ေလ။ ပ်က္သြားတဲ့ေနရာ ေတြက ထိခိုက္ပ်က္စီးဆုံးရႈံးမႈေတြမ်ားတယ္။ အဲဒီအ ခါ အဲဒီေနရာေတြက်ေတာ့ အစိုးရအေဆာက္အအုံ ေတြ၊ ဌာနဆိုင္ရာ႐ုံးေတြက်ေတာ့ ခ်က္ခ်င္းျပန္လုပ္ႏိုင္ တယ္။ ၿပီးေတာ့ သာသနာ့ဆိုင္ရာအေဆာက္အအုံ ေတြက်ေတာ့ အစိုးရအေထာက္အပံ့နဲ႔ ခ်က္ခ်င္းျမန္ ျမန္ဆန္ဆန္လုပ္ႏိုင္တယ္။ ျပည္သူေတြက်ေတာ့ ဘယ္သူမွ အဲဒီေလာက္ခ်မ္းသာေနတာမရွိဘူးေလ။ အိမ္တစ္လုံးရဖို႔ဆိုတာက ေလး ငါး ႏွစ္ ေလာက္မွ အိမ္တစ္လုံးေဆာက္ႏိုင္တာေလ။ တခ်ိဳ႕ဆို မိသားစု ႏွစ္ဆက္ေလာက္က်မွ အိမ္တစ္လုံးျဖစ္တာ။ တကယ့္ ေတာင္သူလယ္သမားေတြဆိုရင္ မိသားစုႏွစ္ဆက္ ေလာက္က်မွ အိမ္တစ္လုံးရတာဗ်ာ။ အဲဒီေတာ့ ဒီလို ပ်က္စီးသြားတဲ့အိမ္ေတြကို တစ္ႏွစ္၊ ႏွစ္ႏွစ္အတြင္း ျပန္ေဆာက္ႏိုင္ဖို႔ဆိုတာမျဖစ္ႏိုင္ေတာ့ဘူး။ တကယ္ ပ်က္စီးသြားတဲ့အိမ္ေတြမွာ ျပည္သူေတြက ျပန္လာေန ဖို႔က်ေတာ့ အိမ္မရွိတဲ့အခါ၊ အိမ္ပ်က္စီးသြားတဲ့အခါ စိတ္နာၿပီးျပန္မလာတာလည္းရွိတာေပါ့။ အစိုးရပိုင္း ကေတာ့ ျမန္တာေပါ့ဗ်ာ။ ခ်က္ခ်င္း အင္နဲ႔အားနဲ႔ ျမန္ ျမန္ျပန္လုပ္ႏိုင္တာေပါ့။ တခ်ိဳ႕သူေဌးေတြက်ေတာ့ လည္း ေျခာက္ထပ္တိုက္ႀကီး၊ ငါးထပ္တိုက္ႀကီးေဆာက္ ထားတယ္။ မီးေလာင္သြားေတာ့ ျပန္ၿဖိဳရဦးမယ္ သူ တို႔ကလည္းစဥ္းစားၿပီေလ။ ရင္းႏွီးျမႇဳပ္ႏွံၿပီးရင္ လြိဳင္ ေကာ္ကေန ဘာေတြျပန္ရမလဲဆိုတာလည္း စဥ္းစား မွာေပါ့။ တစ္ႏွစ္ေလာက္ကေတာ့ ေတာင္ႀကီးတို႔၊ ေညာင္ေ႐ႊတို႔၊ ပင္ေလာင္းတို႔၊ ေအာင္ပန္းတို႔မွာ စီးပြား ေရးကိုခြဲထားလိုက္တာေပါ့။ အဲဒီမွာ စီးပြားေရးကို အေျချပန္တည္ေနတဲ့အခါက်ေတာ့ လြိဳင္ေကာ္ကို ျပန္ဝင္မယ့္ေနရာမွာ ေထာက္ပံ့မႈမရွိဘဲမလုပ္ရဘူး။ နည္းနည္းေလး ျပန္စည္ကားဖို႔မွာ အဲဒီျပႆနာေတာ့ ရွိတာေပါ့။ ေခ်းေငြတို႔ဘာတို႔ ေတာ္ေတာ္မ်ားမ်ားလုပ္ ေပးႏိုင္မွ ဒီလူေတြအဆင္ေျပမယ္။
ေမး - လြိဳင္ေကာ္က အခုျပည္နယ္ၿမိဳ႕ေတာ္ဆိုတဲ့ သြင္ျပင္ တိတိပပ ျပန္ေပၚၿပီလား။
ေျဖ - ေပၚၿပီ။ ျပည္နယ္႐ုံးေတြအကုန္ ေတာ္ေတာ္ မ်ားမ်ား ျပန္လည္ပတ္ၿပီေလ။ မီးေလာင္သြားတဲ့ တခ်ိဳ႕ ႐ုံးေတြနဲ႔ မီးေလာင္လို႔ စာ႐ြက္စာတမ္းပါသြားတဲ့ ႐ုံးေတြေလာက္ပဲ နည္းနည္းအခက္အခဲရွိမွာပါ။ ဥပမာဆို ေျမငွားဂရမ္ကိစၥေတြ နည္းနည္း ဒုကၡ ေရာက္သြားတာမ်ိဳးပဲ ရွိမယ္။ က်န္တဲ့ ဌာနေတြမွာက သူတို႔ရဲ႕ စာ႐ြက္စာတမ္းစာရင္းေတြ အဲဒီေလာက္ မပ်က္စီးတာျဖစ္တဲ့အတြက္ ေျပာမယ္ဆိုရင္ ျပည္နယ္ အဆင့္ အုပ္ခ်ဳပ္ေရး ယႏၲရား ျပန္လည္ပတ္ေနတာေပါ့။ လြိဳင္ေကာ္ၿမိဳ႕ဆိုလည္း ေဘးပတ္လည္က အစြန္ အဖ်ား ရပ္ကြက္ ေလးငါးေျခာက္ခုေလာက္ပဲ က်န္ ေတာ့တာပါ။ အဲဒီရပ္ကြက္ေတြမွာေတာ့ နည္းနည္း ေလး လူေနထိုင္ခြင့္ သိပ္မေပးေသးဘူးေပါ့။ ၿမိဳ႕လယ္ နဲ႔ ေတာင္ဘက္ျခမ္းက ရပ္ကြက္ေတြမွာေတာ့ လူေန ထိုင္ခြင့္ ျပန္ေပးေနၿပီေပါ့။ စည္လည္း စည္ေနပါၿပီ။ လြိဳင္လင္ေလးတို႔ ေလာပိတ တို႔ စတဲ့ ၿမိဳ႕ေတြက အစ ျပန္စည္ကားလာၿပီ။
ေမး - ကယားကို KNDF တို႔က ဝင္တိုက္ခဲ့တယ္။ သူတို႔ဘာေၾကာင့္ မေအာင္ျမင္တာလဲ။
ေျဖ - ရည္႐ြယ္ခ်က္ေပါ့ေနာ္။ သူတို႔ စတိုက္မယ္ ဆိုတည္းက လႊတ္ေတာ္၊ အစိုးရအဖြဲ႕ကို သိမ္းၿပီး တိုက္မယ္ဆိုၿပီး လာတယ္။ လႊတ္ေတာ္နား စေရာက္ တဲ့အခ်ိန္ မတိုးႏိုင္ေတာ့ဘူး။ အစိုးရ အဖြဲ႕နား ဒကစ နားဆို ကပ္လို႔ေတာင္ မရေတာ့ဘဲနဲ႔ လြယ္မယ္ထင္တဲ့ ျပည္နယ္ရဲတို႔ ေထာင္ဘက္တို႔ လွည့္သြားတာ။ ေဘး ကာေတြက်လည္း ဘာမွမထူးဘူးေလ။ ေနာက္ဆုံး တိုက္ပြဲက အီလာတာေပါ့။ ဒီေကာင္ေတြ ေထာက္ပံ့မႈ ကလည္းက်သြားတယ္ေလ။ အေရွ႕ေျမာက္ျခမ္းက လာတဲ့ လက္နက္ေတြကိုလည္း မိခဲ့တယ္ေလ။ အဲဒီ မွာ ဒီေကာင္ေတြ တစ္ခ်က္လိုက္ရတယ္။ မွတ္မိလား ဟိုပုန္းမွာ တခါဖမ္းမိတယ္။ ႏွစ္ခါ မိလိုက္တာမွာ သူတို႔ရဲ႕လက္နက္ခဲယမ္းေထာက္ပံ့မႈ ေတာ္ေတာ္မ်ား မ်ားက ျပတ္ေတာက္သြားတယ္။ အလွည့္အေျပာင္း ေတြ ျဖစ္သြားတယ္။ တိုက္ပြဲက ၾကာလာတာနဲ႔ အမွ် အဓိက ေထာက္ပံ့ႏိုင္တဲ့ လမ္းေၾကာင္းသာတဲ့သူက ေနာက္ဆုံးမွာ သာလြန္သြားတာေပါ့။
ေမး - လြိဳင္ေကာ္တိုက္ပြဲစဥ္မွာ KNDF ေတြ စိတ္ ဓာတ္က အျမင့္ဆုံးရွိေနခဲ့တယ္လို႔ေျပာၾကတယ္။
ေျဖ - သူတို႔ ဘယ္ေလာက္ စိတ္ဓာတ္တက္ႂကြတက္ ႂကြ တပ္ရဲ႕ေခါင္းေဆာင္၊ ေျမျပင္ကြန္မင္ဒါထဲမွာ စိတ္ဓာတ္ေကာင္းေကာင္းနဲ႔ တိုက္ရည္ခိုက္ရည္ ေကာင္းၿပီး ခံခ်မယ္ဆိုတဲ့ ကြန္မင္ဒါေတြရွိတယ္ဗ်။ ေနာက္တစ္ခ်က္က တပ္မွာလက္နက္ခဲယမ္း၊ က်ည္ ဆံက ကိုယ္တိုင္ထုတ္ေနတာျဖစ္တဲ့အတြက္ အမ်ား ႀကီး သုံးႏိုင္တယ္ေလ။ ေဖာေဖာသီသီ သုံးႏိုင္တယ္။ ေသနတ္ဆိုတာက က်ည္ဆန္မရွိရင္ တုတ္ေလာက္ ေတာင္ သုံးလို႔မရဘူး။ ေရရွည္တိုက္ပြဲ ျဖစ္လာၿပီ ဆို ရင္ က်ည္ဆန္ဘယ္ကရမွာလဲ။ ေနာက္ၿပီးေတာ့ စား စရာ ရိကၡာ။ အဲဒါေတြကေျပာမယ္ဆိုရင္ လြယ္တဲ့ အလုပ္ေတြ မဟုတ္ဘူး။ ေထာက္ပံ့ပို႔ေဆာင္ေရးက လည္း အေရးႀကီးတာေလ။ အဲဒီႏွစ္ခုကို စီမံ ကြပ္ကဲ ႏိုင္စြမ္းရွိမွပဲ၊ ရွိတဲ့သူက ႏိုင္တာပဲ။ စိတ္ဓာတ္ ရွိတာ၊ မရွိတာ မဆိုင္ဘူး။ စိတ္ဓာတ္ရွိလည္း ဝါးရင္းတုတ္နဲ႔ တက္႐ိုက္လို႔မွမရတာ။ တစ္ဖက္က တိုက္မိုင္းေတြ၊ ေရွ႕ထြက္မိုင္းေတြ၊RPG ေတြ၊ စက္လတ္ေတြ အ ကုန္ျပင္ၿပီးေတာ့ ထိုင္ေစာင့္ေနတဲ့ တပ္သားတစ္ ေယာက္ကို က်ည္ဆန္ေထာင့္ငါးရာေလာက္ ေပးထား ႏိုင္တယ္။ လက္ပစ္ဗုံး ဆယ္လုံးေလာက္ ေပးထားႏိုင္ တယ္။ တစ္ေယာက္မွက်ည္ဆန္ေလး တစ္ရာဝန္းက်င္ ေလာက္ရွိတဲ့ေကာင္ေတြက ဘယ္တိုက္ႏိုင္မွာလဲ။ တကယ္ပစ္ၾကည့္ ႏွစ္နာရီေတာင္ မခံဘူး။
ေမး - KNDF တို႔ၿမိဳ႕ကေျပးၿပီးတဲ့ေနာက္ ျပန္တည္ ေဆာက္တဲ့အခါ စစ္ရဲ႕လက္က်န္ ေဘးထြက္ဆိုးက်ိဳး က ဘာေတြမ်ား ရွိမလဲ။
ေျဖ - မိုင္းေတြေပါ့ဗ်ာ။ မိုင္းေတြက ေျပာမယ္ဆိုရင္ သတ္မွတ္ခ်က္မရွိဘူး။ ဘယ္နားမွာ ဘယ္လို ေပါက္မ လဲဆိုတာ ဘယ္သူမွ မသိတဲ့အတြက္ေၾကာင့္ အဲဒါ ခံရတာေပါ့ဗ်ာ။ အလုပ္သမားေတြေပါ့ေနာ္။ ေနာက္ မိုင္း ရွင္းတဲ့သူေတြ၊ ျပန္ဝင္တဲ့ ျပည္သူေတြ အဲဒါ နံပါတ္တစ္ခံရတာေပါ့။ ေနာက္တစ္ခုက ဘာလဲဆို ေတာ့ အကုန္လုံး ျပည္သူေတြက ခိုးတာကိုခံရတယ္။ အိမ္ေတြမွာ ဘာမွမက်န္တာေပါ့။ ပထမဆုံး အိမ္ျပန္လာတဲ့အခ်ိန္မွာ အိမ္ေတာ့က်န္ေသးတယ္။ အိမ္ထဲမွာ ဘာပစၥည္းမွမက်န္ေတာ့ဘူး။ ေၾကးႀကိဳး ေတြ ဘာေတြက်ေတာ့ က်ည္ဆန္ေတြ လုပ္တာေပါ့ဗ်ာ။ လမ္းေတြမွာဆိုရင္လည္း ထရန္စေဖာ္မာေတြ၊ မီးႀကိဳး ေတြ ဘာမွမက်န္ဘူး။ ထရမ္စေဖာ္မာထဲက ေၾကးအုံ ေတြဆိုရင္လည္း ေၾကးပိႆာခ်ိန္ မ်ားတာကို။ စစ္ရဲ႕ ဆိုးက်ိဳးက တစ္ၿမိဳ႕လုံး ရဲ႕ မီးအားေပးစနစ္ကအစ ပ်က္စီးတာ။ အိမ္ေတြက ေရေမာ္တာေတြက အစ ေၾကးပါတာေတြ အကုန္အခိုးခံရတာပဲ။ ေၾကးေဈးကြက္ က ရွိေနတာ။ ေၾကးေဈးကြက္ရွိေနသမွ် တိုက္ပြဲၿပီး သြားတဲ့ၿမိဳ႕ေတြမွာ အမ်ားဆုံးႀကဳံရတာက ခုနက မိုင္းအႏၲရာယ္၊ ၿပီးေတာ့ ခုနက အိမ္ေတြရဲ႕ပစၥည္းေတြ ဘာမွမက်န္တာ။ ေနာက္ၿပီး နည္းနည္းေလးၾကာ လာမယ္ဆို အိမ္ေတြမွာ ေခါင္မိုးေတြ ျဖဳတ္တယ္။ တံခါး႐ြက္ေတြ ဘာမွမက်န္ဘူး။ လူသာ လာမ ေစာင့္ႏိုင္ရင္ေလ။ အဲဒါေတာ့ ခံရတာေပါ့။ ခ်က္ခ်င္း ျပန္ေနတယ္၊ ေစာင့္တယ္ဆိုတဲ့ လူေတြေလာက္ပဲ နည္းနည္းသက္သာတာ။
ေမး - ၿမိဳ႕ကို ျပန္ၿပီးထူေထာင္တဲ့အခါ ျပည္နယ္ အစိုးရ ႀကဳံရတဲ့ အခက္အခဲက ဘာေတြျဖစ္မယ္လို႔ ျမင္မိလဲ။
ေျဖ - ႀကဳံရတာေတာ့ အမ်ားႀကီးေပါ့ဗ်ာ။ ခုနက ျပည္ နယ္အစိုးရက နံပါတ္တစ္ ႀကဳံရတာက ဌာနဆိုင္ရာ ဝန္ထမ္းေတြ ျပန္ေခၚရတာေပါ့။ အဲဒီလိုဟာမွာက် ေတာ့ တခ်ိဳ႕ေတြက ေဗထိ ဆို ေျပးၾကတယ္။ မလာ ခ်င္ၾကဘူး။ ထြက္စာေတြ တင္တယ္ေပါ့။ မ်ိဳးစုံေပါ့။ ဝန္ထမ္းေတြ လာေရး ႀကိဳးစားရတာေပါ့။ ေရာက္ ေတာ့လည္း ဝန္ထမ္းေတြမွ မဟုတ္ဘူး ျပည္သူေတြ အကုန္ ဒုကၡေရာက္ၾကတာေပါ့။ ျပန္တည္ေဆာက္ ထူေထာင္ေရးလုပ္တဲ့အခါလည္း သန႔္ရွင္းေရးေတြ လုပ္ရတယ္။ အဲဒါမွာလည္း ခုနကေျပာတဲ့ မိုင္းေတြ အႏၲရာယ္ေပါ့ေနာ္။ ေတာ္ေတာ္ ဒုကၡေရာက္ၾကတယ္။ ျပည္နယ္အစိုးရကလည္း ႀကိဳးစားၿပီးေတာ့ လုပ္ခဲ့ၾက တာ။
ေမး - လြိဳင္ေကာ္က အခု လုံၿခဳံေရး စိတ္ခ်ရတဲ့ၿမိဳ႕ ျဖစ္ၿပီလား။
ေျဖ - စိတ္ခ်ရတဲ့ၿမိဳ႕ျဖစ္ၿပီလို႔ ေျပာလို႔ရတယ္။ ဘာလို႔ လဲဆိုေတာ့ တစ္ဖက္ အဖြဲ႕အစည္းေတြအေနနဲ႔ လည္း (၁၁၁၁) လို ျပန္တိုက္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူး။ အင္အားလည္းမရွိေတာ့ဘူး။ ခဲယမ္းလည္း မရွိေတာ့ ဘူး။ တကယ္ေတာ့ လုပ္ႏိုင္တာက အဖ်က္အေမွာင့္ ေလာက္ပဲ လုပ္ႏိုင္ေတာ့မယ္။ လုပ္ရင္လည္း လုံၿခဳံ ေရးကို တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ရင္ ပိုၿပီး တည္ ၿငိမ္လာမယ္။ ဟို အရင္လို အင္နဲ႔အားနဲ႔ တိုက္ႏိုင္ဖို႔ ေဝးသြားၿပီ။
ေမး - လက္နက္ကိုင္ေတြေၾကာင့္ ျပည္သူေတြမွာ ဘယ္ေလာက္ခက္ခဲမႈရွိလဲ။ သူတို႔ လက္နက္ကိုင္ ေတြကေကာ ဘယ္လိုရွိေနလဲ။
ေျဖ - သူတို႔ ခက္ခဲလား မခက္ခဲလားေတာ့ မသိဘူး ျပည္သူေတြကေတာ့ ေတာ္ေတာ္ခက္ခဲသြားတာေပါ့။ အခုကြၽန္ေတာ္တို႔ လြိဳင္ေကာ္ကလူေတြ ေတာ္ေတာ္ မ်ားမ်ားမွာ ဒီကာလအတြင္း ပ်က္စီးဆုံးရႈံးသြားတာ ေတြအတြက္ ဘယ္သူေတြက ေပးေလ်ာ္မလဲ။ အစိုးရ မွာလည္း အဲဒီအတြက္ ဘတ္ဂ်က္တို႔ ေခါင္းစဥ္တို႔ မရွိဘူး။ အစိုးရက ေထာက္ပံ့တာ၊ ကူညီတာေပးႏိုင္ တယ္။ တခ်ိဳ႕ေတြ ေလးထပ္တိုက္၊ ငါးထပ္တိုက္ မီး ေလာင္တယ္၊ ဟိုတယ္ႀကီးေတြ ျပာက်တာရွိတယ္ ေလ။ တခ်ိဳ႕ဆို သိန္း ႏွစ္ေသာင္း၊ သိန္းသုံးေသာင္း အဲဒီအထိေတြ ရွိၾကတယ္။ ဒါေတြကို ျပန္ၿပီး ရင္းႏွီး ျမႇဳပ္ႏွံဖို႔ မျဖစ္ႏိုင္ဘူးေလ။ တခ်ိဳ႕ျပည္သူေတြရဲ႕ အိမ္ ေတြဆိုရင္လည္း မီးေလာင္ကုန္ၾကတယ္။ ပ်က္စီးကုန္ၾကတယ္။ အဲဒီဟာေတြက ျပည္သူေတြ ေတာ္ေတာ္ ဆုံးရႈံးကုန္တယ္။ အဲဒီဟာေတြနဲ႔ ပတ္ သက္ၿပီး ဘယ္သူ႔ဆီကမွ ေလ်ာ္ေၾကးရစရာ အ ေၾကာင္းက ကမ္းမျမင္၊ လမ္းမျမင္ေလ။ ဘယ္သူမွ ေလ်ာ္ေပးႏိုင္တဲ့ အင္အားမရွိဘူး။ အမ်ားဆုံး ေလ်ာ္ ေပးႏိုင္ရင္ေတာင္ သိန္း တစ္ရာ၊ ႏွစ္ရာ။ ဒါေတာင္ မိုင္ကုန္ပဲ။ အဲဒါေတာင္ ဘတ္ဂ်က္မွာ ေသခ်ာ စိစစ္ ၿပီးမွ ေလ်ာ္ႏိုင္မွာ။ ဒီလို သိန္းေသာင္းခ်ီ နစ္နာသူ ရွိ သလို အိမ္ပ်က္စီးတယ္။ ဆုံးရႈံးမႈေတြက တစ္ေယာက္ နဲ႔ တစ္ေယာက္ မတူၾကဘူး။ ဒါအတြက္ ေလ်ာ္ေၾကးမွ မရွိတာ။ ျပည္သူေတြကေတာ့ တိုက္ပြဲျဖစ္သြားတယ္။ သူတို႔ပစၥည္းေတြ အခိုးခံရတယ္။ သူတို႔အိမ္ေတြ မီး ေလာင္ပ်က္စီးသြားတယ္ အစအဆုံး အကုန္ျပန္ရွာ ရမွာေလ။ အကူအညီကလည္း အေသးအမႊား ေလာက္ပဲ ေပးႏိုင္မွာေလ။
ေမး - ဒါက ေနာက္ဆုံး ေမးခြန္းပါ။ ကယားျပည္ နယ္ထဲက အစိုးရကို ေတာ္လွန္ေနတယ္လို႔ဆိုတဲ့ အဖြဲ႕ေတြရဲ႕အေျခအေနက ဆုတ္ခြာထြက္ေျပးေနရ တာလား။
ေျဖ - ေရရွည္မွာက်ေတာ့ ပို႔ေဆာင္ဆက္သြယ္ေရး လမ္းေၾကာင္း ျပတ္ၿပီေလ။ ေနာက္ၿပီးေတာ့ အလႉခံ ေတြ ဘာေတြက ရတာကိုး။ အလႉခံေတြ မရေတာ့ ေျမျပင္မွာက နံပါတ္တစ္ က်ည္ဆန္၊ နံပါတ္ႏွစ္ စားေရ ရိကၡာ၊ ေဆးဝါးေပါ့ဗ်ာ။ ဒီလိုေထာက္ပံ့ေရး လမ္း ေၾကာင္းေတြက ၾကာလာတာနဲ႔အမွ် တပ္ကို မယွဥ္ႏိုင္ ေတာ့ဘူးဗ်။ အဲဒါက်ေတာ့ တစ္ဖက္ကလည္း တပ္ ဘက္မွာလည္း အင္အားေကာင္းတယ္။ မဟာမိတ္ အဖြဲ႕ေတြနဲ႔ ခိုင္မာတဲ့တည္ေဆာက္မႈ တည္ေဆာက္ ထားႏိုင္တယ္။ တျဖည္းျဖည္းေတာ့ ေတာ္လွန္ေရးဆိုတဲ့ အဖြဲ႕ေတြက နယ္ေျမက်ဥ္းလာတယ္။ တိုက္တယ္ဆို တာက က်ည္ဆန္အမ်ားႀကီးလိုတယ္။ ခံစစ္ထက္ကို တိုက္တဲ့သူက ပိုကို လိုတယ္။ အဲဒီေတာ့ မလြယ္ပါဘူး ဗ်ာ။ ေရရွည္မွာ နယ္ေျမက က်ဥ္းသထက္ က်ဥ္းသြား မွာ။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။