ဘားအံ၌ လိုင်စင်မဲ့ကားများအား စတင်ဖမ်းဆီးနေ

 2429

NP News - ဇွန် ၃

ဘားအံမြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး လိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးနေကြောင်း မြို့ခံပြည်သူများထံမှသိရသည်။

"အရင်ကဖောင်းကြွနံပါတ်ပဲစစ်တာ။ မနေ့က စပြီးမြို့ဝင်ဂိတ်နဲ့ မြို့ထဲနေရာ တော်တော်များများမှာယာဉ် ထိန်းရဲတွေတင်မကဘူး အခြားဝန်ထမ်းတွေနဲ့ စစ်သားတွေလည်း ပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်နေတာ။ မသင်္ကာတဲ့ကားတွေဆို တော်တော်အချိန်ကြာကြာကို စစ်နေတာတောင် တွေ့ရတယ်" ဟု ဘားအံမြို့၌ နေထိုင်သူတစ်ဦးက NP News ကိုပြောသည်။

လိုင်စင်မဲ့ကားများအား ယမန်နေ့ (ဇွန်လ ၂ရက်)မှစ၍ စစ်ဆေးအရေးယူမှုကို ဘားအံမြို့တွင်သာမက နယ်စပ်မြို့များတွင်လည်း ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဇွန်လ ၁ ရက်မှ စတင်ကာ လိုင်စင်မဲ့ကားများအား ပူးပေါင်းအဖွဲ့များဖြင့် လှည့်လည်စစ်ဆေးကာ ဖမ်းဆီးမည်ဖြစ်ပြီး တွေ့ရှိပါက ကားအားသိမ်းယူမည်ဖြစ်ကာ အသုံးပြုသူအား ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူမည်ဟု ဘားအံခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့က အသိပေးလက်ကမ်းစာရွက်များ လိုက်လံဝေငှခဲ့သည်ဟု ဘားအံမြို့ခံများကပြောသည်။

စစ်ဆေးတွေ့ရှိပါက လိုင်စင်မဲ့မော်တော်ယာဉ်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည့်အပြင် လက်ဝယ်ထားရှိအသုံးပြုသူအား ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ - ၈ ဖြင့် အရေးယူ၍ (၃)နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း ဘားအံခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့က ကြေညာထားသည်။

အလားတူ ဘားအံမြို့အစိုးရဌာနဆိုင်ရာရုံးဝန်းများအတွင်း လိုင်စင်မဲ့ကားများ ရပ်နားထားပါက စစ်ဆေးသိမ်းဆည်းနေကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကျေးရွာများဘက်မှ ပြည်သူများသည် ဘားအံမြို့ပေါ်သို့လာရောက်မှု နည်းပါးသွားပြီးမြို့တွင်း၌လည်း လိုင်စင်မဲ့ကားများ မောင်းနှင်မှုမရှိတော့ကြောင်းမြို့ခံများထံမှသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လိုင်စင်မဲ့ကားများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးနိုင်ရေး စီမံချက်ရေးဆွဲပြီး စစ်ဆင်ရေးအသွင်ဖြင့်ဆောင်ရွက်ရန် နစက၏ ပြည်ထဲရေးဝန်ကြီးဌာနမှ အောက်ခြေတပ်ဖွဲ့ဝင်များအား ညွှန်ကြားထားကြောင်းသိရသည်။

zawgyi version
ဘားအံ၌ လိုင္စင္မဲ့ကားမ်ားအား စတင္ဖမ္းဆီးေန
NP News - ဇြန္ ၃

ဘားအံၿမိဳ႕အဝင္အထြက္မ်ားတြင္ စစ္ေဆးေရးဂိတ္ဖြင့္လွစ္ၿပီး လိုင္စင္မဲ့ကားမ်ား စတင္ဖမ္းဆီးေနေၾကာင္း ၿမိဳ႕ခံျပည္သူမ်ားထံမွသိရသည္။

"အရင္ကေဖာင္းႂကြနံပါတ္ပဲစစ္တာ။ မေန႔က စၿပီးၿမိဳ႕ဝင္ဂိတ္နဲ႔ ၿမိဳ႕ထဲေနရာ ေတာ္ေတာ္မ်ားမ်ားမွာယာဥ္ ထိန္းရဲေတြတင္မကဘူး အျခားဝန္ထမ္းေတြနဲ႔ စစ္သားေတြလည္း ပါတယ္။ ကားေတြ၊ ဆိုင္ကယ္ေတြကို စစ္ေနတာ။ မသကၤာတဲ့ကားေတြဆို ေတာ္ေတာ္အခ်ိန္ၾကာၾကာကို စစ္ေနတာေတာင္ ေတြ႕ရတယ္" ဟု ဘားအံၿမိဳ႕၌ ေနထိုင္သူတစ္ဦးက NP News ကိုေျပာသည္။

လိုင္စင္မဲ့ကားမ်ားအား ယမန္ေန႔ (ဇြန္လ ၂ရက္)မွစ၍ စစ္ေဆးအေရးယူမႈကို ဘားအံၿမိဳ႕တြင္သာမက နယ္စပ္ၿမိဳ႕မ်ားတြင္လည္း ျပဳလုပ္လ်က္ရွိေၾကာင္းသိရသည္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၌ ဇြန္လ ၁ ရက္မွ စတင္ကာ လိုင္စင္မဲ့ကားမ်ားအား ပူးေပါင္းအဖြဲ႕မ်ားျဖင့္ လွည့္လည္စစ္ေဆးကာ ဖမ္းဆီးမည္ျဖစ္ၿပီး ေတြ႕ရွိပါက ကားအားသိမ္းယူမည္ျဖစ္ကာ အသုံးျပဳသူအား ပို႔ကုန္သြင္းကုန္ဥပေဒျဖင့္ အေရးယူမည္ဟု ဘားအံခ႐ိုင္ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရးအဖြဲ႕က အသိေပးလက္ကမ္းစာ႐ြက္မ်ား လိုက္လံေဝငွခဲ့သည္ဟု ဘားအံၿမိဳ႕ခံမ်ားကေျပာသည္။

စစ္ေဆးေတြ႕ရွိပါက လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းျခင္း ခံရမည္ျဖစ္သည့္အျပင္ လက္ဝယ္ထားရွိအသုံးျပဳသူအား ပို႔ကုန္/သြင္းကုန္ဥပေဒပုဒ္မ - ၈ ျဖင့္ အေရးယူ၍ (၃)ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလုံးျဖစ္ေစ က်ခံရမည္ျဖစ္ေၾကာင္း ဘားအံခ႐ိုင္ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေရးအဖြဲ႕က ေၾကညာထားသည္။

အလားတူ ဘားအံၿမိဳ႕အစိုးရဌာနဆိုင္ရာ႐ုံးဝန္းမ်ားအတြင္း လိုင္စင္မဲ့ကားမ်ား ရပ္နားထားပါက စစ္ေဆးသိမ္းဆည္းေနေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ ေက်း႐ြာမ်ားဘက္မွ ျပည္သူမ်ားသည္ ဘားအံၿမိဳ႕ေပၚသို႔လာေရာက္မႈ နည္းပါးသြားၿပီးၿမိဳ႕တြင္း၌လည္း လိုင္စင္မဲ့ကားမ်ား ေမာင္းႏွင္မႈမရွိေတာ့ေၾကာင္းၿမိဳ႕ခံမ်ားထံမွသိရသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက လိုင္စင္မဲ့ကားမ်ားအား တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဖမ္းဆီးႏိုင္ေရး စီမံခ်က္ေရးဆြဲၿပီး စစ္ဆင္ေရးအသြင္ျဖင့္ေဆာင္႐ြက္ရန္ နစက၏ ျပည္ထဲေရးဝန္ႀကီးဌာနမွ ေအာက္ေျခတပ္ဖြဲ႕ဝင္မ်ားအား ၫႊန္ၾကားထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.