သာကေတမြို့နယ်၌ ကားတစ်စီးက အရှိန်လွန်ကာ ဆိုင်ခန်းတစ်ခုအားဝင်တိုက်ခဲ့ရာ ဆိုင်အတွင်းအိပ်ပျော်နေသူ ထိခိုက်ဒဏ်ရာရရှိခဲ့

2914

စော(NP News) - ဇွန် ၁၈
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ကားတစ်စီးက အရှိန်လွန်ကာ ဆိုင်ခန်းတစ်ခုအား ဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၁၇ ရက်)၊ ည(၁၂)နာရီဝန်းကျင်အချိန်တွင် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ၄၉ အစိမ်းဂိတ်မှတ်တိုင်အနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
သန်လျင်မှ မြို့ထဲဘက်သို့ အသက် (၂၅)နှစ်ဝန်းကျင် အမျိုးသမီး မောင်းနှင်ပြီး အဖော်အမျိုးသမီးလိုက်ပါလာသည့် HONDA FIT အမျိုးအစားကားသည် အရှိန်လွန်ကာ ဆိုင်ခန်းအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့ဒီအချိန်က မိုးကလည်း ရွာနေတယ်။ နောက်ပြီး ညလည်းဖြစ်တော့ ကားစလစ်ဖြစ်ပြီး ဆိုင်ခန်းထဲဝင်သွားတာပါ။ ဆိုင်ခန်းထဲမှာ အိပ်နေတဲ့ ဝန်ထမ်းတစ်ဦးတော့ ထိခိုက်ဒဏ်ရာရသွားတယ်။ သိပ်တော့မစိုးရိမ်ရပါဘူး” ဟု သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
ဒဏ်ရာရရှိသူအမျိုးသားသည် အသက်(၄ဝ)ဝန်းကျင်အရွယ်ရှိပြီး ထိခိုက်ဒဏ်ရာသည် စိုးရိမ်စရာအခြေ အနေမရှိကြောင်း သိရသည်။
သို့သော် ကားမောင်းနှင်သူနှင့် အဖော်လိုက်ပါလာသူတို့သည့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရ သည်။
အလားတူ သာကေတမြို့နယ်၊ မြင်သာလမ်းမကြီးပေါ်၌ ယမန်နေ့(ဇွန်လ ၁၇ ရက်)၊ ညနေ(၄)နာရီခွဲအချိန်တွင် စိတ်မနှံသည့် အမျိုးသားတစ်ဦး ကားတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

zawgyi version
သာေကတၿမိဳ႕နယ္၌ ကားတစ္စီးက အရွိန္လြန္ကာ ဆိုင္ခန္းတစ္ခုအားဝင္တိုက္ခဲ့ရာ ဆိုင္အတြင္းအိပ္ေပ်ာ္ေနသူ ထိခိုက္ဒဏ္ရာရရွိခဲ့
ေစာ(NP News) - ဇြန္ ၁၈
ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္တြင္ ကားတစ္စီးက အရွိန္လြန္ကာ ဆိုင္ခန္းတစ္ခုအား ဝင္တိုက္ခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၁၇ ရက္)၊ ည(၁၂)နာရီဝန္းက်င္အခ်ိန္တြင္ သာေကတၿမိဳ႕နယ္၊ ရႈခင္းသာလမ္းမႀကီး ၄၉ အစိမ္းဂိတ္မွတ္တိုင္အနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သာေကတၿမိဳ႕နယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
သန္လ်င္မွ ၿမိဳ႕ထဲဘက္သို႔ အသက္ (၂၅)ႏွစ္ဝန္းက်င္ အမ်ိဳးသမီး ေမာင္းႏွင္ၿပီး အေဖာ္အမ်ိဳးသမီးလိုက္ပါလာသည့္ HONDA FIT အမ်ိဳးအစားကားသည္ အရွိန္လြန္ကာ ဆိုင္ခန္းအား ဝင္တိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲ့ဒီအခ်ိန္က မိုးကလည္း ႐ြာေနတယ္။ ေနာက္ၿပီး ညလည္းျဖစ္ေတာ့ ကားစလစ္ျဖစ္ၿပီး ဆိုင္ခန္းထဲဝင္သြားတာပါ။ ဆိုင္ခန္းထဲမွာ အိပ္ေနတဲ့ ဝန္ထမ္းတစ္ဦးေတာ့ ထိခိုက္ဒဏ္ရာရသြားတယ္။ သိပ္ေတာ့မစိုးရိမ္ရပါဘူး” ဟု သာေကတၿမိဳ႕နယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
ဒဏ္ရာရရွိသူအမ်ိဳးသားသည္ အသက္(၄ဝ)ဝန္းက်င္အ႐ြယ္ရွိၿပီး ထိခိုက္ဒဏ္ရာသည္ စိုးရိမ္စရာအေျခ အေနမရွိေၾကာင္း သိရသည္။
သို႔ေသာ္ ကားေမာင္းႏွင္သူႏွင့္ အေဖာ္လိုက္ပါလာသူတို႔သည့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ျခင္းမရွိေၾကာင္း သိရ သည္။
အလားတူ သာေကတၿမိဳ႕နယ္၊ ျမင္သာလမ္းမႀကီးေပၚ၌ ယမန္ေန႔(ဇြန္လ ၁၇ ရက္)၊ ညေန(၄)နာရီခြဲအခ်ိန္တြင္ စိတ္မႏွံသည့္ အမ်ိဳးသားတစ္ဦး ကားတိုက္ခံရမႈျဖစ္ပြားခဲ့ၿပီး မစိုးရိမ္ရေၾကာင္း သိရသည္။