BRICS ကို ပြင်သစ်က ဘာကြောင့် စိတ်ဝင်စားတာလဲ (ဘာသာပြန်ဆောင်းပါး)

 1929

ရဲထွန်း (သီပေါ) (NP News) - ဇွန် ၁၉

ကမ္ဘာပေါ်မှာ အရေးအပါဆုံး စီးပွားရေးအဖွဲ့အစည်းက ဘယ်အဖွဲ့လဲ။ G-20 ဆိုတဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံနဲ့ ဥရောပ သမဂ္ဂတို့ပါဝင်တဲ့ အဖွဲ့အစည်းလား။ အဲဒီ G-20 အဖွဲ့ထဲမှာ ကမ္ဘာ့စီးပွားရေးအင်အားတောင့် နိုင်ငံတွေ အားလုံးလိုလိုပါဝင်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့က ပြောင်းလဲနေတဲ့ ကမ္ဘာ့ပကတိ အခြေအနေတွေကို ကိုယ်စားပြုနိုင်ရဲ့လား။ နောက်တစ်ဖွဲ့က G-7 ။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံအိုကြီးတွေရဲ့ ကလပ်ပေါ့။ ကမ္ဘာ့မြောက်ဘက်ခြမ်းကို ကိုယ်စားပြုတယ်ဆိုပေမယ့် အဲဒီမှာ အိန္ဒိယမပါ။ တရုတ်မပါ။ ရုရှားမပါ ပါဘူး။ ဒါကြောင့် ဒီနေ့ ပြောင်းလဲနေတဲ့ ကမ္ဘာမှာ အရေးကြီးတဲ့ စီးပွား‌ရေးအဖွဲ့အစည်းလို့ ပြောလို့ရပါ့မလား။

အခု BRICS ဆိုတဲ့အဖွဲ့ကို ကြည့်ကြရအောင်။ ဒီအဖွဲ့မှာ ပါဝင်တဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေက လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းကျော် (၃.၂၄ ဘီလျံ) ရှိပါတယ်။ ဒီငါးနိုင်ငံရဲ့ ဧရိယာကကမ္ဘာ့မြေဧရိယာရဲ့ ၂၆ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ထုတ်လုပ်မှုစုစုပေါင်း ဂျီဒီပီရဲ့ ၃၁ ဒသမ ၅ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုပါတယ်။ G-7 ရဲ့ထုတ်လုပ်မှု ဂျီဒီပီကတော့ အခုအခါမှာ ကျဆင်းနေပြီး ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၃ဝ ရာခိုင်နှုန်းပဲရှိပါတော့တယ်။

အခုလောလောဆယ်မှာ နိုင်ငံတော်တော်များများက BRICS အဖွဲ့ဝင်နိုင်ငံ ဖြစ်ချင်နေကြပါတယ်။ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံပေါင်း ၁၉ နိုင်ငံက အဖွဲ့ဝင်ဖြစ်ဖို့ တန်းစီနေကြတာပါ။ ဒါကြောင့် BRICS အဖွဲ့ရဲ့ ဂျီဒီပီ၊ စျေးကွက်နဲ့ အခွင့်အလမ်းတွေက တောက်လျှောက် တိုးတက်လာဖို့ပဲရှိပါတယ်။

အခုစိတ်ဝင်စားဖို့ကောင်းတာက ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်၊ G-7 အဖွဲ့ဝင်လည်းဖြစ်တဲ့ ပြင်သစ်ကလည်း BRICS အဖွဲ့ကို ပူးပေါင်းဖို့ တံခါးလာခေါက်နေတဲ့ ကိစ္စပါ။ ပြင်သစ်သမ္မတ အီမန်နြူရယ် မက္ကရွန်က သြဂုတ်လအတွင်း တောင်အာဖရိကမှာကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်ချင်တယ်လို့ ဇွန်လ ၁၃ ရက် ပြင်သစ်သတင်းစာ L'Opinion ကဆိုပါတယ်။ ဒါဟာ ပြင်သစ်က ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အဖွဲ့အစည်းဖြစ်တဲ့ BRICS ကို နှစ်သက်လိုလားကြောင်း သတင်းစကားပါးလိုက်တာ လည်းဖြစ်ပါတယ်။ ၁၅ ကြိမ်မြောက်နှစ်ပတ်လည် BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့မှာ သြဂုတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ BRICS အဖွဲ့ဝင် ၅ နိုင်ငံရဲ့ ခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။ သူတို့အပြင် BRICS အဖွဲ့ရဲ့ မိတ်ဆွေများလို့ခေါ်ကြတဲ့ ဘင်္ဂလား ဒက်ရှ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါလိမ့်မယ်။ ဒီအစည်းအဝေးမှာ တချို့နိုင်ငံတွေကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ သတင်းတွေ အဆိုအရ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့နိုင်ငံပေါင်း ၁၉ နိုင်ငံရှိပြီလို့ဆိုပါတယ်။ ခုနောက်ဆုံး လျှောက်ထားတဲ့ နိုင်ငံက အီဂျစ်နိုင်ငံပါ။

ဘာကြောင့် BRICS အဖွဲ့ရဲ့ ပေါ်ပြူလာဖြစ်မှုက တိုးတက်များပြားလာတာပါလဲ။ ရုရှားနဲ့ ယူကရိန်း စစ်ပွဲဖြစ် ပွားတဲ့နောက်မှာ၊ ပြင်သစ်အပါအဝင် အနောက်တိုင်းက ရုရှားအပေါ်မှာ ဆန့်ရှင်တွေ အများအပြားချမှတ်ပြီး အရေးယူပိတ်ဆို့မှု တွေလုပ်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများက သူတို့မျှော်လင့်ထားသလို သူတို့ဘက်ကိုမပါကြဘဲ ဆက်လက်ကြားနေကြပြီး ပဋိပက္ခအမြန်အဆုံး သတ်ရေးကိုဘဲ တောင်းဆိုကြပါတယ်။ ဒီနှစ် အစောပိုင်းကကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် မြူးနစ်လုံခြုံရေး ကွန်ဖရင့်က ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေကို ဦးတည်ပြီး သတင်းစကားပါးပါတယ်။ အတွင်းအနှစ် သဘောက အနောက်တိုင်းအနေနဲ့ အကြပ်အတည်းဆိုက်နေပြီလို့ ခံစားနေရကြောင်းနဲ့ သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာသြဇာလွှမ်းမိုးမှုဟာ ဆုံးရှုံးလာနေတဲ့အကြောင်းဖေါ်ပြထားခြင်းဖြစ်ပါ တယ်။ ပြင်သစ်က ပြည်တွင်းမှာရော၊ ပြည်ပမှာပါ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်း မက္ကရွန်က BRICS နဲ့ အဆက်အသွယ်ထူထောင်ခြင်းဟာ ပြင်သစ်အတွက် unearthing gold bricks ရွှေအုတ်ခဲ တွေ တူးဖေါ်ရရှိတာနဲ့ အတူတူပါဘဲလို့ ပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအစည်းအဝေးမှာ သူ့ကိုလည်း ဖိတ်ကြားဖို့ တောင်အာဖရိကသမတ ဆီရယ် ရာမာဖိုဆာ (Cyril Ramaphosa) ကို မက္ကရွန်က တောင်းဆိုတာပါ။

ဒုတိယအချက်အားဖြင့် ပြင်သစ်မှာ Gaullism ‌ဂေါလ်လစ်ဇင် လို့ခေါ်တဲ့ ချားလ်စ်ဒီဂေါလ် ရဲ့ဝါဒကျင့်သုံးတဲ့ အစဉ်အလာရှိပါတယ်။ ပြင်သစ်ဟာ သူ့ကိုယ်သူ အဓိကအင်အားကြီးနိုင်ငံအဖြစ် မှတ်ယူပြီး “သံတမန်ရေး သြဇာလွှမ်းမိုးမှု” မှာ အရေးကြီးတဲ့ နေရာကပါဝင်တတ်ပါတယ်။ ဂေါလ်လစ်ဇင်ဟာ ပြင်သစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ နှစ်ပေါင်းများစွာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီး၊ မက္ကရွန်အပါအဝင် ဘယ်ခေါင်းဆောင် သို့မဟုတ် ဘယ်အ စိုးရအဖွဲ့ကမှ မသွေဖည်နှိုင်တဲ့ “နိုင်ငံရေးကျင့်ဝတ်” တစ်ရပ်ဖြစ်နေပါတယ်။ ဥရောပ ခေါင်းဆောင်မှုရဲ့ မျိုးဆက် သစ် အလံကိုင်တယောက်အနေနဲ့ မက္ကရွန်ဟာ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ သမိုင်းပေးတာဝန်ကို ပြန်လည်ဖော်ထုတ် နေတာပါ။

တတိယအချက်က မက္ကရွန်ဟာ လက်တွေ့ကျတဲ့ခေါင်းဆောင်တစ်ယောက်ပါ။ သူဟာ အတားအဆီးတွေကို ချိုးဖျက်ဝန့်သူပါ။ ဒီအချက်နဲ့ပတ်သက်ရင် ပြည်တွင်းကပြုပြင်ပြောင်းလဲရေးမှာ သာမကဘဲ နိုင်ငံခြားရေးပေါ်လစီဆိုင်ရာ ဆုံးဖြတ်ချက်တွေအရလည်း သိနိုင်ပါတယ်။ ဥပမာအားဖြင့် ဥရောပရဲ့ လုံခြုံရေးပြဿနာတွေကို ဖြေရှင်းဖို့ အီးယူကနေနှုတ်ထွက်ထားတဲ့ ယူကေနိုင်ငံနဲ့ အီးယူမဟုတ်တဲ့အနောက်ဘော်လကန် နိုင်ငံတွေပါ ပါဝင်စေမဲ့ ဥ‌ရောပ နိုင်ငံ‌‌‌ရေးကွန်မြူနတီ တခုတည်ထောင်ဖို့ တင်ပြခဲ့တာမျိုးပါ။ နောက်တစ်ခုက ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရုတ် နိုင်ငံကို ဥရောပသမဂ္ဂဥက္ကဋ္ဌ Ursula von der Leyen အာဆူလာ ဗွန်ဒါလီယန်း နဲ့အတူ သွားရောက်လည်ပတ်ပြီး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ် ပြင်းပြစွာရှိနေကြောင်းကို၊ အမေရိကန်က တရုတ်ဝိုင်းပယ်ရေး တိုးတက် လုပ်ဆောင်နေတဲ့ကြားက ပြသခဲ့တာဘဲဖြစ်ပါတယ်။ ဒီလှုပ်ရှားဆောင်ရွက်မှုတွေအားလုံးဟာ သူ့ရဲ့တီထွင်ဖန်တီး နှိုင်စွမ်းနဲ့ အချိန်အခါကို အမိအရဖမ်းဆုတ်နှိုင်စွမ်းကို ပြသတဲ့ အထောက်အထား တွေပါ။

ဒါ့ပြင် ဝါရှင်တန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သြဇာကလည်း ကျဆင်းနေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ သြဇာအရိပ်ကနေလွတ်လွတ်ကင်းကင်းရှိနေတာကို ပြသချင်တာ၊ ဒါမှမဟုတ် BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်ဝင်တစားရှိနေတာကြောင့်လည်းဖြစ်နှိုင်ပါတယ်။ မက္ကရွန်က အနောက်တိုင်းရဲ့ လက်ဝါးကြီး အုပ်မှုဟာ၊ အနောက်တိုင်းရဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် နိဂုံးခန်းကို ရောက်လာနေပြီလို့ ညွှန်ပြနေပါတယ်။ မက္ကရွန်ဟာ ဒေါ်နယ်ထရမ့်ကို ပဲရစ်ရာသီဥတု သဘောတူညီချက် Paris Climate Agreement စာချုပ် ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ ၂ဝ၂၂ ခုနှစ်ကုန်မှာတုန်းကလည်း သူက အမေရိကန်ရဲ့ ငွေကြေးဖေါင်းပွမှု လျှော့ချ‌‌ရေး ဥပဒေအပေါ် ပေါက်ကွဲခဲ့ပါသေးတယ်။ ဒါပေမဲ့ အခြေ အနေက မူလအတိုင်းပါဘဲ။ အမေရိကန်က သူ့စကားကို နားမထောင်ပါဘူး။

ပိုဆိုးတာက အမေရိကန်ဟာ ယူကရိန်း အကြပ်အတည်းကနေ အကျိုးအမြတ်တွေရနေပြီး၊ ဝန်ထုပ် ဝန်ပိုး ကိုတော့ ဥရောပအပေါ် လွှဲချတာပါ။ ဥရောပရဲ့ အဓိက အင်အားကြီးနိုင်ငံတနိုင်ငံအနေနဲ့ ပြင်သစ်က ဒီဝန်ထုတ်ဝန် ပိုးကို ငြီးငြူရှောင်လွှဲနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် မက္ကရွန်ရဲ့ ဒီလှုပ်ရှားမှု ( BRICS တွင်ပါဝင်လိုမှု) ဟာ အမေရိကန်ကို မကျေမနပ်ဖြစ်နေကြောင်းဖေါ်ပြတာလို့လည်း ယူဆနှိုင်ပါတယ်။ အမေရိကန်ဟာ အနောက်တိုင်း ရဲ့ ‌ခေါင်းဆောင်အဖြစ် အားမကိုယ်းထိုက်တော့ဘူး ဆိုတာ တိုးတိုးပြီးဖေါ်ပြလာနေတာပဲဖြစ်ပါတယ်။

BRICS အဖွဲ့ရဲ့ ယန္တယားနဲ့ အခြေခံဘောင်ဟာ၊ ဗဟုဝန်ရိုးစနစ်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံအား ပေးတာဆိုတဲ့ အချက်က ပြင်သစ်အပါအဝင် နိုင်ငံအတော်များများကို ညှို့အားပြင်းပြင်းနဲ့ ဆွဲဆောင်နေပါတယ်။ ဒါက သဘာဝအလျောက် တိုးတက်မှုကိုလည်း ကိုယ်စားပြုပါတယ်။ အချုပ်ပြောရရင်တော့ ဖွံ့ဖြိုးဆဲ နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ ဝရုန်းသုန်းကားဖြစ်နေတဲ့ ကမ္ဘာကြီးဆီကို အပြုသဘောဆောင်တဲ့ ရလဒ်တွေသယ် ဆောင်လာနှိုင်တယ်လို့ မက္ကရွန်အနေနဲ့ ယုံကြည်ယူဆလို့ BRICS နဲ့ဆက်သွယ်လာတာဖြစ်နိုင်ကြောင်းပါ။

ကိုးကား- Why Macron may have a fondness for BRICS
- Why France is Knocking on the Doors of BRICS | Vantage with Palki Sharma

zawgyi version
BRICS ကို ျပင္သစ္က ဘာေၾကာင့္ စိတ္ဝင္စားတာလဲ (ဘာသာျပန္ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ဇြန္ ၁၉

ကမာၻေပၚမွာ အေရးအပါဆုံး စီးပြားေရးအဖြဲ႕အစည္းက ဘယ္အဖြဲ႕လဲ။ G-20 ဆိုတဲ့ ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံနဲ႔ ဥေရာပ သမဂၢတို႔ပါဝင္တဲ့ အဖြဲ႕အစည္းလား။ အဲဒီ G-20 အဖြဲ႕ထဲမွာ ကမာၻ႔စီးပြားေရးအင္အားေတာင့္ ႏိုင္ငံေတြ အားလုံးလိုလိုပါဝင္ပါတယ္။ ဒါေပမဲ့ ဒီအဖြဲ႕က ေျပာင္းလဲေနတဲ့ ကမာၻ႔ပကတိ အေျခအေနေတြကို ကိုယ္စားျပဳႏိုင္ရဲ႕လား။ ေနာက္တစ္ဖြဲ႕က G-7 ။ ကမာၻ႔အခ်မ္းသာဆုံးႏိုင္ငံအိုႀကီးေတြရဲ႕ ကလပ္ေပါ့။ ကမာၻ႔ေျမာက္ဘက္ျခမ္းကို ကိုယ္စားျပဳတယ္ဆိုေပမယ့္ အဲဒီမွာ အိႏၵိယမပါ။ တ႐ုတ္မပါ။ ႐ုရွားမပါ ပါဘူး။ ဒါေၾကာင့္ ဒီေန႔ ေျပာင္းလဲေနတဲ့ ကမာၻမွာ အေရးႀကီးတဲ့ စီးပြား‌ေရးအဖြဲ႕အစည္းလို႔ ေျပာလို႔ရပါ့မလား။

အခု BRICS ဆိုတဲ့အဖြဲ႕ကို ၾကည့္ၾကရေအာင္။ ဒီအဖြဲ႕မွာ ပါဝင္တဲ့ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္နဲ႔ ေတာင္အာဖရိက ႏိုင္ငံေတြက လူဦးေရဟာ ကမာၻ႔လူဦးေရရဲ႕ ၄ဝ ရာခိုင္ႏႈန္းေက်ာ္ (၃.၂၄ ဘီလ်ံ) ရွိပါတယ္။ ဒီငါးႏိုင္ငံရဲ႕ ဧရိယာကကမာၻ႔ေျမဧရိယာရဲ႕ ၂၆ ရာခိုင္ႏႈန္းရွိၿပီး ကမာၻ႔ထုတ္လုပ္မႈစုစုေပါင္း ဂ်ီဒီပီရဲ႕ ၃၁ ဒသမ ၅ ရာခိုင္ႏႈန္းေက်ာ္ကို ကိုယ္စားျပဳပါတယ္။ G-7 ရဲ႕ထုတ္လုပ္မႈ ဂ်ီဒီပီကေတာ့ အခုအခါမွာ က်ဆင္းေနၿပီး ကမာၻ႔ထုတ္လုပ္မႈရဲ႕ ၃ဝ ရာခိုင္ႏႈန္းပဲရွိပါေတာ့တယ္။

အခုေလာေလာဆယ္မွာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက BRICS အဖြဲ႕ဝင္ႏိုင္ငံ ျဖစ္ခ်င္ေနၾကပါတယ္။ အာရွ၊ အာဖရိကနဲ႔ လက္တင္အေမရိကႏိုင္ငံေပါင္း ၁၉ ႏိုင္ငံက အဖြဲ႕ဝင္ျဖစ္ဖို႔ တန္းစီေနၾကတာပါ။ ဒါေၾကာင့္ BRICS အဖြဲ႕ရဲ႕ ဂ်ီဒီပီ၊ ေစ်းကြက္နဲ႔ အခြင့္အလမ္းေတြက ေတာက္ေလွ်ာက္ တိုးတက္လာဖို႔ပဲရွိပါတယ္။

အခုစိတ္ဝင္စားဖို႔ေကာင္းတာက ဥေရာပ သမဂၢအဖြဲ႕ဝင္ႏိုင္ငံလည္းျဖစ္၊ G-7 အဖြဲ႕ဝင္လည္းျဖစ္တဲ့ ျပင္သစ္ကလည္း BRICS အဖြဲ႕ကို ပူးေပါင္းဖို႔ တံခါးလာေခါက္ေနတဲ့ ကိစၥပါ။ ျပင္သစ္သမၼတ အီမန္ျႏူရယ္ မကၠ႐ြန္က ၾသဂုတ္လအတြင္း ေတာင္အာဖရိကမွာက်င္းပမယ့္ BRICS ထိပ္သီးအစည္းအေဝးကို တက္ေရာက္ခ်င္တယ္လို႔ ဇြန္လ ၁၃ ရက္ ျပင္သစ္သတင္းစာ L'Opinion ကဆိုပါတယ္။ ဒါဟာ ျပင္သစ္က ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ အဖြဲ႕အစည္းျဖစ္တဲ့ BRICS ကို ႏွစ္သက္လိုလားေၾကာင္း သတင္းစကားပါးလိုက္တာ လည္းျဖစ္ပါတယ္။ ၁၅ ႀကိမ္ေျမာက္ႏွစ္ပတ္လည္ BRICS ထိပ္သီးအစည္းအေဝးကို ေတာင္အာဖရိကႏိုင္ငံ ဂ်ိဳဟန္နစၥဘတ္ၿမိဳ႕မွာ ၾသဂုတ္လ ၂၂ ရက္ကေန ၂၄ ရက္အထိ က်င္းပမွာျဖစ္ပါတယ္။ အဲဒီအစည္းအေဝးမွာ BRICS အဖြဲ႕ဝင္ ၅ ႏိုင္ငံရဲ႕ ေခါင္းေဆာင္ေတြ တက္ေရာက္ၾကမွာပါ။ သူတို႔အျပင္ BRICS အဖြဲ႕ရဲ႕ မိတ္ေဆြမ်ားလို႔ေခၚၾကတဲ့ ဘဂၤလား ဒက္ရွ္၊ ေဆာ္ဒီအာေရဗ်၊ ယူေအအီးနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ေတြလည္း တက္ေရာက္ၾကပါလိမ့္မယ္။ ဒီအစည္းအေဝးမွာ တခ်ိဳ႕ႏိုင္ငံေတြကို အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ လက္ခံလိမ့္မယ္လို႔ ေမွ်ာ္လင့္ၾကပါတယ္။ သတင္းေတြ အဆိုအရ အဖြဲ႕ဝင္ျဖစ္ဖို႔ ေလွ်ာက္ထားတဲ့ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံရွိၿပီလို႔ဆိုပါတယ္။ ခုေနာက္ဆုံး ေလွ်ာက္ထားတဲ့ ႏိုင္ငံက အီဂ်စ္ႏိုင္ငံပါ။

ဘာေၾကာင့္ BRICS အဖြဲ႕ရဲ႕ ေပၚျပဴလာျဖစ္မႈက တိုးတက္မ်ားျပားလာတာပါလဲ။ ႐ုရွားနဲ႔ ယူကရိန္း စစ္ပြဲျဖစ္ ပြားတဲ့ေနာက္မွာ၊ ျပင္သစ္အပါအဝင္ အေနာက္တိုင္းက ႐ုရွားအေပၚမွာ ဆန႔္ရွင္ေတြ အမ်ားအျပားခ်မွတ္ၿပီး အေရးယူပိတ္ဆို႔မႈ ေတြလုပ္ပါတယ္။ ဒါေပမဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတာ္ေတာ္မ်ားမ်ားက သူတို႔ေမွ်ာ္လင့္ထားသလို သူတို႔ဘက္ကိုမပါၾကဘဲ ဆက္လက္ၾကားေနၾကၿပီး ပဋိပကၡအျမန္အဆုံး သတ္ေရးကိုဘဲ ေတာင္းဆိုၾကပါတယ္။ ဒီႏွစ္ အေစာပိုင္းကက်င္းပခဲ့တဲ့ ၅၉ ႀကိမ္ေျမာက္ ျမဴးနစ္လုံၿခဳံေရး ကြန္ဖရင့္က ကမာၻ႔ေတာင္ျခမ္းႏိုင္ငံေတြကို ဦးတည္ၿပီး သတင္းစကားပါးပါတယ္။ အတြင္းအႏွစ္ သေဘာက အေနာက္တိုင္းအေနနဲ႔ အၾကပ္အတည္းဆိုက္ေနၿပီလို႔ ခံစားေနရေၾကာင္းနဲ႔ သူ႔ရဲ႕ကမာၻလုံးဆိုင္ရာၾသဇာလႊမ္းမိုးမႈဟာ ဆုံးရႈံးလာေနတဲ့အေၾကာင္းေဖၚျပထားျခင္းျဖစ္ပါ တယ္။ ျပင္သစ္က ျပည္တြင္းမွာေရာ၊ ျပည္ပမွာပါ စိန္ေခၚမႈေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒါေၾကာင့္လည္း မကၠ႐ြန္က BRICS နဲ႔ အဆက္အသြယ္ထူေထာင္ျခင္းဟာ ျပင္သစ္အတြက္ unearthing gold bricks ေ႐ႊအုတ္ခဲ ေတြ တူးေဖၚရရွိတာနဲ႔ အတူတူပါဘဲလို႔ ေျပာျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအစည္းအေဝးမွာ သူ႔ကိုလည္း ဖိတ္ၾကားဖို႔ ေတာင္အာဖရိကသမတ ဆီရယ္ ရာမာဖိုဆာ (Cyril Ramaphosa) ကို မကၠ႐ြန္က ေတာင္းဆိုတာပါ။

ဒုတိယအခ်က္အားျဖင့္ ျပင္သစ္မွာ Gaullism ‌ေဂါလ္လစ္ဇင္ လို႔ေခၚတဲ့ ခ်ားလ္စ္ဒီေဂါလ္ ရဲ႕ဝါဒက်င့္သုံးတဲ့ အစဥ္အလာရွိပါတယ္။ ျပင္သစ္ဟာ သူ႔ကိုယ္သူ အဓိကအင္အားႀကီးႏိုင္ငံအျဖစ္ မွတ္ယူၿပီး “သံတမန္ေရး ၾသဇာလႊမ္းမိုးမႈ” မွာ အေရးႀကီးတဲ့ ေနရာကပါဝင္တတ္ပါတယ္။ ေဂါလ္လစ္ဇင္ဟာ ျပင္သစ္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒမွာ ႏွစ္ေပါင္းမ်ားစြာ နက္နက္ရႈိင္းရႈိင္းအျမစ္တြယ္ေနၿပီး၊ မကၠ႐ြန္အပါအဝင္ ဘယ္ေခါင္းေဆာင္ သို႔မဟုတ္ ဘယ္အ စိုးရအဖြဲ႕ကမွ မေသြဖည္ႏႈိင္တဲ့ “ႏိုင္ငံေရးက်င့္ဝတ္” တစ္ရပ္ျဖစ္ေနပါတယ္။ ဥေရာပ ေခါင္းေဆာင္မႈရဲ႕ မ်ိဳးဆက္ သစ္ အလံကိုင္တေယာက္အေနနဲ႔ မကၠ႐ြန္ဟာ ျပင္သစ္ႏိုင္ငံရဲ႕ ႏိုင္ငံေရးနဲ႔ သမိုင္းေပးတာဝန္ကို ျပန္လည္ေဖာ္ထုတ္ ေနတာပါ။

တတိယအခ်က္က မကၠ႐ြန္ဟာ လက္ေတြ႕က်တဲ့ေခါင္းေဆာင္တစ္ေယာက္ပါ။ သူဟာ အတားအဆီးေတြကို ခ်ိဳးဖ်က္ဝန႔္သူပါ။ ဒီအခ်က္နဲ႔ပတ္သက္ရင္ ျပည္တြင္းကျပဳျပင္ေျပာင္းလဲေရးမွာ သာမကဘဲ ႏိုင္ငံျခားေရးေပၚလစီဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြအရလည္း သိႏိုင္ပါတယ္။ ဥပမာအားျဖင့္ ဥေရာပရဲ႕ လုံၿခဳံေရးျပႆနာေတြကို ေျဖရွင္းဖို႔ အီးယူကေနႏႈတ္ထြက္ထားတဲ့ ယူေကႏိုင္ငံနဲ႔ အီးယူမဟုတ္တဲ့အေနာက္ေဘာ္လကန္ ႏိုင္ငံေတြပါ ပါဝင္ေစမဲ့ ဥ‌ေရာပ ႏိုင္ငံ‌‌‌ေရးကြန္ျမဴနတီ တခုတည္ေထာင္ဖို႔ တင္ျပခဲ့တာမ်ိဳးပါ။ ေနာက္တစ္ခုက ၿပီးခဲ့တဲ့ ဧၿပီလထဲမွာ တ႐ုတ္ ႏိုင္ငံကို ဥေရာပသမဂၢဥကၠ႒ Ursula von der Leyen အာဆူလာ ဗြန္ဒါလီယန္း နဲ႔အတူ သြားေရာက္လည္ပတ္ၿပီး တ႐ုတ္နဲ႔ ပူးေပါင္းေဆာင္႐ြက္လိုစိတ္ ျပင္းျပစြာရွိေနေၾကာင္းကို၊ အေမရိကန္က တ႐ုတ္ဝိုင္းပယ္ေရး တိုးတက္ လုပ္ေဆာင္ေနတဲ့ၾကားက ျပသခဲ့တာဘဲျဖစ္ပါတယ္။ ဒီလႈပ္ရွားေဆာင္႐ြက္မႈေတြအားလုံးဟာ သူ႔ရဲ႕တီထြင္ဖန္တီး ႏႈိင္စြမ္းနဲ႔ အခ်ိန္အခါကို အမိအရဖမ္းဆုတ္ႏႈိင္စြမ္းကို ျပသတဲ့ အေထာက္အထား ေတြပါ။

ဒါ့ျပင္ ဝါရွင္တန္ရဲ႕ ကမာၻလုံးဆိုင္ရာ ၾသဇာကလည္း က်ဆင္းေနပါတယ္။ ဒါေၾကာင့္ အေမရိကန္ရဲ႕ ၾသဇာအရိပ္ကေနလြတ္လြတ္ကင္းကင္းရွိေနတာကို ျပသခ်င္တာ၊ ဒါမွမဟုတ္ BRICS အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ပိုမို ပူးေပါင္း ေဆာင္႐ြက္ဖို႔ စိတ္ဝင္တစားရွိေနတာေၾကာင့္လည္းျဖစ္ႏႈိင္ပါတယ္။ မကၠ႐ြန္က အေနာက္တိုင္းရဲ႕ လက္ဝါးႀကီး အုပ္မႈဟာ၊ အေနာက္တိုင္းရဲ႕ မွားယြင္းတဲ့ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ နိဂုံးခန္းကို ေရာက္လာေနၿပီလို႔ ၫႊန္ျပေနပါတယ္။ မကၠ႐ြန္ဟာ ေဒၚနယ္ထရမ့္ကို ပဲရစ္ရာသီဥတု သေဘာတူညီခ်က္ Paris Climate Agreement စာခ်ဳပ္ ကေန ႏႈတ္ထြက္ဖို႔ ဆုံးျဖတ္ခ်က္ကို ျပန္စဥ္းစားဖို႔ တိုက္တြန္းခဲ့ေသးတယ္လို႔ ဆိုပါတယ္။ ၂ဝ၂၂ ခုႏွစ္ကုန္မွာတုန္းကလည္း သူက အေမရိကန္ရဲ႕ ေငြေၾကးေဖါင္းပြမႈ ေလွ်ာ့ခ်‌‌ေရး ဥပေဒအေပၚ ေပါက္ကြဲခဲ့ပါေသးတယ္။ ဒါေပမဲ့ အေျခ အေနက မူလအတိုင္းပါဘဲ။ အေမရိကန္က သူ႔စကားကို နားမေထာင္ပါဘူး။

ပိုဆိုးတာက အေမရိကန္ဟာ ယူကရိန္း အၾကပ္အတည္းကေန အက်ိဳးအျမတ္ေတြရေနၿပီး၊ ဝန္ထုပ္ ဝန္ပိုး ကိုေတာ့ ဥေရာပအေပၚ လႊဲခ်တာပါ။ ဥေရာပရဲ႕ အဓိက အင္အားႀကီးႏိုင္ငံတႏိုင္ငံအေနနဲ႔ ျပင္သစ္က ဒီဝန္ထုတ္ဝန္ ပိုးကို ၿငီးျငဴေရွာင္လႊဲေနလို႔ မျဖစ္ပါဘူး။ ဒါေၾကာင့္ မကၠ႐ြန္ရဲ႕ ဒီလႈပ္ရွားမႈ ( BRICS တြင္ပါဝင္လိုမႈ) ဟာ အေမရိကန္ကို မေက်မနပ္ျဖစ္ေနေၾကာင္းေဖၚျပတာလို႔လည္း ယူဆႏႈိင္ပါတယ္။ အေမရိကန္ဟာ အေနာက္တိုင္း ရဲ႕ ‌ေခါင္းေဆာင္အျဖစ္ အားမကိုယ္းထိုက္ေတာ့ဘူး ဆိုတာ တိုးတိုးၿပီးေဖၚျပလာေနတာပဲျဖစ္ပါတယ္။

BRICS အဖြဲ႕ရဲ႕ ယႏၲယားနဲ႔ အေျခခံေဘာင္ဟာ၊ ဗဟုဝန္႐ိုးစနစ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးကို ေထာက္ခံအား ေပးတာဆိုတဲ့ အခ်က္က ျပင္သစ္အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားကို ညႇိဳ႕အားျပင္းျပင္းနဲ႔ ဆြဲေဆာင္ေနပါတယ္။ ဒါက သဘာဝအေလ်ာက္ တိုးတက္မႈကိုလည္း ကိုယ္စားျပဳပါတယ္။ အခ်ဳပ္ေျပာရရင္ေတာ့ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးဟာ ဝ႐ုန္းသုန္းကားျဖစ္ေနတဲ့ ကမာၻႀကီးဆီကို အျပဳသေဘာေဆာင္တဲ့ ရလဒ္ေတြသယ္ ေဆာင္လာႏႈိင္တယ္လို႔ မကၠ႐ြန္အေနနဲ႔ ယုံၾကည္ယူဆလို႔ BRICS နဲ႔ဆက္သြယ္လာတာျဖစ္ႏိုင္ေၾကာင္းပါ။

ကိုးကား- Why Macron may have a fondness for BRICS
- Why France is Knocking on the Doors of BRICS | Vantage with Palki Sharma

Related news

© 2021. All rights reserved.