ပြင်ဦးလွင်တွင် ရပ်ထားသည့် သစ်ကားအား ဆိုင်ကယ်မှ ဝင်တိုက်ခဲ့ရာ အမျိုးသမီး(၁)ဦးသေဆုံး

 919

စော (NP News) - ဇွန် ၂၂

ပြင်ဦးလွင်တွင် ရပ်ထားသည့် သစ်ကားအား ဆိုင်ကယ်မှ ဝင်တိုက်ခဲ့ရာ အမျိုးသမီး(၂)ဦးအနက် (၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးသည် ညီအစ်မများဖြစ်ကြပြီး ယနေ့(ဇွန်လ ၂၂ ရက်)၊ မွန်းလွဲ(၂)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ဘက်သို့ တက်လာစဉ် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းထံမှ သိရသည်။

“ဘယ်လိုဖြစ်ပြီးတိုက်မိလဲတော့မသိဘူး။ ကားကတော့ရပ်ပြီး ဘီးဖာနေတာပါ။ အဲဒီကားက ပျက်နေလို့ရပ်ထားတာကို ကောင်မလေးနှစ်ယောက်က နောက်ကနေ ကား body ကိုဝင်တိုက်တာ။ ဆိုင်ကယ်မောင်းလာတဲ့ အကြီးမကတော့ ဆေးရုံအရောက်မှာ ဆုံးသွားပါတယ်”ဟု တုသိတာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၃၆)နှစ်အရွယ် မဇင်ငြိမ်းဇွန်သည် ပြင်ဦးလွင်ဆေးရုံအရောက်၌ ကွယ်လွန်သွားကြောင်း သိရသည်။

၎င်းတို့ညီမနှစ်ဦးသည် ပြင်ဦးလွင်မြို့နှင့် ဆယ်မိုင်အကွာခန့်ရှိ သုံးတောင်ကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ပြီး အသက်(၃၂)နှစ်အရွယ်ညီမဖြစ်သူမှာ မစိုးရိမ်ရကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္တြင္ ရပ္ထားသည့္ သစ္ကားအား ဆိုင္ကယ္မွ ဝင္တိုက္ခဲ့ရာ အမ်ိဳးသမီး(၁)ဦးေသဆုံး
ေစာ (NP News) - ဇြန္ ၂၂

ျပင္ဦးလြင္တြင္ ရပ္ထားသည့္ သစ္ကားအား ဆိုင္ကယ္မွ ဝင္တိုက္ခဲ့ရာ အမ်ိဳးသမီး(၂)ဦးအနက္ (၁)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ဆိုင္ကယ္စီးလာသူႏွစ္ဦးသည္ ညီအစ္မမ်ားျဖစ္ၾကၿပီး ယေန႔(ဇြန္လ ၂၂ ရက္)၊ မြန္းလြဲ(၂)နာရီအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕ဘက္သို႔ တက္လာစဥ္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း တုသိတာလူမႈကူညီေရးအသင္းထံမွ သိရသည္။

“ဘယ္လိုျဖစ္ၿပီးတိုက္မိလဲေတာ့မသိဘူး။ ကားကေတာ့ရပ္ၿပီး ဘီးဖာေနတာပါ။ အဲဒီကားက ပ်က္ေနလို႔ရပ္ထားတာကို ေကာင္မေလးႏွစ္ေယာက္က ေနာက္ကေန ကား body ကိုဝင္တိုက္တာ။ ဆိုင္ကယ္ေမာင္းလာတဲ့ အႀကီးမကေတာ့ ေဆး႐ုံအေရာက္မွာ ဆုံးသြားပါတယ္”ဟု တုသိတာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၃၆)ႏွစ္အ႐ြယ္ မဇင္ၿငိမ္းဇြန္သည္ ျပင္ဦးလြင္ေဆး႐ုံအေရာက္၌ ကြယ္လြန္သြားေၾကာင္း သိရသည္။

၎တို႔ညီမႏွစ္ဦးသည္ ျပင္ဦးလြင္ၿမိဳ႕ႏွင့္ ဆယ္မိုင္အကြာခန႔္ရွိ သုံးေတာင္ေက်း႐ြာတြင္ ေနထိုင္ၾကသူမ်ား ျဖစ္ၿပီး အသက္(၃၂)ႏွစ္အ႐ြယ္ညီမျဖစ္သူမွာ မစိုးရိမ္ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.