ဗမာ့သမိုင်းထောင်ချောက်ကြီးရေးတဲ့ ဟံသာမြင့်သို့....

 5870

ကောင်းထက်သာ (NP News) - မေ ၃

အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ဟံသာမြင့်ရဲ့စာကိုဖတ်ပြီး ဒီစာကိုရေးလိုက်ပါတယ်။ ဟံသာမြင့်ရေးတဲ့စာရဲ့အနှစ်ချုပ်ကိုကြည့်ရင် ဗမာတိုင်းရင်းသား တွေနဲ့ တခြားတိုင်းရင်းသားတွေမုန်းတီးရေးဖန်တီး နေတာတွေရယ်၊ လက်ရှိတပ်မတော်ကို သိက္ခာချပြီး ပြည်သူနဲ့ တပ်မတော်ကိုရန်တိုက်ပေးတာရယ် ဆိုတဲ့အချက်(၂)ချက်ကို အဓိကတွေ့ရပါတယ်။ ဒီစာ ကို ဘာရည်ရွယ်ချက်နဲ့ရေးတာဖြစ်မလဲ။ အဖြေက တော့ရှင်းပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး မဟုတ်ဘဲ တိုင်းပြည်ပျက်စီးရေးအတွက်သာ ဖြစ်နေ လို့ပါပဲ။ ဟံသာမြင့်ဆိုတာကို ဒီကနေ့လူငယ်တွေ သိချင်မှသိပါလိမ့်မယ်။ NLD ပါတီရဲ့အတွင်းရေး မှူးလို့ဆိုထားပေမယ့် အဲဒီပါတီဟာ မြန်မာနိုင်ငံမှာ တရားဝင်ရပ်တည်နေတဲ့ပါတီမဟုတ်တော့ပါဘူး။ ဟံသာမြင့်ဆိုတာ ပါတီတည်ထောင်ထားစဉ်မှာလည်း ပါတီအတွက် အားထားလောက်တဲ့သူမဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် သူ့အဖေ သိန်းဖေမြင့် (ဦးသိန်း ဖေမြင့်)ရဲ့ အရှိန်အဝါနဲ့လုပ်စားနေတာပါ။ သိန်းဖေ မြင့်ဆိုရင် စာပေလောက၊ နိုင်ငံရေးလောကသားတွေ သိပါတယ်။ သိန်းဖေမြင့်ရဲ့ တက်ဘုန်းကြီးနဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ စာအုပ်တွေဟာကျော်ကြား ခဲ့ပါတယ်။

ဦးသိန်းဖေမြင့်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း တို့နဲ့အတူ လွတ်လပ်ရေးတိုက်ပွဲဝင်သူတစ်ဦးဖြစ်ခဲ့ သလို ကွန်မြူနစ်ပါတီမှာလည်းပါဝင်ခဲ့သူပါ။ ကွန်မြူနစ်စနစ်ရဲ့ဆိုးကျိုးတွေသိလို့ နောက်ပိုင်းမှာ မဆလပါ တီမှာ ပါဝင်လာသူ ပုဂ္ဂိုလ်ကြီးတစ်ဦးပါ။ သူက တိုင်းပြည်ကို ချစ်သူ၊ အမှန်တရားကို လေးစားသူ၊ စာရေးဆရာမို့ သူ့ခေတ်အခါက သူ့ကိုလေးစားတဲ့ သူများပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို လေးစားပါတယ်။ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာအာဘော်အခန်းကနေ တိုင်းပြည်ကောင်း မွန်ရေး၊ ပြည်တွင်းသောင်းကျန်းသူလက်နက်ကိုင် တွေချုပ်ငြိမ်းရေးတွေကို ပွင့်ပွင့်လင်းလင်းရေး သားခဲ့သူ ဖြစ်ပါတယ်။ အဖေက တိုင်းပြည်အတွက် အားကိုးရသလောက် ဟံသာမြင့်ကတော့ ထဘီရိပ်ခိုကာ တိုင်းပြည်အပေါ်သစ္စာဖောက်နေသူပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နောက်ပိုင်း NLD အစိုးရဖွဲ့တဲ့ အခါ သူ့အနေနဲ့ ဝန်ကြီးတစ်နေရာ ရသင့်တယ်လို့ သူ့ကိုယ်သူထင်ခဲ့ပြီး မရခဲ့တဲ့အတွက် အန်တီစုအပေါ် မချစ်သော်လည်းအောင့်ကာနမ်းနေသူ ဖြစ်ပါတယ်။

တကယ်တော့ အန်တီစု မြန်မာနိုင်ငံပြန်လာတာဟာ သူ့အမေသေခါနီးဆဲဆဲဖြစ်နေလို့ပြန်လာတဲ့အချိန်၊ မြန်မာနိုင်ငံမှာကလည်း ၈၈ အရေးအခင်း အကြီး အကျယ်ဖြစ်နေချိန်ပါ။ အန်တီစုက ကျောင်းသားတွေနဲ့ အစိုးရကြား ပြဿနာတွေပြေလည်အောင် ဖြေရှင်းဖို့ ကြားဝင်ဆောင်ရွက်ပေးလိုကြောင်း ပြောရာမှ ခေါင်းဆောင်ရှာနေတဲ့ ကျောင်းသားလူငယ်တွေက အန်တီစုကိုချဉ်းကပ်ကြတာပါ။ နိုင်ငံရေးသမားဟောင်း တွေဖြစ်တဲ့ ဦးထွေးမြင့်၊ သခင်တင်မြတို့က အန်တီစု အိမ်မှာ အချိန်ပြည့်နေပြီး အကြံဉာဏ်ပေးခဲ့ရာကနေ အန်တီစု နိုင်ငံရေးလောကထဲ ရောက်လာခဲ့တာပါပဲ။ ဦးဝင်းတင်၊ မောင်သော်ကနဲ့ ဦးမိုးသူတို့ကနေပြီး အန်တီစုကို ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီး၊ ဩဂုတ်လ ၂၆ ရက်နေ့မှာ ရွှေတိဂုံဘုရားစတာတွေမှာ ဟောပြောပွဲတွေ လုပ် ဆောင်စေခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတဲ့အရှိန်နဲ့ အန်တီစု ဘာလုပ်လုပ် မြန်မာပြည်သူတွေ ထောက်ခံနေတာပါ။ သူများတွေထောက်ခံလို့ ဟံသာမြင့်တို့လည်း အချိန်မီပြေးပြီးထောက်ခံကြရာ ကနေNLD မှာပါခဲ့တာပါ။

ဟံသာမြင့်စာထဲမှာပါတဲ့ အကြောင်းထဲက ဗမာလူမျိုးကြီးဝါဒဆိုတဲ့ အကြောင်းလေးကို နည်းနည်း ပြောပြချင်ပါတယ်။ ဗမာလူမျိုးကြီးဝါဒဆိုတဲ့စကား၊ အသုံးအနှုန်း ဘယ်သူတွေသုံးတာလဲ။ ကြည့်လိုက်ရင် သူပုန်တွေသုံးတာလို့ပဲ ခပ်လွယ်လွယ်ပြောပါမယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်တဲ့သူပုန်ဆိုတာ မူးယစ်ဆေးဝါးနဲ့ တခြားတရားမဝင်ကုန်သွယ်မှုတွေ လုပ်တယ်။ ပြည်သူတွေအပေါ်မှာဆက်ကြေးကောက် တယ်။ ဒီလိုလုပ်ရတာကို သဘောကျလာတယ်။ အစိုးရအဆက်ဆက်က ဘယ်လိုပဲငြိမ်းချမ်းရေး စကားပြောပြော သူပုန်တွေကတော့ဟန်ပြရုံသက် သက်ပါပဲ။ လက်နက်တွေကြာရှည်ကိုင်နိုင်ဖို့အတွက် ဗမာလူမျိုးကြီးဝါဒဆိုတဲ့စကားလုံးတွင်တွင်သုံးပြီး တခြားတိုင်းရင်းသားတွေကို ဗမာတွေနဲ့ရန်တိုက်ပေး လိုက်တာပါပဲ။

ဟံသာမြင့်ရေးတာကလည်း အဓိက.က ဒါပါပဲ။ သူတို့တရားမဝင် NUG ရဲ့ နောက်မှာ သူပုန် အဖွဲ့တွေရှိနေဖို့၊ အားပေးနေဖို့အတွက် သူပုန်တွေ အကြိုက် ဗမာလူမျိုးကြီးဝါဒဆိုတဲ့ စကားသုံးတာပါပဲ။ တကယ်တော့ သမိုင်းကြောင်းမှာပြန်ကြည့်ပါ။ ဗမာနဲ့ တခြားတိုင်းရင်းသားတွေစစ်ပွဲတွေဖြစ်ပါတယ်။ ဥပမာ ပြရရင် ဒုတိယနိုင်ငံတော်ကိုတည်ထောင်တဲ့ ဘုရင့်နောင် နန်းတော်ကြီးကို ဘယ်သူတွေမီးရှို့ဖျက်ဆီး ခဲ့တာလဲ။ ရခိုင်တွေဖျက်ဆီးခဲ့တာလေ။ ဒီအကြောင်း တွေပြောနေရင် တိုင်းရင်းသားအချင်းချင်း မုန်းရုံပဲရှိ မယ်။ ဘာမှအကျိုးဖြစ်ထွန်းလာမှာမဟုတ်ပါဘူး။ ဆိုလိုချင်တာက သူကတိုက်လိုက်၊ ကိုယ်ကတိုက် လိုက်နဲ့။ မွန်တွေက အင်းဝကိုသိမ်းပိုက်ပြီး ညောင်ရမ်း မင်းဆက်ကိုဖြုတ်ပစ်လိုက်တယ်။ မဟာဓမ္မရာဇာဓိ ပတိလို့ခေါ်တဲ့ ဟံသာဝတီရောက် မင်းဟာ မွန်တွေလက်ချက်နဲ့ပဲအသက်ဆုံးခဲ့ရတယ်။ ဒါကြောင့် ဦးအောင်ဇေယျက စည်းလုံးညီညွတ်မှု ပြိုကွဲနေတဲ့ နိုင်ငံကို တစည်းတလုံးတည်းဖြစ်အောင် ပြန်တိုက်ယူ ခဲ့တယ်။ အဲဒီအချိန်တုန်းက မွန်တွေကသာ တစ်နိုင်ငံ လုံးကိုနိုင်ခဲ့ရင်လည်း မွန်ဘုရင် အဆက်ဆက်အုပ်စိုး မှာပဲ။ မွန်စာပေဟာရုံးသုံးစာပေဖြစ်ချင်ဖြစ်လာမှာပဲ။ ဆိုလိုချင်တာက လူမျိုးပေါင်း ၁၃၀ ကျော်နေတဲ့နိုင်ငံ မှာ အဲဒီလူမျိုး ၁၃၀ ကျော်လုံးရဲ့ စာပေအားလုံးဟာ ရုံးသုံးစာပေဖြစ်မလာနိုင်ပါဘူး။ အဲဒီတော့ ဗမာတွေ က တစ်နိုင်ငံလုံးကို စည်းရုံးနိုင်ခဲ့လို့ ဗမာစာပေဟာ ရုံးသုံးစာပေဖြစ်လာလို့ ဗမာလူမျိုးကြီးဝါဒလို့ပြော တာဟာ အဓိပ္ပာယ်မဲ့လွန်းပါတယ်။

ဗမာတွေအားလုံးဟာ လူမျိုးကြီးဝါဒမကျင့် သုံးပါဘူး။ တိုင်းရင်းသားအားလုံးအပေါ်ချစ်တဲ့စိတ် နဲ့ပဲဆက်ဆံကြပါတယ်။ ဗမာတစ်ယောက်ဟာ ဗမာစကားပဲပြောတတ်တာများပါတယ်။ အခြားတိုင်း ရင်းသားတစ်ယောက်ဟာ သူ့တိုင်းရင်းသားစကား လည်းတတ်တယ်။ ဗမာစကားလည်း ပြောတတ်ကြပါ တယ်။ အဲဒီမှာကိုက သူတို့ကသာလွန်နေပါပြီ။ ဗမာ ကို သူတို့စကားနဲ့ ဆဲဆိုကြိမ်းမောင်းနေရင်တောင် ဗမာက ဘာမှမသိလို့ ပြုံးပြီးနားထောင်နေကြမှာပါ။ နောက် ဟံသာမြင့်ကပြောပါသေးတယ်။ (၃ နိုင်) ကတ်ကိုင်ထားရင် ကရင်လူမျိုးပဲတဲ့။ တကယ်တော့သူ မလေ့လာတာပါ။ ဒါမှမဟုတ် သိရဲ့သားနဲ့ ဖောင်း ထုချင်လို့ တမင်ရေးတာလည်းဖြစ်နိုင်တယ်။ မြန်မာ နိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရှေ့ အမှတ်စဉ်တွေထည့်ထားတာပါ။ ဥပမာ ၁၂/ဆိုရင် ရန်ကုန်တိုင်းဒေသကြီး၊ ၁၄ / ဆိုရင်ဧရာဝတီတိုင်း ဒေသကြီး၊ ၉/ ဆိုရင်မန္တလေးတိုင်းဒေသကြီး၊ ဒါဟာ သူ့ရဲ့လုပ်ငန်းစနစ်ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ကရင်တွေချည်းနေ တာမဟုတ်သလို၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် တွေမှာလည်း ရှမ်း၊ ကချင်တွေချည်းနေတာ မဟုတ် ပါဘူး။ တိုင်းရင်းသားအားလုံးက စုပေါင်းနေထိုင် ကြတာဖြစ်ပါတယ်။ ဗမာလူမျိုးကြီးဝါဒဆိုတဲ့ အသုံးက စောစောကပြောခဲ့သလို သူပုန်တွေသုံးတဲ့စကား။ ဒီစကားကို လူကြားထဲမှာသုံးနှုန်းခဲ့တာက အန်တီစု၊ ဗမာနဲ့ အခြားတိုင်းရင်းသားတွေ ပြဿနာဖြစ်အောင် ဗမာတွေဟာ ကြောလဲကြောတယ်။ ဘာဖြစ်တယ်ညာ ဖြစ်တယ်ဆိုတာ လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ စကားတွေ။ သူပုန်စကားကို အဟုတ်မှတ်ပြီး ဟံသာမြင့်က ဗမာ လူမျိုးကြီးဝါဒ(ခေါ်) မဟာဗမာဝါဒ(ခေါ်) ဗမာ အမျိုးသားရေးဝါဒဆိုပြီး မျိုးဆက်သစ်တွေ ထင် ယောင်ထင်မှား အမုန်းပွားနေအောင်ရေးနေတာဖြစ်ပါတယ်။

တိုင်းပြည်ကောင်းကျိုးအတွက်ဘာလုပ် ဆောင်ချက်တစ်ခုမှမရှိပေမယ့် တိုင်းပြည်ပျက်စီး ရေးအတွက်တော့ သမိုင်းကိုရှာကြံရေးတတ်ပါတယ်။ ပဒေသရာဇ်ခေတ်က စစ်တိုက်နေတာတွေဟာ ဗမာ လူမျိုးကနေ တခြားလူမျိုးတွေအပေါ် ရန်စတိုက်ခိုက် တာမျိုးမရှိပါဘူး။ သူတို့ကစလာလို့ ဗမာတွေက တိုက်ရတာ။ ဒီသမိုင်းဖြစ်ရပ်တွေ သိရဲ့နဲ့ ချေးခြောက် ရေနှူး ပြောနေတာ။ ပြီးတော့ သမိုင်းဖြစ်ရပ်တွေက မှားနေသေးတယ်။ အနောက်ဘက်လွန်မင်းကို မွန်တွေကသတ်လို့ အလောင်းဘုရားအတွက် လမ်း ရှင်းသွားတာလို့ပြောပါတယ်။ အနောက်ဘက် လွန်မင်းမဟုတ်ပါဘူး။ သမိုင်းကိုလည်းမလေ့လာဘူး။

ဘုရင့်နောင်မင်းရဲ့ သားတော်တစ်ပါးဖြစ်တဲ့ ညောင်ရမ်းမင်းသားကနေ အင်းဝမှာအခြေစိုက်ပြီး ဖခင် ဘုရင့်နောင်တည်ထောင်ခဲ့တဲ့ နိုင်ငံတော်မပြိုကွဲဖို့ ကြိုးပမ်းခဲ့တယ်။ အဲဒီမင်းဆက်တွေပြောရရင် ညောင်ရမ်းမင်း၊ အနောက်ဘက်လွန်မင်း၊ သာလွန် မင်း၊ ပင်းတလဲမင်း၊ ပြည်မင်း၊ နရာဝရမင်း၊ မင်းရဲ ကျော်ထင်မင်း၊ စနေမင်း၊ တနင်္ဂနွေမင်း၊ မဟာဓမ္မရာ ဇာဓိပတိဆိုတဲ့ မင်းဆက်(၁၀)ဆက်ဟာ ညောင်ရမ်း မင်းဆက် ဒါမှမဟုတ် ဒုတိယအင်းဝမင်းဆက်ဖြစ်ပါ တယ်။ မွန်တွေသတ်လိုက်တာက အနောက်ဘက်လွန် မင်းမဟုတ်ပါဘူး။ မဟာဓမ္မရာဇာဓိပတိမင်းပါ။ ဟံသာဝတီရောက်မင်းလို့လည်း ခေါ်ပါတယ်။ ကဲ ဒီဖြစ်စဉ်ကိုကြည့်ပါဦး၊ အင်းဝကို မွန်တွေတိုက်ခိုက်ပြီး ဗမာမင်းကို ဖမ်းသွားခဲ့တာ အဖြစ်မှန်ပါ။ ဗမာတွေကခံ ရပြီးမှ ပြန်ချရတာတွေချည်းပါပဲ။

ဟံသာမြင့်ရဲ့စာဖတ်ပြီး စိတ်ထဲမှာဒေါသထွက်စရာတွေများလာလို့ ပြန်လည်ရေးနေတာပါ။ ရခိုင်နဲ့ဗမာကို ရန်တိုက်ပေးဖို့အတွက် “ပန်ဝါကနေ ရန်ကုန်ကိုအကူး မဟာဗန္ဓုလရဲ့စစ်တပ်ဟာ လမ်းမှာ တွေ့တဲ့ ရခိုင်တွေကို နှိပ်စက်ခဲ့တယ်” ဆိုတဲ့ အရေး အသားက ဘာအဓိပ္ပာယ်လဲ။ စာဖတ်သူစဉ်းစား ကြည့်ပါ။ မွန်နဲ့ဗမာကို ရန်တိုက်ပေးဖို့ကျတော့ မွန်တွေဟာ ဗန္ဓုလတပ်တွေကိုမကူညီဘဲ အိန္ဒိယက စစ်ကူရောက်လာတဲ့ တပ်တွေဘက်က ဝမ်းသာအား ရကူညီကြတယ်လို့ရေးပြန်တယ်။ တစ်ခုက ကိုယ့် နိုင်ငံ ကျွန်ဖြစ်သွားတာကို ဝမ်းသာတဲ့အရေးအသား၊ ပြီးတော့ တနင်္သာရီတိုင်းတစ်တိုင်းလုံး အင်္ဂလိပ်လက် အောက်ကျသွားလို့ ကြီးပွားတိုးတက်လာတယ်လို့ ရေးထားပြန်ပါတယ်။ အင်္ဂလိပ်-မြန်မာစစ်ပွဲတွေ ဖြစ်ရတာ မြန်မာတွေဘက်ကပဲလွန်တယ်ဆိုတဲ့ အရေးအသားတွေလည်း တွေ့ရပြန်တော့ ဒီလူဟာ ဗမာလူမျိုးမှဟုတ်ရဲ့လား။ သူ့အဖေ(ဦး)သိန်းဖေမြင့် များရှိသေးရင် သူ့သားကို ဘယ်လိုများပြောလိမ့်မလဲ တွေးကြည့်ပါတယ်။

တိုင်းရင်းသားအချင်းချင်း ရန်တိုက်ပေးရုံနဲ့ ဟံသာမြင့်အားမရသေးပါဘူး။ သူ့စာတွေ ဆက်ဖတ် ကြည့်လိုက်ရင် ဘာသာရေးအရသွေးခွဲမှု၊ စော်ကား မှုတွေကိုလည်း တွေ့မြင်ရပါတယ်။ လယ်တီ ဆရာတော်ဘုရားလို ပုဂ္ဂိုလ်မျိုးကိုတောင်မှ ဟံသာမြင့် အလွတ်မပေးပါဘူး။ ကျမ်းပေါင်းများစွာပြုစုခဲ့သူ လယ်တီဆရာတော်ကတော့ အပြင်းအထန်အပုပ်ချ ခံနေရချိန်ဖြစ်ပါတယ်တဲ့။ ဘာသာရေးအရ စော်ကား လိုက်ခြင်းပါပဲ။ အဲဒီအချိန်က လယ်တီဆရာတော် ဘုရားကြီးက အမဲသားမစားဖို့တရားတွေဟောတယ်။ ကပ်ရောဂါဘေး ကျရောက်လာတော့လည်း လူသား တွေ အသက်ရှင်ရေးအတွက် ဆောင်ရွက်ပေးခဲ့တယ်။ ရေးမယ်ဆိုရင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ဆောင်ရွက်ချက်တွေအများကြီးပါ။

ဟံသာမြင့်က ဗမာ့သမိုင်းထောင်ချောက် ကြီးဆိုတဲ့ ခေါင်းစဉ်နဲ့ မဟုတ်မမှန်တွေ လျှောက်ရေး နေတာကိုဖတ်မိတဲ့အခါ ဖတ်သမျှစာတွေဟာ မှတ် သားစရာမပါပေမယ့် အဖျက်စကားတွေတော့ အများ ကြီးပါပဲ။ ဒီစာကြောင့် လူငယ်တွေထပ်ပြီးလမ်းမှား ရောက်မှာစိုးလို့ ပြည်သူတစ်ယောက်အနေနဲ့ ပြန် လည်ရေးသားနေခြင်းပါ။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိအောင် ပင်ပင်ပန်းပန်းခက်ခက်ခဲခဲ သက်စွန့်ကြိုး ပမ်းဖွဲ့စည်းခဲ့ရတဲ့ တပ်မတော်နဲ့ပတ်သက်လို့ ဟံသာမြင့် အကောင်းမမြင်ပါဘူး။ ကရင်နဲ့ဗမာ လူမျိုးချင်း တိုက်ခိုက်ပေးဖို့အတွက် ကရင်စစ်ပြန်များ ကျတော့ ဧရာတိုင်းကဆိုးရွားလှတဲ့ ဘီအိုင်အေ အမည်ခံ လက်နက်ကိုင်တွေရဲ့ရက်စက်စွာတိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့လာရပါတယ်လို့ ရေးပြန်တယ် (သူကိုယ်တိုင်ပဲတွေ့သလိုမျိုး)။

‘‘မျက်မှောက်ခေတ်သမိုင်းမှာ တိုင်းရင်းသားလူမျိုးစုတစ်ခုအနေနဲ့ ပထမဦးဆုံး ရင်ဆိုင်ခဲ့ ရတဲ့ (ဗမာအမည်ခံ) စစ်တပ်ကပေးတဲ့အတွေ့အကြုံနဲ့ ပထမဆုံးအမာရွတ်ပါပဲ" လို့လည်းရေးပြန်သေးတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော်လို့ အမည်မှည့်ခဲ့တာ ဟာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းပြော ခဲ့တဲ့မိန့်ခွန်းတွေ ပြန်ကြည့်ပါ။ ဗမာဆိုတာ တိုင်းရင်း သားအားလုံးကို ကိုယ်စားပြုတဲ့နာမည်ဖြစ်တဲ့ အကြောင်းပြောထားပြီးသားပါ။ ဒီလိုမျိုးတွေဖြစ်နေလို့ လဲ ၁၉၈၉ ခုနှစ်မှာ အင်္ဂလိပ်အမည်ကနေ ဗမာအမည် တွေပြောင်းပေးခဲ့တယ်။ တိုင်းရင်းသားခေါင်းဆောင် တွေရဲ့အမည်တွေနဲ့ လမ်းနာမည်တွေကို ပြောင်းပေး ခဲ့တယ်။ တစ်ဆက်တည်းမှာ မြန်မာဆိုတဲ့အမည်နဲ့ ဗမာဆိုတဲ့အမည် ကွဲကွဲပြားပြားဖြစ်အောင် ဆောင် ရွက်ပေးခဲ့တယ်။ ဗမာဆိုတာ တိုင်းရင်းသားလူမျိုး တစ်မျိုးရဲ့အမည်။ မြန်မာဆိုတာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့အမည်လို့ တရားဝင်သတ် မှတ်ပေးထားခဲ့ပါတယ်။ ဒါကိုကန့်လန့်တိုက်နေတာ ကလည်းNLD နဲ့အပေါင်းအပါတွေပဲဖြစ်ပါတယ်။

ဟံသာမြင့်ရေးတဲ့အထဲမှာ ဖက်ဆစ်ဂျပန်ကိုစတင်တော်လှန်သူတွေဟာ ကရင်၊ ကချင်၊ ချင်း၊ ရိုဟင်ဂျာ စသူတို့ဖြစ်လာကြပါတယ်တဲ့။ တိုင်းရင်းသား အားလုံး ပါဝင်တိုက်ခိုက်တဲ့အကြောင်းကို သမိုင်းမှာ လည်း ထင်ထင်ရှားရှားဖော်ပြရေးပြီးသားပါ။ တပ်မ တော်ကလည်း တပ်မတော်တစ်ခုတည်း တိုက်ခိုက် ခဲ့တာလို့ တစ်ခါမှမပြောခဲ့ပါဘူး။ ဒီနေရာမှာ စာဖတ်သူလေးလေးနက်နက်စဉ်းစားကြည့်ပါ။ ရိုဟင်ဂျာဆို တဲ့ အသုံးအနှုန်း။ ဒါဟာ ဟံသာမြင့်ရဲ့ဝှက်ဖဲပါပဲ။ OIC အလိုကျ ဒါကို တမင်သက်သက်ထည့်ရေးတာပါ။ ရိုဟင်ဂျာဆိုတာ အင်္ဂလိပ်တွေအုပ်စိုးခဲ့တဲ့အချိန်မှာ တောင် ဒီအမည်နဲ့ဒီလူမျိုးမရှိတဲ့အကြောင်း ပြည်သူတိုင်းသိပြီးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် အရေးဆွေးနွေးပွဲစကားဝိုင်းစာအုပ်မှာ ဒီအကြောင်းအချက်တွေကိုဖော်ပြထားပါတယ်။ ရိုဟင်ဂျာဆိုတာ လုံးဝ(လုံးဝ)မရှိဘူးဆိုတာ ခိုင်ခိုင်မာမာ ပြောထားပါတယ်။ ဗြိတိသျှကိုလိုနီခေတ်မှာ ဘင်္ဂလားဒေ့ရှ်က ကုလားတွေကို တံခါးမရှိ ဓားမရှိ သွင်းခဲ့လို့ မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ ဘင်္ဂါလီ တွေရောက်လာတာသာ ဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေ အနေနဲ့လည်း ရိုဟင်ဂျာဆိုတာလက်မခံပါဘူး။

ဟံသာမြင့်က ရိုဟင်ဂျာလို့ ထည့်သုံးနှုန်း လိုက်တာဟာ သက်သက်မဲ့ နိုင်ငံရေး ရှုပ်ထွေးအောင် လုပ်လိုက်တာပါ။ သူ့အတွက်ကတော့ ပိုက်ဆံတွေ အများကြီးရသွားမှာပါ။ ဖက်ဆစ်တော်လှန်ရေးမှာ တပ်မတော်ရဲ့ပါဝင်မှုကို သေးသိမ်သွားစေဖို့အတွက် ရေးထားတာလေးက“သူများတိုက်လို့စစ်ရှုံးပြီး ထွက်ပြေးနေတဲ့တပ်ကို နောက်ကြောကနေ အလစ် အငိုက်ဝင်တိုက်ရင်း အောင်ပွဲဆင်ကြပြန်တယ်”လို့ ရေးထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပေါ်မှာ လည်း အကောင်းမြင်ခြင်းမရှိပါဘူး။ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံစာချုပ်တို့နဲ့ ပတ်သက်ရင် လည်း အကောင်းမြင်ရေးထားတာ မရှိပါဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်မှာ ကူမင်တန်တရုတ်ဖြူ ကျူးကျော်မှုဆိုတာ ပေါ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ကတိုက်ခိုက်ခဲ့ရတာ ပြည်သူတိုင်းအသိပါပဲ။ ဒါကို ဟံသာမြင့်က ရှမ်းနဲ့ဗမာကို ဘယ်လိုရန်တိုက်ပေး သလဲဆိုရင် “ ဒီအချိန်မှာ ကျူးကျော်သူ တရုတ်ဖြူ တွေကို တိုက်ဖို့ဝင်ရောက်လာတဲ့ ဗမာစစ်သားများ ကိုတော့ ဌာနေဒေသခံတိုင်းရင်းသားတွေက နောက်ထပ်ဝင်ရောက်လာတဲ့ ကျူးကျော်သူတွေ အဖြစ်မြင်နေကြပါပြီ”တဲ့။

ဟံသာမြင့်ရဲ့အရေးအသားတွေအားလုံးဟာ ရိုဟင်ဂျာကို ပွဲထုတ်ပေးတယ်။ မရှိတဲ့လူမျိုးကို ဖော်ပြထားတာဟာ မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်တာပါပဲ။ ဟံသာမြင့်က တပ်မတော် အကြောင်း မကောင်းပြောမယ်။ ဗမာလူမျိုးကြီးဆိုတဲ့ အသုံးကိုတွင်တွင်သုံးပြီး သူပုန်တွေအကြိုက် လုပ် ပေးတယ်။ တပ်မတော်ရဲ့တန်ဖိုးကို လျော့နည်းစေဖို့ အတွက် ဖက်ဆစ်တော်လှန်ရေးဆင်နွှဲတာကိုတောင် မှ နောက်ကြောကနေ အလစ်အငိုက်ဝင်တိုက်တယ်လို့ (သူကိုယ်တိုင်ပဲမြင်တွေ့ရသလို) ရေးသားခဲ့တယ်။ NLD ပါတီဝင် မဟုတ်တော့တဲ့အတွက် ဟံသာမြင့်မှာ နေစရာ၊ စားစရာ၊ လုပ်စရာ အလုပ်မရှိဖြစ်နေပါ လိမ့်မယ်။ ဒါ့ကြောင့်လည်း ဘင်္ဂါလီတွေအကြိုက်၊ သူပုန်တွေ အကြိုက် ရေးသားရပါတယ်။ ဒါမှလည်း OIC ပံ့ပိုးမှုတွေရလာမှာဖြစ်ပါတယ်။ ကျွန်တော် ကတော့ ကိုယ့်တိုင်းပြည်ပျက်စီးရေးကို ကြံစည်၊ လုပ်ဆောင်နေသူတွေကို အားမပေးပါဘူး။

ဟံသာမြင့်က “ဗမာ့သမိုင်းထောင်ချောက်ကြီး” ရေးတာဟာအပေါ်မှာ ပြောခဲ့သလိုပါပဲ။ သူပုန် အတွက်နဲ့ OIC အတွက်အဓိကရေးတာပါ။ နောက် တစ်ခုကတော့ NLD ပါတီက မှန်နေရက်သားနဲ့ တပ်ကပဲ အာဏာသိမ်းလိုက်သလိုလိုရေးတာဟာ ဗြောင်လိမ်၊ ဗြောင်စားလုပ်လိုက်တာပါပဲ။ မဲသမာမှု တွေကိုမရှင်းပေးဘဲ တပ်ကိုအမှိုက်ပုံကြီး မယူယူ အောင် လုပ်လိုက်တာပါပဲ။ မဲမသမာမှုကိုပြန်လည် စစ်ဆေးရန်လိုက်လျောခဲ့မယ်ဆိုရင် ဒီကနေ့မြင်ကွင်း တွေ တွေ့ရမှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်ခင်ကNLD ခေါင်းဆောင်က ရွေးကောက်ပွဲမှာ ဘယ်လို နည်းနဲ့နိုင်နိုင်၊ နိုင်အောင်လုပ်ပါဆိုတဲ့ ညွှန်ကြားချက်က မဲသမာမှုပေါ်ပေါက်လာတာပါပဲ။

ရွေးကောက်ပွဲကော်မရှင်ကို NLD ပါတီကထိန်းချုပ်ထားတယ်။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ထုတ်ချင်သလိုထုတ်ပါ တယ်။ အဓိကကော်မရှင်မှာ NLD ပါတီထိပ်ပိုင်းခေါင်း ဆောင်တွေရဲ့ ဆွေမျိုးတွေထည့်ပြီးဖွဲ့တယ်။ လူဦးရေ စာရင်းမှာ အဓိကဖြစ်တဲ့ လဝကတွေ တိုးချဲ့ဖွဲ့တယ်။ NLD ပါတီဝင်နဲ့ အမာခံတွေကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေခန့်တယ်။ မြို့နယ်ပေါင်း ၃၁၅ မြို့နယ်မှာ ကွန်ပျူတာ ကျွမ်းကျင်သူ ၂ ဦးစီခန့်တယ်။ ရွေးကောက်ပွဲမှာNLD ပါတီအနိုင်ရဖို့အတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၃၆ သန်းကျော်ပေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်အနားမှာ အချိန်ပြည့် ဗြိတိသျှသံရုံးက ဂျိုးဖစ်ရှာ ရှိနေပါတယ်။ စီးပွားရေး အကြံပေးအဖြစ် ရှောင်တာနယ်ကို ခန့်ထားတယ်။ ဆိုးရော့ရဲ့ ထောက်ပံ့ငွေအများကြီးရထားတယ်။ ဒါ့ကြောင့်လည်းNLD ပါတီဟာ မြန်မာနိုင်ငံမှာထင် ရာစိုင်းလုပ်ချင်တာလုပ်ခဲ့တာပါပဲ။

ပိုဆိုးတာက နိုင်ငံခြားသားအကြံပေး (၉၀)ကျော် လက်ခံထားခြင်းပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ မသိမသာသူ့ကျွန်ဖြစ်နေပြီလို့ ပြောခဲ့ သူတွေရှိလာတာဖြစ်ပါတယ်။ ဒီလိုအနောက်အုပ်စုက လွှမ်းမိုးထားတဲ့အတွက် သူတို့ပြောတဲ့အတိုင်း လုပ် ပေးနေတယ်။ အစဉ်အလာမဟုတ်တဲ့ တပ်မဲရုံတွေ အပြင်ထုတ်ခိုင်းတဲ့ ကိစ္စမျိုးတွေ လုပ်ခဲ့တယ်။ အဆိုး ဆုံးလုပ်ရပ်ကတော့ ဘာသာရေး တန်းညှိခံရခြင်းဟာ မြန်မာစစ်စစ်တွေကို ရင်နာစေပါတယ်။ ဘင်္ဂါလီတွေက အကြမ်းဖက်တာကို တပ်မတော်ကဖြေရှင်းတော့ တပ်မတော်ကို ICJ ရောက်အောင်ပို့ခဲ့တာဟာNLD ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်တိုင် သွားရောက်ဖြေရှင်းသလိုလိုနဲ့ တပ်မတော်ကို ထိုး ကျွေးခဲ့ပါတယ်။ ဘာကြောင့်ပြောရလဲဆိုရင် အင်္ဂလိပ်လိုပြောခဲ့တဲ့ မိန့်ခွန်းကို ဒီနေ့အချိန်ထိ တရား ဝင်မြန်မာဘာသာပြန်ဆိုမပေးရဲခဲ့တာပါပဲ။ ရေးရမယ် ဆိုရင် အများကြီး အမှန်တွေရှိပါသေးတယ်။ ပြည် သူတွေ ထောက်ခံတယ်ဆိုတဲ့စကားနဲ့ လိမ်ညာစား နေပေမယ့် သူတို့အစိုးရလက်ထက် ကြားဖြတ်ရွေး ကောက်ပွဲမှာ သူတို့တွေမဲအပြတ်အသတ် မနိုင်တော့ ပါဘူး။ ဥပမာအားဖြင့် ဆိပ်ကမ်းမြို့နယ်မှာမဲရှုံးလို့ အဲဒီမြို့နယ်ဖျက်လိုက်တဲ့လုပ်ရပ်မျိုး။ ဒါ့ကြောင့် ၂၀၂၀ ပြည့်နှစ်မှာ နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံကနေ မဲရဖို့နည်းမျိုးစုံကြိုးစားခဲ့တဲ့အပြင် မှတ်ပုံတင် မရှိဘဲ မဲထည့်ခိုင်းတာ၊ နံပါတ်တွေထပ်နေတာ၊ အသက် (၁၀ဝ)ကျော်တွေ ဖြစ်နေတာ။

တပ်ဘက်ကအထောက်အထားခိုင်ခိုင်လုံ လုံနဲ့ အကြိမ်ပေါင်း(၃၀)ထက်မနည်း လူသိရှင်ကြား ရှင်းလင်းခဲ့တယ်။ အချိန်မရွေး လာရောက်ကြည့်ရှု နိုင်ကြောင်းလည်း ဖိတ်ခေါ်ခဲ့ပါတယ်။NLD ပါတီ ဟာ ဂရုမစိုက်တဲ့ပုံစံမျိုး ချိုးခဲ့ပါတယ်။ ဟံသာမြင့်က ဖေဖော်ဝါရီ ၁ ရက်နေ့ကိစ္စကိုရေးပြတော့ ကိုယ်က လည်း ပြောချင်ပါတယ်။ တပ်က အာဏာထိန်းဖို့ကြိုတင်စီစဉ်မှုမရှိပါဘူး။ မှတ်မှတ်ရရ... ၂၈-၁-၂၀၂၁ ရက်နေ့က တပ်မတော်ရဲ့လိုလားချက်ကို နောက်ဆုံး အနေနဲ့NLD သွားတင်ခဲ့ပါသေးတယ်။ (အင်တာနက်မှာ တွေ့ရတာပါ။)

မသင်္ကာဖွယ်တွေ့ရှိထားတဲ့ မဲ ၁၀ သန်း ကျော်ကို အဖွဲ့စုံနဲ့စစ်ဆေးပေးဖို့။ UEC ကို သမာ သမတ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပြန်ဖွဲ့ပေးဖို့။ တတိယ အကြိမ် လွှတ်တော်ခေါ်ယူကျင်းပမှုကို နိုင်ငံတော် သမ္မတရဲ့အခွင့်အာဏာအရဆိုင်းငံ့ထားဖို့ဆိုပြီး စစ်ဆေးတွေ့ရှိထားတဲ့ စာရင်းဇယားတွေနဲ့ တင်ပြခဲ့ တာပါ။ NLD ကတော့ နိုင်ငံဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အရာရာကိုငြင်းပယ်ခဲ့တာပါပဲ။ အခု မှသာ ဟံသာမြင့်က စိတ်ထဲထင်ရာမြင်ရာ လျှောက်ရေးနေတာပါ။ တရားဝင်ရှင်းလင်းဖို့ဖိတ်ခေါ် ခဲ့တုန်းက NLD တုံဏှိဘာဝေ နေခဲ့တာပါပဲ။ နေရာတိုင်းမှာ CRPH ၊ NUG နဲ့ PDF သတ်လို့ရ တာ အကုန်သတ်၊ ဖျက်လို့ရတာ အကုန်ဖျက်လုပ်နေ တုန်းက လေသံတောင်မကြားခဲ့ရတဲ့ဟံသာမြင့်က အခုမှပဲ ဗမာ့သမိုင်းထောင်ချောက်ကြီးရေးပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုများယူဦးမလားမသိ။ ဟိုလူ တွေကလည်း မြန်မာပြည်ကအဖျက်သမားတွေဆို လာထားပဲ။ ဘယ်လို ကြိုးချည်ပေးရမလဲ စောင့်နေတာ။

ဟံသာမြင့်ရေ... ခင်ဗျားရေးတဲ့စာကို ခေါင်းစဉ် တပ်ရမှာက ဗမာ့သမိုင်းထောင်ချောက်ကြီး မဟုတ် ဘဲ NLD ရဲ့ထောင်ချောက်ကြီး...လို့ ခေါင်းစဉ် တပ်ရမှာ။ ရောက်ရာ အရပ်၊ ပြေးရာအရပ်ကနေ ကျုပ်ရေးတဲ့ဒီစာကို ဖတ်မိပါစေလို့သာ။

zawgyi version
ဗမာ့သမိုင္းေထာင္ေခ်ာက္ႀကီးေရးတဲ့ ဟံသာျမင့္သို႔....
ေကာင္းထက္သာ (NP News) - ေမ ၃

အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ဟံသာျမင့္ရဲ႕စာကိုဖတ္ၿပီး ဒီစာကိုေရးလိုက္ပါတယ္။ ဟံသာျမင့္ေရးတဲ့စာရဲ႕အႏွစ္ခ်ဳပ္ကိုၾကည့္ရင္ ဗမာတိုင္းရင္းသား ေတြနဲ႔ တျခားတိုင္းရင္းသားေတြမုန္းတီးေရးဖန္တီး ေနတာေတြရယ္၊ လက္ရွိတပ္မေတာ္ကို သိကၡာခ်ၿပီး ျပည္သူနဲ႔ တပ္မေတာ္ကိုရန္တိုက္ေပးတာရယ္ ဆိုတဲ့အခ်က္(၂)ခ်က္ကို အဓိကေတြ႕ရပါတယ္။ ဒီစာ ကို ဘာရည္႐ြယ္ခ်က္နဲ႔ေရးတာျဖစ္မလဲ။ အေျဖက ေတာ့ရွင္းပါတယ္။ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရး မဟုတ္ဘဲ တိုင္းျပည္ပ်က္စီးေရးအတြက္သာ ျဖစ္ေန လို႔ပါပဲ။ ဟံသာျမင့္ဆိုတာကို ဒီကေန႔လူငယ္ေတြ သိခ်င္မွသိပါလိမ့္မယ္။ NLD ပါတီရဲ႕အတြင္းေရး မႉးလို႔ဆိုထားေပမယ့္ အဲဒီပါတီဟာ ျမန္မာႏိုင္ငံမွာ တရားဝင္ရပ္တည္ေနတဲ့ပါတီမဟုတ္ေတာ့ပါဘူး။ ဟံသာျမင့္ဆိုတာ ပါတီတည္ေထာင္ထားစဥ္မွာလည္း ပါတီအတြက္ အားထားေလာက္တဲ့သူမဟုတ္ပါဘူး။ ေျပာရမယ္ဆိုရင္ သူ႔အေဖ သိန္းေဖျမင့္ (ဦးသိန္း ေဖျမင့္)ရဲ႕ အရွိန္အဝါနဲ႔လုပ္စားေနတာပါ။ သိန္းေဖ ျမင့္ဆိုရင္ စာေပေလာက၊ ႏိုင္ငံေရးေလာကသားေတြ သိပါတယ္။ သိန္းေဖျမင့္ရဲ႕ တက္ဘုန္းႀကီးနဲ႔ အေရွ႕က ေနဝန္းထြက္သည့္ပမာ စာအုပ္ေတြဟာေက်ာ္ၾကား ခဲ့ပါတယ္။

ဦးသိန္းေဖျမင့္ဆိုတာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တို႔နဲ႔အတူ လြတ္လပ္ေရးတိုက္ပြဲဝင္သူတစ္ဦးျဖစ္ခဲ့ သလို ကြန္ျမဴနစ္ပါတီမွာလည္းပါဝင္ခဲ့သူပါ။ ကြန္ျမဴနစ္စနစ္ရဲ႕ဆိုးက်ိဳးေတြသိလို႔ ေနာက္ပိုင္းမွာ မဆလပါ တီမွာ ပါဝင္လာသူ ပုဂၢိဳလ္ႀကီးတစ္ဦးပါ။ သူက တိုင္းျပည္ကို ခ်စ္သူ၊ အမွန္တရားကို ေလးစားသူ၊ စာေရးဆရာမို႔ သူ႔ေခတ္အခါက သူ႔ကိုေလးစားတဲ့ သူမ်ားပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း သူ႔ကို ေလးစားပါတယ္။ ဗိုလ္တေထာင္သတင္းစာ အယ္ဒီတာအာေဘာ္အခန္းကေန တိုင္းျပည္ေကာင္း မြန္ေရး၊ ျပည္တြင္းေသာင္းက်န္းသူလက္နက္ကိုင္ ေတြခ်ဳပ္ၿငိမ္းေရးေတြကို ပြင့္ပြင့္လင္းလင္းေရး သားခဲ့သူ ျဖစ္ပါတယ္။ အေဖက တိုင္းျပည္အတြက္ အားကိုးရသေလာက္ ဟံသာျမင့္ကေတာ့ ထဘီရိပ္ခိုကာ တိုင္းျပည္အေပၚသစၥာေဖာက္ေနသူပဲ ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ ေနာက္ပိုင္း NLD အစိုးရဖြဲ႕တဲ့ အခါ သူ႔အေနနဲ႔ ဝန္ႀကီးတစ္ေနရာ ရသင့္တယ္လို႔ သူ႔ကိုယ္သူထင္ခဲ့ၿပီး မရခဲ့တဲ့အတြက္ အန္တီစုအေပၚ မခ်စ္ေသာ္လည္းေအာင့္ကာနမ္းေနသူ ျဖစ္ပါတယ္။

တကယ္ေတာ့ အန္တီစု ျမန္မာႏိုင္ငံျပန္လာတာဟာ သူ႔အေမေသခါနီးဆဲဆဲျဖစ္ေနလို႔ျပန္လာတဲ့အခ်ိန္၊ ျမန္မာႏိုင္ငံမွာကလည္း ၈၈ အေရးအခင္း အႀကီး အက်ယ္ျဖစ္ေနခ်ိန္ပါ။ အန္တီစုက ေက်ာင္းသားေတြနဲ႔ အစိုးရၾကား ျပႆနာေတြေျပလည္ေအာင္ ေျဖရွင္းဖို႔ ၾကားဝင္ေဆာင္႐ြက္ေပးလိုေၾကာင္း ေျပာရာမွ ေခါင္းေဆာင္ရွာေနတဲ့ ေက်ာင္းသားလူငယ္ေတြက အန္တီစုကိုခ်ဥ္းကပ္ၾကတာပါ။ ႏိုင္ငံေရးသမားေဟာင္း ေတြျဖစ္တဲ့ ဦးေထြးျမင့္၊ သခင္တင္ျမတို႔က အန္တီစု အိမ္မွာ အခ်ိန္ျပည့္ေနၿပီး အႀကံဉာဏ္ေပးခဲ့ရာကေန အန္တီစု ႏိုင္ငံေရးေလာကထဲ ေရာက္လာခဲ့တာပါပဲ။ ဦးဝင္းတင္၊ ေမာင္ေသာ္ကနဲ႔ ဦးမိုးသူတို႔ကေနၿပီး အန္တီစုကို ၁၉၈၈ ခုႏွစ္ ဩဂုတ္လ ၂၄ ရက္ေန႔မွာ ရန္ကုန္ေဆး႐ုံႀကီး၊ ဩဂုတ္လ ၂၆ ရက္ေန႔မွာ ေ႐ႊတိဂုံဘုရားစတာေတြမွာ ေဟာေျပာပြဲေတြ လုပ္ ေဆာင္ေစခဲ့တာပါ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသမီးဆိုတဲ့အရွိန္နဲ႔ အန္တီစု ဘာလုပ္လုပ္ ျမန္မာျပည္သူေတြ ေထာက္ခံေနတာပါ။ သူမ်ားေတြေထာက္ခံလို႔ ဟံသာျမင့္တို႔လည္း အခ်ိန္မီေျပးၿပီးေထာက္ခံၾကရာ ကေနNLD မွာပါခဲ့တာပါ။

ဟံသာျမင့္စာထဲမွာပါတဲ့ အေၾကာင္းထဲက ဗမာလူမ်ိဳးႀကီးဝါဒဆိုတဲ့ အေၾကာင္းေလးကို နည္းနည္း ေျပာျပခ်င္ပါတယ္။ ဗမာလူမ်ိဳးႀကီးဝါဒဆိုတဲ့စကား၊ အသုံးအႏႈန္း ဘယ္သူေတြသုံးတာလဲ။ ၾကည့္လိုက္ရင္ သူပုန္ေတြသုံးတာလို႔ပဲ ခပ္လြယ္လြယ္ေျပာပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ လက္နက္ကိုင္တဲ့သူပုန္ဆိုတာ မူးယစ္ေဆးဝါးနဲ႔ တျခားတရားမဝင္ကုန္သြယ္မႈေတြ လုပ္တယ္။ ျပည္သူေတြအေပၚမွာဆက္ေၾကးေကာက္ တယ္။ ဒီလိုလုပ္ရတာကို သေဘာက်လာတယ္။ အစိုးရအဆက္ဆက္က ဘယ္လိုပဲၿငိမ္းခ်မ္းေရး စကားေျပာေျပာ သူပုန္ေတြကေတာ့ဟန္ျပ႐ုံသက္ သက္ပါပဲ။ လက္နက္ေတြၾကာရွည္ကိုင္ႏိုင္ဖို႔အတြက္ ဗမာလူမ်ိဳးႀကီးဝါဒဆိုတဲ့စကားလုံးတြင္တြင္သုံးၿပီး တျခားတိုင္းရင္းသားေတြကို ဗမာေတြနဲ႔ရန္တိုက္ေပး လိုက္တာပါပဲ။

ဟံသာျမင့္ေရးတာကလည္း အဓိက.က ဒါပါပဲ။ သူတို႔တရားမဝင္ NUG ရဲ႕ ေနာက္မွာ သူပုန္ အဖြဲ႕ေတြရွိေနဖို႔၊ အားေပးေနဖို႔အတြက္ သူပုန္ေတြ အႀကိဳက္ ဗမာလူမ်ိဳးႀကီးဝါဒဆိုတဲ့ စကားသုံးတာပါပဲ။ တကယ္ေတာ့ သမိုင္းေၾကာင္းမွာျပန္ၾကည့္ပါ။ ဗမာနဲ႔ တျခားတိုင္းရင္းသားေတြစစ္ပြဲေတြျဖစ္ပါတယ္။ ဥပမာ ျပရရင္ ဒုတိယႏိုင္ငံေတာ္ကိုတည္ေထာင္တဲ့ ဘုရင့္ေနာင္ နန္းေတာ္ႀကီးကို ဘယ္သူေတြမီးရႈိ႕ဖ်က္ဆီး ခဲ့တာလဲ။ ရခိုင္ေတြဖ်က္ဆီးခဲ့တာေလ။ ဒီအေၾကာင္း ေတြေျပာေနရင္ တိုင္းရင္းသားအခ်င္းခ်င္း မုန္း႐ုံပဲရွိ မယ္။ ဘာမွအက်ိဳးျဖစ္ထြန္းလာမွာမဟုတ္ပါဘူး။ ဆိုလိုခ်င္တာက သူကတိုက္လိုက္၊ ကိုယ္ကတိုက္ လိုက္နဲ႔။ မြန္ေတြက အင္းဝကိုသိမ္းပိုက္ၿပီး ေညာင္ရမ္း မင္းဆက္ကိုျဖဳတ္ပစ္လိုက္တယ္။ မဟာဓမၼရာဇာဓိ ပတိလို႔ေခၚတဲ့ ဟံသာဝတီေရာက္ မင္းဟာ မြန္ေတြလက္ခ်က္နဲ႔ပဲအသက္ဆုံးခဲ့ရတယ္။ ဒါေၾကာင့္ ဦးေအာင္ေဇယ်က စည္းလုံးညီၫြတ္မႈ ၿပိဳကြဲေနတဲ့ ႏိုင္ငံကို တစည္းတလုံးတည္းျဖစ္ေအာင္ ျပန္တိုက္ယူ ခဲ့တယ္။ အဲဒီအခ်ိန္တုန္းက မြန္ေတြကသာ တစ္ႏိုင္ငံ လုံးကိုႏိုင္ခဲ့ရင္လည္း မြန္ဘုရင္ အဆက္ဆက္အုပ္စိုး မွာပဲ။ မြန္စာေပဟာ႐ုံးသုံးစာေပျဖစ္ခ်င္ျဖစ္လာမွာပဲ။ ဆိုလိုခ်င္တာက လူမ်ိဳးေပါင္း ၁၃၀ ေက်ာ္ေနတဲ့ႏိုင္ငံ မွာ အဲဒီလူမ်ိဳး ၁၃၀ ေက်ာ္လုံးရဲ႕ စာေပအားလုံးဟာ ႐ုံးသုံးစာေပျဖစ္မလာႏိုင္ပါဘူး။ အဲဒီေတာ့ ဗမာေတြ က တစ္ႏိုင္ငံလုံးကို စည္း႐ုံးႏိုင္ခဲ့လို႔ ဗမာစာေပဟာ ႐ုံးသုံးစာေပျဖစ္လာလို႔ ဗမာလူမ်ိဳးႀကီးဝါဒလို႔ေျပာ တာဟာ အဓိပၸာယ္မဲ့လြန္းပါတယ္။

ဗမာေတြအားလုံးဟာ လူမ်ိဳးႀကီးဝါဒမက်င့္ သုံးပါဘူး။ တိုင္းရင္းသားအားလုံးအေပၚခ်စ္တဲ့စိတ္ နဲ႔ပဲဆက္ဆံၾကပါတယ္။ ဗမာတစ္ေယာက္ဟာ ဗမာစကားပဲေျပာတတ္တာမ်ားပါတယ္။ အျခားတိုင္း ရင္းသားတစ္ေယာက္ဟာ သူ႔တိုင္းရင္းသားစကား လည္းတတ္တယ္။ ဗမာစကားလည္း ေျပာတတ္ၾကပါ တယ္။ အဲဒီမွာကိုက သူတို႔ကသာလြန္ေနပါၿပီ။ ဗမာ ကို သူတို႔စကားနဲ႔ ဆဲဆိုႀကိမ္းေမာင္းေနရင္ေတာင္ ဗမာက ဘာမွမသိလို႔ ၿပဳံးၿပီးနားေထာင္ေနၾကမွာပါ။ ေနာက္ ဟံသာျမင့္ကေျပာပါေသးတယ္။ (၃ ႏိုင္) ကတ္ကိုင္ထားရင္ ကရင္လူမ်ိဳးပဲတဲ့။ တကယ္ေတာ့သူ မေလ့လာတာပါ။ ဒါမွမဟုတ္ သိရဲ႕သားနဲ႔ ေဖာင္း ထုခ်င္လို႔ တမင္ေရးတာလည္းျဖစ္ႏိုင္တယ္။ ျမန္မာ ႏိုင္ငံမွာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ ေရွ႕ အမွတ္စဥ္ေတြထည့္ထားတာပါ။ ဥပမာ ၁၂/ဆိုရင္ ရန္ကုန္တိုင္းေဒသႀကီး၊ ၁၄ / ဆိုရင္ဧရာဝတီတိုင္း ေဒသႀကီး၊ ၉/ ဆိုရင္မႏၲေလးတိုင္းေဒသႀကီး၊ ဒါဟာ သူ႔ရဲ႕လုပ္ငန္းစနစ္ျဖစ္ပါတယ္။

ကရင္ျပည္နယ္မွာ ကရင္ေတြခ်ည္းေန တာမဟုတ္သလို၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္ ေတြမွာလည္း ရွမ္း၊ ကခ်င္ေတြခ်ည္းေနတာ မဟုတ္ ပါဘူး။ တိုင္းရင္းသားအားလုံးက စုေပါင္းေနထိုင္ ၾကတာျဖစ္ပါတယ္။ ဗမာလူမ်ိဳးႀကီးဝါဒဆိုတဲ့ အသုံးက ေစာေစာကေျပာခဲ့သလို သူပုန္ေတြသုံးတဲ့စကား။ ဒီစကားကို လူၾကားထဲမွာသုံးႏႈန္းခဲ့တာက အန္တီစု၊ ဗမာနဲ႔ အျခားတိုင္းရင္းသားေတြ ျပႆနာျဖစ္ေအာင္ ဗမာေတြဟာ ေၾကာလဲေၾကာတယ္။ ဘာျဖစ္တယ္ညာ ျဖစ္တယ္ဆိုတာ လိုင္းေပၚမွာပ်ံ႕ႏွံ႔ေနတဲ့ စကားေတြ။ သူပုန္စကားကို အဟုတ္မွတ္ၿပီး ဟံသာျမင့္က ဗမာ လူမ်ိဳးႀကီးဝါဒ(ေခၚ) မဟာဗမာဝါဒ(ေခၚ) ဗမာ အမ်ိဳးသားေရးဝါဒဆိုၿပီး မ်ိဳးဆက္သစ္ေတြ ထင္ ေယာင္ထင္မွား အမုန္းပြားေနေအာင္ေရးေနတာျဖစ္ပါတယ္။

တိုင္းျပည္ေကာင္းက်ိဳးအတြက္ဘာလုပ္ ေဆာင္ခ်က္တစ္ခုမွမရွိေပမယ့္ တိုင္းျပည္ပ်က္စီး ေရးအတြက္ေတာ့ သမိုင္းကိုရွာႀကံေရးတတ္ပါတယ္။ ပေဒသရာဇ္ေခတ္က စစ္တိုက္ေနတာေတြဟာ ဗမာ လူမ်ိဳးကေန တျခားလူမ်ိဳးေတြအေပၚ ရန္စတိုက္ခိုက္ တာမ်ိဳးမရွိပါဘူး။ သူတို႔ကစလာလို႔ ဗမာေတြက တိုက္ရတာ။ ဒီသမိုင္းျဖစ္ရပ္ေတြ သိရဲ႕နဲ႔ ေခ်းေျခာက္ ေရႏႉး ေျပာေနတာ။ ၿပီးေတာ့ သမိုင္းျဖစ္ရပ္ေတြက မွားေနေသးတယ္။ အေနာက္ဘက္လြန္မင္းကို မြန္ေတြကသတ္လို႔ အေလာင္းဘုရားအတြက္ လမ္း ရွင္းသြားတာလို႔ေျပာပါတယ္။ အေနာက္ဘက္ လြန္မင္းမဟုတ္ပါဘူး။ သမိုင္းကိုလည္းမေလ့လာဘူး။

ဘုရင့္ေနာင္မင္းရဲ႕ သားေတာ္တစ္ပါးျဖစ္တဲ့ ေညာင္ရမ္းမင္းသားကေန အင္းဝမွာအေျခစိုက္ၿပီး ဖခင္ ဘုရင့္ေနာင္တည္ေထာင္ခဲ့တဲ့ ႏိုင္ငံေတာ္မၿပိဳကြဲဖို႔ ႀကိဳးပမ္းခဲ့တယ္။ အဲဒီမင္းဆက္ေတြေျပာရရင္ ေညာင္ရမ္းမင္း၊ အေနာက္ဘက္လြန္မင္း၊ သာလြန္ မင္း၊ ပင္းတလဲမင္း၊ ျပည္မင္း၊ နရာဝရမင္း၊ မင္းရဲ ေက်ာ္ထင္မင္း၊ စေနမင္း၊ တနဂၤေႏြမင္း၊ မဟာဓမၼရာ ဇာဓိပတိဆိုတဲ့ မင္းဆက္(၁၀)ဆက္ဟာ ေညာင္ရမ္း မင္းဆက္ ဒါမွမဟုတ္ ဒုတိယအင္းဝမင္းဆက္ျဖစ္ပါ တယ္။ မြန္ေတြသတ္လိုက္တာက အေနာက္ဘက္လြန္ မင္းမဟုတ္ပါဘူး။ မဟာဓမၼရာဇာဓိပတိမင္းပါ။ ဟံသာဝတီေရာက္မင္းလို႔လည္း ေခၚပါတယ္။ ကဲ ဒီျဖစ္စဥ္ကိုၾကည့္ပါဦး၊ အင္းဝကို မြန္ေတြတိုက္ခိုက္ၿပီး ဗမာမင္းကို ဖမ္းသြားခဲ့တာ အျဖစ္မွန္ပါ။ ဗမာေတြကခံ ရၿပီးမွ ျပန္ခ်ရတာေတြခ်ည္းပါပဲ။

ဟံသာျမင့္ရဲ႕စာဖတ္ၿပီး စိတ္ထဲမွာေဒါသထြက္စရာေတြမ်ားလာလို႔ ျပန္လည္ေရးေနတာပါ။ ရခိုင္နဲ႔ဗမာကို ရန္တိုက္ေပးဖို႔အတြက္ “ပန္ဝါကေန ရန္ကုန္ကိုအကူး မဟာဗႏၶဳလရဲ႕စစ္တပ္ဟာ လမ္းမွာ ေတြ႕တဲ့ ရခိုင္ေတြကို ႏွိပ္စက္ခဲ့တယ္” ဆိုတဲ့ အေရး အသားက ဘာအဓိပၸာယ္လဲ။ စာဖတ္သူစဥ္းစား ၾကည့္ပါ။ မြန္နဲ႔ဗမာကို ရန္တိုက္ေပးဖို႔က်ေတာ့ မြန္ေတြဟာ ဗႏၶဳလတပ္ေတြကိုမကူညီဘဲ အိႏၵိယက စစ္ကူေရာက္လာတဲ့ တပ္ေတြဘက္က ဝမ္းသာအား ရကူညီၾကတယ္လို႔ေရးျပန္တယ္။ တစ္ခုက ကိုယ့္ ႏိုင္ငံ ကြၽန္ျဖစ္သြားတာကို ဝမ္းသာတဲ့အေရးအသား၊ ၿပီးေတာ့ တနသၤာရီတိုင္းတစ္တိုင္းလုံး အဂၤလိပ္လက္ ေအာက္က်သြားလို႔ ႀကီးပြားတိုးတက္လာတယ္လို႔ ေရးထားျပန္ပါတယ္။ အဂၤလိပ္-ျမန္မာစစ္ပြဲေတြ ျဖစ္ရတာ ျမန္မာေတြဘက္ကပဲလြန္တယ္ဆိုတဲ့ အေရးအသားေတြလည္း ေတြ႕ရျပန္ေတာ့ ဒီလူဟာ ဗမာလူမ်ိဳးမွဟုတ္ရဲ႕လား။ သူ႔အေဖ(ဦး)သိန္းေဖျမင့္ မ်ားရွိေသးရင္ သူ႔သားကို ဘယ္လိုမ်ားေျပာလိမ့္မလဲ ေတြးၾကည့္ပါတယ္။

တိုင္းရင္းသားအခ်င္းခ်င္း ရန္တိုက္ေပး႐ုံနဲ႔ ဟံသာျမင့္အားမရေသးပါဘူး။ သူ႔စာေတြ ဆက္ဖတ္ ၾကည့္လိုက္ရင္ ဘာသာေရးအရေသြးခြဲမႈ၊ ေစာ္ကား မႈေတြကိုလည္း ေတြ႕ျမင္ရပါတယ္။ လယ္တီ ဆရာေတာ္ဘုရားလို ပုဂၢိဳလ္မ်ိဳးကိုေတာင္မွ ဟံသာျမင့္ အလြတ္မေပးပါဘူး။ က်မ္းေပါင္းမ်ားစြာျပဳစုခဲ့သူ လယ္တီဆရာေတာ္ကေတာ့ အျပင္းအထန္အပုပ္ခ် ခံေနရခ်ိန္ျဖစ္ပါတယ္တဲ့။ ဘာသာေရးအရ ေစာ္ကား လိုက္ျခင္းပါပဲ။ အဲဒီအခ်ိန္က လယ္တီဆရာေတာ္ ဘုရားႀကီးက အမဲသားမစားဖို႔တရားေတြေဟာတယ္။ ကပ္ေရာဂါေဘး က်ေရာက္လာေတာ့လည္း လူသား ေတြ အသက္ရွင္ေရးအတြက္ ေဆာင္႐ြက္ေပးခဲ့တယ္။ ေရးမယ္ဆိုရင္ လယ္တီဆရာေတာ္ဘုရားႀကီးရဲ႕ ေဆာင္႐ြက္ခ်က္ေတြအမ်ားႀကီးပါ။

ဟံသာျမင့္က ဗမာ့သမိုင္းေထာင္ေခ်ာက္ ႀကီးဆိုတဲ့ ေခါင္းစဥ္နဲ႔ မဟုတ္မမွန္ေတြ ေလွ်ာက္ေရး ေနတာကိုဖတ္မိတဲ့အခါ ဖတ္သမွ်စာေတြဟာ မွတ္ သားစရာမပါေပမယ့္ အဖ်က္စကားေတြေတာ့ အမ်ား ႀကီးပါပဲ။ ဒီစာေၾကာင့္ လူငယ္ေတြထပ္ၿပီးလမ္းမွား ေရာက္မွာစိုးလို႔ ျပည္သူတစ္ေယာက္အေနနဲ႔ ျပန္ လည္ေရးသားေနျခင္းပါ။ ျမန္မာႏိုင္ငံလြတ္လပ္ေရး ရရွိေအာင္ ပင္ပင္ပန္းပန္းခက္ခက္ခဲခဲ သက္စြန႔္ႀကိဳး ပမ္းဖြဲ႕စည္းခဲ့ရတဲ့ တပ္မေတာ္နဲ႔ပတ္သက္လို႔ ဟံသာျမင့္ အေကာင္းမျမင္ပါဘူး။ ကရင္နဲ႔ဗမာ လူမ်ိဳးခ်င္း တိုက္ခိုက္ေပးဖို႔အတြက္ ကရင္စစ္ျပန္မ်ား က်ေတာ့ ဧရာတိုင္းကဆိုး႐ြားလွတဲ့ ဘီအိုင္ေအ အမည္ခံ လက္နက္ကိုင္ေတြရဲ႕ရက္စက္စြာတိုက္ခိုက္မႈကို မ်က္ျမင္ႀကဳံေတြ႕လာရပါတယ္လို႔ ေရးျပန္တယ္ (သူကိုယ္တိုင္ပဲေတြ႕သလိုမ်ိဳး)။

‘‘မ်က္ေမွာက္ေခတ္သမိုင္းမွာ တိုင္းရင္းသားလူမ်ိဳးစုတစ္ခုအေနနဲ႔ ပထမဦးဆုံး ရင္ဆိုင္ခဲ့ ရတဲ့ (ဗမာအမည္ခံ) စစ္တပ္ကေပးတဲ့အေတြ႕အႀကဳံနဲ႔ ပထမဆုံးအမာ႐ြတ္ပါပဲ" လို႔လည္းေရးျပန္ေသးတယ္။ ဗမာ့လြတ္လပ္ေရးတပ္မေတာ္လို႔ အမည္မွည့္ခဲ့တာ ဟာ အဲဒီအခ်ိန္တုန္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္းေျပာ ခဲ့တဲ့မိန႔္ခြန္းေတြ ျပန္ၾကည့္ပါ။ ဗမာဆိုတာ တိုင္းရင္း သားအားလုံးကို ကိုယ္စားျပဳတဲ့နာမည္ျဖစ္တဲ့ အေၾကာင္းေျပာထားၿပီးသားပါ။ ဒီလိုမ်ိဳးေတြျဖစ္ေနလို႔ လဲ ၁၉၈၉ ခုႏွစ္မွာ အဂၤလိပ္အမည္ကေန ဗမာအမည္ ေတြေျပာင္းေပးခဲ့တယ္။ တိုင္းရင္းသားေခါင္းေဆာင္ ေတြရဲ႕အမည္ေတြနဲ႔ လမ္းနာမည္ေတြကို ေျပာင္းေပး ခဲ့တယ္။ တစ္ဆက္တည္းမွာ ျမန္မာဆိုတဲ့အမည္နဲ႔ ဗမာဆိုတဲ့အမည္ ကြဲကြဲျပားျပားျဖစ္ေအာင္ ေဆာင္ ႐ြက္ေပးခဲ့တယ္။ ဗမာဆိုတာ တိုင္းရင္းသားလူမ်ိဳး တစ္မ်ိဳးရဲ႕အမည္။ ျမန္မာဆိုတာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္းစတဲ့ တိုင္းရင္းသား အားလုံးကို ကိုယ္စားျပဳတဲ့အမည္လို႔ တရားဝင္သတ္ မွတ္ေပးထားခဲ့ပါတယ္။ ဒါကိုကန႔္လန႔္တိုက္ေနတာ ကလည္းNLD နဲ႔အေပါင္းအပါေတြပဲျဖစ္ပါတယ္။

ဟံသာျမင့္ေရးတဲ့အထဲမွာ ဖက္ဆစ္ဂ်ပန္ကိုစတင္ေတာ္လွန္သူေတြဟာ ကရင္၊ ကခ်င္၊ ခ်င္း၊ ႐ိုဟင္ဂ်ာ စသူတို႔ျဖစ္လာၾကပါတယ္တဲ့။ တိုင္းရင္းသား အားလုံး ပါဝင္တိုက္ခိုက္တဲ့အေၾကာင္းကို သမိုင္းမွာ လည္း ထင္ထင္ရွားရွားေဖာ္ျပေရးၿပီးသားပါ။ တပ္မ ေတာ္ကလည္း တပ္မေတာ္တစ္ခုတည္း တိုက္ခိုက္ ခဲ့တာလို႔ တစ္ခါမွမေျပာခဲ့ပါဘူး။ ဒီေနရာမွာ စာဖတ္သူေလးေလးနက္နက္စဥ္းစားၾကည့္ပါ။ ႐ိုဟင္ဂ်ာဆို တဲ့ အသုံးအႏႈန္း။ ဒါဟာ ဟံသာျမင့္ရဲ႕ဝွက္ဖဲပါပဲ။ OIC အလိုက် ဒါကို တမင္သက္သက္ထည့္ေရးတာပါ။ ႐ိုဟင္ဂ်ာဆိုတာ အဂၤလိပ္ေတြအုပ္စိုးခဲ့တဲ့အခ်ိန္မွာ ေတာင္ ဒီအမည္နဲ႔ဒီလူမ်ိဳးမရွိတဲ့အေၾကာင္း ျပည္သူတိုင္းသိၿပီးျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ စက္တင္ဘာ ၉ ရက္ေန႔မွာျပဳလုပ္ခဲ့တဲ့ ရခိုင္ျပည္နယ္ အေရးေဆြးေႏြးပြဲစကားဝိုင္းစာအုပ္မွာ ဒီအေၾကာင္းအခ်က္ေတြကိုေဖာ္ျပထားပါတယ္။ ႐ိုဟင္ဂ်ာဆိုတာ လုံးဝ(လုံးဝ)မရွိဘူးဆိုတာ ခိုင္ခိုင္မာမာ ေျပာထားပါတယ္။ ၿဗိတိသွ်ကိုလိုနီေခတ္မွာ ဘဂၤလားေဒ့ရွ္က ကုလားေတြကို တံခါးမရွိ ဓားမရွိ သြင္းခဲ့လို႔ ျမန္မာႏိုင္ငံထဲကို အလုံးအရင္းနဲ႔ ဘဂၤါလီ ေတြေရာက္လာတာသာ ျဖစ္ပါတယ္။ ရခိုင္လူမ်ိဳးေတြ အေနနဲ႔လည္း ႐ိုဟင္ဂ်ာဆိုတာလက္မခံပါဘူး။

ဟံသာျမင့္က ႐ိုဟင္ဂ်ာလို႔ ထည့္သုံးႏႈန္း လိုက္တာဟာ သက္သက္မဲ့ ႏိုင္ငံေရး ရႈပ္ေထြးေအာင္ လုပ္လိုက္တာပါ။ သူ႔အတြက္ကေတာ့ ပိုက္ဆံေတြ အမ်ားႀကီးရသြားမွာပါ။ ဖက္ဆစ္ေတာ္လွန္ေရးမွာ တပ္မေတာ္ရဲ႕ပါဝင္မႈကို ေသးသိမ္သြားေစဖို႔အတြက္ ေရးထားတာေလးက“သူမ်ားတိုက္လို႔စစ္ရႈံးၿပီး ထြက္ေျပးေနတဲ့တပ္ကို ေနာက္ေၾကာကေန အလစ္ အငိုက္ဝင္တိုက္ရင္း ေအာင္ပြဲဆင္ၾကျပန္တယ္”လို႔ ေရးထားပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အေပၚမွာ လည္း အေကာင္းျမင္ျခင္းမရွိပါဘူး။ ေအာင္ဆန္း-အက္တလီစာခ်ဳပ္၊ ပင္လုံစာခ်ဳပ္တို႔နဲ႔ ပတ္သက္ရင္ လည္း အေကာင္းျမင္ေရးထားတာ မရွိပါဘူး။ လြတ္လပ္ေရးရၿပီးေနာက္ပိုင္းေခတ္မွာ ကူမင္တန္တ႐ုတ္ျဖဴ က်ဴးေက်ာ္မႈဆိုတာ ေပၚခဲ့ပါတယ္။ ျမန္မာ့တပ္မေတာ္ကတိုက္ခိုက္ခဲ့ရတာ ျပည္သူတိုင္းအသိပါပဲ။ ဒါကို ဟံသာျမင့္က ရွမ္းနဲ႔ဗမာကို ဘယ္လိုရန္တိုက္ေပး သလဲဆိုရင္ “ ဒီအခ်ိန္မွာ က်ဴးေက်ာ္သူ တ႐ုတ္ျဖဴ ေတြကို တိုက္ဖို႔ဝင္ေရာက္လာတဲ့ ဗမာစစ္သားမ်ား ကိုေတာ့ ဌာေနေဒသခံတိုင္းရင္းသားေတြက ေနာက္ထပ္ဝင္ေရာက္လာတဲ့ က်ဴးေက်ာ္သူေတြ အျဖစ္ျမင္ေနၾကပါၿပီ”တဲ့။

ဟံသာျမင့္ရဲ႕အေရးအသားေတြအားလုံးဟာ ႐ိုဟင္ဂ်ာကို ပြဲထုတ္ေပးတယ္။ မရွိတဲ့လူမ်ိဳးကို ေဖာ္ျပထားတာဟာ ျမန္မာျပည္သူတစ္ရပ္လုံးကို ေစာ္ကားလိုက္တာပါပဲ။ ဟံသာျမင့္က တပ္မေတာ္ အေၾကာင္း မေကာင္းေျပာမယ္။ ဗမာလူမ်ိဳးႀကီးဆိုတဲ့ အသုံးကိုတြင္တြင္သုံးၿပီး သူပုန္ေတြအႀကိဳက္ လုပ္ ေပးတယ္။ တပ္မေတာ္ရဲ႕တန္ဖိုးကို ေလ်ာ့နည္းေစဖို႔ အတြက္ ဖက္ဆစ္ေတာ္လွန္ေရးဆင္ႏႊဲတာကိုေတာင္ မွ ေနာက္ေၾကာကေန အလစ္အငိုက္ဝင္တိုက္တယ္လို႔ (သူကိုယ္တိုင္ပဲျမင္ေတြ႕ရသလို) ေရးသားခဲ့တယ္။ NLD ပါတီဝင္ မဟုတ္ေတာ့တဲ့အတြက္ ဟံသာျမင့္မွာ ေနစရာ၊ စားစရာ၊ လုပ္စရာ အလုပ္မရွိျဖစ္ေနပါ လိမ့္မယ္။ ဒါ့ေၾကာင့္လည္း ဘဂၤါလီေတြအႀကိဳက္၊ သူပုန္ေတြ အႀကိဳက္ ေရးသားရပါတယ္။ ဒါမွလည္း OIC ပံ့ပိုးမႈေတြရလာမွာျဖစ္ပါတယ္။ ကြၽန္ေတာ္ ကေတာ့ ကိုယ့္တိုင္းျပည္ပ်က္စီးေရးကို ႀကံစည္၊ လုပ္ေဆာင္ေနသူေတြကို အားမေပးပါဘူး။

ဟံသာျမင့္က “ဗမာ့သမိုင္းေထာင္ေခ်ာက္ႀကီး” ေရးတာဟာအေပၚမွာ ေျပာခဲ့သလိုပါပဲ။ သူပုန္ အတြက္နဲ႔ OIC အတြက္အဓိကေရးတာပါ။ ေနာက္ တစ္ခုကေတာ့ NLD ပါတီက မွန္ေနရက္သားနဲ႔ တပ္ကပဲ အာဏာသိမ္းလိုက္သလိုလိုေရးတာဟာ ေျဗာင္လိမ္၊ ေျဗာင္စားလုပ္လိုက္တာပါပဲ။ မဲသမာမႈ ေတြကိုမရွင္းေပးဘဲ တပ္ကိုအမႈိက္ပုံႀကီး မယူယူ ေအာင္ လုပ္လိုက္တာပါပဲ။ မဲမသမာမႈကိုျပန္လည္ စစ္ေဆးရန္လိုက္ေလ်ာခဲ့မယ္ဆိုရင္ ဒီကေန႔ျမင္ကြင္း ေတြ ေတြ႕ရမွာမဟုတ္ပါဘူး။ ေ႐ြးေကာက္ပြဲမတိုင္ခင္ကNLD ေခါင္းေဆာင္က ေ႐ြးေကာက္ပြဲမွာ ဘယ္လို နည္းနဲ႔ႏိုင္ႏိုင္၊ ႏိုင္ေအာင္လုပ္ပါဆိုတဲ့ ၫႊန္ၾကားခ်က္က မဲသမာမႈေပၚေပါက္လာတာပါပဲ။

ေ႐ြးေကာက္ပြဲေကာ္မရွင္ကို NLD ပါတီကထိန္းခ်ဳပ္ထားတယ္။ ေ႐ြးေကာက္ပြဲ ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒေတြကို ထုတ္ခ်င္သလိုထုတ္ပါ တယ္။ အဓိကေကာ္မရွင္မွာ NLD ပါတီထိပ္ပိုင္းေခါင္း ေဆာင္ေတြရဲ႕ ေဆြမ်ိဳးေတြထည့္ၿပီးဖြဲ႕တယ္။ လူဦးေရ စာရင္းမွာ အဓိကျဖစ္တဲ့ လဝကေတြ တိုးခ်ဲ႕ဖြဲ႕တယ္။ NLD ပါတီဝင္နဲ႔ အမာခံေတြကို ရပ္ကြက္/ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြခန႔္တယ္။ ၿမိဳ႕နယ္ေပါင္း ၃၁၅ ၿမိဳ႕နယ္မွာ ကြန္ပ်ဴတာ ကြၽမ္းက်င္သူ ၂ ဦးစီခန႔္တယ္။ ေ႐ြးေကာက္ပြဲမွာNLD ပါတီအႏိုင္ရဖို႔အတြက္ အေမရိကန္ႏိုင္ငံက ေဒၚလာ ၃၆ သန္းေက်ာ္ေပးထားတယ္။ ေဒၚေအာင္ဆန္းစုၾကည္အနားမွာ အခ်ိန္ျပည့္ ၿဗိတိသွ်သံ႐ုံးက ဂ်ိဳးဖစ္ရွာ ရွိေနပါတယ္။ စီးပြားေရး အႀကံေပးအျဖစ္ ေရွာင္တာနယ္ကို ခန႔္ထားတယ္။ ဆိုးေရာ့ရဲ႕ ေထာက္ပံ့ေငြအမ်ားႀကီးရထားတယ္။ ဒါ့ေၾကာင့္လည္းNLD ပါတီဟာ ျမန္မာႏိုင္ငံမွာထင္ ရာစိုင္းလုပ္ခ်င္တာလုပ္ခဲ့တာပါပဲ။

ပိုဆိုးတာက ႏိုင္ငံျခားသားအႀကံေပး (၉၀)ေက်ာ္ လက္ခံထားျခင္းပါပဲ။ ဒါေၾကာင့္လည္း ျမန္မာႏိုင္ငံဟာ မသိမသာသူ႔ကြၽန္ျဖစ္ေနၿပီလို႔ ေျပာခဲ့ သူေတြရွိလာတာျဖစ္ပါတယ္။ ဒီလိုအေနာက္အုပ္စုက လႊမ္းမိုးထားတဲ့အတြက္ သူတို႔ေျပာတဲ့အတိုင္း လုပ္ ေပးေနတယ္။ အစဥ္အလာမဟုတ္တဲ့ တပ္မဲ႐ုံေတြ အျပင္ထုတ္ခိုင္းတဲ့ ကိစၥမ်ိဳးေတြ လုပ္ခဲ့တယ္။ အဆိုး ဆုံးလုပ္ရပ္ကေတာ့ ဘာသာေရး တန္းညႇိခံရျခင္းဟာ ျမန္မာစစ္စစ္ေတြကို ရင္နာေစပါတယ္။ ဘဂၤါလီေတြက အၾကမ္းဖက္တာကို တပ္မေတာ္ကေျဖရွင္းေတာ့ တပ္မေတာ္ကို ICJ ေရာက္ေအာင္ပို႔ခဲ့တာဟာNLD ပါပဲ။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ကိုယ္တိုင္ သြားေရာက္ေျဖရွင္းသလိုလိုနဲ႔ တပ္မေတာ္ကို ထိုး ေကြၽးခဲ့ပါတယ္။ ဘာေၾကာင့္ေျပာရလဲဆိုရင္ အဂၤလိပ္လိုေျပာခဲ့တဲ့ မိန႔္ခြန္းကို ဒီေန႔အခ်ိန္ထိ တရား ဝင္ျမန္မာဘာသာျပန္ဆိုမေပးရဲခဲ့တာပါပဲ။ ေရးရမယ္ ဆိုရင္ အမ်ားႀကီး အမွန္ေတြရွိပါေသးတယ္။ ျပည္ သူေတြ ေထာက္ခံတယ္ဆိုတဲ့စကားနဲ႔ လိမ္ညာစား ေနေပမယ့္ သူတို႔အစိုးရလက္ထက္ ၾကားျဖတ္ေ႐ြး ေကာက္ပြဲမွာ သူတို႔ေတြမဲအျပတ္အသတ္ မႏိုင္ေတာ့ ပါဘူး။ ဥပမာအားျဖင့္ ဆိပ္ကမ္းၿမိဳ႕နယ္မွာမဲရႈံးလို႔ အဲဒီၿမိဳ႕နယ္ဖ်က္လိုက္တဲ့လုပ္ရပ္မ်ိဳး။ ဒါ့ေၾကာင့္ ၂၀၂၀ ျပည့္ႏွစ္မွာ နည္းလမ္းေပါင္းစုံ၊ ဘက္ေပါင္းစုံကေန မဲရဖို႔နည္းမ်ိဳးစုံႀကိဳးစားခဲ့တဲ့အျပင္ မွတ္ပုံတင္ မရွိဘဲ မဲထည့္ခိုင္းတာ၊ နံပါတ္ေတြထပ္ေနတာ၊ အသက္ (၁၀ဝ)ေက်ာ္ေတြ ျဖစ္ေနတာ။

တပ္ဘက္ကအေထာက္အထားခိုင္ခိုင္လုံ လုံနဲ႔ အႀကိမ္ေပါင္း(၃၀)ထက္မနည္း လူသိရွင္ၾကား ရွင္းလင္းခဲ့တယ္။ အခ်ိန္မေ႐ြး လာေရာက္ၾကည့္ရႈ ႏိုင္ေၾကာင္းလည္း ဖိတ္ေခၚခဲ့ပါတယ္။NLD ပါတီ ဟာ ဂ႐ုမစိုက္တဲ့ပုံစံမ်ိဳး ခ်ိဳးခဲ့ပါတယ္။ ဟံသာျမင့္က ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကိစၥကိုေရးျပေတာ့ ကိုယ္က လည္း ေျပာခ်င္ပါတယ္။ တပ္က အာဏာထိန္းဖို႔ႀကိဳတင္စီစဥ္မႈမရွိပါဘူး။ မွတ္မွတ္ရရ... ၂၈-၁-၂၀၂၁ ရက္ေန႔က တပ္မေတာ္ရဲ႕လိုလားခ်က္ကို ေနာက္ဆုံး အေနနဲ႔NLD သြားတင္ခဲ့ပါေသးတယ္။ (အင္တာနက္မွာ ေတြ႕ရတာပါ။)

မသကၤာဖြယ္ေတြ႕ရွိထားတဲ့ မဲ ၁၀ သန္း ေက်ာ္ကို အဖြဲ႕စုံနဲ႔စစ္ေဆးေပးဖို႔။ UEC ကို သမာ သမတ္ရွိတဲ့ပုဂၢိဳလ္ေတြနဲ႔ျပန္ဖြဲ႕ေပးဖို႔။ တတိယ အႀကိမ္ လႊတ္ေတာ္ေခၚယူက်င္းပမႈကို ႏိုင္ငံေတာ္ သမၼတရဲ႕အခြင့္အာဏာအရဆိုင္းငံ့ထားဖို႔ဆိုၿပီး စစ္ေဆးေတြ႕ရွိထားတဲ့ စာရင္းဇယားေတြနဲ႔ တင္ျပခဲ့ တာပါ။ NLD ကေတာ့ ႏိုင္ငံဘာျဖစ္ျဖစ္ဆိုတဲ့ စိတ္ဓာတ္ေတြနဲ႔ အရာရာကိုျငင္းပယ္ခဲ့တာပါပဲ။ အခု မွသာ ဟံသာျမင့္က စိတ္ထဲထင္ရာျမင္ရာ ေလွ်ာက္ေရးေနတာပါ။ တရားဝင္ရွင္းလင္းဖို႔ဖိတ္ေခၚ ခဲ့တုန္းက NLD တုံဏွိဘာေဝ ေနခဲ့တာပါပဲ။ ေနရာတိုင္းမွာ CRPH ၊ NUG နဲ႔ PDF သတ္လို႔ရ တာ အကုန္သတ္၊ ဖ်က္လို႔ရတာ အကုန္ဖ်က္လုပ္ေန တုန္းက ေလသံေတာင္မၾကားခဲ့ရတဲ့ဟံသာျမင့္က အခုမွပဲ ဗမာ့သမိုင္းေထာင္ေခ်ာက္ႀကီးေရးၿပီး ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုမ်ားယူဦးမလားမသိ။ ဟိုလူ ေတြကလည္း ျမန္မာျပည္ကအဖ်က္သမားေတြဆို လာထားပဲ။ ဘယ္လို ႀကိဳးခ်ည္ေပးရမလဲ ေစာင့္ေနတာ။

ဟံသာျမင့္ေရ... ခင္ဗ်ားေရးတဲ့စာကို ေခါင္းစဥ္ တပ္ရမွာက ဗမာ့သမိုင္းေထာင္ေခ်ာက္ႀကီး မဟုတ္ ဘဲ NLD ရဲ႕ေထာင္ေခ်ာက္ႀကီး...လို႔ ေခါင္းစဥ္ တပ္ရမွာ။ ေရာက္ရာ အရပ္၊ ေျပးရာအရပ္ကေန က်ဳပ္ေရးတဲ့ဒီစာကို ဖတ္မိပါေစလို႔သာ။

Related news

© 2021. All rights reserved.