မြောက်ကိုရီးယားက အာရှမှာ ရုရှားရဲ့အားအထားရဆုံး မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ ရုရှားအစိုးရ ချီးကျူး

396

Pika (NP News) - ဇူလိုင် ၃ဝ
မြောက်ကိုရီးယားနိုင်ငံကို အာရှတိုက်မှာ ရုရှားရဲ့အားအထားရဆုံးမိတ်ဖက်နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ဖော်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ဆက်လက်ဖြစ်ပွားနေတဲ့ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ကူညီပံ့ပိုးပေးမှုတွေကို ဆာဂေးလာရော့ဗ်က ချီးကျူးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Territory of Meanings လူငယ်ဖိုရမ်မှာ မိန့်ခွန်းပြောကြားစဉ်အချိန်အတွင်း ဆာဂေးလာရော့ဗ်က မြောက်ကိုရီးယားနိုင်ငံကို ကြီးထွားလာနေတဲ့ဘက်စုံကမ္ဘာ့အစီအစဉ်မှာ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် အမည်တပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဆာဂေးလာရော့ဗ်က “ကျွန်တော်တို့မှာ ကြီးမားတဲ့စိတ်တူကိုယ်တူရှိတဲ့မိတ်ဖက်နိုင်ငံတွေ အများကြီးရှိပါတယ်။ အချုပ်အခြာအာဏာနဲ့ခေတ်မှီလူမှုအဖွဲ့အစည်းအပေါ်အခြေခံတဲ့ကမ္ဘာ့အစီအစဉ်အသစ်အတွက် အုတ်မြစ်ချတာ တွေကို ကျွန်တော်တို့အတူတကွလုပ်ဆောင်နေပါတယ်။ အနောက်အုပ်စုမှာရှိတဲ့ကျွန်တော်တို့ရဲ့အနီးကပ်ဆုံး မိတ်ဖက်နိုင်ငံက ဘီလာရုစ်နိုင်ငံပဲဖြစ်ပါတယ်။ အရှေ့အုပ်စုမှာရှိတဲ့ ကျွန်တော်တို့ရဲ့အနီးကပ်ဆုံးမိတ်ဖက်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံကို တရုတ်၊ အိန္ဒိယ၊ တူရကီ၊ အီရန်နိုင်ငံတို့နဲ့အတူ Eurasiaဧရိယာရဲ့ ကြီးမားတဲ့ ခေတ်မှီလူမှုအဖွဲ့အစည်းတစ်ခုအဖြစ် ဆာဂေးလာရော့ဗ်က သတ်မှတ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားက အာရွမွာ ႐ုရွားရဲ႕အားအထားရဆုံး မိတ္ဖက္ႏိုင္ငံျဖစ္တယ္လို႔ ႐ုရွားအစိုးရ ခ်ီးက်ဴး
Pika (NP News) - ဇူလိုင္ ၃ဝ
ေျမာက္ကိုရီးယားႏိုင္ငံကို အာရွတိုက္မွာ ႐ုရွားရဲ႕အားအထားရဆုံးမိတ္ဖက္ႏိုင္ငံေတြထဲက တစ္ႏိုင္ငံအျဖစ္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ေဖာ္ျပေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ဆက္လက္ျဖစ္ပြားေနတဲ့ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ေျမာက္ကိုရီးယားရဲ႕ကူညီပံ့ပိုးေပးမႈေတြကို ဆာေဂးလာေရာ့ဗ္က ခ်ီးက်ဴးေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။
Territory of Meanings လူငယ္ဖိုရမ္မွာ မိန႔္ခြန္းေျပာၾကားစဥ္အခ်ိန္အတြင္း ဆာေဂးလာေရာ့ဗ္က ေျမာက္ကိုရီးယားႏိုင္ငံကို ႀကီးထြားလာေနတဲ့ဘက္စုံကမာၻ႔အစီအစဥ္မွာ အဓိကမိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ အမည္တပ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဆာေဂးလာေရာ့ဗ္က “ကြၽန္ေတာ္တို႔မွာ ႀကီးမားတဲ့စိတ္တူကိုယ္တူရွိတဲ့မိတ္ဖက္ႏိုင္ငံေတြ အမ်ားႀကီးရွိပါတယ္။ အခ်ဳပ္အျခာအာဏာနဲ႔ေခတ္မွီလူမႈအဖြဲ႕အစည္းအေပၚအေျခခံတဲ့ကမာၻ႔အစီအစဥ္အသစ္အတြက္ အုတ္ျမစ္ခ်တာ ေတြကို ကြၽန္ေတာ္တို႔အတူတကြလုပ္ေဆာင္ေနပါတယ္။ အေနာက္အုပ္စုမွာရွိတဲ့ကြၽန္ေတာ္တို႔ရဲ႕အနီးကပ္ဆုံး မိတ္ဖက္ႏိုင္ငံက ဘီလာ႐ုစ္ႏိုင္ငံပဲျဖစ္ပါတယ္။ အေရွ႕အုပ္စုမွာရွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕အနီးကပ္ဆုံးမိတ္ဖက္ႏိုင္ငံက ေျမာက္ကိုရီးယားႏိုင္ငံပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားႏိုင္ငံကို တ႐ုတ္၊ အိႏၵိယ၊ တူရကီ၊ အီရန္ႏိုင္ငံတို႔နဲ႔အတူ Eurasiaဧရိယာရဲ႕ ႀကီးမားတဲ့ ေခတ္မွီလူမႈအဖြဲ႕အစည္းတစ္ခုအျဖစ္ ဆာေဂးလာေရာ့ဗ္က သတ္မွတ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။