အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့်ဌာနများအတွက် ဝန်ထမ်း (၆၃၀)ကျော် ခေါ်ယူနေ

165

စော(NP News)-ဒီဇင်ဘာ ၁၈
တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းနှင့် ဌာနများအတွက် ဝန်ထမ်း (၆၃၀)ကျော်ခေါ်ယူနေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဝန်ထမ်းများတွင် နည်းပြရာထူးအတွက် (၂၄၁)ဦးခေါ်ယူသွားမည်ဖြစ်ပြီး B.E(Civil, EP, Mech, IT) B.C.Sc B.C.Techi B.A(Myan, Eng) B.Sc(Maths, Chem) (မဟာဘွဲ့တက်ရောက်ရန်အရည်အချင်း ပြည့်မီသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စာရင်းကိုင် (၄)ရာထူးအတွက် (၁၅)ဦးခေါ်ယူသွားမည်ဖြစ်ကာ ဘွဲ့တစ်ခုခုရရှိသူ/စီးပွားရေးဘွဲ့ရရှိသူဖြစ်ရန်လိုအပ်ပြီး အငယ်တန်းရာထူးအတွက် (၆၂)ဦး ခေါ်ယူသွားမည်ဖြစ်၍ ဘွဲ့တစ်ခုခုရရှိရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ စက်မှုကျွမ်းကျင် (၄)ရာထူးအတွက် A.G.T.I(Civil, EC, EP, Mech, IT) ၊ A.G.T.I(Farm Machinery) ဒီပလိုမာလက်မှတ်ရရှိသူ (၁၂၀)ဦး ၊ စက်မှုကျွမ်းကျင် (၅)ရာထူးအတွက် GTHS(BT, ECT, ET, Mech, IT, MPT)/ ITCရရှိသူ (၁၀၀)ဦး၊ ရုံးအကူရာထူးအတွက် (၇၀)ဦး၊ အစောင့်ရာထူး၊ သန့်ရှင်းရေးအကူ ရာထူး နှင့်လုပ်သားရာထူးအတွက် (၁၀)ဦးစီ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ပြီး ဦးစီးဌာန၏ နေ့စားဝန်ထမ်းဖြစ်ပါက (၃၈)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစောင့်၊သန့်ရှင်းရေးအကူ၊ လုပ်သားရာထူးနေရာများတွင် လျှောက်ထားသူများသည် အသက်(၄၀)နှစ်အထက် မကျော်လွန်သူ ဖြစ်ရမည်ဖြစ်ပြီး အဆိုပါရာထူးနေရာအတွက် ရွေးချယ်ခံရသူများအနေဖြင့် ရုံးချုပ်နှင့် နေပြည်တော်အတွင်းရှိ သိပ္ပံနှင့်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ https:// www.dtvet.gov.mm တွင် ဒေါင်းလုပ်ရယူနိုင်သည့် အပြင် နီးစပ်ရာ အစိုးရနည်းပညာကောလိပ်၊ သိပ္ပံ၊ ကျောင်းနှင့်ဌာနများတွင်ထုတ်ယူနိုင်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၉ရက်နေ့ နောက်ဆုံးထား၍ တိုက်ရိုက်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
နည်းပြ၊ အငယ်တန်းစာရေး၊ စာရင်းကိုင်(၄)နှင့် စက်မှုကျွမ်းကျင် (၄)ရာထူးများကို လျှောက်ထားသူများသည် မြန်မာစာ၊ အထွေထွေဗဟုသုတနှင့် အင်္ဂလိပ်စာဘာသာရပ်များကို ဇန်နဝါရီ ၁၇ရက်မှ ၁၈ရက်တို့တွင် ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစာမေးပွဲအောင်မြင်သူများနှင့် စက်မှုကျွမ်းကျင် (၅)၊ ရုံးအကူ၊ အစောင့်၊သန့်ရှင်းရေးအကူနှင့် လုပ်သားရာထူးများသည် လူတွေ့စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၇ရက်မှ ၉ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။