ရန်ကုန်မြို့ရှိ တက္ကစီယာဥ်စီးခများကို တစ်ကီလို(၆ဝဝ)နှုန်းဖြင့် သတ်မှတ်

 4134

ယွန်း (NP News) - ဇွန် ၂၅

ရန်ကုန်မြို့ရှိ တက္ကစီယာဥ်စီးခများကို တစ်ကီလိုလျှင်(၆ဝဝ)နှုန်းဖြင့် သတ်မှတ်လိုက်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့‌ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ထံမှ သိရသည်။

အဆိုပါ သတ်မှတ်ချက်ကို ယခုဇွန်လအတွင်း Yangon City Taxi အသင်းမှ အဆိုပြုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ(၂၃)ရက်တွင် ၎င်းအဆိုပြုချက်ကို အသိပေးပြောဆိုလိုက်ခြင်းဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ထံမှ သိရသည်။

တက္ကစီယာဥ်မောင်းနှင့် ခရီးသည်များ နှစ်ဦးနှစ်ဖက်အဆင်ပြေစေရေးအတွက် အဆိုပါ သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။

“တက္ကစီငှားမယ်ဆိုရင် အခြေခံသတ်မှတ်ထားတဲ့ ဈေးနှုန်းမရှိတော့ ယာဥ်မောင်းကလည်း ပြောချင်သလောက်တွေပြောတယ်။ အဓိကတော့ ခရီးသည်နဲ့ ယာဥ်မောင်းကြားမှာ သင့်တင်မျှတတဲ့နှုန်းမျိုး ဖြစ်အောင်သတ်မှတ်လိုက်တာပေါ့”ဟု ဦးလျန်ကျင့်မန်က NP News ကိုပြောသည်။

အဆိုပါ သတ်မှတ်ချက်အရ ခရီးသည်များကို တက္ကစီပေါ်စတက်သည်နှင့် ငွေကျပ် (၁၅ဝဝ)နှုန်း သတ် မှတ်ထားပြီး တစ်ကီလိုခရီးသွားပြီးတိုင်း ငွေကျပ်(၆ဝဝ)နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် အပလီကေးရှင်းဖြင့် ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအနေဖြင့်လည်း ယခုသတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာ ကောက်ခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း၌ တက္ကစီယာဥ်ပေါင်း ခြောက်သောင်းကျော်ရှိသော်လည်း City Taxi အဖြစ်မှတ်ပုံတင်ထားသည့် ယာဥ်အစီးရေမှာ သုံးသောင်းကျော်သာ ရှိနေသေးကြောင်း ဦးလျန်ကျင့်မန်က ပြောသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ တကၠစီယာဥ္စီးခမ်ားကို တစ္ကီလို(၆ဝဝ)ႏႈန္းျဖင့္ သတ္မွတ္

ယြန္း (NP News) - ဇြန္ ၂၅

ရန္ကုန္ၿမိဳ႕ရွိ တကၠစီယာဥ္စီးခမ်ားကို တစ္ကီလိုလွ်င္(၆ဝဝ)ႏႈန္းျဖင့္ သတ္မွတ္လိုက္ေၾကာင္း ရန္ကုန္ တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔‌ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ(YRTC) ထံမွ သိရသည္။

အဆိုပါ သတ္မွတ္ခ်က္ကို ယခုဇြန္လအတြင္း Yangon City Taxi အသင္းမွ အဆိုျပဳခဲ့ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ဇြန္လ(၂၃)ရက္တြင္ ၎အဆိုျပဳခ်က္ကို အသိေပးေျပာဆိုလိုက္ျခင္းျဖစ္ေၾကာင္း YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္ထံမွ သိရသည္။

တကၠစီယာဥ္ေမာင္းႏွင့္ ခရီးသည္မ်ား ႏွစ္ဦးႏွစ္ဖက္အဆင္ေျပေစေရးအတြက္ အဆိုပါ သတ္မွတ္ခ်က္ကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ စတင္က်င့္သုံးေနၿပီျဖစ္ေၾကာင္း သိရသည္။

“တကၠစီငွားမယ္ဆိုရင္ အေျခခံသတ္မွတ္ထားတဲ့ ေဈးႏႈန္းမရွိေတာ့ ယာဥ္ေမာင္းကလည္း ေျပာခ်င္သေလာက္ေတြေျပာတယ္။ အဓိကေတာ့ ခရီးသည္နဲ႔ ယာဥ္ေမာင္းၾကားမွာ သင့္တင္မွ်တတဲ့ႏႈန္းမ်ိဳး ျဖစ္ေအာင္သတ္မွတ္လိုက္တာေပါ့”ဟု ဦးလ်န္က်င့္မန္က NP News ကိုေျပာသည္။

အဆိုပါ သတ္မွတ္ခ်က္အရ ခရီးသည္မ်ားကို တကၠစီေပၚစတက္သည္ႏွင့္ ေငြက်ပ္ (၁၅ဝဝ)ႏႈန္း သတ္ မွတ္ထားၿပီး တစ္ကီလိုခရီးသြားၿပီးတိုင္း ေငြက်ပ္(၆ဝဝ)ႏႈန္းေပးေဆာင္ရမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

ထို႔ျပင္ အပလီေကးရွင္းျဖင့္ ဝန္ေဆာင္မႈေပးေနသည့္ ကုမၸဏီမ်ားအေနျဖင့္လည္း ယခုသတ္မွတ္ထားသည့္ ႏႈန္းထားအတိုင္းသာ ေကာက္ခံရမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ရန္ကုန္တိုင္းအတြင္း၌ တကၠစီယာဥ္ေပါင္း ေျခာက္ေသာင္းေက်ာ္ရွိေသာ္လည္း City Taxi အျဖစ္မွတ္ပုံတင္ထားသည့္ ယာဥ္အစီးေရမွာ သုံးေသာင္းေက်ာ္သာ ရွိေနေသးေၾကာင္း ဦးလ်န္က်င့္မန္က ေျပာသည္။

Related news

© 2021. All rights reserved.