Super Custom ကားပေါ်မှ ငွေကျပ်သိန်း(၃ဝဝဝ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများသိမ်းဆည်းရမိ

 363

သန့်ဇင်(NP News) - ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း (၃ဝဝဝ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် (ဇွန်လ ၂၁ ရက်)၊ ညနေ ၃နာရီအချိန်တွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးဘက်သို့ အိုက်ဆန်မောင်းနှင်လာသည့် Super Custom ကားကို သတင်းအရ စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရှာဖွေခဲ့ရာ အဆိုပါကားပေါ်တွင် ဒေသကာလတန်ဖိုးငွေကျပ်သိန်း(၃ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁ဝ)သိန်းကို သိမ်ဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ သိမ်ဆည်းရမိသော အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှ ဟိုကုံးမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းအား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
Super Custom ကားေပၚမွ ေငြက်ပ္သိန္း(၃ဝဝဝ) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားသိမ္းဆည္းရမိ

သန႔္ဇင္(NP News) - ဇြန္ ၂၅

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လြိဳင္လင္ၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း (၃ဝဝဝ) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆး ျပားမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွသတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ (ဇြန္လ ၂၁ ရက္)၊ ညေန ၃နာရီအခ်ိန္တြင္ လြိဳင္လင္ၿမိဳ႕နယ္၊ လြိဳင္လင္-ေတာင္ႀကီးသြားကားလမ္း၊ ဟိုတင့္ေက်း႐ြာအနီးတြင္ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ အဆိုပါေက်း႐ြာအနီးတြင္ လြိဳင္လင္မွ ေတာင္ႀကီးဘက္သို႔ အိုက္ဆန္ေမာင္းႏွင္လာသည့္ Super Custom ကားကို သတင္းအရ စစ္ေဆးရွာေဖြခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ရွာေဖြခဲ့ရာ အဆိုပါကားေပၚတြင္ ေဒသကာလတန္ဖိုးေငြက်ပ္သိန္း(၃ဝဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁ဝ)သိန္းကို သိမ္ဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္ဆည္းရမိေသာ အဆိုပါစိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား ကြန္ဟိန္းၿမိဳ႕နယ္၊ ကာလိၿမိဳ႕မွ ဟိုကုံးၿမိဳ႕သို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎အား ဥပေဒအရအေရးယူထားၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.