ပြည်တွင်းထုတ် စားသောက်ကုန်၊ လူသုံးကုန် နှင့် အလှကုန် အမျိုးပေါင်း (၄ဝဝဝ)ကျော်ကို ဓာတ်ခွဲစစ်ဆေးမည်

 1339

ပုံစာ - ပြည်တွင်း၌ရောင်းချနေသည့် စားသောက်ကုန်၊ လူသုံးကုန် နှင့် အလှကုန်အချို့အား တွေ့ရစဉ်

NP News - ဇွန် ၂၅

စားသုံးသူများနှင့် သုံးစွဲသူ ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းရှိ အသေးစားအဆင့် လုပ်ငန်းရှင်များက တနိုင်တပိုင် ထုတ်လုပ်ရောင်းချနေသည့် စားသောက်ကုန် ၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်း အမျိုးအမည်ပေါင်း (၄,၃၃ဝ)ကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးသွားမည်ဖြစ်ကြောင်း အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဓာတ်ခွဲစမ်းသပ် စစ်ဆေးမည့် ကုန်စည်များတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် စားသောက်ကုန် အမျိုးအစား ၃,၃၆၅ ခု၊ လူသုံးကုန် ၈၅ဝ ခု နှင့် အလှကုန် အမျိုးအစား ၁၁၅ ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလမှစတင်ပြီး သက်ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေး အရေးယူခြင်းများ လျော့ကျသွားသည့်အတွက် အွန်လိုင်းမှတဆင့် သုံးစွဲရန် မသင့်သည့် စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ဆေးဝါးများ ရောင်းချမှုအများအပြားရှိလာနိုင်ကြောင်းသိရသည်။

"ဒီအန္တရာယ်ရှိတဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ အလှကုန်‌တွေ ၊ လူသုံးကုန်တွေက တော်တော်လေးကို အွန်လိုင်းမှာ ရောင်းချလာတာတွေလဲ တွေ့ရပါတယ်။ အဲဒီအတွက်တော့ ကျန်းမာရေးဝန်ကြီးဌာနတို့ ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီးတော့ ပိုပြီး ကြပ်ကြပ်မတ်မတ်လေး အရေးယူဖို့လိုပါတယ်"ဟု စားသုံးသူကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။

ယခုအချိန်တွင် ပြည်တွင်းမှ ထုတ်လုပ်သည့် လူသုံးကုန်များ၌ သဘာဝဆန်သည့် ပစ္စည်းများ များပြားနေသော်လည်း စားသောက်ကုန် အများစုသည် အန္တရာယ်ရှိသည့် ပစ္စည်း‌များအဖြစ် ရှိနေဆဲဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂ဝ၂၃ -၂ဝ၂၄ ဘဏ္ဍာနှစ် ဧပြီလမှ မေလကုန်အထိ ပြည်တွင်းလုပ်ငန်းရှင်များ တနိုင်တပိုင် ထုတ်လုပ်ရောင်းချနေသည့် စား သောက်ကုန် ၆၂ဝ ခု၊ လူသုံးကုန် ၁၁၃ ခု၊ အလှကုန် ၁၅ ခု ၊ စုစုပေါင်း ကုန်ပစ္စည်း ၇၄၈ ခုကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ - ၂ဝ၂၃ ဘဏ္ဍာနှစ်တွင်လည်း စားသောက်ကုန် ၄,၇ဝ၄ ခု ၊ လူသုံးကုန် ၁,၁၃၅ ခုနှင့်အလှကုန် ၁၉၃ ခု စုစုပေါင်း ကုန်ပစ္စည်း ၆,ဝ၃၂ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္တြင္းထုတ္ စားေသာက္ကုန္၊ လူသုံးကုန္ ႏွင့္ အလွကုန္ အမ်ိဳးေပါင္း (၄ဝဝဝ)ေက်ာ္ကို ဓာတ္ခြဲစစ္ေဆးမည္
NP News - ဇြန္ ၂၅

စားသုံးသူမ်ားႏွင့္ သုံးစြဲသူ ျပည္သူမ်ား ေဘးအႏၲရာယ္ကင္းေစရန္ ယခုဘ႑ာႏွစ္အတြင္း ျပည္တြင္းရွိ အေသးစားအဆင့္ လုပ္ငန္းရွင္မ်ားက တႏိုင္တပိုင္ ထုတ္လုပ္ေရာင္းခ်ေနသည့္ စားေသာက္ကုန္ ၊ လူသုံးကုန္ႏွင့္ အလွကုန္ပစၥည္း အမ်ိဳးအမည္ေပါင္း (၄,၃၃ဝ)ကို ဓာတ္ခြဲစမ္းသပ္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း အေသးစား စက္မႈလက္မႈလုပ္ငန္း ဦးစီးဌာနမွ သိရသည္။

ဓာတ္ခြဲစမ္းသပ္ စစ္ေဆးမည့္ ကုန္စည္မ်ားတြင္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၌ မွတ္ပုံတင္ထားသည့္ စားေသာက္ကုန္ အမ်ိဳးအစား ၃,၃၆၅ ခု၊ လူသုံးကုန္ ၈၅ဝ ခု ႏွင့္ အလွကုန္ အမ်ိဳးအစား ၁၁၅ ခု ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ကိုဗစ္ကာလမွစတင္ၿပီး သက္ဆိုင္ရာမွ ဖမ္းဆီးစစ္ေဆး အေရးယူျခင္းမ်ား ေလ်ာ့က်သြားသည့္အတြက္ အြန္လိုင္းမွတဆင့္ သုံးစြဲရန္ မသင့္သည့္ စားေသာက္ကုန္မ်ား၊ လူသုံးကုန္မ်ား၊ ေဆးဝါးမ်ား ေရာင္းခ်မႈအမ်ားအျပားရွိလာႏိုင္ေၾကာင္းသိရသည္။

"ဒီအႏၲရာယ္ရွိတဲ့ စားေသာက္ကုန္၊ ေဆးဝါးနဲ႔ အလွကုန္‌ေတြ ၊ လူသုံးကုန္ေတြက ေတာ္ေတာ္ေလးကို အြန္လိုင္းမွာ ေရာင္းခ်လာတာေတြလဲ ေတြ႕ရပါတယ္။ အဲဒီအတြက္ေတာ့ က်န္းမာေရးဝန္ႀကီးဌာနတို႔ ၊ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနတို႔ ပူးေပါင္းၿပီးေတာ့ ပိုၿပီး ၾကပ္ၾကပ္မတ္မတ္ေလး အေရးယူဖို႔လိုပါတယ္"ဟု စားသုံးသူကာကြယ္ေရးအသင္းမွ ဦးဗအုပ္ခိုင္က ေျပာသည္။

ယခုအခ်ိန္တြင္ ျပည္တြင္းမွ ထုတ္လုပ္သည့္ လူသုံးကုန္မ်ား၌ သဘာဝဆန္သည့္ ပစၥည္းမ်ား မ်ားျပားေနေသာ္လည္း စားေသာက္ကုန္ အမ်ားစုသည္ အႏၲရာယ္ရွိသည့္ ပစၥည္း‌မ်ားအျဖစ္ ရွိေနဆဲျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။

အေသးစား စက္မႈလက္မႈလုပ္ငန္း ဦးစီးဌာနအေနျဖင့္ ယခုဘ႑ာႏွစ္ျဖစ္သည့္ ၂ဝ၂၃ -၂ဝ၂၄ ဘ႑ာႏွစ္ ဧၿပီလမွ ေမလကုန္အထိ ျပည္တြင္းလုပ္ငန္းရွင္မ်ား တႏိုင္တပိုင္ ထုတ္လုပ္ေရာင္းခ်ေနသည့္ စား ေသာက္ကုန္ ၆၂ဝ ခု၊ လူသုံးကုန္ ၁၁၃ ခု၊ အလွကုန္ ၁၅ ခု ၊ စုစုေပါင္း ကုန္ပစၥည္း ၇၄၈ ခုကို ဓာတ္ခြဲစမ္းသပ္ စစ္ေဆးေပးခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂၂ - ၂ဝ၂၃ ဘ႑ာႏွစ္တြင္လည္း စားေသာက္ကုန္ ၄,၇ဝ၄ ခု ၊ လူသုံးကုန္ ၁,၁၃၅ ခုႏွင့္အလွကုန္ ၁၉၃ ခု စုစုေပါင္း ကုန္ပစၥည္း ၆,ဝ၃၂ ခုကို ဓာတ္ခြဲစမ္းသပ္စစ္ေဆးေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.