ရန်ကုန်ရှိ ဆေးတက္ကသိုလ်(၂)တွင်ဖွင့်လှစ်မည့် ဆေးပညာဒီပလိုမာသင်တန်းနှင့် ဆေးပညာမဟာသိပ္ပံသင်တန်း ဘွဲ့လွန်သင်တန်းများအတွက် သင်တန်းသားများခေါ်ယူ

 804

စော (NP News) - ဇွန် ၂၅

၂ဝ၂၄ ပညာသင်နှစ်အတွက် ဆေးပညာဒီပလိုမာသင်တန်းနှင့် ဆေးပညာမဟာသိပ္ပံသင်တန်း ဘွဲ့လွန် သင်တန်းများဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားများခေါ်ယူနေကြောင်း သိရသည်။

ရန်ကုန်ရှိ ဆေးတက္ကသိုလ် (၂)မှ ယမန်နေ့(ဇွန်လ ၂၄ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ် သည်။

ဆေးပညာဒီပလိုမာသင်တန်းတွင် ဆေးလက်တွေ့ဆိုင်ရာဆေးဝါးဗေဒ ဒီပလိုမာအတွက် သင်တန်းကာ လ (၁)နှစ်ကြာမြင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ဆေးပညာမဟာသိပ္ပံသင်တန်းတွင် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ၊ ဆေးဝါးဗေဒအပြင် ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာတို့အတွက် သင်တန်းကာလ (၂)နှစ်ဖြစ်ကြောင်း သိရသည်။

အလားတူ အဏုဇီဝဗေဒ၊ ရောဂါဗေဒ၊ ဥပဒေရေးရာဆေးပညာ၊ နား၊နှာခေါင်း၊ လည်ခေါင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုပညာ၊ မေ့ဆေးပညာ၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာနှင့် အရေပြားရောဂါပညာတို့ကိုလည်း သင်တန်းကာလ (၃)နှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မျက်စိရောဂါပညာ၊ စိတ်ကျန်းမာပညာ၊ အရေးပေါ်ကုသမှုဆေးပညာ၊ ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ ကလေးကျန်းမာပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာ၊ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း ခွဲစိတ်ကုပညာတို့ကို သင်တန်းကာလ (၃)နှစ် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ဆေးပညာမဟာသိပ္ပံသင်တန်းတွင် နှလုံးနှင့်သွေးကြောခွဲစိတ်ပညာ၊ အရိုးရောဂါပညာနှင့် ဓာတ်မှန်ပညာ သင်တန်းအတွက် သင်တန်းကာလ (၄)နှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

လျှောက်ထားလိုသူများသည် M.B.B.S ဘွဲ့ သို့မဟုတ် မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုထားသည့် အလားတူဘွဲ့ရရှိပြီးသူ ဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင်‌ လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာပိတ်သည့်ရက်တွင် ဒီပလိုမာသင်တန်းအတွက် အသက်(၅ဝ)ထက် မကျော်လွန်သူဖြစ်ရန်လိုကြောင်း သိရသည်။

အလားတူ မဟာသိပ္ပံသင်တန်းများအတွက်လည်း လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၄၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုကြောင်း သိရသည်။

လျှောက်လွာပိတ်ရက်သည် ဩဂုတ်လ( ၄)ရက်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲစစ်ဆေးမည့်ရက်သည်အောက်တို ဘာလ(၆)ရက်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို သက်ဆိုင်ရာဌာနဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး (ညွှန်ကြားရေးမှူးချုပ်/ဦးဆောင်ညွှန်ကြားရေးမှူး)မှတဆင့်လျှောက်ထားရမည်ဖြစ်ပြီး ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ရွိ ေဆးတကၠသိုလ္(၂)တြင္ဖြင့္လွစ္မည့္ ေဆးပညာဒီပလိုမာသင္တန္းႏွင့္ ေဆးပညာမဟာသိပၸံသင္တန္း ဘြဲ႕လြန္သင္တန္းမ်ားအတြက္ သင္တန္းသားမ်ားေခၚယူ


ေစာ (NP News) - ဇြန္ ၂၅

၂ဝ၂၄ ပညာသင္ႏွစ္အတြက္ ေဆးပညာဒီပလိုမာသင္တန္းႏွင့္ ေဆးပညာမဟာသိပၸံသင္တန္း ဘြဲ႕လြန္ သင္တန္းမ်ားဖြင့္လွစ္မည္ျဖစ္ၿပီး သင္တန္းသားမ်ားေခၚယူေနေၾကာင္း သိရသည္။

ရန္ကုန္ရွိ ေဆးတကၠသိုလ္ (၂)မွ ယမန္ေန႔(ဇြန္လ ၂၄ ရက္)တြင္ အထက္ပါကဲ့သို႔ေၾကညာထားျခင္းျဖစ္ သည္။

ေဆးပညာဒီပလိုမာသင္တန္းတြင္ ေဆးလက္ေတြ႕ဆိုင္ရာေဆးဝါးေဗဒ ဒီပလိုမာအတြက္ သင္တန္းကာ လ (၁)ႏွစ္ၾကာျမင့္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ထို႔ျပင္ ေဆးပညာမဟာသိပၸံသင္တန္းတြင္ ခႏၶာေဗဒ၊ ဇီဝကမၼေဗဒ၊ ဇီဝဓာတုေဗဒ၊ ေဆးဝါးေဗဒအျပင္ ကာကြယ္ေရးႏွင့္ အပူပိုင္းေဆးပညာတို႔အတြက္ သင္တန္းကာလ (၂)ႏွစ္ျဖစ္ေၾကာင္း သိရသည္။

အလားတူ အဏုဇီဝေဗဒ၊ ေရာဂါေဗဒ၊ ဥပေဒေရးရာေဆးပညာ၊ နား၊ႏွာေခါင္း၊ လည္ေခါင္း၊ ဦးေခါင္းႏွင့္ လည္ပင္းခြဲစိတ္ကုပညာ၊ ေမ့ေဆးပညာ၊ ကိုယ္အဂၤါျပန္လည္သန္စြမ္းေရးေဆးပညာႏွင့္ အေရျပားေရာဂါပညာတို႔ကိုလည္း သင္တန္းကာလ (၃)ႏွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ မ်က္စိေရာဂါပညာ၊ စိတ္က်န္းမာပညာ၊ အေရးေပၚကုသမႈေဆးပညာ၊ ေဆးပညာ၊ ခြဲစိတ္ကုပညာ၊ သားဖြားမီးယပ္ပညာ၊ ကေလးက်န္းမာပညာ၊ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာခြဲစိတ္ကုပညာ၊ ေက်ာက္ကပ္ႏွင့္ဆီးလမ္းေၾကာင္း ခြဲစိတ္ကုပညာတို႔ကို သင္တန္းကာလ (၃)ႏွစ္ သင္ၾကားမည္ျဖစ္ေၾကာင္း သိရသည္။

ေဆးပညာမဟာသိပၸံသင္တန္းတြင္ ႏွလုံးႏွင့္ေသြးေၾကာခြဲစိတ္ပညာ၊ အ႐ိုးေရာဂါပညာႏွင့္ ဓာတ္မွန္ပညာ သင္တန္းအတြက္ သင္တန္းကာလ (၄)ႏွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ေလွ်ာက္ထားလိုသူမ်ားသည္ M.B.B.S ဘြဲ႕ သို႔မဟုတ္ ျမန္မာႏိုင္ငံေဆးေကာင္စီမွ အသိအမွတ္ျပဳထားသည့္ အလားတူဘြဲ႕ရရွိၿပီးသူ ျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ျပင္‌ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေလွ်ာက္လႊာပိတ္သည့္ရက္တြင္ ဒီပလိုမာသင္တန္းအတြက္ အသက္(၅ဝ)ထက္ မေက်ာ္လြန္သူျဖစ္ရန္လိုေၾကာင္း သိရသည္။

အလားတူ မဟာသိပၸံသင္တန္းမ်ားအတြက္လည္း ေလွ်ာက္လႊာပိတ္သည့္ရက္တြင္ အသက္(၄၅)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရန္လိုေၾကာင္း သိရသည္။

ေလွ်ာက္လြာပိတ္ရက္သည္ ဩဂုတ္လ( ၄)ရက္ျဖစ္ၿပီး ဝင္ခြင့္စာေမးပြဲစစ္ေဆးမည့္ရက္သည္ေအာက္တို ဘာလ(၆)ရက္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို သက္ဆိုင္ရာဌာနဝန္ထမ္းအဖြဲ႕အစည္းအႀကီးအမႉး (ၫႊန္ၾကားေရးမႉးခ်ဳပ္/ဦးေဆာင္ၫႊန္ၾကားေရးမႉး)မွတဆင့္ေလွ်ာက္ထားရမည္ျဖစ္ၿပီး ဝန္ထမ္းအဖြဲ႕အစည္းအႀကီးအမႉး၏ ေထာက္ခံခ်က္ပါရွိရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.