မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြည်ပနိုင်ငံများ နှင့် အဖွဲ့အစည်းများက လှူဒါန်းသည့် ငွေပမာဏများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာ

 700

စော (NP News) - ဇွန် ၂၇

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများက လှူဒါန်းသည့် ငွေပမာဏများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့(ဇွန်လ ၂၇ ရက်)၊ ညနေပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂ဝ၂၃ ခုနှစ် မေလအတွင်းဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေးသင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းမှုကို လက်ခံရရှိခဲ့ကြကြောင်းသိရသည်။

၎င်းတို့အနေဖြင့် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ တစ်ဆင့် ပြည်ပနိုင်ငံများရှိ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းတို့အား အလှူခံသွားရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် မေလ(၂၆)ရက်မှ ယနေ့ ဇွန်လ (၂၇)ရက်အထိ နိုင်ငံရေးဝန်ကြီးဌာနတွင် လက်ခံရရှိခဲ့သော အလှူငွေစာရင်းများကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာသံရုံးသို့ လှူဒါန်းခဲ့သော နိုင်ငံခြားငွေ စုစုပေါင်း ယူရို ( ၂၇၅ဝ )၊ စတာလင်ပေါင် (၉၉ဝ) ၊ ရူဘယ်(၁၅ဝဝဝဝ) နှင့် အမေရိကန်ဒေါ်လာ (၁၃၂ဝဝ)တို့ကို လာရောက်လှူဒါန်းခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ယွမ် (၁ဝဝဝဝ) ၊ စင်ကာပူဒေါ်လာ( ၃၄၄ဝဝ) ၊ အိန္ဒိယရူပီး (၁၇၅ဝဝဝ) ၊ ထိုင်းဘတ်( ၂၃ဝဝဝ) နှင့် ကျပ်(၁၇၆၁၆၇ဝဝ) တို့ကိုလည်း သက်ဆိုင်ရာသံရုံးများမှ လက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ငွေစာရင်းဌာနသို့ တိုက်ရိုက်လွှဲပြောင်း လှူဒါန်းသည့် စုစုပေါင်း ယန်းငွေ (၂၁၃၇၈၅ဝဝ) နှင့် ငွေကျပ် (၂၅၇ဝဝ၅၂ဝဝ)တို့ကိုလည်း လက်ခံရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံး၌ ငွေကျပ်ဘီလျံ (၅ဝဝ)ကျော် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

zawgyi version
မုန္တိုင္းဒဏ္သင့္ေဒသမ်ားအတြက္ ျပည္ပႏိုင္ငံမ်ား ႏွင့္ အဖြဲ႕အစည္းမ်ားက လႉဒါန္းသည့္ ေငြပမာဏမ်ားကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေၾကညာ

ေစာ (NP News) - ဇြန္ ၂၇

မုန္တိုင္းဒဏ္သင့္ေဒသမ်ားအတြက္ ျပည္ပႏိုင္ငံမ်ားႏွင့္ အဖြဲ႕အစည္းမ်ားက လႉဒါန္းသည့္ ေငြပမာဏမ်ားကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေၾကညာခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ယေန႔(ဇြန္လ ၂၇ ရက္)၊ ညေနပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ ၂ဝ၂၃ ခုႏွစ္ ေမလအတြင္းျဖစ္ပြားခဲ့ေသာ ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ေလေဘးသင့္ခဲ့ရသည့္ ေဒသမ်ားတြင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္အတြက္ အလႉေငြမ်ား လႉဒါန္းမႈကို လက္ခံရရွိခဲ့ၾကေၾကာင္းသိရသည္။

၎တို႔အေနျဖင့္ ျမန္မာသံ႐ုံး၊ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕႐ုံးႏွင့္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးတို႔မွ တစ္ဆင့္ ျပည္ပႏိုင္ငံမ်ားရွိ အစိုးရအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားႏွင့္ ျပည္ပေရာက္ ျမန္မာအသိုင္းအဝိုင္းတို႔အား အလႉခံသြားရန္ ေဆာင္႐ြက္ခဲ့ၾကေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၿပီးခဲ့သည့္ ေမလ(၂၆)ရက္မွ ယေန႔ ဇြန္လ (၂၇)ရက္အထိ ႏိုင္ငံေရးဝန္ႀကီးဌာနတြင္ လက္ခံရရွိခဲ့ေသာ အလႉေငြစာရင္းမ်ားကို အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျပည္ပႏိုင္ငံမ်ားမွ သက္ဆိုင္ရာသံ႐ုံးသို႔ လႉဒါန္းခဲ့ေသာ ႏိုင္ငံျခားေငြ စုစုေပါင္း ယူ႐ို ( ၂၇၅ဝ )၊ စတာလင္ေပါင္ (၉၉ဝ) ၊ ႐ူဘယ္(၁၅ဝဝဝဝ) ႏွင့္ အေမရိကန္ေဒၚလာ (၁၃၂ဝဝ)တို႔ကို လာေရာက္လႉဒါန္းခဲ့ၾကေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ျပင္ ယြမ္ (၁ဝဝဝဝ) ၊ စင္ကာပူေဒၚလာ( ၃၄၄ဝဝ) ၊ အိႏၵိယ႐ူပီး (၁၇၅ဝဝဝ) ၊ ထိုင္းဘတ္( ၂၃ဝဝဝ) ႏွင့္ က်ပ္(၁၇၆၁၆၇ဝဝ) တို႔ကိုလည္း သက္ဆိုင္ရာသံ႐ုံးမ်ားမွ လက္ခံရရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အလားတူ ေငြစာရင္းဌာနသို႔ တိုက္႐ိုက္လႊဲေျပာင္း လႉဒါန္းသည့္ စုစုေပါင္း ယန္းေငြ (၂၁၃၇၈၅ဝဝ) ႏွင့္ ေငြက်ပ္ (၂၅၇ဝဝ၅၂ဝဝ)တို႔ကိုလည္း လက္ခံရရွိခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

မိုခါမုန္တိုင္းဒဏ္ေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံး၌ ေငြက်ပ္ဘီလ်ံ (၅ဝဝ)ေက်ာ္ ပ်က္စီးဆုံးရႈံးမႈျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

Picture

My Mine

27/06/2023 18:12

အာရှအင်အားကြီးတွေပဲ...လိုအပ်နေတာပါ..

Related news

© 2021. All rights reserved.