မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ပိန္နဲသီးတက်ခူးရာမှ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား

 2188

စော (NP News) - ဇွန် ၂၇

မလေးရှားနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသားအမျိုးသားတစ်ဦး ပိန္နဲသီးတက်ခူးရာမှ အပင်ပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်တွင် ဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးအလှူရှင်များအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံ၊ ချဲရတ်မြို့၊ ယူလစ်တွင်‌ နေထိုင်သည့် ကိုမင်းမင်းဦးသည် ပိန္နဲသီးတက်ခူးရာမှလမ်းဘေးရှိမြောင်းထဲသို့ပြုတ်ကျခဲ့ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ဦးမင်းမင်းဦးတွင် ဦးခေါင်းသွေးထွက်လွန်ကာ ဆေးရုံသို့ ရောက်ခါနီး၌သေဆုံးသွားကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ၎င်း၏အလုပ်ပိတ်ရက်တွင် လမ်းဘေး၌ပေါက်နေသည့် သစ်ပင်ပေါ်မှ သစ်သီးများအား ခူးယူကာ အိမ်နီးနားချင်းများအား ပေးလေ့ရှိကြောင်း အထက်ပါအသင်းထံမှ သိရသည်။

သေဆုံးသူသည် အသက်(၂၉)နှစ်အရွယ် ကိုမင်းမင်းဦးဖြစ်ပြီး ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်တွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

zawgyi version
မေလးရွားႏိုင္ငံတြင္ ျမန္မာႏိုင္ငံသားတစ္ဦး ပိႏၷဲသီးတက္ခူးရာမွ ျပဳတ္က် ေသဆုံးမႈျဖစ္ပြား

ေစာ (NP News) - ဇြန္ ၂၇

မေလးရွားႏိုင္ငံတြင္ ေနထိုင္သည့္ ျမန္မာႏိုင္ငံသားအမ်ိဳးသားတစ္ဦး ပိႏၷဲသီးတက္ခူးရာမွ အပင္ေပၚမွ ျပဳတ္က်ကာ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ(၂၅)ရက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ႏွလုံးလွပရဟိတလူငယ္မ်ားေသြးအလႉရွင္မ်ားအဖြဲ႕မွ အသိေပးထုတ္ျပန္ထားသည္။

မေလးရွားႏိုင္ငံ၊ ခ်ဲရတ္ၿမိဳ႕၊ ယူလစ္တြင္‌ ေနထိုင္သည့္ ကိုမင္းမင္းဦးသည္ ပိႏၷဲသီးတက္ခူးရာမွလမ္းေဘးရွိေျမာင္းထဲသို႔ျပဳတ္က်ခဲ့ၿပီး ဦးေခါင္းတြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ေၾကာင့္ ဦးမင္းမင္းဦးတြင္ ဦးေခါင္းေသြးထြက္လြန္ကာ ေဆး႐ုံသို႔ ေရာက္ခါနီး၌ေသဆုံးသြားေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားသည္ ၎၏အလုပ္ပိတ္ရက္တြင္ လမ္းေဘး၌ေပါက္ေနသည့္ သစ္ပင္ေပၚမွ သစ္သီးမ်ားအား ခူးယူကာ အိမ္နီးနားခ်င္းမ်ားအား ေပးေလ့ရွိေၾကာင္း အထက္ပါအသင္းထံမွ သိရသည္။

ေသဆုံးသူသည္ အသက္(၂၉)ႏွစ္အ႐ြယ္ ကိုမင္းမင္းဦးျဖစ္ၿပီး ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္၊ အင္းတေကာ္တြင္ ေနထိုင္ခဲ့သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.