ကျောင်းသား/သူ (၂ဝဝ)နီးပါး ပညာသင်ယူနေသည့် အခြေခံပညာကျောင်းအား PDF အဖွဲ့က မီးရှို့ခြိမ်းခြောက်

 5790

NP News - ဇွန် ၂၇

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ(၂ဝဝ)နီးပါး ပညာသင်ယူနေသည့် အခြေခံပညာ မူလတန်းလွန်ကျောင်းကို PDF အဖွဲ့က မီးရှို့ကာခြိမ်းခြောက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်၊ နံနက် ၅ နာရီခွဲအချိန်တွင် တောင်ငူမြို့နယ်၊ မွန်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရှိသည်။

အဆိုပါကျောင်းအတွင်းသို့ PDF အဖွဲ့မှရောက်ရှိလာပြီး မီးရှို့ကာခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ထိုသို့မီးရှို့ခံရမှုကြောင့် ဆဋ္ဌမတန်း စာသင်ခန်း၏တံခါးရွက်၊ KG တန်း စာသင်ခန်း၏ တံခါးဘေးနှင့် အုတ်နံရံအပြင်ဘက်တို့တွင် မီးမလောင်ခဲ့သော်လည်း မီးမှိုင်းစွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ် ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါကျောင်း၌ ကျောင်းဆရာ၊ ဆရာမ(၅)ဦးက ကျောင်းသား၊ ကျောင်းသူ(၁၉၆)ဦးကို ပညာသင်ကြားပေးလျက်ရှိကြောင်းလည်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ေက်ာင္းသား/သူ (၂ဝဝ)နီးပါး ပညာသင္ယူေနသည့္ အေျခခံပညာေက်ာင္းအား PDF အဖြဲ႕က မီးရႈိ႕ၿခိမ္းေျခာက္

NP News - ဇြန္ ၂၇

ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္ရွိ ေက်ာင္းသား၊ ေက်ာင္းသူ(၂ဝဝ)နီးပါး ပညာသင္ယူေနသည့္ အေျခခံပညာ မူလတန္းလြန္ေက်ာင္းကို PDF အဖြဲ႕က မီးရႈိ႕ကာၿခိမ္းေျခာက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၅ ရက္၊ နံနက္ ၅ နာရီခြဲအခ်ိန္တြင္ ေတာင္ငူၿမိဳ႕နယ္၊ မြန္ကုန္းေက်း႐ြာရွိ အေျခခံပညာမူလတန္းလြန္ေက်ာင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရွိသည္။

အဆိုပါေက်ာင္းအတြင္းသို႔ PDF အဖြဲ႕မွေရာက္ရွိလာၿပီး မီးရႈိ႕ကာၿခိမ္းေျခာက္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ထိုသို႔မီးရႈိ႕ခံရမႈေၾကာင့္ ဆ႒မတန္း စာသင္ခန္း၏တံခါး႐ြက္၊ KG တန္း စာသင္ခန္း၏ တံခါးေဘးႏွင့္ အုတ္နံရံအျပင္ဘက္တို႔တြင္ မီးမေလာင္ခဲ့ေသာ္လည္း မီးမႈိင္းစြဲမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ပါဝင္ပတ္သက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

လက္ရွိတြင္ အဆိုပါေက်ာင္း၌ ေက်ာင္းဆရာ၊ ဆရာမ(၅)ဦးက ေက်ာင္းသား၊ ေက်ာင္းသူ(၁၉၆)ဦးကို ပညာသင္ၾကားေပးလ်က္ရွိေၾကာင္းလည္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.