မြန်မာနိုင်ငံနယ်စပ်တွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် မယ်ဟောင်ဆန်ဒေသတွင် မြန်မာဒုက္ခသည်(၅ဝဝဝ)နီးပါး လာရောက်ခိုလှုံနေဟု ထိုင်းအာဏာပိုင်များပြော

 512

Pika (NP News) - ဇွန် ၂၇

မြန်မာနိုင်ငံ ကယားပြည်နယ်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ထိုင်း-မြန်မာနယ်စပ်ဒေသတစ်ခုဖြစ်သော ထိုင်းနိုင်ငံ မယ်ဟောင်ဆန် ဒေသတွင် မြန်မာနိုင်ငံသား(၄၈ဝဝ)နီးပါး ခိုလှုံနေရကြောင်း ထိုင်းအာဏာပိုင်များ က ပြောကြားခဲ့သည်။

တိုက်ပွဲများသည် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ Mae Sariang ခရိုင်Sao Hin ရွာနှင့် Khun Yuam ခရိုင် Mae Ngao ရွာတစ်ဖက်ခြမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ဒေသတွင် ကယ်ဆယ် ရေးစခန်းလေးခု ဖွင့်လှစ်ထာားပြီး မြန်မာနိုင်ငံသား(၄၇၉၈)ဦး ခိုလှုံနေထိုင်ကြောင်း သိရသည်။

မယ်ဟောင်ဆန်ဒေသခံများမှ လှူဒါန်းသော ရေနှင့်၊အစားအစာနှင့် အခြားလိုအပ်သော အထောက်အပံ့များကို ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ထိုင်းကြက်ခြေနီအသင်းတို့က မြန်မာဒုက္ခသည်များကို သွားရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။ အကူအညီပေးမှုများ၏ နောက်ဆုံးအသုတ်သည် ဇွန်လ(၂၆)ရက်က ရောက်ရှိခဲ့ပြီး ကယ်ဆယ်ရေးစခန်းလေးခုရှိ မြန်မာဒုက္ခသည်များကို ရိက္ခာ၊ ရေ နှင့် အဝတ်အထည်များကို လုံလောက်စွာ ပေးဝေ သွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မယ်ဟောင်ဆန်ဒေသရှိ ကြက်ခြေနီရုံးများသည် Mae Sariang ခရိုင်နှင့် Khun Yuam ခရိုင်ရှိ ရုံးများသို့ အကူအညီများပေးပို့ပေးရန် အလှူငွေများ တောင်းခံလျက်ရှိကြောင်း သိရသည်။ အခြေအနေများ မတည်ငြိမ်သေး သရွေ့ အဆိုပါကယ်ဆယ်ရေးစခန်းများသို့ အပတ်စဉ်လိုအပ်သော အထောက်အပံ့များပေးအပ်သွားရန် စီစဉ်နေ ကြောင်း Saphan Boon Khru Nueng ပရဟိတအဖွဲ့ကို တည်ထောင်သူ Chartchai Noisakul က ပြောကြားခဲ့သည်။

ထိုင်း-မြန်မာနယ်ခြားစောင့်တပ်ဖွဲ့များသည် ကယ်ဆယ်ရေးစခန်းလေးခုတွင် မိလ္လာစနစ်များ တည်ဆောက်ရန် နှင့် စီမံခန့်ခွဲရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချထားပေးခဲ့ကြောင်း သိရသည်။ စေတနာ့ဝန်ထမ်းများသည် ရေစနစ်များ အတွက် လုပ်ဆောင်နေချိန်တွင် ထိုင်းဘုရင့်တပ်မတော် အမှတ်(၃၆)မှစစ်သားများကို ရေတွင်းများတူးရန် နှင့် အမှိုက်ပစ်သောနေရာများ ပြုလုပ်ပေးရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

ထို့အပြင် လုံခြုံရေးစစ်ဆေးရေးဂိတ်များကိုလည်း ပိုမိုတည်ဆောက်ထားပြီး အခြေအနေများကို စောင့်ကြည့် အကဲဖြတ်ရန် နှင့် နေ့စဉ်အစည်းအဝေးပွဲများ ကျင်းပရန် တာဝန်ပေးထားကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံနယ္စပ္တြင္ျဖစ္ပြားေသာတိုက္ပြဲမ်ားေၾကာင့္ မယ္ေဟာင္ဆန္ေဒသတြင္ ျမန္မာဒုကၡသည္(၅ဝဝဝ)နီးပါး လာေရာက္ခိုလႈံေနဟု ထိုင္းအာဏာပိုင္မ်ားေျပာ
Pika (NP News) - ဇြန္ ၂၇

ျမန္မာႏိုင္ငံ ကယားျပည္နယ္တြင္ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားၾကား တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနသျဖင့္ ထိုင္း-ျမန္မာနယ္စပ္ေဒသတစ္ခုျဖစ္ေသာ ထိုင္းႏိုင္ငံ မယ္ေဟာင္ဆန္ ေဒသတြင္ ျမန္မာႏိုင္ငံသား(၄၈ဝဝ)နီးပါး ခိုလႈံေနရေၾကာင္း ထိုင္းအာဏာပိုင္မ်ား က ေျပာၾကားခဲ့သည္။

တိုက္ပြဲမ်ားသည္ ထိုင္း-ျမန္မာနယ္စပ္တစ္ေလွ်ာက္ရွိ Mae Sariang ခ႐ိုင္Sao Hin ႐ြာႏွင့္ Khun Yuam ခ႐ိုင္ Mae Ngao ႐ြာတစ္ဖက္ျခမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံ မယ္ေဟာင္ဆန္ေဒသတြင္ ကယ္ဆယ္ ေရးစခန္းေလးခု ဖြင့္လွစ္ထာားၿပီး ျမန္မာႏိုင္ငံသား(၄၇၉၈)ဦး ခိုလႈံေနထိုင္ေၾကာင္း သိရသည္။

မယ္ေဟာင္ဆန္ေဒသခံမ်ားမွ လႉဒါန္းေသာ ေရႏွင့္၊အစားအစာႏွင့္ အျခားလိုအပ္ေသာ အေထာက္အပံ့မ်ားကို ေဒသဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ထိုင္းၾကက္ေျခနီအသင္းတို႔က ျမန္မာဒုကၡသည္မ်ားကို သြားေရာက္လႉဒါန္း ေပးလ်က္ရွိေၾကာင္း သိရသည္။ အကူအညီေပးမႈမ်ား၏ ေနာက္ဆုံးအသုတ္သည္ ဇြန္လ(၂၆)ရက္က ေရာက္ရွိခဲ့ၿပီး ကယ္ဆယ္ေရးစခန္းေလးခုရွိ ျမန္မာဒုကၡသည္မ်ားကို ရိကၡာ၊ ေရ ႏွင့္ အဝတ္အထည္မ်ားကို လုံေလာက္စြာ ေပးေဝ သြားမည္ျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

မယ္ေဟာင္ဆန္ေဒသရွိ ၾကက္ေျခနီ႐ုံးမ်ားသည္ Mae Sariang ခ႐ိုင္ႏွင့္ Khun Yuam ခ႐ိုင္ရွိ ႐ုံးမ်ားသို႔ အကူအညီမ်ားေပးပို႔ေပးရန္ အလႉေငြမ်ား ေတာင္းခံလ်က္ရွိေၾကာင္း သိရသည္။ အေျခအေနမ်ား မတည္ၿငိမ္ေသး သေ႐ြ႕ အဆိုပါကယ္ဆယ္ေရးစခန္းမ်ားသို႔ အပတ္စဥ္လိုအပ္ေသာ အေထာက္အပံ့မ်ားေပးအပ္သြားရန္ စီစဥ္ေန ေၾကာင္း Saphan Boon Khru Nueng ပရဟိတအဖြဲ႕ကို တည္ေထာင္သူ Chartchai Noisakul က ေျပာၾကားခဲ့သည္။

ထိုင္း-ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ႕မ်ားသည္ ကယ္ဆယ္ေရးစခန္းေလးခုတြင္ မိလႅာစနစ္မ်ား တည္ေဆာက္ရန္ ႏွင့္ စီမံခန႔္ခြဲရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ခ်ထားေပးခဲ့ေၾကာင္း သိရသည္။ ေစတနာ့ဝန္ထမ္းမ်ားသည္ ေရစနစ္မ်ား အတြက္ လုပ္ေဆာင္ေနခ်ိန္တြင္ ထိုင္းဘုရင့္တပ္မေတာ္ အမွတ္(၃၆)မွစစ္သားမ်ားကို ေရတြင္းမ်ားတူးရန္ ႏွင့္ အမႈိက္ပစ္ေသာေနရာမ်ား ျပဳလုပ္ေပးရန္ တာဝန္ေပးအပ္ထားေၾကာင္း သိရသည္။

ထို႔အျပင္ လုံၿခဳံေရးစစ္ေဆးေရးဂိတ္မ်ားကိုလည္း ပိုမိုတည္ေဆာက္ထားၿပီး အေျခအေနမ်ားကို ေစာင့္ၾကည့္ အကဲျဖတ္ရန္ ႏွင့္ ေန႔စဥ္အစည္းအေဝးပြဲမ်ား က်င္းပရန္ တာဝန္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.