ဥဇဘက်ကစ္စတန်နိုင်ငံမှာ ကလေးအယောက် ၁၉ ဦးကို အဆိပ်သင့်စေခဲ့တဲ့ အိန္ဒိယချောင်းဆိုးပျောက်ဆေးမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ရှာဖွေတွေ့ရှိ

 833

ရောင်နီ (NP News) - ဇွန် ၂၉

၂ဝ၂၂ ခုနှစ်က ဥဇဘက်ကစ္စတန် နိုင်ငံမှာ ကလေး ၁၉ ဦးကို အဆိပ်သင့်စေခဲ့တဲ့ အိန္ဒိယကလေး ချောင်းဆိုး ပျောက်ဆေးမှာ အဆိပ်သင့်စေတဲ့ propylene glycol (PG) ဓာတုပစ္စည်းများ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Marion မှ တင်သွင်းတဲ့ အိန္ဒိယချောင်းဆိုးပျောက်ဆေးများ၊ Ambronol နဲ့ DOK-1 Max မှာ လူစားသုံးဖို့ မသင့်တော် တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ diethylene glycol (DEG) နဲ့ ethylene glycol (EG) များပါဝင်နေတာကို အစိုးရရဲ့ စုံစမ်းစစ်ဆေးချက်အရ တွေ့ရပါတယ်။ အဆိုပါဆေးကို တင်သွင်းတဲ့ဆေးဝါးကုမ္ပဏီ Marion Biotech က ၎င်းဟာ ဆေးဝါးတွေကို Maya Chemtech India မှ ဝယ်ယူခဲ့ကြောင်း၊ ဒါပေမယ် Maya ရဲ့ဆေးဝါးတွေဟာ ဆေးဝါးအဆင့်သုံး လိုင်စင် မရှိတာကြောင့် စက်မှုထုတ်ဆေးဝါးအဆင့်နဲ့ပဲ ရောင်းချခဲ့ကြောင်း၊ ဆေးမှာ propylene glycol (PG) ပါရှိတာ မသိခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အဆိုပါ propylene glycol (PG) အရည်ကို စက်မှုအဆင့် PG၊ အရည်ဆပ်ပြာတွေ၊ အအေးခန်းတွေ၊ သုတ်ဆေး တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့အဆိပ်အတောက်ဖြစ်စေတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒီကိစ္စအတွက် Maya ကို စွဲချက်မတင်ရသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒေလီမြို့အခြေစိုက် Maya လက်ထောက်ဆေးဝါး ထိန်းချုပ်ရေးမှူး ဒီပက်ခ်ရှာမာက အဲဒီအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး ဒီအမှုကို ဗဟိုဆေးဝါး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ ဆေးဝါး၊ ဆေးဖက်ဝင်အပင်များ နဲ့ အလှကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားတဲ့ Marion ကုမ္ပဏီကတော့ ဒီအတွက် ၎င်းမှာ အမှားအယွင်းမှ မရှိကြောင်း ငြင်းဆိုထားပါတယ်။

အဆိုပါ ဆေးဝါးအဆိပ်သင့်မှုကြောင့် နိုင်ငံမှာ ဇန်နဝါရီလက Marion ဆေးဝါးတင်သွင်းတဲ့ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရာရှိနှစ်ဦး အပါအဝင် အဆိပ်မိသူ ၁၉ ဦးနဲ့ ဆက်စပ်သူ လူ ၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

Zawgyi Version;
ဥဇဘက္ကစၥတန္ႏိုင္ငံမွာ ကေလးအေယာက္ ၁၉ ဦးကို အဆိပ္သင့္ေစခဲ့တဲ့ အိႏၵိယေခ်ာင္းဆိုးေပ်ာက္ေဆးမွာ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတုပစၥည္းမ်ား ရွာေဖြေတြ႕ရွိ
ေရာင္နီ (NP News) - ဇြန္ ၂၉

၂ဝ၂၂ ခုႏွစ္က ဥဇဘက္ကစၥတန္ ႏိုင္ငံမွာ ကေလး ၁၉ ဦးကို အဆိပ္သင့္ေစခဲ့တဲ့ အိႏၵိယကေလး ေခ်ာင္းဆိုး ေပ်ာက္ေဆးမွာ အဆိပ္သင့္ေစတဲ့ propylene glycol (PG) ဓာတုပစၥည္းမ်ား ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

Marion မွ တင္သြင္းတဲ့ အိႏၵိယေခ်ာင္းဆိုးေပ်ာက္ေဆးမ်ား၊ Ambronol နဲ႔ DOK-1 Max မွာ လူစားသုံးဖို႔ မသင့္ေတာ္ တဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့ diethylene glycol (DEG) နဲ႔ ethylene glycol (EG) မ်ားပါဝင္ေနတာကို အစိုးရရဲ႕ စုံစမ္းစစ္ေဆးခ်က္အရ ေတြ႕ရပါတယ္။ အဆိုပါေဆးကို တင္သြင္းတဲ့ေဆးဝါးကုမၸဏီ Marion Biotech က ၎ဟာ ေဆးဝါးေတြကို Maya Chemtech India မွ ဝယ္ယူခဲ့ေၾကာင္း၊ ဒါေပမယ္ Maya ရဲ႕ေဆးဝါးေတြဟာ ေဆးဝါးအဆင့္သုံး လိုင္စင္ မရွိတာေၾကာင့္ စက္မႈထုတ္ေဆးဝါးအဆင့္နဲ႔ပဲ ေရာင္းခ်ခဲ့ေၾကာင္း၊ ေဆးမွာ propylene glycol (PG) ပါရွိတာ မသိခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

အဆိုပါ propylene glycol (PG) အရည္ကို စက္မႈအဆင့္ PG၊ အရည္ဆပ္ျပာေတြ၊ အေအးခန္းေတြ၊ သုတ္ေဆး ေတြမွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳတဲ့အဆိပ္အေတာက္ျဖစ္ေစတဲ့ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။

ဒီကိစၥအတြက္ Maya ကို စြဲခ်က္မတင္ရေသးေပမယ့္ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ေဒလီၿမိဳ႕အေျခစိုက္ Maya လက္ေထာက္ေဆးဝါး ထိန္းခ်ဳပ္ေရးမႉး ဒီပက္ခ္ရွာမာက အဲဒီအတြက္ မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့ၿပီး ဒီအမႈကို ဗဟိုေဆးဝါး အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ေဆးဝါး၊ ေဆးဖက္ဝင္အပင္မ်ား နဲ႔ အလွကုန္ပစၥည္းမ်ား ေရာင္းဝယ္ေဖာက္ကားတဲ့ Marion ကုမၸဏီကေတာ့ ဒီအတြက္ ၎မွာ အမွားအယြင္းမွ မရွိေၾကာင္း ျငင္းဆိုထားပါတယ္။

အဆိုပါ ေဆးဝါးအဆိပ္သင့္မႈေၾကာင့္ ႏိုင္ငံမွာ ဇန္နဝါရီလက Marion ေဆးဝါးတင္သြင္းတဲ့ကုမၸဏီတစ္ခုမွ အမႈေဆာင္အရာရွိႏွစ္ဦး အပါအဝင္ အဆိပ္မိသူ ၁၉ ဦးနဲ႔ ဆက္စပ္သူ လူ ၄ ဦးကို ဖမ္းဆီးခဲ့ပါတယ္။

Related news

© 2021. All rights reserved.