ငါန်းဇွန်မြို့နယ်၌ အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ပြီး ဆိုင်ကယ်နှင့်ငွေသားများ လုယက်မှုဖြစ်ပွား

 666

NP News - ဇွန် ၃ဝ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၌ အမျိုးသမီးတစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်၍ ဆိုင်ကယ်နှင့်ငွေသားအပါအဝင်အခြားပစ္စည်းများ လုယက်ယူဆောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော ဇွန်လ ၂၇ ရက်၊ မွန်းလွဲ ၃ နာရီအချိန်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကုလကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာရှိ သေဆုံးသူအမျိုးသမီးနေအိမ်သို့ PDF အဖွဲ့အင်အား (၁ဝ)ဦးခန့်က ဆိုင်ကယ် (၅)စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောဆိုထားသည်။

ထို့ပြင် နေအိမ်ရှိ လက်ကိုင်ဖုန်း (၁)လုံး၊ ရွှေနားကပ် (၂)ရံ၊ ငွေကျပ်(၁၈)သိန်းနှင့် HONDA 125 ဆိုင်ကယ်(၁)စီးတို့အား PDF အဖွဲ့မှ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံမှုကြောင့် ဒေါ်ဌေးမြင့်(၅၃)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ငါန္းဇြန္ၿမိဳ႕နယ္၌ အမ်ိဳးသမီးတစ္ဦးအား ေသနတ္ျဖင့္ပစ္သတ္ၿပီး ဆိုင္ကယ္ႏွင့္ေငြသားမ်ား လုယက္မႈျဖစ္ပြား
NP News - ဇြန္ ၃ဝ

မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၌ အမ်ိဳးသမီးတစ္ဦးကို PDF အဖြဲ႕မွ ေသနတ္ျဖင့္ပစ္သတ္၍ ဆိုင္ကယ္ႏွင့္ေငြသားအပါအဝင္အျခားပစၥည္းမ်ား လုယက္ယူေဆာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့ေသာ ဇြန္လ ၂၇ ရက္၊ မြန္းလြဲ ၃ နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ကုလေက်း႐ြာ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ အဆိုပါေက်း႐ြာရွိ ေသဆုံးသူအမ်ိဳးသမီးေနအိမ္သို႔ PDF အဖြဲ႕အင္အား (၁ဝ)ဦးခန႔္က ဆိုင္ကယ္ (၅)စီးျဖင့္ ေရာက္ရွိလာကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာဆိုထားသည္။

ထို႔ျပင္ ေနအိမ္ရွိ လက္ကိုင္ဖုန္း (၁)လုံး၊ ေ႐ႊနားကပ္ (၂)ရံ၊ ေငြက်ပ္(၁၈)သိန္းႏွင့္ HONDA 125 ဆိုင္ကယ္(၁)စီးတို႔အား PDF အဖြဲ႕မွ လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ ပစ္ခတ္ခံမႈေၾကာင့္ ေဒၚေဌးျမင့္(၅၃)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.