လားရှိုးမြို့တွင် ကား(၃)စီးနှင့်အတူ ငွေကျပ်သိန်း(၄၃ဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 461

သန့်ဇင် (NP News) - ဇွန် ၃ဝ

ရှမ်းပြည်နယ်(မြောင်ပိုင်း)၊ လားရှိုးမြို့တွင် ကား(၃)စီးနှင့်အတူ ငွေကျပ်သိန်း(၄၃ဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဇွန်လ ၂၉ ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော ဇွန်လ ၂၁ ရက်၊ ည ၉နာရီအချိန်တွင် လားရှိုးမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါရပ်ကွက်တွင် တူးနိုင်၊ ခွန်ဂျက်(ခ)လိဟောက်၊ အားချုံ(ခ)လျှို့ပိန်းချုံ၊ ယော်ကျိန်ရှန့်နှင့် လောက်ရှုံးတို့ကို ကာလတန်ဖိုး ငွေကျပ်သိန်း(၄၃ဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၆ သိန်း၊ မော်တော်ယာဉ် (၃)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရစိတ်ကြွရူးသွပ်ဆေးပြားများကို မိုင်းရယ်မှ လားရှိုးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ၎င်းတို့(၅)ဦးအား ဥပဒေအရအရေးယူထားပြီ ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


zawgyi version
လားရႈိးၿမိဳ႕တြင္ ကား(၃)စီးႏွင့္အတူ ေငြက်ပ္သိန္း(၄၃ဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

သန႔္ဇင္ (NP News) - ဇြန္ ၃ဝ

ရွမ္းျပည္နယ္(ေျမာင္ပိုင္း)၊ လားရႈိးၿမိဳ႕တြင္ ကား(၃)စီးႏွင့္အတူ ေငြက်ပ္သိန္း(၄၃ဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွသတင္းထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ဇြန္လ ၂၉ ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ဇြန္လ ၂၁ ရက္၊ ည ၉နာရီအခ်ိန္တြင္ လားရႈိးၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

အဆိုပါရပ္ကြက္တြင္ တူးႏိုင္၊ ခြန္ဂ်က္(ခ)လိေဟာက္၊ အားခ်ဳံ(ခ)လွ်ိဳ႕ပိန္းခ်ဳံ၊ ေယာ္က်ိန္ရွန႔္ႏွင့္ ေလာက္ရႈံးတို႔ကို ကာလတန္ဖိုး ေငြက်ပ္သိန္း(၄၃ဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈ ဒသမ ၆ သိန္း၊ ေမာ္ေတာ္ယာဥ္ (၃)စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရစိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို မိုင္းရယ္မွ လားရႈိးသို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔(၅)ဦးအား ဥပေဒအရအေရးယူထားၿပီ ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.