မနက်ဖြန်ဖွင့်လှစ်မည့် (၅၂)ကြိမ်မြောက် အောင်ဘာလေထီတွင် ဆုငွေကျပ်သန်း (၃၆ဝဝ)ကျော် ချီးမြှင့်မည်

 3084

စော (NP News) - ဇွန် ၃ဝ

(၅၂)ကြိမ်မြောက် ကျင်းပမည့် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း (၅ဝဝဝ)ကျော် ရရှိခဲ့ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ (ဇွန်လ ၃ဝ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ် သည်။

မနက်ဖြန်(ဇူလိုင်လ ၁ ရက်)တွင် ကျင်းပမည့် (၅၂)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို “က”အက္ခရာမှ “စ”အက္ခရာအထိ အက္ခရာ (၆)လုံးနှင့် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီလက်မှတ်များကို “ဆ”အက္ခရာမှ”ဌ”အက္ခရာအထိ အက္ခရာ (၆)လုံး စုစုပေါင်း အက္ခရာ (၁၂)လုံးဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထီလက်မှတ်ရောင်းချရသည့်ငွေသည် ကျပ်သန်း (၅၁၇၆ ဒသမ ၇ဝ၃) ရရှိထားကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ထီလက်မှတ်ရောင်းရငွေများထဲမှ (၇ဝ) ရာခိုင်နှုန်းကို ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်သည့်အတွက် ငွေကျပ်သန်း (၃၆၂၃ ဒသမ ၆၉၂) ကို ထီဆုငွေအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(၅၂)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်ချီးမြှင့်မည့် အထူးဆုသည် ငွေကျပ်သိန်း(၅ဝဝဝ)တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ)တစ်ဆုနှင့် ကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ်ကြောင်း သိရသည်။

အဆိုပါ ထီဖွင့်ပွဲကို မနက်ဖြန်(ဇူလိုင်လ ၁ ရက်) ၊ နံနက်(၈)နာရီအချိန်တွင် အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။

zawgyi version
မနက္ျဖန္ဖြင့္လွစ္မည့္ (၅၂)ႀကိမ္ေျမာက္ ေအာင္ဘာေလထီတြင္ ဆုေငြက်ပ္သန္း (၃၆ဝဝ) ေက်ာ္ ခ်ီးျမႇင့္မည္
ေစာ (NP News) - ဇြန္ ၃ဝ

(၅၂)ႀကိမ္ေျမာက္ က်င္းပမည့္ ေအာင္ဘာေလသိန္းဆုထီအတြက္ ထီလက္မွတ္ေရာင္းရေငြ က်ပ္သန္း (၅ဝဝဝ)ေက်ာ္ ရရွိခဲ့ေၾကာင္း သိရသည္။

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္ဦးစီးဌာန၊ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ယေန႔ (ဇြန္လ ၃ဝ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္ သည္။

မနက္ျဖန္(ဇူလိုင္လ ၁ ရက္)တြင္ က်င္းပမည့္ (၅၂)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုထီလက္မွတ္မ်ားကို “က”အကၡရာမွ “စ”အကၡရာအထိ အကၡရာ (၆)လုံးႏွင့္ ေအာင္ဘာေလ အြန္လိုင္းသိန္းဆု ထီလက္မွတ္မ်ားကို “ဆ”အကၡရာမွ”ဌ”အကၡရာအထိ အကၡရာ (၆)လုံး စုစုေပါင္း အကၡရာ (၁၂)လုံးျဖင့္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထီလက္မွတ္ေရာင္းခ်ရသည့္ေငြသည္ က်ပ္သန္း (၅၁၇၆ ဒသမ ၇ဝ၃) ရရွိထားေၾကာင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါ ထီလက္မွတ္ေရာင္းရေငြမ်ားထဲမွ (၇ဝ) ရာခိုင္ႏႈန္းကို ခြဲေဝခ်ီးျမႇင့္ေပးသြားမည္ျဖစ္သည့္အတြက္ ေငြက်ပ္သန္း (၃၆၂၃ ဒသမ ၆၉၂) ကို ထီဆုေငြအျဖစ္ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

(၅၂)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ အျမင့္ဆုံးေပးအပ္ခ်ီးျမႇင့္မည့္ အထူးဆုသည္ ေငြက်ပ္သိန္း(၅ဝဝဝ)တစ္ဆု၊ ေငြက်ပ္သိန္း(၂ဝဝဝ)တစ္ဆုႏွင့္ က်ပ္သိန္း(၁ဝဝဝ)တစ္ဆုျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထီဖြင့္ပြဲကို မနက္ျဖန္(ဇူလိုင္လ ၁ ရက္) ၊ နံနက္(၈)နာရီအခ်ိန္တြင္ အမွတ္(၃၈၄)၊ မဟာဗႏၶဳလလမ္းႏွင့္ (၃၇)လမ္းေထာင့္၊ ေက်ာက္တံတားၿမိဳ႕နယ္ရွိ ေအာင္ဘာေလသိန္းဆုဌာနခြဲ၊ ထီဖြင့္ပြဲခန္းမတြင္ က်င္းပသြားမည္ျဖစ္သည္။

Related news

© 2021. All rights reserved.