ထိုင်းလွှတ်တော် အသစ်အစည်းအဝေးကျင်းပနေချိန်ကာလအတွင်း တရားမဝင်ဆန္ဒပြပွဲတွေကို တားဆီးဖို့ လုံခြုံရေးတင်းကြပ်ထား

 1415

ဂျန်ဇက် (NP News) - ဇူလိုင် ၄

ဘန်ကောက်မြို့ရဲတပ်ဖွဲ့ဟာ ဒီသီတင်းပတ်အတွင်းကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးအတွင်း တရားမဝင် နိုင်ငံရေးဆန္ဒပြမှုတွေကို တားဆီးထိန်းသိမ်းနိုင်ဖို့လုံခြုံရေးတင်းကြပ်ထားပြီး မြို့အတွင်း နေရာသုံးခုမှာ ရဲဌာနချုပ် တွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဇူလိုင် ၃ ရက်နေ့က လွှတ်တော်အသစ်အစည်းအဝေး စတင်ခဲ့ပြီး၊ ပရာချာချက် ပါတီခေါင်းဆောင်ဖြစ် သော ဝမ်မူဟာမက်နိုမာကို အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် အမည်စာရင်းသွင်းကာ ရွေးချယ်နိုင်ခဲ့ပါတယ်။

ထိုင်းလွှတ်တော်အစည်းအဝေးအတွင်း ဝန်ကြီးချုပ်အသစ်ရွေးချယ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ရာ မဲအများဆုံး ရရှိထားတဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတာဝန်ကြီးချုပ် မဖြစ်လာပါက နိုင်ငံရေးဆန္ဒပြပွဲများ ဖြစ်လာမှာကို ကြိုတင်ဟန့်တားနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က စီစဉ်နေပါတယ်။ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မတူညီတဲ့အုပ်စုတွေ ထဲ နိုင်ငံရေးအမြင် သဘောထားကွဲလွဲမှုတွေရှိလာနိုင်မှုနဲ့အတူဆန္ဒပြပွဲတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ထား ကြောင်း ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြပွဲတွေဖြစ်လာမယ်ဆိုရင် ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်ပြီး ဘန်ကောက်မြို့အတွင်း ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားမှုကို ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်ချိန်မှာ ရုတ်သိမ်းသွားမှာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ဇူလိုင် ၃ ရက်က စတင်ခဲ့တဲ့ ထိုင်းလွှတ်တော်အသစ်ဖွင့်ပွဲအခမ်းနားမှာ ထိုင်းဘုရင်ဝီဇယလောင်ကွန်းက သဘာပတိ အဖြစ် တာဝန်ယူခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နဲ့ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းအောက်လွှတ်တော်ဟာ လွှတ်တော်ဥက္ကဋ္ဌအပြင် အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှစ်ဦးကို လည်း ရွေးချယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းလႊတ္ေတာ္ အသစ္အစည္းအေဝးက်င္းပေနခ်ိန္ကာလအတြင္း တရားမဝင္ဆႏၵျပပြဲေတြကို တားဆီးဖို႔ လုံၿခဳံေရးတင္းၾကပ္ထား
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၄

ဘန္ေကာက္ၿမိဳ႕ရဲတပ္ဖြဲ႕ဟာ ဒီသီတင္းပတ္အတြင္းက်င္းပေနတဲ့ လႊတ္ေတာ္အစည္းအေဝးအတြင္း တရားမဝင္ ႏိုင္ငံေရးဆႏၵျပမႈေတြကို တားဆီးထိန္းသိမ္းႏိုင္ဖို႔လုံၿခဳံေရးတင္းၾကပ္ထားၿပီး ၿမိဳ႕အတြင္း ေနရာသုံးခုမွာ ရဲဌာနခ်ဳပ္ ေတြ ဖြင့္လွစ္ထားတယ္လို႔ သိရပါတယ္။

ထိုင္းႏိုင္ငံမွာ ဇူလိုင္ ၃ ရက္ေန႔က လႊတ္ေတာ္အသစ္အစည္းအေဝး စတင္ခဲ့ၿပီး၊ ပရာခ်ာခ်က္ ပါတီေခါင္းေဆာင္ျဖစ္ ေသာ ဝမ္မူဟာမက္ႏိုမာကို ေအာက္လႊတ္ေတာ္ဥကၠ႒အသစ္အျဖစ္ အမည္စာရင္းသြင္းကာ ေ႐ြးခ်ယ္ႏိုင္ခဲ့ပါတယ္။

ထိုင္းလႊတ္ေတာ္အစည္းအေဝးအတြင္း ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္မႈေတြကို လုပ္ေဆာင္သြားမွာျဖစ္ရာ မဲအမ်ားဆုံး ရရွိထားတဲ့ ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ ပီတာဝန္ႀကီးခ်ဳပ္ မျဖစ္လာပါက ႏိုင္ငံေရးဆႏၵျပပြဲမ်ား ျဖစ္လာမွာကို ႀကိဳတင္ဟန႔္တားႏိုင္ဖို႔ ထိုင္းရဲတပ္ဖြဲ႕က စီစဥ္ေနပါတယ္။ ထိုင္းရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက မတူညီတဲ့အုပ္စုေတြ ထဲ ႏိုင္ငံေရးအျမင္ သေဘာထားကြဲလြဲမႈေတြရွိလာႏိုင္မႈနဲ႔အတူဆႏၵျပပြဲေတြကို ဟန႔္တားႏိုင္ဖို႔ ရည္႐ြယ္ထား ေၾကာင္း ေျပာပါတယ္။

ထိုင္းရဲတပ္ဖြဲ႕အေနနဲ႔ ဆႏၵျပပြဲေတြျဖစ္လာမယ္ဆိုရင္ ဆႏၵျပသူေတြကို ၿငိမ္းခ်မ္းစြာထိန္းသိမ္းႏိုင္ဖို႔ လုပ္ေဆာင္မွာ ျဖစ္ၿပီး ဘန္ေကာက္ၿမိဳ႕အတြင္း ရဲတပ္ဖြဲ႕ဝင္ေတြ ျဖန႔္ၾကတ္ခ်ထားမႈကို ပုံမွန္အေျခအေနအတိုင္း ျပန္ေရာက္ခ်ိန္မွာ ႐ုတ္သိမ္းသြားမွာျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦး က ေျပာပါတယ္။

ဇူလိုင္ ၃ ရက္က စတင္ခဲ့တဲ့ ထိုင္းလႊတ္ေတာ္အသစ္ဖြင့္ပြဲအခမ္းနားမွာ ထိုင္းဘုရင္ဝီဇယေလာင္ကြန္းက သဘာပတိ အျဖစ္ တာဝန္ယူခဲ့ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာ နဲ႔ ထိုင္းအစိုးရအဖြဲ႕ဝန္ႀကီးမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။ ထိုင္းေအာက္လႊတ္ေတာ္ဟာ လႊတ္ေတာ္ဥကၠ႒အျပင္ ေအာက္လႊတ္ေတာ္ဒုတိယဥကၠ႒ႏွစ္ဦးကို လည္း ေ႐ြးခ်ယ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.