နွားထိုးကြီးမြို့တွင် ဈေးဝယ်ပြီးပြန်လာသော အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

989
NP News - ဇူလိုင် ၁၂
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဈေးဝယ်ပြီးအိမ်သို့ပြန်လာသော အမျိုးသားတစ်ဦးကို PDF အဖွဲ့ကသေနတ်ဖြင့် ပစ်သတ်ထွက်ပြေးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၉ ရက်)၊ ညနေ ၅နာရီ ၁၀မိနစ်အချိန်တွင် နွားထိုးကြီးမြို့နယ်၊ ညောင်ဇင်ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားသည် နွားကြီးမြို့မှ နွားထိုးကြီး-ကျောက်တန်းသွားကားလမ်းအတိုင်း Light Ace ကားဖြင့် ၎င်း၏နေအိမ်သို့ပြန်လာစဉ် အထက်ပါကျေးရွာအနီးတွင် PDF အဖွဲ့အင်အား (၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့် လိုက်ပါလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဖောင်ချဉ်းကျေးရွာနေ ဦးခင်မောင်ဆန်း(၅၉)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောဆိုခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

zawgyi version
ႏြားထိုးႀကီးၿမိဳ႕တြင္ ေဈးဝယ္ၿပီးျပန္လာေသာ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္သတ္ခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ဇူလိုင္ ၁၂
မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ ေဈးဝယ္ၿပီးအိမ္သို႔ျပန္လာေသာ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕ကေသနတ္ျဖင့္ ပစ္သတ္ထြက္ေျပးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ (ဇူလိုင္လ ၉ ရက္)၊ ညေန ၅နာရီ ၁၀မိနစ္အခ်ိန္တြင္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေညာင္ဇင္ေက်း႐ြာအနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူအမ်ိဳးသားသည္ ႏြားႀကီးၿမိဳ႕မွ ႏြားထိုးႀကီး-ေက်ာက္တန္းသြားကားလမ္းအတိုင္း Light Ace ကားျဖင့္ ၎၏ေနအိမ္သို႔ျပန္လာစဥ္ အထက္ပါေက်း႐ြာအနီးတြင္ PDF အဖြဲ႕အင္အား (၆)ဦးက ဆိုင္ကယ္(၃)စီးျဖင့္ လိုက္ပါလာၿပီး ေသနတ္ျဖင့္ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ ေဖာင္ခ်ဥ္းေက်း႐ြာေန ဦးခင္ေမာင္ဆန္း(၅၉)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွေျပာဆိုခဲ့သည္။
အထက္ပါျဖစ္စဥ္တြင္ အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။