ရွှေဘိုမြို့မစျေးရှိ ငါးဈေးတန်း၌ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ကိုရင်တစ်ပါး အပါအဝင် (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

 1205

NP News - ဇူလိုင် ၁၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ရွှေဘိုမြို့မစျေးထဲတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့ (ဇူလိုင်လ ၁၆ ရက်)၊ နံနက်(၇)နာရီအချိန်ခန့်တွင် ရွှေဘိုမြို့မစျေး၊ စျေးအိမ်သာအနီးရှိ ငါးတန်းနေရာတွင် မိုင်း(၂)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

“စျေးဖွင့်ချိန်မှာဖြစ်သွားတာပါ။ ကျွန်တော်တို့ကတော့ မိုင်းကွဲပြီးမှ သိတာပါ။ ဒဏ်ရာရတဲ့သူတော့များပါတယ် (၁၂)ယောက်လောက်တော့ ရှိမယ်ထင်တယ်။ ဈေးထဲမှာပဲပေါက်သွားတာ ဈေးဝယ်တွေဘာတွေနဲ့ လူစည်တဲ့အချိန်ကြီး ဖြစ်သွားတာ” ဟု အထက်ပါသတင်းအရင်းအမြစ်က NP News ကိုပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် စုစုပေါင်း (၁၂)ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် စိုးရိမ်စရာအခြေအနေမရှိကြောင်း ၎င်းကပြောသည်။

“အရမ်းစိုးရိမ်ရတဲ့သူတော့မပါဘူး သုံးဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ သူတို့အစီအစဥ်နဲ့သူတို့ ဆေးရုံသွားကြတဲ့သူလည်းရှိတယ်။ ဆေးရုံနဲ့ ဈေးနဲ့ကလည်း နီးတယ်လေ။ ရွှေဘိုပြည်သူ့ဆေးရုံကြီးကိုပဲ ပို့ကြတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် စျေးအတွင်းရှိနေသည့် ကိုရင် (၁) ပါး အပါအဝင် ကလေးငယ် (၁) ဦး၊ အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး (၇) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)ကလည်း ရှမ်းပြည်နယ်၊ လားရှိုးမြို့မဈေး၌ ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သားပြည်သူ (၁၂)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

zawgyi version
ေ႐ႊဘိုၿမိဳ႕မေစ်းရွိ ငါးေဈးတန္း၌ ေပါက္ကြဲမႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့ရာ ကိုရင္တစ္ပါး အပါအဝင္ (၁၀)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရ

NP News - ဇူလိုင္ ၁၆

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္ရွိ ေ႐ႊဘိုၿမိဳ႕မေစ်းထဲတြင္ ေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇူလိုင္လ ၁၆ ရက္)၊ နံနက္(၇)နာရီအခ်ိန္ခန႔္တြင္ ေ႐ႊဘိုၿမိဳ႕မေစ်း၊ ေစ်းအိမ္သာအနီးရွိ ငါးတန္းေနရာတြင္ မိုင္း(၂)လုံး ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။

“ေစ်းဖြင့္ခ်ိန္မွာျဖစ္သြားတာပါ။ ကြၽန္ေတာ္တို႔ကေတာ့ မိုင္းကြဲၿပီးမွ သိတာပါ။ ဒဏ္ရာရတဲ့သူေတာ့မ်ားပါတယ္ (၁၂)ေယာက္ေလာက္ေတာ့ ရွိမယ္ထင္တယ္။ ေဈးထဲမွာပဲေပါက္သြားတာ ေဈးဝယ္ေတြဘာေတြနဲ႔ လူစည္တဲ့အခ်ိန္ႀကီး ျဖစ္သြားတာ” ဟု အထက္ပါသတင္းအရင္းအျမစ္က NP News ကိုေျပာသည္။

အဆိုပါ ေပါက္ကြဲမႈေၾကာင့္ စုစုေပါင္း (၁၂)ဦးနီးပါး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လက္ရွိတြင္ စိုးရိမ္စရာအေျခအေနမရွိေၾကာင္း ၎ကေျပာသည္။

“အရမ္းစိုးရိမ္ရတဲ့သူေတာ့မပါဘူး သုံးဘီးေတြ၊ ဆိုင္ကယ္ေတြနဲ႔ သူတို႔အစီအစဥ္နဲ႔သူတို႔ ေဆး႐ုံသြားၾကတဲ့သူလည္းရွိတယ္။ ေဆး႐ုံနဲ႔ ေဈးနဲ႔ကလည္း နီးတယ္ေလ။ ေ႐ႊဘိုျပည္သူ႔ေဆး႐ုံႀကီးကိုပဲ ပို႔ၾကတာေပါ့” ဟု ၎ကဆက္လက္ေျပာသည္။

မိုင္းေပါက္ကြဲမႈေၾကာင့္ ေစ်းအတြင္းရွိေနသည့္ ကိုရင္ (၁) ပါး အပါအဝင္ ကေလးငယ္ (၁) ဦး၊ အမ်ိဳးသား (၂) ဦးနဲ႔ အမ်ိဳးသမီး (၇) ဦးခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔(ဇူလိုင္လ ၁၅ ရက္)ကလည္း ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕မေဈး၌ ရပ္ထားသည့္ ဆိုင္ကယ္အတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အရပ္သားျပည္သူ (၁၂)ဦး ထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

Related news

© 2021. All rights reserved.