ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှု မစတင်ခင်တရုတ်က ဒါဇင်နှင့်ချီသော စစ်လေယာဉ်များ စေလွှတ်

3084

Pika (NP News) - ဇူလိုင် ၂၂
တရုတ်သည် တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များအပါအဝင် ဒါဇင်နှင့်ချီသော စစ်လေယာဉ်များကို ထိုင်ဝမ် ရေလက်ကြားသို့ စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် ဖြစ်နိုင်ချေရှိသော ကျူးကျော်တိုက်ခိုက်မှုများကိုကာကွယ်ရန်အတွက် ရည်ရွယ်သော စစ်ရေး လေ့ကျင့်မှုများကို မလုပ်ဆောင်ခင်ရက်ပိုင်းအလိုတွင် တရုတ်ဖက်က အင်အားပြသသည့်အနေဖြင့် ယခုကဲ့သို့ စေလွှတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော Han Kuang အမည်ရှိ စစ်ရေး လေ့ကျင့်ခန်းကို လာမည့်သီတင်းပတ်တွင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများအတွင်း ကျူးကျော်တိုက်ခိုက်မှုများကို ကာကွယ်ရန် နှင့် တိုက်ပွဲဝင်ရန်အတွက် အဆင်သင့်ဖြစ်နေစေရန် လေ့ကျင့်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ထို့အပြင် နှစ်စဉ်ကျင်းပနေကြဖြစ် သော Wan'an အမည်ရှိ စစ်ရေးလေ့ကျင့်မှုတွင် သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ခြင်းများ နှင့် လေကြောင်း မှ တိုက်ခိုက်မှုများရှိလာမည်ဆိုပါက အရပ်သားများအား ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခြင်းတို့ကို လေ့ကျင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်စစ်တပ်သည် အင်အားပြသသည့်အနေဖြင့် ဇူလိုင်လ(၂၁)ရက် နံနက်(၆)နာရီမှ ဇူလိုင်လ(၂၂)ရက် နံနက် (၆) နာရီအတွင်း လေယာဉ်(၃၇)စင်း နှင့် စစ်သင်္ဘော(၇)စင်းတို့ကို ထိုင်ဝမ်ရေလက်ကြားအနီးသို့ စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တရုတ်၏ တိုက်လေယာဉ်များအနက် J-10 နှင့် J-16 အမျိုးအစား တိုက်လေယာဉ်များ နှင့် H-6 အမျိုးအစား ဗုံးကြဲလေယာဉ်များ အပါအဝင် တိုက်လေယာဉ်(၂၂)စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကိုဖြတ်ကျော် ကာ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုင်ဝမ်သည် (၁၉၄၉)ခုနှစ်တွင် တရုတ်နိုင်ငံမှ ခွဲထွက်ခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်ကျွန်းနှင့် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းနိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင် က ပြောခဲ့သည်။ ထို့အပြင် ထိုင်ဝမ် နှင့် ပြန်လည်ပေါင်းစည်းမှုများ လုပ်ဆောင်ရန်အတွက် အင်အားသုံးဖြေရှင်းရန် လိုအပ်မည်ဆိုပါက အင်အားသုံးသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က သတိပေးပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များ နှင့် စစ်သင်္ဘောများကို စေလွှတ် ခြင်းဖြင့် ထိုင်ဝမ်၏ နိုင်ငံရေးလှုပ်ရှားမှုများကို မနှစ်သက်ကြောင်း ပြသခဲ့သည်။ ပြီးခဲ့သည့်နှစ်ဩဂုတ်လတွင် ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီလာရောက်လည်ပတ်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ထို့အပြင် ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ် နှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီကြား တွေ့ဆုံမှု များကို လက်တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်ဧပြီလတွင် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှု များကို ထပ်မံတိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ထိုင္ဝမ္စစ္ေရးေလ့က်င့္မႈ မစတင္ခင္တ႐ုတ္က ဒါဇင္ႏွင့္ခ်ီေသာ စစ္ေလယာဥ္မ်ား ေစလႊတ္
Pika (NP News) - ဇူလိုင္ ၂၂
တ႐ုတ္သည္ တိုက္ေလယာဥ္မ်ားႏွင့္ ဗုံးႀကဲေလယာဥ္မ်ားအပါအဝင္ ဒါဇင္ႏွင့္ခ်ီေသာ စစ္ေလယာဥ္မ်ားကို ထိုင္ဝမ္ ေရလက္ၾကားသို႔ ေစလႊတ္ခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
ထိုင္ဝမ္သည္ ျဖစ္ႏိုင္ေခ်ရွိေသာ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကိုကာကြယ္ရန္အတြက္ ရည္႐ြယ္ေသာ စစ္ေရး ေလ့က်င့္မႈမ်ားကို မလုပ္ေဆာင္ခင္ရက္ပိုင္းအလိုတြင္ တ႐ုတ္ဖက္က အင္အားျပသသည့္အေနျဖင့္ ယခုကဲ့သို႔ ေစလႊတ္မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ထိုင္ဝမ္သည္ ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ Han Kuang အမည္ရွိ စစ္ေရး ေလ့က်င့္ခန္းကို လာမည့္သီတင္းပတ္တြင္ လုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။
အဆိုပါ စစ္ေရးေလ့က်င့္မႈမ်ားအတြင္း က်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို ကာကြယ္ရန္ ႏွင့္ တိုက္ပြဲဝင္ရန္အတြက္ အဆင္သင့္ျဖစ္ေနေစရန္ ေလ့က်င့္မႈမ်ားကို လုပ္ေဆာင္သြားမည္ျဖစ္သည္။ ထို႔အျပင္ ႏွစ္စဥ္က်င္းပေနၾကျဖစ္ ေသာ Wan'an အမည္ရွိ စစ္ေရးေလ့က်င့္မႈတြင္ သဘာဝေဘးအႏၲရာယ္အတြက္ ျပင္ဆင္ျခင္းမ်ား ႏွင့္ ေလေၾကာင္း မွ တိုက္ခိုက္မႈမ်ားရွိလာမည္ဆိုပါက အရပ္သားမ်ားအား ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းေပးျခင္းတို႔ကို ေလ့က်င့္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
တ႐ုတ္စစ္တပ္သည္ အင္အားျပသသည့္အေနျဖင့္ ဇူလိုင္လ(၂၁)ရက္ နံနက္(၆)နာရီမွ ဇူလိုင္လ(၂၂)ရက္ နံနက္ (၆) နာရီအတြင္း ေလယာဥ္(၃၇)စင္း ႏွင့္ စစ္သေဘၤာ(၇)စင္းတို႔ကို ထိုင္ဝမ္ေရလက္ၾကားအနီးသို႔ ေစလႊတ္ခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
တ႐ုတ္၏ တိုက္ေလယာဥ္မ်ားအနက္ J-10 ႏွင့္ J-16 အမ်ိဳးအစား တိုက္ေလယာဥ္မ်ား ႏွင့္ H-6 အမ်ိဳးအစား ဗုံးႀကဲေလယာဥ္မ်ား အပါအဝင္ တိုက္ေလယာဥ္(၂၂)စင္းသည္ ထိုင္ဝမ္ေရလက္ၾကား အလယ္မ်ဥ္းကိုျဖတ္ေက်ာ္ ကာ ေလေၾကာင္းရန္ကာကြယ္ေရးဇုန္အတြင္းသို႔ ဝင္ေရာက္ခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ထိုင္ဝမ္သည္ (၁၉၄၉)ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံမွ ခြဲထြက္ခဲ့ျခင္းျဖစ္ၿပီး ထိုင္ဝမ္ကြၽန္းႏွင့္ ၿငိမ္းခ်မ္းစြာ ျပန္လည္ ေပါင္းစည္းႏိုင္ရန္အတြက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္ က ေျပာခဲ့သည္။ ထို႔အျပင္ ထိုင္ဝမ္ ႏွင့္ ျပန္လည္ေပါင္းစည္းမႈမ်ား လုပ္ေဆာင္ရန္အတြက္ အင္အားသုံးေျဖရွင္းရန္ လိုအပ္မည္ဆိုပါက အင္အားသုံးသြားမည္ျဖစ္ေၾကာင္း ရွီက်င့္ဖ်င္က သတိေပးေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း တ႐ုတ္သည္ ထိုင္ဝမ္ကြၽန္းအနီးသို႔ စစ္ေလယာဥ္မ်ား ႏွင့္ စစ္သေဘၤာမ်ားကို ေစလႊတ္ ျခင္းျဖင့္ ထိုင္ဝမ္၏ ႏိုင္ငံေရးလႈပ္ရွားမႈမ်ားကို မႏွစ္သက္ေၾကာင္း ျပသခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ဩဂုတ္လတြင္ ထိုင္ဝမ္သို႔ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ေဟာင္း နန္စီပလိုစီလာေရာက္လည္ပတ္မႈကို လက္တုံ႔ျပန္သည့္ အေနျဖင့္ တ႐ုတ္သည္ ထိုင္ဝမ္ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈမ်ားကို ပိုမိုတိုးျမႇင့္လုပ္ေဆာင္ခဲ့သည္။
ထို႔အျပင္ ထိုင္ဝမ္သမၼတဆိုင္အမ္ဝမ္ ႏွင့္ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္မက္ကာသီၾကား ေတြ႕ဆုံမႈ မ်ားကို လက္တုံ႔ျပန္သည့္အေနျဖင့္ ၿပီးခဲ့သည့္ဧၿပီလတြင္ တ႐ုတ္သည္ ထိုင္ဝမ္ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈ မ်ားကို ထပ္မံတိုးျမႇင့္လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။