ဂျပန်ပင်လယ်ပြင်တွင် ရုရှားနှင့် တရုတ်ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ သုံးရက်ကြာ လုပ်ဆောင်ခဲ့

 1250

Pika (NP News) - ဇူလိုင် ၂၄

ရုရှား နှင့် တရုတ်တို့သည် ဂျပန်ပင်လယ်ပြင်တွင် ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြီးခဲ့သည့်သီတင်းပတ် အတွင်း လုပ်ဆောင်ခဲ့ကြောင်း ရုရှား၏ပစိဖိတ်ဒေသဆိုင်ရာ ရေတပ်ဖွဲ့က ပြောကြားခဲ့သည်။

သုံးရက်ကြာ စစ်ရေးလေ့ကျင်မှုများအတွင်း ပစ်ခတ်မှုဆိုင်ရာလေ့ကျင့်ခန်းများကို ပူးတွဲလေ့ကျင့်ခြင်း၊ ရေတပ် တိုက်ပွဲ နှင့် လေကြောင်းရန်ကာကွယ်ရးလေ့ကျင့်မှုများ အပါအဝင် အခြား စစ်ရေးလေ့ကျင့်ခန်းများ လည်း ပါဝင်ကြောင်း သိရသည်။ North/Cooperation-2023 ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်ခန်းကို ဇူလိုင်လ (၂ဝ)ရက် မှ (၂၃)ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့ကြောင်း ရုရှား၏ ပစိဖိတ်ဒေသဆိုင်ရာ ရေတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွင်း ရုရှား၏ ရေငုပ်သင်္ဘောဖျက်ဖရီးဂိတ်စစ်သင်္ဘောနှစ်စီး နှင့် တရုတ်၏ ဖျက်သင်္ဘောနှစ်စီးအပြင် ထောက်ပံ့ရေးသင်္ဘောများ၊ ရုရှား၏ အသေးစားစစ်သင်္ဘောနှစ်စီး နှင့် တရုတ်၏ ကမ်းခြေ စောင့်သင်္ဘောနှစ်စီးတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ရေငုပ်သင်္ဘောဖျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်များ နှင့် အခြားတိုက်လေယာဉ်များအပြင် နှစ်နိုင်ငံလုံးမှ တိုက်လေယာဉ်အစီးရေ စုစုပေါင်း(၃ဝ)ခန့် ပါဝင်ခဲ့ကြောင်း လည်း သိရသည်။

ရုရှားနှင့် တရုတ်တို့၏ ရေတပ်များသည် စစ်ရေးလေ့ကျင့်မှုများအတွင်း တိုက်ခိုက်ရေးလေ့ကျင့်ခန်း(၂ဝ)ခန့်ကို လုပ်ဆောင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထုတ်ပြန်ချက်တွင် "ရုရှားနဲ့ တရုတ်ရဲ့ ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံကြား ရေတပ်ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာစေဖို့နဲ့ အာရှ-ပစိဖိတ်ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်ပါတယ်" ဟု ဖော်ပြထားသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ရုရှားစစ်သင်္ဘောများ၏ ပစ်ခတ်လေ့ကျင့်မှုများ၊ ရုရှားတိုက်လေယာဉ်များ နှင့် Tu-95MS အမျိုးအစား မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ဗီဒီယိုဖိုင်အတို တစ်ခုကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ ရုရှားသမ္မတပူတင်သွားရောက်လည်ပတ်ခြင်းမပြုမီ နှစ်နိုင်ငံကြား ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသတွင် ထိုင်ဝမ်၊ မြောက်ကိုရီးယားအရေးတို့နှင့်ပတ်သက်ပြီး တင်းမာမှုများရှိနေချိန်တွင် ရုရှား နှင့် တရုတ်နိုင်ငံကြား ရေတပ်ချင်း ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဂ်ပန္ပင္လယ္ျပင္တြင္ ႐ုရွားႏွင့္ တ႐ုတ္ေရတပ္ခ်င္း ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား သုံးရက္ၾကာ လုပ္ေဆာင္ခဲ့
Pika (NP News) - ဇူလိုင္ ၂၄

႐ုရွား ႏွင့္ တ႐ုတ္တို႔သည္ ဂ်ပန္ပင္လယ္ျပင္တြင္ ေရတပ္ခ်င္းပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို ၿပီးခဲ့သည့္သီတင္းပတ္ အတြင္း လုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွား၏ပစိဖိတ္ေဒသဆိုင္ရာ ေရတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

သုံးရက္ၾကာ စစ္ေရးေလ့က်င္မႈမ်ားအတြင္း ပစ္ခတ္မႈဆိုင္ရာေလ့က်င့္ခန္းမ်ားကို ပူးတြဲေလ့က်င့္ျခင္း၊ ေရတပ္ တိုက္ပြဲ ႏွင့္ ေလေၾကာင္းရန္ကာကြယ္ရးေလ့က်င့္မႈမ်ား အပါအဝင္ အျခား စစ္ေရးေလ့က်င့္ခန္းမ်ား လည္း ပါဝင္ေၾကာင္း သိရသည္။ North/Cooperation-2023 ဟု အမည္ေပးထားေသာ စစ္ေရးေလ့က်င့္ခန္းကို ဇူလိုင္လ (၂ဝ)ရက္ မွ (၂၃)ရက္အထိ သုံးရက္ၾကာ ျပဳလုပ္ခဲ့ေၾကာင္း ႐ုရွား၏ ပစိဖိတ္ေဒသဆိုင္ရာ ေရတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားအတြင္း ႐ုရွား၏ ေရငုပ္သေဘၤာဖ်က္ဖရီးဂိတ္စစ္သေဘၤာႏွစ္စီး ႏွင့္ တ႐ုတ္၏ ဖ်က္သေဘၤာႏွစ္စီးအျပင္ ေထာက္ပံ့ေရးသေဘၤာမ်ား၊ ႐ုရွား၏ အေသးစားစစ္သေဘၤာႏွစ္စီး ႏွင့္ တ႐ုတ္၏ ကမ္းေျခ ေစာင့္သေဘၤာႏွစ္စီးတို႔ ပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ ေရငုပ္သေဘၤာဖ်က္တိုက္ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား၊ ၾကားျဖတ္တိုက္ခိုက္ေရး တိုက္ေလယာဥ္မ်ား ႏွင့္ အျခားတိုက္ေလယာဥ္မ်ားအျပင္ ႏွစ္ႏိုင္ငံလုံးမွ တိုက္ေလယာဥ္အစီးေရ စုစုေပါင္း(၃ဝ)ခန႔္ ပါဝင္ခဲ့ေၾကာင္း လည္း သိရသည္။

႐ုရွားႏွင့္ တ႐ုတ္တို႔၏ ေရတပ္မ်ားသည္ စစ္ေရးေလ့က်င့္မႈမ်ားအတြင္း တိုက္ခိုက္ေရးေလ့က်င့္ခန္း(၂ဝ)ခန႔္ကို လုပ္ေဆာင္ခဲ့ၾကေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထုတ္ျပန္ခ်က္တြင္ "႐ုရွားနဲ႔ တ႐ုတ္ရဲ႕ ေရတပ္ခ်င္း ပူးတြဲစစ္ေရးေလ့က်င့္မႈဟာ ႏွစ္ႏိုင္ငံၾကား ေရတပ္ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုအားေကာင္းလာေစဖို႔နဲ႔ အာရွ-ပစိဖိတ္ေဒသတြင္းမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ထိန္းသိမ္းဖို႔ ရည္႐ြယ္ပါတယ္" ဟု ေဖာ္ျပထားသည္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနသည္ ႐ုရွားစစ္သေဘၤာမ်ား၏ ပစ္ခတ္ေလ့က်င့္မႈမ်ား၊ ႐ုရွားတိုက္ေလယာဥ္မ်ား ႏွင့္ Tu-95MS အမ်ိဳးအစား မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္မ်ား ပါဝင္သည့္ စစ္ေရးေလ့က်င့္မႈ ဗီဒီယိုဖိုင္အတို တစ္ခုကို ဆိုရွယ္မီဒီယာေပၚတြင္ တင္ခဲ့ေၾကာင္း သိရသည္။

လာမည့္ ေအာက္တိုဘာလတြင္ တ႐ုတ္ႏိုင္ငံသို႔ ႐ုရွားသမၼတပူတင္သြားေရာက္လည္ပတ္ျခင္းမျပဳမီ ႏွစ္ႏိုင္ငံၾကား ေရတပ္ခ်င္းပူးတြဲစစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာျခင္းျဖစ္သည္။ အာရွ-ပစိဖိတ္ေဒသတြင္ ထိုင္ဝမ္၊ ေျမာက္ကိုရီးယားအေရးတို႔ႏွင့္ပတ္သက္ၿပီး တင္းမာမႈမ်ားရွိေနခ်ိန္တြင္ ႐ုရွား ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ေရတပ္ခ်င္း ပူးတြဲ စစ္ေရးေလ့က်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.