လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အုတ်တံတိုင်းပြိုခြင်း နှင့် ဓာတ်တိုင်ကျိုးမှုများ သံဖြူဇရပ်မြို့နယ်တွင် ဖြစ်ပွား

 1355

ယွန်း (NP News) - ဇူလိုင် ၂၉

သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အုတ်တံတိုင်းပြိုခြင်းနှင့် ဓာတ်တိုင်ကျိုးမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယမန်နေ့(ဇူလိုင်လ ၂၈ ရက်)၊ ညနေ(၄)နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်ရှိ ကြာကန်ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကြာကန်ရပ်ကွက်အတွင်းရှိ မူလွန်စာသင်ကျောင်း၌ အပင်များပြိုလဲခဲ့ပြီး ကျောင်းအုတ်တံတိုင်း အပါအဝင် အသစ်ပြန်လည်ပြုလုပ်ထားသည့် ဓာတ်မီးတိုင်များလည်း ပြိုလဲခဲ့ကြောင်း အထက်ပါအသင်းမှ ပြောသည်။

“မနေ့ကပိတ်ရက်ဆိုတော့ ကျောင်းသားတွေတော့မရှိဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူလည်းမရှိပါဘူး။ ဓာတ်မီးတိုင်တွေကိုလည်း အခုပြန်ပြင်နေပါပြီ။ အပင်တွေကလမ်းတွေပိတ်နေတာဆိုတော့ လမ်းရှင်တာတင် နှစ်နာရီလောက်ကြာတယ်”ဟု စေတနာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ထိခိုက်ပျက်စီးခဲ့မှုများအား မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပရဟိတ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းများက ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့(ဇူလိုင်လ ၂၉ ရက်)၊ နံနက်(၈)နာရီအချိန်ခန့်တွင်လည်း သံဖြူဇရပ်မြို့နယ်ရှိ ရပ်ကွက်ကြီး (၂)ခုအပါအဝင် မုဒုံမြို့နယ်ရှိ နှီးပဒေါကျေးရွာနှင့် ရေးမြို့ရှိ ဟံဂံကျေးရွာတို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“မိုးက ညကတည်းက ရွာတာတော်တော်ကြီးတယ်။ ရေကလည်း မနေ့ညကထဲက လမ်းမပေါ်တွေမှာ တက်နေတာ။ ဒီမနက်မှာတော့ သုံးပေခွဲလောက်ကို တက်လာတယ်။ အိမ်တွေမြုပ်တာတို့၊ မျောသွားတာတို့မရှိဘူး။ ရေကတော့ ပြန်ကျသွားပါပြီ”ဟု စေတနာရှင် လူမှုကူညီရေး အသင်းထံမှ သိရသည်။

အလားတူ မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းတွင်လည်း ချောင်းရေလျှံမှုကြောင့် လမ်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းတို့၏ အကျိုးသက်ရောက်မှုကြောင့် မွန်ပြည်နယ် အပါအဝင် ဒေသအချို့၌ ယခုရက်ပိုင်းအတွင်း မိုးပိုနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။

zawgyi version
ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ အုတ္တံတိုင္းၿပိဳျခင္း ႏွင့္ ဓာတ္တိုင္က်ိဳးမႈမ်ား သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ ျဖစ္ပြား

ယြန္း (NP News) - ဇူလိုင္ ၂၉

သံျဖဴဇရပ္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာအလယ္တန္းေက်ာင္း(ခြဲ)တြင္ ေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ အုတ္တံတိုင္းၿပိဳျခင္းႏွင့္ ဓာတ္တိုင္က်ိဳးမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၂၈ ရက္)၊ ညေန(၄)နာရီအခ်ိန္ခန႔္တြင္ သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ ၾကာကန္ရပ္ကြက္အတြင္း ျဖစ္ပြားခဲ့ေၾကာင္း ေစတနာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ ၾကာကန္ရပ္ကြက္အတြင္းရွိ မူလြန္စာသင္ေက်ာင္း၌ အပင္မ်ားၿပိဳလဲခဲ့ၿပီး ေက်ာင္းအုတ္တံတိုင္း အပါအဝင္ အသစ္ျပန္လည္ျပဳလုပ္ထားသည့္ ဓာတ္မီးတိုင္မ်ားလည္း ၿပိဳလဲခဲ့ေၾကာင္း အထက္ပါအသင္းမွ ေျပာသည္။

“မေန႔ကပိတ္ရက္ဆိုေတာ့ ေက်ာင္းသားေတြေတာ့မရွိဘူး။ ထိခိုက္ဒဏ္ရာရတဲ့သူလည္းမရွိပါဘူး။ ဓာတ္မီးတိုင္ေတြကိုလည္း အခုျပန္ျပင္ေနပါၿပီ။ အပင္ေတြကလမ္းေတြပိတ္ေနတာဆိုေတာ့ လမ္းရွင္တာတင္ ႏွစ္နာရီေလာက္ၾကာတယ္”ဟု ေစတနာရွင္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ထိခိုက္ပ်က္စီးခဲ့မႈမ်ားအား ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕၊ ပရဟိတ အေရးေပၚလူမႈကူညီကယ္ဆယ္ေရးအသင္းမ်ားက ဝိုင္းဝန္းရွင္းလင္း ေဆာင္႐ြက္‌ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ယေန႔(ဇူလိုင္လ ၂၉ ရက္)၊ နံနက္(၈)နာရီအခ်ိန္ခန႔္တြင္လည္း သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ ရပ္ကြက္ႀကီး (၂)ခုအပါအဝင္ မုဒုံၿမိဳ႕နယ္ရွိ ႏွီးပေဒါေက်း႐ြာႏွင့္ ေရးၿမိဳ႕ရွိ ဟံဂံေက်း႐ြာတို႔တြင္လည္း မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေခ်ာင္းေရလွ်ံမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

“မိုးက ညကတည္းက ႐ြာတာေတာ္ေတာ္ႀကီးတယ္။ ေရကလည္း မေန႔ညကထဲက လမ္းမေပၚေတြမွာ တက္ေနတာ။ ဒီမနက္မွာေတာ့ သုံးေပခြဲေလာက္ကို တက္လာတယ္။ အိမ္ေတြျမဳပ္တာတို႔၊ ေမ်ာသြားတာတို႔မရွိဘူး။ ေရကေတာ့ ျပန္က်သြားပါၿပီ”ဟု ေစတနာရွင္ လူမႈကူညီေရး အသင္းထံမွ သိရသည္။

အလားတူ မုဒုံ-သံျဖဴဇရပ္ကားလမ္းပိုင္းတြင္လည္း ေခ်ာင္းေရလွ်ံမႈေၾကာင့္ လမ္းေရေက်ာ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚေနသည့္ ေလဖိအားနည္းရပ္ဝန္းႏွင့္ ေတာင္တ႐ုတ္ပင္လယ္တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းတို႔၏ အက်ိဳးသက္ေရာက္မႈေၾကာင့္ မြန္ျပည္နယ္ အပါအဝင္ ေဒသအခ်ိဳ႕၌ ယခုရက္ပိုင္းအတြင္း မိုးပိုႏိုင္ေၾကာင္း မိုးဇလက အသိေပးထားသည္။

Related news

© 2021. All rights reserved.