နိုင်ငံတော် အရေးပေါ်ကာလကို (၆)လ သက်တမ်းထပ်မံတိုး

3431
NP News - ဇူလိုင် ၃၁
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ၂/ ၂၀၂၃ အစည်းအဝေးကို ယနေ့ ဇူလိုင်လ (၃၁) ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ကျင်းပခဲ့ပြီး အရေးပေါ်ကာလကို (၆) လသက်တမ်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းမှ စတင်ကာ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခင်က ကျင်းပခဲ့သည့် ကာလုံအစည်းအဝေးများတွင် ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအကြောင်းပြချက်ဖြင့် တက်ရောက်ခြင်းမရှိခဲ့ဘဲ ယခုတစ်ကြိမ်တွင် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နစကအနေဖြင့် နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ရာတွင် ယခင်ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စများကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် စစ်မှန်စည်းကမ်း ပြည်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒ ရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတိုကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုလျင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တင်ပြခဲ့ ကြောင်း သိရသည်။
ကာလုံအစည်းအဝေးကို ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြိးအပါအဝင် အထူးဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေ ရန် အလေးထားလုပ်ဆောင်မည်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

zawgyi version
ႏိုင္ငံေတာ္ အေရးေပၚကာလကို (၆)လ သက္တမ္းထပ္မံတိုး
NP News - ဇူလိုင္ ၃၁
အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝး ၂/ ၂၀၂၃ အစည္းအေဝးကို ယေန႔ ဇူလိုင္လ (၃၁) ရက္၊ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး က်င္းပခဲ့ၿပီး အေရးေပၚကာလကို (၆) လသက္တမ္း ထပ္မံတိုးျမႇင့္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝးသို႔ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္ေနာက္ပိုင္းမွ စတင္ကာ လူျမင္ကြင္းမွ ေပ်ာက္ကြယ္ေနသည့္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူလည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ယခင္က က်င္းပခဲ့သည့္ ကာလုံအစည္းအေဝးမ်ားတြင္ ဦးဟင္နရီဗန္ထီးယူအေနျဖင့္ က်န္းမာေရးအေၾကာင္းျပခ်က္ျဖင့္ တက္ေရာက္ျခင္းမရွိခဲ့ဘဲ ယခုတစ္ႀကိမ္တြင္ တက္ေရာက္ခဲ့ျခင္းလည္း ျဖစ္သည္။
အစည္းအေဝးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က နစကအေနျဖင့္ ႏိုင္ငံေတာ္တာဝန္မ်ားကို သက္တမ္းတိုးတာဝန္ယူခဲ့သည့္ ၆ လတာကာလအတြင္း ေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္ရန္ လိုအပ္သည္မ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းခဲ့ရာတြင္ ယခင္ခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္အညီ ေဆာင္႐ြက္ရမည့္ ကိစၥမ်ားကို ေဆာင္႐ြက္ခဲ့ၿပီးျဖစ္သည့္အျပင္ စစ္မွန္စည္းကမ္း ျပည္ဝသည့္ ပါတီစုံဒီမိုကေရစီ စနစ္ခိုင္မာေရးႏွင့္ ဒီမိုကေရစီႏွင့္ဖက္ဒ ရယ္ စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရး၊ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စားေရရိကၡာဖူလုံေရးတိုကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ ပိုမိုလ်င္ ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္ တင္ျပခဲ့ ေၾကာင္း သိရသည္။
ကာလုံအစည္းအေဝးကို ယာယီသမၼတ ဦးျမင့္ေဆြ၊ ဒုတိယ သမၼတ ဦးဟင္နရီဗန္ထီးယူ၊ ျပည္ေထာင္စုလႊတ္ေတာ္ ဥကၠ႒၊ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္၊ ျပည္ထဲေရးဝန္ႀကီး၊ကာကြယ္ေရးဝန္ႀကီး၊ နယ္စပ္ေရးရာဝန္ႀကိးအပါအဝင္ အထူးဖိတ္ၾကားထားသူမ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အလားတူ ျပည္သူတို႔၏ လူမႈစီးပြားဘဝလုံၿခဳံေရးအတြက္ ျပည္ေထာင္စုတစ္ဝန္းလုံး တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး အျပည့္အဝရရွိေစ ရန္ အေလးထားလုပ္ေဆာင္မည္ျဖစ္ၿပီး တိုင္းျပည္သာယာဝေျပာေရးႏွင့္ စားေရရိကၡာဖူလုံေရးအတြက္ ျပည္သူလူထု ဗဟိုျပဳဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္တြင္ ထည့္သြင္းေဖာ္ျပထားေၾကာင္း သိရသည္။