အမေရိကန်လေတပ်ရဲ့အဏုမြူဗုံးကြဲချခံရမှုကြောင့် သေဆုံးခဲ့သူ လူသိန်းချီအတွက် အောက်မေ့ဖွယ်အခမ်းအနားများ နာဂါစကီမြို့မှာ ကျင်းပ

504

ဂျန်ဇက် (NP News) - သြဂုတ် ၉
ဂျပန်နိုင်ငံ နာဂါစကီမြို့ကို အဏုမြူဗုံးကြဲချခံရမှု ၇၈ နှစ်ပြည့် အောက်မေ့ဖွယ်အမှတ်တရအခမ်းအနားကို သြဂုတ် ၉ရက်နေ့က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နိုင်ငံဟာ ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ နဲ့ နာဂါစကီမြို့တို့ကို အဏုမြူဗုံးကြဲချ ခဲ့ပြီး နာဂါစကီမြို့ကို ၁၉၄၅ ခုနှစ် သြဂုတ် ၉ ရက် နံနက် ၁၁ နာရီကျော်မှာ အဏုမြူဗုံးကြဲချခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်တို့ရဲ့ အဏုမြူဗုံးကြဲချခံရမှုကြောင့် နာဂါစကီမြို့မှာ လူပေါင်း ၇ဝဝဝဝ ကျော် သေဆုံးခဲ့ပြီး အများစုဟာ ဗုံးပေါက်ကွဲမှု နဲ့အပူလိုင်းများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်တို့ ဗုံးကြဲချိန်က အသက်ရှင်လွတ်မြောက်ခဲ့ပြီး လက်ရှိအချိန်မှာ အသက် ၈၂ နှစ်အရွယ်ရှိနေတဲ့ ဆာတိုကာဇူယိုက "နှစ်စဉ် နှစ်တိုင်း ဒီလိုမျိုးဆိုးရွားတဲ့အခမ်းအနားက ကျွန်မကို ဝမ်းနည်းစေခဲ့တယ်။ နာဂါစကီမြို့ အပေါ် အဏုမြူဗုံးကြဲချခံရမှုနဲ့ပတ်သက်ပြီး သေဆုံးခဲ့မှုတွေကို ကျွန်မသေဆုံးချိန်အထိ ဘယ်တော့မှ မေ့ပျောက်ပစ် မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
နာဂါစကီမြို့ကို အဏုမြူဗုံးကြဲချခံရမှုနဲ့ဆက်နွယ်ပြီး သေဆုံးမှုများ လက်ရှိအချိန်ထိ ထပ်မံဖြစ်ပေါ်နေဆဲဖြစ်ပြီး လူပေါင်း ၁၉၅၆၇ဝ ဦးဟာ အဏုမြူဗုံး သေဆုံးမှုနဲ့ ဆက်နွယ်ခဲ့ကြောင်း သိရပါတယ်။
နာဂါစကီမြို့ကို အမေရိကန်တို့ အဏုမြူဗုံးကြဲချချိန်မှာ အသက် ၇ နှစ်အရွယ်သာရှိသေးတဲ့ ကူဒုတာကီကိုက ၎င်းတို့အိမ်က ၃ ကီလိုမီတာအကွာမှာ အဏုမြူဗုံးပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ အဏုမြူဗုံးပေါက်ကွဲမှုများနဲ့ ဆက်နွယ်ပြီး မိဘတွေနဲ့ ဆွေမျိုးတွေဟာ ၁၉၄၅ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းကိုယ်တိုင် လည်း ကင်ဆာရောဂါကို ရရှိခံစားခဲ့ရပြီး ပြီးခဲ့တဲ့သုံးနှစ်က ကင်ဆာရောဂါကို ခွဲစိတ်ကုသခဲ့ရကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံကို အမေရိကန်လေတပ်က အဏုမြူဗုံးကြဲချိန်အတွင်း အသက်ရှင်လွှတ်မြောက်ခဲ့သူတွေဟာ လက်ရှိ အချိန်မှာ အနည်းဆုံးအသက် ၈၅ နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္ေလတပ္ရဲ႕အဏုျမဴဗုံးႀကဲခ်ခံရမႈေၾကာင့္ ေသဆုံးခဲ့သူ လူသိန္းခ်ီအတြက္ ေအာက္ေမ့ဖြယ္အခမ္းအနား မ်ား နာဂါစကီၿမိဳ႕မွာ က်င္းပ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၉
ဂ်ပန္ႏိုင္ငံ နာဂါစကီၿမိဳ႕ကို အဏုျမဴဗုံးႀကဲခ်ခံရမႈ ၇၈ ႏွစ္ျပည့္ ေအာက္ေမ့ဖြယ္အမွတ္တရအခမ္းအနားကို ၾသဂုတ္ ၉ရက္ေန႔က ၿငိမ္းခ်မ္းေရးပန္းၿခံမွာ က်င္းပခဲ့ေၾကာင္း သိရပါတယ္။
ဒုတိယကမာၻစစ္အတြင္းက အေမရိကန္ႏိုင္ငံဟာ ဂ်ပန္ႏိုင္ငံ ဟီယိုရွီးမားၿမိဳ႕ နဲ႔ နာဂါစကီၿမိဳ႕တို႔ကို အဏုျမဴဗုံးႀကဲခ် ခဲ့ၿပီး နာဂါစကီၿမိဳ႕ကို ၁၉၄၅ ခုႏွစ္ ၾသဂုတ္ ၉ ရက္ နံနက္ ၁၁ နာရီေက်ာ္မွာ အဏုျမဴဗုံးႀကဲခ်ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္တို႔ရဲ႕ အဏုျမဴဗုံးႀကဲခ်ခံရမႈေၾကာင့္ နာဂါစကီၿမိဳ႕မွာ လူေပါင္း ၇ဝဝဝဝ ေက်ာ္ ေသဆုံးခဲ့ၿပီး အမ်ားစုဟာ ဗုံးေပါက္ကြဲမႈ နဲ႔အပူလိုင္းမ်ားေၾကာင့္ ေသဆုံးခဲ့ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။
အေမရိကန္တို႔ ဗုံးႀကဲခ်ိန္က အသက္ရွင္လြတ္ေျမာက္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ အသက္ ၈၂ ႏွစ္အ႐ြယ္ရွိေနတဲ့ ဆာတိုကာဇူယိုက "ႏွစ္စဥ္ ႏွစ္တိုင္း ဒီလိုမ်ိဳးဆိုး႐ြားတဲ့အခမ္းအနားက ကြၽန္မကို ဝမ္းနည္းေစခဲ့တယ္။ နာဂါစကီၿမိဳ႕ အေပၚ အဏုျမဴဗုံးႀကဲခ်ခံရမႈနဲ႔ပတ္သက္ၿပီး ေသဆုံးခဲ့မႈေတြကို ကြၽန္မေသဆုံးခ်ိန္အထိ ဘယ္ေတာ့မွ ေမ့ေပ်ာက္ပစ္ မွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။
နာဂါစကီၿမိဳ႕ကို အဏုျမဴဗုံးႀကဲခ်ခံရမႈနဲ႔ဆက္ႏြယ္ၿပီး ေသဆုံးမႈမ်ား လက္ရွိအခ်ိန္ထိ ထပ္မံျဖစ္ေပၚေနဆဲျဖစ္ၿပီး လူေပါင္း ၁၉၅၆၇ဝ ဦးဟာ အဏုျမဴဗုံး ေသဆုံးမႈနဲ႔ ဆက္ႏြယ္ခဲ့ေၾကာင္း သိရပါတယ္။
နာဂါစကီၿမိဳ႕ကို အေမရိကန္တို႔ အဏုျမဴဗုံးႀကဲခ်ခ်ိန္မွာ အသက္ ၇ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ကူဒုတာကီကိုက ၎တို႔အိမ္က ၃ ကီလိုမီတာအကြာမွာ အဏုျမဴဗုံးေပါက္ကြဲခဲ့တာျဖစ္ေၾကာင္း၊ အဏုျမဴဗုံးေပါက္ကြဲမႈမ်ားနဲ႔ ဆက္ႏြယ္ၿပီး မိဘေတြနဲ႔ ေဆြမ်ိဳးေတြဟာ ၁၉၄၅ ခုႏွစ္မွာ ကင္ဆာေရာဂါနဲ႔ ေသဆုံးသြားခဲ့ေၾကာင္း၊ ၎ကိုယ္တိုင္ လည္း ကင္ဆာေရာဂါကို ရရွိခံစားခဲ့ရၿပီး ၿပီးခဲ့တဲ့သုံးႏွစ္က ကင္ဆာေရာဂါကို ခြဲစိတ္ကုသခဲ့ရေၾကာင္း သိရပါတယ္။
ဂ်ပန္ႏိုင္ငံကို အေမရိကန္ေလတပ္က အဏုျမဴဗုံးႀကဲခ်ိန္အတြင္း အသက္ရွင္လႊတ္ေျမာက္ခဲ့သူေတြဟာ လက္ရွိအခ်ိန္မွာ အနည္းဆုံးအသက္ ၈၅ ႏွစ္အ႐ြယ္ရွိေနၿပီ ျဖစ္ပါတယ္။