အမှိုက်ပုံ၌တွေ့သော တရုတ်စာတမ်းပါ ဆေးလိပ်ဗူးအား သောက်ရာမှ မူးလဲကာအဆိပ်သင့်မှု တောင်ဒဂုံမြို့နယ်တွင်ဖြစ်ပွား

 8985

NP News - သြဂုတ် ၁၁

အမှိုက်ပုံ၌တွေ့သော တရုတ်စာတမ်းပါ ဆေးလိပ်ဗူးအား သောက်ရာမှ မူးလဲကာအဆိပ်သင့်မှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ သြဂုတ်လ(၁၀)ရက်၊ နေ့လည်(၁၂)နာရီခွဲအချိန်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ်(၂၄)ရပ် ကွက် နံ့သာမြိုင်လမ်းနှင့် နဝရက်(၁)လမ်းထောင့်တွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

အဆိုပါ လမ်းထောင့်ရှိ အမှိုက်ကန်တွင် အမှိုက်လာသယ်သည့် စည်ပင်အမှိုက်ကားမှ ကျော်ဇင်သော် (၂၃)နှစ် အပါအဝင် အမျိုးသား(၃)ဦးသည် အမှိုက်ပုံ၌ တရုတ်စာတမ်းပါဆေးလိပ်ဗူးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းဆေးလိပ်အားသောက်ခဲ့ရာ နှာခေါင်းမှ သွေးများထွက်လာကာ မူးလဲသွားခဲ့ပြီး ဆေးလိပ်မီးခိုးရှူမိသူ (၂)ဦးမှာလဲ မူးလဲခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ဆက်လက်ပြောကြားခဲ့သည်။

ထို့ကြောင့် ၎င်းတို့အား အမှတ်(၂၅)ရပ်ကွက် လူမှုကူညီရေးယာဉ်နှင့် ရှင်သန်ခွင့် လူမှုကူညီရေးယာဉ်တို့ဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
အမႈိက္ပုံ၌ေတြ႕ေသာ တ႐ုတ္စာတမ္းပါ ေဆးလိပ္ဗူးအား ေသာက္ရာမွ မူးလဲကာအဆိပ္သင့္မႈ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ျဖစ္ပြား

NP News - ၾသဂုတ္ ၁၁

အမႈိက္ပုံ၌ေတြ႕ေသာ တ႐ုတ္စာတမ္းပါ ေဆးလိပ္ဗူးအား ေသာက္ရာမွ မူးလဲကာအဆိပ္သင့္မႈ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၾသဂုတ္လ(၁၀)ရက္၊ ေန႔လည္(၁၂)နာရီခြဲအခ်ိန္ခန႔္တြင္ ေတာင္ဒဂုံၿမိဳ႕နယ္၊ အမွတ္(၂၄)ရပ္ ကြက္ နံ႔သာၿမိဳင္လမ္းႏွင့္ နဝရက္(၁)လမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သည့္ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။

အဆိုပါ လမ္းေထာင့္ရွိ အမႈိက္ကန္တြင္ အမႈိက္လာသယ္သည့္ စည္ပင္အမႈိက္ကားမွ ေက်ာ္ဇင္ေသာ္ (၂၃)ႏွစ္ အပါအဝင္ အမ်ိဳးသား(၃)ဦးသည္ အမႈိက္ပုံ၌ တ႐ုတ္စာတမ္းပါေဆးလိပ္ဗူးကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎ေဆးလိပ္အားေသာက္ခဲ့ရာ ႏွာေခါင္းမွ ေသြးမ်ားထြက္လာကာ မူးလဲသြားခဲ့ၿပီး ေဆးလိပ္မီးခိုးရႉမိသူ (၂)ဦးမွာလဲ မူးလဲခဲ့ေၾကာင္း အထက္ပါ သတင္းအရင္းအျမစ္က ဆက္လက္ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ ၎တို႔အား အမွတ္(၂၅)ရပ္ကြက္ လူမႈကူညီေရးယာဥ္ႏွင့္ ရွင္သန္ခြင့္ လူမႈကူညီေရးယာဥ္တို႔ျဖင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေဝဘာဂီေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.