နိုင်ဂျာအား စစ်ရေးအရဝင်ရောက်စွက်ဖက်မည့် အစီအစဉ်ကို အပြီးသတ်ရန် အနောက်အာဖရိကနိုင်ငံ စစ်တပ်များတွေ့ဆုံ

 1749

Htay Oung (NP News) - ဩဂုတ် ၁၉

စစ်တပ်အာဏာသိမ်းမှုကို နောက်ကြောင်းပြန်လှည့်ပြီး သံတမန်ရေးတောင်းဆိုမှုတွေကို လိုက်လျောဖို့ ပျက်ကွက်မယ်ဆိုလျှင် နိုင်ဂျာအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ့် အစီအစဉ်အသေးစိတ်ကို ဒုတိယအကြိမ် အပြီးသတ်ဆွေးနွေးဖို့အတွက် အနောက်အာဖရိကနိုင်ငံတွေဟာ သောကြာနေ့(ဩဂုတ်လ ၁၈ ရက်)က ဂါနာနိုင်ငံ “အက်ကရာ"မြို့တော်မှာ တွေ့ဆုံခဲ့ကြတယ်လို့ Reuters က ဩဂုတ်လ ၁၈ ရက်မှာ ရေးသားပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ ၂၆ ရက် သမ္မတ မိုဟာမက်ဘဇွမ်းကို ဖြုတ်ချခဲ့တဲ့ နိုင်ဂျာစစ်တပ်အရာရှိများဟာ ကမ္ဘာ့ကုလသမဂ္ဂ၊ ECOWAS ခေါ် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးဆိုင်ရာအဖွဲ့နဲ့ အခြားနိုင်ငံများရဲ့ တောင်းဆိုမှုများကို ဖီဆန်လျက်ရှိပါတယ်။ ဘဇွမ်းကို ပြန်လည်တင်မြှောက်ဖို့ ငြင်းဆန်နေခြင်းဟာ ဒေသတွင်းနိုင်ငံ စစ်တပ်များအတွက် အသင့်အနေအထားဖြင့် စုဖွဲ့ဖို့ ဖြစ်လာရပါတယ်။

ဂရင်းနစ်စံတော်ချိန် ၁၆း၀၀ နာရီခန့်မှာ ပိတ်ပွဲအခမ်းအနားဖြင့် ပြီးဆုံးသွားခဲ့တဲ့ ECOWAS နိုင်ငံများရဲ့ အစည်းအဝေးဟာ နှစ်ရက်ကြာမြင့်ခဲ့ပါတယ်။ အနောက်အာဖရိ ကာကွယ်ရေးဦးစီးချုပ်များဟာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကိစ္စများ ဖြစ်နိုင်ခြေရှိတဲ့ တပ်ဖြန့်မှုဆိုင်ရာအရေးများအပါအ၀င် အခြားကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြောင်း တရားဝင်ထုတ်ပြန်တဲ့ အချိန်ဇယားအရ သိရှိရပါတယ်။

အင်အားအသုံးပြုမှုဟာ နောက်ဆုံးရွေးချယ်စရာ နည်းလမ်းအဖြစ် ကျန်ရှိနေပေမယ့် ညှိနှိုင်းမှုအားလုံး ပျက်ပြားသွားခဲ့မယ်ဆိုလျှင် အနောက်အာဖရိကရဲ့ ရဲရင့်တဲ့ တပ်ရင်းတပ်ဖွဲ့အသီးသီးတို့ဟာ ပေးအပ်လာမယ့် အမိန့်ကို နာခံရန် အသင့်ဖြစ်နေတယ်လို့ ECOWAS နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက ကြာသပတေးနေ့ အခန်းအနားဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

စစ်တပ်လွှမ်းမိုးတဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မာလီ၊ ဘာကီနာဖာဆိုနဲ့ ဂီနီယာ၊ ကိပ်ဗာဒီတို့မှလွဲပြီး ၁၅-နိုင် ငံပါ ECOWAS အစုအဖွဲ့မှ အများစုတို့ဟာ အသင့်အနေအထားမှာ ပါဝင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ အစ္စလာမ္မစ် သောင်းကျန်းထကြွပုန်ထမှုနဲ့ ရင်ဆိုင်နေရတဲ့ ဆာဟာရသဲကန္တာရတောင်ပိုင်း ဆာဟဲဒေသမှာ ဘယ်လိုထိပ်တိုက်တွေ့မှု အရှိန်မြင့်လာခြင်းမဆို ဆင်းရဲမွဲတေတဲ့ အနောက်အာဖရိကကို ပိုမိုမတည်မငြိမ်ဖြစ်သွားစေနိုင်ပါတယ်။

နိုင်ဂျာဟာ ယူရေနီယံနဲ့ ရေနံသိုက်များ တည်ရှိနေတဲ့အပြင် အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့နဲ့ ဆက်နွယ်နေတဲ့ ဒေသန္တရ ဘာသာရေး အစွန်းရောက် သောင်းကျန်းသူများကို နိုင်ငံခြားစစ်တပ်များက တိုက်ဖျက် ရာမှာ အချက်အချာနေရာတစ်ခု ဖြစ်နေပါတယ်။ (ပင်လယ်ကမ်းရိုးတန်းပိုင်) အနောက်အာဖရိကထက် (ကုန်းတွင်းပိတ်) နိုင်ဂျာက မဟာဗျူဟာမြောက် အရေးကြီးပါတယ်။

ဒီအတောအတွင်း နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းထောက်ခံသူတို့က လူထုစုဝေးပွဲများကျင်းပကြပြီး ကိုလိုနီအရှင်သခင်ဟောင်း ပြင်သစ်ကို ရှုတ်ချပြီး ရုရှားလိုလားကြောင်း ဟောပြောကြွေးကြော်နေကြပါတယ်။ မြို့တော် နီယာမေးရှိ ပြင်သစ်သံရုံးနဲ့ မြို့တော်အနီး ပြင်သစ်စစ်အခြေစိုက်စခန်းရှေ့မှာစုဝေးပြီး “နိုင်ငံအတွင်းမှ ချက်ချင်း ထွက်သွားကြဖို့" ဆန္ဒပြနေကြပါတယ်။

အိမ်နီးချင်း အာဏာသိမ်းနိုင်ငံများဖြစ်ကြတဲ့ မာလီနဲ့ ဘူကီနာဖာဆိုတို့က နိုင်ဂျာအပေါ် ပြည်ပစွက်ဖက်မှု မှန်သမျှ သူတို့နိုင်ငံပြည်သူများကိုလည်း စစ်ကြေညာခြင်းအဖြစ်သတ်မှတ်မယ်လို့ သတိပေးထားပါတယ်။

အာဖရိကမှာ ၀က်ဂ်နာ ရုရှားကြေးစားတပ်သား ၅၀၀၀ ခန့်ရှိနေပြီး အာဖရိကရောက် နိုင်ငံခြားသားကြေးစားစစ်သားများအနက် အရေအတွက် အများဆုံးဖြစ်ပါတယ်။ ၀က်ဂ်နာ စစ်သား ၁၃၀၀ ခန့်ဟာ မာလီအစိုးရနဲ့ မဟာမိတ်ဖြစ်ပြီး ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ ရုရှားစစ်နည်းပြ ၁၈၀၀ ကျော်အပြင် ပြည် တွင်းစစ်ကြောင့် စင်ပြိုင်အစိုးရ နှစ်ရပ်ဖြစ်နေတဲ့ လစ်ဗျားနိုင်ငံမှာလည်း မော်စကိုရဲ့ စစ်သားများ ရှိနေကြပါတယ်။

နိုင်ဂျာနိုင်ငံအတွင်းမှာ ပြင်သစ်စစ်သား ၁၅၀၀ အပြင် အမေရိကန်စစ်စခန်း (၃)ခုမှာ တပ်ဖွဲ့၀င် ၁၀၀၀ ခန့်ရှိနေပါတယ်။

မကြာသေးခင်နှစ်များအတွင်း အာဖရိကတိုက် နိုင်ငံအတော်များများတို့မှာ စစ်အာဏာသိမ်းယူမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၃)နှစ်အတွင်း အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ အာဖရိက နိုင်ငံများကတော့ ၁-မာလီ (သြဂုတ်လ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် မေလ)၊ ၂-ချဒ် (ဧပြီလ ၂၀၂၁ ခုနှစ်)၊ ၃-ဆူဒန် (အောက်တိုဘာလ ၂၀၂၁ ခုနှစ်)၊ ၄- ဘူဂီနာဖာဆို (ဇန်နဝါရီလနဲ့ စက်တင်ဘာလ ၂၀၂၂ ခုနှစ်)၊ ၅- ဂီနီယာ (စက်တင်ဘာလ ၂၀၂၂ ခုနှစ်)၊ ၆- နိုင်ဂျာ (ဇူလိုင်လ ၂၀၂၃ ခုနှစ်)တို့ ဖြစ်ကြပါတယ်။ ၇- ဗဟိုအာဖရိက သမ္မတနိုင်ငံ CAR ( ဇန်နဝါရီလ ၂၀၂၁ ခုနှစ်)မှာ အာဏာသိမ်းမှုကတော့ အောင်မြင်ခြင်း မရှိပေမယ့် ဆက်ရက်သဖွယ်ဖြစ်နေတဲ့ အာဏာသိမ်းနိုင်ငံများဟာ အာဖရိကတိုက်အလယ်မှာ ခါးပတ်ပတ်ထားသလို ရှိနေပါတယ်။

အဲဒီလောက်ဖြစ်နေပေမယ့် ကမ္ဘာက လူသိနည်းနေရခြင်းမှာ စစ်အာဏာသိမ်းမှုတိုင်းကို ဆန့်ကျင်တယ်လို့ ပြောဆိုပြီး မိမိတို့ အကျိုးရှိလျှင် အသာငြိမ်နေတတ်တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုအစိုးရများကြောင့် အဓိက ဖြစ်ပါတယ်

( Reuters.,18 August 2023,” West African militaries meet to finalise possible Niger intervention” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ႏိုင္ဂ်ာအား စစ္ေရးအရဝင္ေရာက္စြက္ဖက္မည့္ အစီအစဥ္ကို အၿပီးသတ္ရန္ အေနာက္အာဖရိကႏိုင္ငံ စစ္တပ္မ်ားေတြ႕ဆုံ
Htay Oung (NP News) - ဩဂုတ္ ၁၉

စစ္တပ္အာဏာသိမ္းမႈကို ေနာက္ေၾကာင္းျပန္လွည့္ၿပီး သံတမန္ေရးေတာင္းဆိုမႈေတြကို လိုက္ေလ်ာဖို႔ ပ်က္ကြက္မယ္ဆိုလွ်င္ ႏိုင္ဂ်ာအေပၚ စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မယ့္ အစီအစဥ္အေသးစိတ္ကို ဒုတိယအႀကိမ္ အၿပီးသတ္ေဆြးေႏြးဖို႔အတြက္ အေနာက္အာဖရိကႏိုင္ငံေတြဟာ ေသာၾကာေန႔(ဩဂုတ္လ ၁၈ ရက္)က ဂါနာႏိုင္ငံ “အက္ကရာ"ၿမိဳ႕ေတာ္မွာ ေတြ႕ဆုံခဲ့ၾကတယ္လို႔ Reuters က ဩဂုတ္လ ၁၈ ရက္မွာ ေရးသားပါတယ္။

လြန္ခဲ့တဲ့ ဇူလိုင္လ ၂၆ ရက္ သမၼတ မိုဟာမက္ဘဇြမ္းကို ျဖဳတ္ခ်ခဲ့တဲ့ ႏိုင္ဂ်ာစစ္တပ္အရာရွိမ်ားဟာ ကမာၻ႔ကုလသမဂၢ၊ ECOWAS ေခၚ အေနာက္အာဖရိကႏိုင္ငံမ်ား စီးပြားေရးဆိုင္ရာအဖြဲ႕နဲ႔ အျခားႏိုင္ငံမ်ားရဲ႕ ေတာင္းဆိုမႈမ်ားကို ဖီဆန္လ်က္ရွိပါတယ္။ ဘဇြမ္းကို ျပန္လည္တင္ေျမႇာက္ဖို႔ ျငင္းဆန္ေနျခင္းဟာ ေဒသတြင္းႏိုင္ငံ စစ္တပ္မ်ားအတြက္ အသင့္အေနအထားျဖင့္ စုဖြဲ႕ဖို႔ ျဖစ္လာရပါတယ္။

ဂရင္းနစ္စံေတာ္ခ်ိန္ ၁၆း၀၀ နာရီခန္႔မွာ ပိတ္ပြဲအခမ္းအနားျဖင့္ ၿပီးဆုံးသြားခဲ့တဲ့ ECOWAS ႏိုင္ငံမ်ားရဲ႕ အစည္းအေဝးဟာ ႏွစ္ရက္ၾကာျမင့္ခဲ့ပါတယ္။ အေနာက္အာဖရိ ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားဟာ ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာကိစၥမ်ား ျဖစ္ႏိုင္ေျခရွိတဲ့ တပ္ျဖန႔္မႈဆိုင္ရာအေရးမ်ားအပါအ၀င္ အျခားက႑မ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း တရားဝင္ထုတ္ျပန္တဲ့ အခ်ိန္ဇယားအရ သိရွိရပါတယ္။

အင္အားအသုံးျပဳမႈဟာ ေနာက္ဆုံးေ႐ြးခ်ယ္စရာ နည္းလမ္းအျဖစ္ က်န္ရွိေနေပမယ့္ ညႇိႏႈိင္းမႈအားလုံး ပ်က္ျပားသြားခဲ့မယ္ဆိုလွ်င္ အေနာက္အာဖရိကရဲ႕ ရဲရင့္တဲ့ တပ္ရင္းတပ္ဖြဲ႕အသီးသီးတို႔ဟာ ေပးအပ္လာမယ့္ အမိန္႔ကို နာခံရန္ အသင့္ျဖစ္ေနတယ္လို႔ ECOWAS ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ေကာ္မရွင္နာ မင္းႀကီးက ၾကာသပေတးေန႔ အခန္းအနားဖြင့္ပြဲမွာ ေျပာခဲ့ပါတယ္။

စစ္တပ္လႊမ္းမိုးတဲ့ အုပ္ခ်ဳပ္မႈေအာက္မွာ ရွိေနတဲ့ မာလီ၊ ဘာကီနာဖာဆိုနဲ႔ ဂီနီယာ၊ ကိပ္ဗာဒီတို႔မွလြဲၿပီး ၁၅-ႏိုင္ ငံပါ ECOWAS အစုအဖြဲ႕မွ အမ်ားစုတို႔ဟာ အသင့္အေနအထားမွာ ပါဝင္ဖို႔အတြက္ ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

ဆယ္စုႏွစ္တစ္ခုၾကာ အစၥလာမၼစ္ ေသာင္းက်န္းထႂကြပုန္ထမႈနဲ႔ ရင္ဆိုင္ေနရတဲ့ ဆာဟာရသဲကႏၲာရေတာင္ပိုင္း ဆာဟဲေဒသမွာ ဘယ္လိုထိပ္တိုက္ေတြ႕မႈ အရွိန္ျမင့္လာျခင္းမဆို ဆင္းရဲမြဲေတတဲ့ အေနာက္အာဖရိကကို ပိုမိုမတည္မၿငိမ္ျဖစ္သြားေစႏိုင္ပါတယ္။

ႏိုင္ဂ်ာဟာ ယူေရနီယံနဲ႔ ေရနံသိုက္မ်ား တည္ရွိေနတဲ့အျပင္ အယ္လ္ကိုင္ဒါ၊ အိုင္အက္စ္တို႔နဲ႔ ဆက္ႏြယ္ေနတဲ့ ေဒသႏၲရ ဘာသာေရး အစြန္းေရာက္ ေသာင္းက်န္းသူမ်ားကို ႏိုင္ငံျခားစစ္တပ္မ်ားက တိုက္ဖ်က္ ရာမွာ အခ်က္အခ်ာေနရာတစ္ခု ျဖစ္ေနပါတယ္။ (ပင္လယ္ကမ္း႐ိုးတန္းပိုင္) အေနာက္အာဖရိကထက္ (ကုန္းတြင္းပိတ္) ႏိုင္ဂ်ာက မဟာဗ်ဴဟာေျမာက္ အေရးႀကီးပါတယ္။

ဒီအေတာအတြင္း ႏိုင္ဂ်ာႏိုင္ငံမွာ အာဏာသိမ္းေထာက္ခံသူတို႔က လူထုစုေဝးပြဲမ်ားက်င္းပၾကၿပီး ကိုလိုနီအရွင္သခင္ေဟာင္း ျပင္သစ္ကို ရႈတ္ခ်ၿပီး ႐ုရွားလိုလားေၾကာင္း ေဟာေျပာေႂကြးေၾကာ္ေနၾကပါတယ္။ ၿမိဳ႕ေတာ္ နီယာေမးရွိ ျပင္သစ္သံ႐ုံးနဲ႔ ၿမိဳ႕ေတာ္အနီး ျပင္သစ္စစ္အေျခစိုက္စခန္းေရွ႕မွာစုေဝးၿပီး “ႏိုင္ငံအတြင္းမွ ခ်က္ခ်င္း ထြက္သြားၾကဖို႔" ဆႏၵျပေနၾကပါတယ္။

အိမ္နီးခ်င္း အာဏာသိမ္းႏိုင္ငံမ်ားျဖစ္ၾကတဲ့ မာလီနဲ႔ ဘူကီနာဖာဆိုတို႔က ႏိုင္ဂ်ာအေပၚ ျပည္ပစြက္ဖက္မႈ မွန္သမွ် သူတို႔ႏိုင္ငံျပည္သူမ်ားကိုလည္း စစ္ေၾကညာျခင္းအျဖစ္သတ္မွတ္မယ္လို႔ သတိေပးထားပါတယ္။

အာဖရိကမွာ ၀က္ဂ္နာ ႐ုရွားေၾကးစားတပ္သား ၅၀၀၀ ခန္႔ရွိေနၿပီး အာဖရိကေရာက္ ႏိုင္ငံျခားသားေၾကးစားစစ္သားမ်ားအနက္ အေရအတြက္ အမ်ားဆုံးျဖစ္ပါတယ္။ ၀က္ဂ္နာ စစ္သား ၁၃၀၀ ခန္႔ဟာ မာလီအစိုးရနဲ႔ မဟာမိတ္ျဖစ္ၿပီး ဗဟိုအာဖရိကသမၼတႏိုင္ငံမွာ ႐ုရွားစစ္နည္းျပ ၁၈၀၀ ေက်ာ္အျပင္ ျပည္ တြင္းစစ္ေၾကာင့္ စင္ၿပိဳင္အစိုးရ ႏွစ္ရပ္ျဖစ္ေနတဲ့ လစ္ဗ်ားႏိုင္ငံမွာလည္း ေမာ္စကိုရဲ႕ စစ္သားမ်ား ရွိေနၾကပါတယ္။

ႏိုင္ဂ်ာႏိုင္ငံအတြင္းမွာ ျပင္သစ္စစ္သား ၁၅၀၀ အျပင္ အေမရိကန္စစ္စခန္း (၃)ခုမွာ တပ္ဖြဲ႕၀င္ ၁၀၀၀ ခန္႔ရွိေနပါတယ္။

မၾကာေသးခင္ႏွစ္မ်ားအတြင္း အာဖရိကတိုက္ ႏိုင္ငံအေတာ္မ်ားမ်ားတို႔မွာ စစ္အာဏာသိမ္းယူမႈမ်ား ဆက္တိုက္ ျဖစ္ပြားခဲ့ပါတယ္။ လြန္ခဲ့တဲ့ (၃)ႏွစ္အတြင္း အာဏာသိမ္းမႈျဖစ္ပြားခဲ့တဲ့ အာဖရိက ႏိုင္ငံမ်ားကေတာ့ ၁-မာလီ (ၾသဂုတ္လ ၂၀၂၀ နဲ႔ ၂၀၂၁ ခုႏွစ္ ေမလ)၊ ၂-ခ်ဒ္ (ဧၿပီလ ၂၀၂၁ ခုႏွစ္)၊ ၃-ဆူဒန္ (ေအာက္တိုဘာလ ၂၀၂၁ ခုႏွစ္)၊ ၄- ဘူဂီနာဖာဆို (ဇန္နဝါရီလနဲ႔ စက္တင္ဘာလ ၂၀၂၂ ခုႏွစ္)၊ ၅- ဂီနီယာ (စက္တင္ဘာလ ၂၀၂၂ ခုႏွစ္)၊ ၆- ႏိုင္ဂ်ာ (ဇူလိုင္လ ၂၀၂၃ ခုႏွစ္)တို႔ ျဖစ္ၾကပါတယ္။ ၇- ဗဟိုအာဖရိက သမၼတႏိုင္ငံ CAR ( ဇန္နဝါရီလ ၂၀၂၁ ခုႏွစ္)မွာ အာဏာသိမ္းမႈကေတာ့ ေအာင္ျမင္ျခင္း မရွိေပမယ့္ ဆက္ရက္သဖြယ္ျဖစ္ေနတဲ့ အာဏာသိမ္းႏိုင္ငံမ်ားဟာ အာဖရိကတိုက္အလယ္မွာ ခါးပတ္ပတ္ထားသလို ရွိေနပါတယ္။

အဲဒီေလာက္ျဖစ္ေနေပမယ့္ ကမာၻက လူသိနည္းေနရျခင္းမွာ စစ္အာဏာသိမ္းမႈတိုင္းကို ဆန္႔က်င္တယ္လို႔ ေျပာဆိုၿပီး မိမိတို႔ အက်ိဳးရွိလွ်င္ အသာၿငိမ္ေနတတ္တဲ့ အေမရိကန္နဲ႔ အေနာက္အုပ္စုအစိုးရမ်ားေၾကာင့္ အဓိက ျဖစ္ပါတယ္

( Reuters.,18 August 2023,” West African militaries meet to finalise possible Niger intervention” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.