နစကလက်ထက်၌ ပြည်ပချေးငွေရယူခဲ့ခြင်းမရှိကြောင်းနှင့် ထောက်ပံ့ငွေအနည်းအကျဥ်းသာရရှိခဲ့ကြောင်း စီမံ/ဘဏ္ဍာဒုဝန်ကြီး ထုတ်ဖော်အသိပေး

1424
ယွန်း (NP News) - သြဂုတ် ၂၂
နစကလက်ထက်တွင် ပြည်ပချေးငွေများရယူခဲ့ခြင်းမရှိသော်လည်း ပြည်ပထောက်ပံ့ငွေရရှိခဲ့မှု အနည်းအကျဥ်းရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့(သြဂုတ်လ ၂၂ ရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ကိုဗစ်ကာလ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေနှင့် GDP ရာခိုင်နှုန်းမှာ ၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး (၂၀၂၀- ၂၀၂၁)ဘဏ္ဍာရေးနှစ်တွင်လည်း ၇ ဒသမ ၅၇ ရာခိုင်နှုန်းရှိခဲ့ရာ ဘတ်ဂျက်လိုငွေ နှင့် GDP အချိုးသည် မူလခန့်မှန်းချေထက်မြင့်တက်ခဲ့ကြောင်း သိရသည်။
“၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နဲ့ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်များဟာ ကိုဗစ်-၁၉ ကာလကိုဖြတ်သန်းနေရတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့်မို့လို့နိုင်ငံတော်အနေနဲ့ အဲဒီနှစ်များမှာ ဘတ်ဂျက်လိုငွေ များပြားခဲ့ပြီးတော့ ဘတ်ဂျက်လိုငွေနဲ့ GDP အချိုးလည်း မူလခန့်မှန်းချေထက်မြင့်တက်ခဲ့ကြောင်း တွေ့ရှိရပါတယ်”ဟု ဒုဝန်ကြီးက ပြောသည်။
သို့သော် နစကလက်ထက် (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၏ (၆)လအတွင်း ဘတ်ဂျက်လိုငွေနှင့် GDP အချိုးသည် ၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိခဲ့ပြီး (၂၀၂၂- ၂၀၂၃) ဘဏ္ဍာနှစ်တွင် ယာယီစာရင်းအရ ဘတ်ဂျက်လိုငွေ ၂ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရသည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးတဲ့နောက်ပိုင်း ပြည်ပချေးငွေရယူခဲ့မှုမရှိပါဘူး။ ပြည်ပထောက်ပံ့ငွေရရှိခဲ့မှု အနည်းအကျဥ်းတော့ရှိပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာရေးမူဝါဒများမှာ ဖော်ပြပါရှိတဲ့အတိုင်း အခွန်အကောက်ဆိုင်ရာ မူဝါဒနဲ့ အသုံးစရိတ်မူဝါဒများကို သက်ဆိုင်ရာဌာနများနှင့် မျက်ခြေမပြတ်ထိန်းညှိဆောင် ရွက်ပေးလျက်ရှိပါတယ်”ဟု ဦးမောင်မောင်ဝင်းက ဆက်လက်ပြောကြာထားသည်။
ထို့ပြင် (၂၀၂၁- ၂၀၂၂)ဘဏ္ဍာနှစ်၏ (၆)လဘတ်ဂျက်တွင် (-)ပြနေတဲ့စီးပွားရေးများ ပြန် လည်တိုးတက်လာခဲ့သည့်အပြင် (၂၀၂၂- ၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ကုန်ရရှိချက်များအရ ဘတ်ဂျက်လိုငွေ (၃ ဒသမ ၄) ရာခိုင်နှုန်း ပြန်လည်တိုးတက်လာခဲ့ကြောင်း သိရသည်။
နစကအနေဖြင့် ပြည်ပချေးငွေရယူထားခြင်းမရှိသော်လည်း ယခင်အစိုးရလက်ထက်များ၏ ကြွေးမြီများကို နှစ်စဉ် ဒေါ်လာသန်း(၇၀၀)ခန့် အတိုးအရင်းပေးဆပ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။

zawgyi version
နစကလက္ထက္၌ ျပည္ပေခ်းေငြရယူခဲ့ျခင္းမရွိေၾကာင္းႏွင့္ ေထာက္ပံ့ေငြအနည္းအက်ဥ္းသာရရွိခဲ့ေၾကာင္း စီမံ/ဘ႑ာဒုဝန္ႀကီး ထုတ္ေဖာ္အသိေပး
ယြန္း (NP News) - ၾသဂုတ္ ၂၂
နစကလက္ထက္တြင္ ျပည္ပေခ်းေငြမ်ားရယူခဲ့ျခင္းမရွိေသာ္လည္း ျပည္ပေထာက္ပံ့ေငြရရွိခဲ့မႈ အနည္းအက်ဥ္းရွိခဲ့ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ သိရသည္။
စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ယေန႔(ၾသဂုတ္လ ၂၂ ရက္)တြင္ ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ကိုဗစ္ကာလ (၂၀၁၉-၂၀၂၀) ဘ႑ာႏွစ္တြင္ ဘတ္ဂ်က္လိုေငြႏွင့္ GDP ရာခိုင္ႏႈန္းမွာ ၆ ဒသမ ၂၇ ရာခိုင္ႏႈန္းရွိခဲ့ၿပီး (၂၀၂၀- ၂၀၂၁)ဘ႑ာေရးႏွစ္တြင္လည္း ၇ ဒသမ ၅၇ ရာခိုင္ႏႈန္းရွိခဲ့ရာ ဘတ္ဂ်က္လိုေငြ ႏွင့္ GDP အခ်ိဳးသည္ မူလခန႔္မွန္းေခ်ထက္ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
“၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္နဲ႔ (၂၀၂၀-၂၀၂၁) ဘ႑ာေရးႏွစ္မ်ားဟာ ကိုဗစ္-၁၉ ကာလကိုျဖတ္သန္းေနရတဲ့အခ်ိန္ကာလျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ႏိုင္ငံေတာ္အေနနဲ႔ အဲဒီႏွစ္မ်ားမွာ ဘတ္ဂ်က္လိုေငြ မ်ားျပားခဲ့ၿပီးေတာ့ ဘတ္ဂ်က္လိုေငြနဲ႔ GDP အခ်ိဳးလည္း မူလခန႔္မွန္းေခ်ထက္ျမင့္တက္ခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္”ဟု ဒုဝန္ႀကီးက ေျပာသည္။
သို႔ေသာ္ နစကလက္ထက္ (၂၀၂၁-၂၀၂၂) ဘ႑ာႏွစ္၏ (၆)လအတြင္း ဘတ္ဂ်က္လိုေငြႏွင့္ GDP အခ်ိဳးသည္ ၂ ဒသမ ၁၉ ရာခိုင္ႏႈန္းသာရွိခဲ့ၿပီး (၂၀၂၂- ၂၀၂၃) ဘ႑ာႏွစ္တြင္ ယာယီစာရင္းအရ ဘတ္ဂ်က္လိုေငြ ၂ ဒသမ ၉၇ ရာခိုင္ႏႈန္းသာရွိခဲ့ေၾကာင္း သိရသည္။
“ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ယူၿပီးတဲ့ေနာက္ပိုင္း ျပည္ပေခ်းေငြရယူခဲ့မႈမရွိပါဘူး။ ျပည္ပေထာက္ပံ့ေငြရရွိခဲ့မႈ အနည္းအက်ဥ္းေတာ့ရွိပါတယ္။ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနအေနနဲ႔ ဘ႑ာေရးမူဝါဒမ်ားမွာ ေဖာ္ျပပါရွိတဲ့အတိုင္း အခြန္အေကာက္ဆိုင္ရာ မူဝါဒနဲ႔ အသုံးစရိတ္မူဝါဒမ်ားကို သက္ဆိုင္ရာဌာနမ်ားႏွင့္ မ်က္ေျခမျပတ္ထိန္းညႇိေဆာင္ ႐ြက္ေပးလ်က္ရွိပါတယ္”ဟု ဦးေမာင္ေမာင္ဝင္းက ဆက္လက္ေျပာၾကာထားသည္။
ထို႔ျပင္ (၂၀၂၁- ၂၀၂၂)ဘ႑ာႏွစ္၏ (၆)လဘတ္ဂ်က္တြင္ (-)ျပေနတဲ့စီးပြားေရးမ်ား ျပန္ လည္တိုးတက္လာခဲ့သည့္အျပင္ (၂၀၂၂- ၂၀၂၃) ဘ႑ာေရးႏွစ္ ႏွစ္ကုန္ရရွိခ်က္မ်ားအရ ဘတ္ဂ်က္လိုေငြ (၃ ဒသမ ၄) ရာခိုင္ႏႈန္း ျပန္လည္တိုးတက္လာခဲ့ေၾကာင္း သိရသည္။
နစကအေနျဖင့္ ျပည္ပေခ်းေငြရယူထားျခင္းမရွိေသာ္လည္း ယခင္အစိုးရလက္ထက္မ်ား၏ ေႂကြးၿမီမ်ားကို ႏွစ္စဥ္ ေဒၚလာသန္း(၇၀၀)ခန႔္ အတိုးအရင္းေပးဆပ္လ်က္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားသည္။