မန္တလေးတွင် ငလျင်ကြောင့်ပျက်စီးခဲ့သည့် မီပွိုင့်(၉၀)ရာခိုင်နှုန်းခန့်ပြင်ဆင်ပြီးစီး

 189

NP News ဩဂုတ် (၁၄)ရက်
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်၌ ငလျင်ကြောင့်ထိခိုက်ခဲ့သည့် မီးပွိုင့်များကို ပြန်လည်ပြင်ဆင်လျက်ရှိရာ ပြင်ဆင်မှု (၉၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ သိရသည်။
မန္တလေးမြို့တော်အတွင်း အဓိကလမ်းဆုံများတွင် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် မီးပွိုင့်ပေါင်း ၁၃၀ ခု ကိုတပ်ဆင်ထားပြီး ယင်းအနက်မှ ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် မီးပွိုင့်ပေါင်း ၂၀ ခန့်ရှိရာ ပြန်လည်ပြင်ဆင်မှုသည် ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ၎င်းကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“မန္တလေးမြို့ပေါ်မှာဆိုရင် မီးပွိုင့်ပေါင်း ၁၃၀ လောက်ရှိပါတယ်။ အဲဒီထဲကမှ မီးပွိုင့်အတော်များများကိုတော့ ၂၄ နာရီလိုင်းနဲ့ မီးရရှိအောင် ဆောင်ရွက်ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ ငလျင်ကြောင့် ပျက်စီးသွားတဲ့ မီးပွိုင့်တွေလည်းရှိတယ်။ အဲဒါတွေကိုလည်း ကျွန်တော်တို့အပိုင်းလိုက် ပြန်လည်ပြင်ဆင်နေကြတယ်။ အဓိကလမ်းမကြီးတွေမှာ သွားလာလို့ရအောင်လည်း ကျွန်တော်တို့အကုန်လုံးကို စီစဉ်ထားပြီးသားဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြင်ဆင်မှုအနေနဲ့ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးပါပြီ” ဟု မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မီးပွိုင့်များ ပြန်လည်ပြင်ဆင်မှုတွင်လည်း အကြီးစားပြင်ဆင်ရမည့် မီးပွိုင့်များကို တင်ဒါစနစ်ဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် သာမန်ပျက်စီးသွားသည့် မီးပွိုင့်များကိုမူ လက်ရှိပြင်ဆင်ဆောင်ရွက်မှုအနေဖြင့် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထို့အတူ မန္တလေးစည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာန အနေဖြင့် မီးပွိုင့်ပြုပြင်မှုကို နံပါတ် တစ်ဦးစားပေးအနေဖြင့် ဆောင်ရွက်နေပြီး မြို့ပြလူဦးရေတိုးတက်လာမှုနှင့်အတူ ယာဉ်အသုံးပြုမှု များပြားလာ ခြင်းကြောင့် မန္တလေးမြို့၏ အဓိက လမ်းဆုံများအပြင် မီးပွိုင့်အသုံးပြုတပ်ဆင်ရန် လိုအပ်နေသည့် နေရာများတွင် လည်း ထပ်တိုးတပ်ဆင်မှုများဆောင်ရွက်ပေးနေပြီး မြို့တွင်းယာဉ်ကြောကျပ်တည်းခြင်း၊ ယာဉ်မတော်တဆ ဖြစ်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများကိုပါ လျှော့ချနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
မႏၲေလးတြင္ ငလ်င္ေၾကာင့္ပ်က္စီးခဲ့သည့္ မီပြိဳင့္(၉၀)ရာခိုင္ႏႈန္းခန႔္ျပင္ဆင္ၿပီးစီး
NP News ဩဂုတ္ (၁၄)ရက္
မႏၲေလးတိုင္းေဒသႀကီး စည္ပင္သာယာနယ္နိမိတ္အတြင္းရွိ ၿမိဳ႕နယ္(၆)ၿမိဳ႕နယ္၌ ငလ်င္ေၾကာင့္ထိခိုက္ခဲ့သည့္ မီးပြိဳင့္မ်ားကို ျပန္လည္ျပင္ဆင္လ်က္ရွိရာ ျပင္ဆင္မႈ (၉၀)ရာခိုင္ႏႈန္း ၿပီးစီးၿပီျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီမွ သိရသည္။
မႏၲေလးၿမိဳ႕ေတာ္အတြင္း အဓိကလမ္းဆုံမ်ားတြင္ ယာဥ္ေၾကာက်ပ္တည္းမႈကို ေျဖရွင္းႏိုင္ရန္ မီးပြိဳင့္ေပါင္း ၁၃၀ ခု ကိုတပ္ဆင္ထားၿပီး ယင္းအနက္မွ ငလ်င္ေၾကာင့္ ပ်က္စီးခဲ့ရသည့္ မီးပြိဳင့္ေပါင္း ၂၀ ခန႔္ရွိရာ ျပန္လည္ျပင္ဆင္မႈသည္ ၉၀ ရာခိုင္ႏႈန္းၿပီးစီးၿပီျဖစ္ေၾကာင္း ၎ေကာ္မတီ၏ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။
“မႏၲေလးၿမိဳ႕ေပၚမွာဆိုရင္ မီးပြိဳင့္ေပါင္း ၁၃၀ ေလာက္ရွိပါတယ္။ အဲဒီထဲကမွ မီးပြိဳင့္အေတာ္မ်ားမ်ားကိုေတာ့ ၂၄ နာရီလိုင္းနဲ႔ မီးရရွိေအာင္ ေဆာင္႐ြက္ၿပီးေတာ့ ယာဥ္ေၾကာပိတ္ဆို႔မႈမျဖစ္ေအာင္ ကြၽန္ေတာ္တို႔ အစြမ္းကုန္ ႀကိဳးစားေနပါတယ္။ ငလ်င္ေၾကာင့္ ပ်က္စီးသြားတဲ့ မီးပြိဳင့္ေတြလည္းရွိတယ္။ အဲဒါေတြကိုလည္း ကြၽန္ေတာ္တို႔အပိုင္းလိုက္ ျပန္လည္ျပင္ဆင္ေနၾကတယ္။ အဓိကလမ္းမႀကီးေတြမွာ သြားလာလို႔ရေအာင္လည္း ကြၽန္ေတာ္တို႔အကုန္လုံးကို စီစဥ္ထားၿပီးသားျဖစ္ပါတယ္။ လက္ရွိမွာလည္း ျပင္ဆင္မႈအေနနဲ႔ ၉၀ ရာခိုင္ႏႈန္း ေဆာင္႐ြက္ၿပီးပါၿပီ” ဟု မႏၲေလး ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
မီးပြိဳင့္မ်ား ျပန္လည္ျပင္ဆင္မႈတြင္လည္း အႀကီးစားျပင္ဆင္ရမည့္ မီးပြိဳင့္မ်ားကို တင္ဒါစနစ္ျဖင့္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္းႏွင့္ သာမန္ပ်က္စီးသြားသည့္ မီးပြိဳင့္မ်ားကိုမူ လက္ရွိျပင္ဆင္ေဆာင္႐ြက္မႈအေနျဖင့္ ၉၀ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ မႏၲေလးစည္ပင္သာယာေရးေကာ္မတီ အေဆာက္အအုံဌာန အေနျဖင့္ မီးပြိဳင့္ျပဳျပင္မႈကို နံပါတ္ တစ္ဦးစားေပးအေနျဖင့္ ေဆာင္႐ြက္ေနၿပီး ၿမိဳ႕ျပလူဦးေရတိုးတက္လာမႈႏွင့္အတူ ယာဥ္အသုံးျပဳမႈ မ်ားျပားလာ ျခင္းေၾကာင့္ မႏၲေလးၿမိဳ႕၏ အဓိက လမ္းဆုံမ်ားအျပင္ မီးပြိဳင့္အသုံးျပဳတပ္ဆင္ရန္ လိုအပ္ေနသည့္ ေနရာမ်ားတြင္ လည္း ထပ္တိုးတပ္ဆင္မႈမ်ားေဆာင္႐ြက္ေပးေနၿပီး ၿမိဳ႕တြင္းယာဥ္ေၾကာက်ပ္တည္းျခင္း၊ ယာဥ္မေတာ္တဆ ျဖစ္ျခင္း စသည့္ ေနာက္ဆက္တြဲျပႆနာမ်ားကိုပါ ေလွ်ာ့ခ်ႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.