အထည်ချုပ်လုပ်ငန်းရှင်များ နှင့် အလုပ်သမားများအတွက် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ အခြေအနေတိုးတက်ကောင်းမွန်စေရေး ဆက်လက်လုပ်ဆောင်မည်ဟု MGMA ကတိပြု

632
ယွန်း (NP News) - သြဂုတ် ၂၇
MGMA အနေဖြင့် အထည်ချုပ်လုပ်ငန်းရှင်များ နှင့် အလုပ်သမားများအတွက် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ အခြေအနေတိုးတက်ကောင်းမွန်စေရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)က ပြီးခဲ့သည့် သြဂုတ်လ(၂၅)ရက်တွင် အထက် ပါကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
MGMA အနေဖြင့် H&M Group က မြန်မာနိုင်ငံမှ ချုပ်ထည်အမှာစာပစ္စည်းများ ဝယ်ယူခြင်းကို တစ်ဆင့်ချင်းအလိုက် ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်းကို ပြီးခဲ့သည့် သြဂုတ်လ(၁၇)ရက်က သိရှိခဲ့ရကြောင်း အသိပေးထားသည်။
အဆိုပါဆုံးဖြတ်ချက်များသည် စိန်ခေါ်မှုရှိသော စီးပွားရေးအခြေအနေများကြားတွင် အလုပ်ထုတ်ခံရနိုင်ခြေမြင့်မားခြင်း အပါအဝင် စက်ရုံများရှိ ဝန်ထမ်းများ၏ အသက်မွေးဝမ်းကြောင်းများကို များစွာထိခိုက်စေနိုင်ကြောင်း MGMA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)သည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်များ၊ မိတ်ဖက်များနှင့်အတူ လက်တွဲလုပ်ဆောင်ရန် အမြဲအသင့်ရှိကြောင်း ထုတ်ဖော်အသိပေးထားသည်။
ထို့ပြင် အထည်ချုပ်လုပ်ငန်းရှင်များနှင့် အလုပ်သမားများအားလုံးအတွက် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ အခြေအနေတိုးတက်ကောင်းမွန်လာစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MGMA မှ ကတိပြုပြောကြားထားသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် အလုပ်သမားများ၏ အလုပ်အကိုင်နှင့် စားဝတ်နေရေးဆိုင်ရာကိစ္စရပ်များကို အထည်ချုပ်ကဏ္ဍနှင့် ဆက်နွယ်မှုရှိသည့် အကျိုးသက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်များအနေဖြင့် မြန်မာနိုင်ငံတွင် တာဝန်ရှိစွာဆက်လက်တည်ရှိနေခြင်းသည် အကောင်းဆုံးသော နည်းလမ်းဖြစ်မည်ဟု ယုံကြည်ကြောင်း MGMA က အသိပေးထားသည်။
အလားတူ သိန်းပေါင်းများစွာသော အမျိုးသမီးအလုပ်သမားများ၏ ဘဝအခြေအနေတိုးတက်မှုနှင့် ဆပ်စပ်သည့် အသက်မွေးဝမ်းကြောင်းပညာများဖြင့် ပံ့ပိုးပေးလျက်ရှိရာ အထည်ချုပ်ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရေးကို မပြတ်ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား ႏွင့္ အလုပ္သမားမ်ားအတြက္ ျမန္မာ့အထည္ခ်ဳပ္က႑၏ အေျခအေနတိုးတက္ေကာင္းမြန္ေစေရး ဆက္လက္လုပ္ေဆာင္မည္ဟု MGMA ကတိျပဳ
ယြန္း (NP News) - ၾသဂုတ္ ၂၇
MGMA အေနျဖင့္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ား ႏွင့္ အလုပ္သမားမ်ားအတြက္ ျမန္မာ့အထည္ခ်ဳပ္က႑၏ အေျခအေနတိုးတက္ေကာင္းမြန္ေစေရးကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ကတိျပဳထားသည္။
ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း(MGMA)က ၿပီးခဲ့သည့္ ၾသဂုတ္လ(၂၅)ရက္တြင္ အထက္ ပါကဲ့သို႔ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
MGMA အေနျဖင့္ H&M Group က ျမန္မာႏိုင္ငံမွ ခ်ဳပ္ထည္အမွာစာပစၥည္းမ်ား ဝယ္ယူျခင္းကို တစ္ဆင့္ခ်င္းအလိုက္ ႐ုတ္သိမ္းရန္ ဆုံးျဖတ္ခဲ့ေၾကာင္းကို ၿပီးခဲ့သည့္ ၾသဂုတ္လ(၁၇)ရက္က သိရွိခဲ့ရေၾကာင္း အသိေပးထားသည္။
အဆိုပါဆုံးျဖတ္ခ်က္မ်ားသည္ စိန္ေခၚမႈရွိေသာ စီးပြားေရးအေျခအေနမ်ားၾကားတြင္ အလုပ္ထုတ္ခံရႏိုင္ေျချမင့္မားျခင္း အပါအဝင္ စက္႐ုံမ်ားရွိ ဝန္ထမ္းမ်ား၏ အသက္ေမြးဝမ္းေၾကာင္းမ်ားကို မ်ားစြာထိခိုက္ေစႏိုင္ေၾကာင္း MGMA က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း(MGMA)သည္ ျမန္မာႏိုင္ငံတြင္ တာဝန္ယူမႈရွိေသာ စီးပြားေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ရန္ အျပည္ျပည္ဆိုင္ရာ အမွတ္တံဆိပ္မ်ား၊ မိတ္ဖက္မ်ားႏွင့္အတူ လက္တြဲလုပ္ေဆာင္ရန္ အၿမဲအသင့္ရွိေၾကာင္း ထုတ္ေဖာ္အသိေပးထားသည္။
ထို႔ျပင္ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားႏွင့္ အလုပ္သမားမ်ားအားလုံးအတြက္ ျမန္မာ့အထည္ခ်ဳပ္က႑၏ အေျခအေနတိုးတက္ေကာင္းမြန္လာေစရန္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း MGMA မွ ကတိျပဳေျပာၾကားထားသည္။
ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္းသည္ အလုပ္သမားမ်ား၏ အလုပ္အကိုင္ႏွင့္ စားဝတ္ေနေရးဆိုင္ရာကိစၥရပ္မ်ားကို အထည္ခ်ဳပ္က႑ႏွင့္ ဆက္ႏြယ္မႈရွိသည့္ အက်ိဳးသက္ဆိုင္သူမ်ားအားလုံးႏွင့္ အျပဳသေဘာေဆာင္သည့္ ပူးေပါင္းမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ရန္ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္။
အျပည္ျပည္ဆိုင္ရာ ကုန္အမွတ္တံဆိပ္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံတြင္ တာဝန္ရွိစြာဆက္လက္တည္ရွိေနျခင္းသည္ အေကာင္းဆုံးေသာ နည္းလမ္းျဖစ္မည္ဟု ယုံၾကည္ေၾကာင္း MGMA က အသိေပးထားသည္။
အလားတူ သိန္းေပါင္းမ်ားစြာေသာ အမ်ိဳးသမီးအလုပ္သမားမ်ား၏ ဘဝအေျခအေနတိုးတက္မႈႏွင့္ ဆပ္စပ္သည့္ အသက္ေမြးဝမ္းေၾကာင္းပညာမ်ားျဖင့္ ပံ့ပိုးေပးလ်က္ရွိရာ အထည္ခ်ဳပ္က႑ကို ဖြံ႕ၿဖိဳးတိုးတက္ေရးကို မျပတ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။