ကော့ကရိတ်တွင် အထွေထွေ ရှားပါးခြင်းနှင့် ဈေးအဆမတန်ကြီးခြင်းများ ဖြစ်နေပြီး ပြည်သူများ အခက်ကြုံ

333

သက်ပိုင်(NP News )-ဇူလိုင် ၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် မြို့နယ်အတွင်း တိုက်ပွဲများရှိနေသောကြောင့် လမ်းပိုင်းဆက်သွယ်ရေး ပိတ်ဆို့သည့်အတွက် အထွေထွေ ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်ခြင်း များ ဖြစ်နေကြောင်း မြို့ခံ တစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သော ဧပြီလ(၁၄)ရက်မှစတင်၍ ကော့ကရိတ်မြို့သို့ ကုန်စည်အဓိက တင်ပို့ရာလမ်း ဖြစ်သည့် ကော့ ကရိတ်-ကျုံဒိုး ကားလမ်းပိုင်းတွင် တပ်မတော်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့များ ထိတွေတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး နောက် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှုအများစု ရပ်တန့်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“ဆေးဆိုင်တွေမှာလည်း ဆေးမရှိတော့ဘူး။ တစ်မြို့လုံးမှာ ဘိုင်အိုဂျက်ဆစ်တောင် ဝယ်လို့ မရတော့ဘူး။ နောက်ပြီး ဘာမှလည်းဝယ်စားလို့မရ တော့ဘူး။ ဝယ်စားဖို့လည်း ကုန်ဈေးတွေက ဆီတစ်လီတာ ကျပ် သုံးသောင်း၊ ဆန်တစ်ပြည်ကို ကိုးထောင်၊ ကြက်သွန် တစ်ပိဿာနှစ်သောင်းခွဲ ဖြစ်နေပြီ။ စားစရာမရှိလို့ အရင်က ကန်စွန်းရွက်တွေ စားပေမယ့် နောက်ပိုင်းရေတွေကြီးတော့ ကန်စွန်း ရွက်လည်း မရှိတော့ဘူး။ ဘာမှမရ တော့ဘူး” ဟု အဆိုပါဒေသခံက ဆိုသည်။
လက်ရှိတွင် KBZ Pay, Wave Pay ကဲ့သို့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများလည်း လည်ပတ်နိုင်ခြင်း မရှိတော့ သည့်အပြင် မြို့အတွင်း လုံခြုံရေး အခြေအနေကောင်းသော်လည်း လက်နက်ကြီး ပစ်ခတ်သံအချို့ကိုကြားရကြောင်း ၎င်းက ဆိုသည်။
လက်ရှိအခြေအနေအရ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်ထားသော်လည်း မြို့ခံများ တိမ်း ရှောင်နေသည့် အတွက် မြို့တွင်းလူဦးရေ တစ်သောင်း ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ကော့ကရိတ်မြို့တွင်း ပိတ်မိသူ များ အထဲတွင် သာမန် ပြည်သူများအပြင် အစိုးရဝန်ထမ်းများလည်း ပါဝင်ကြောင်းသိရသည်။
“ဝန်ထမ်းက နှစ်ပိုင်းရှိတယ် ပြောရမယ်။ တချို့ကလည်း ဘားအံမှာ လစာသွားထုတ်ပြီး ကော့ ကရိတ်ကို ပြန်လာဖို့ လမ်းပိတ်လို့မလာနိုင်တဲ့ သူတွေလည်းရှိတယ်။ ဆရာမတွေကလည်း ရှောင်မယ်ဆို ကလေးတွေ ပညာသင် ကြားခွင့်က ဆုံးရှုံးသွားမှာ” ဟု ၎င်းက သိရှိသည့်အခြေအနေကို ရှင်းပြသည်။

Zawgyi Version:
ေကာ့ကရိတ္တြင္ အေထြေထြ ရွားပါးျခင္းႏွင့္ ေဈးအဆမတန္ႀကီးျခင္းမ်ား ျဖစ္ေနၿပီး ျပည္သူမ်ား အခက္ႀကဳံ
သက္ပိုင္(NP News )-ဇူလိုင္ ၃
ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားရွိေနေသာေၾကာင့္ လမ္းပိုင္းဆက္သြယ္ေရး ပိတ္ဆို႔သည့္အတြက္ အေထြေထြ ရွားပါးျခင္းႏွင့္ ကုန္ေဈးႏႈန္း အဆမတန္ ႀကီးျမင့္ျခင္း မ်ား ျဖစ္ေနေၾကာင္း ၿမိဳ႕ခံ တစ္ဦးက NP News သို႔ ေျပာသည္။
ၿပီးခဲ့ေသာ ဧၿပီလ(၁၄)ရက္မွစတင္၍ ေကာ့ကရိတ္ၿမိဳ႕သို႔ ကုန္စည္အဓိက တင္ပို႔ရာလမ္း ျဖစ္သည့္ ေကာ့ ကရိတ္-က်ဳံဒိုး ကားလမ္းပိုင္းတြင္ တပ္မေတာ္ႏွင့္ KNLA ၊ PDF ပူးေပါင္းအဖြဲ႕မ်ား ထိေတြတိုက္ပြဲ စတင္ျဖစ္ပြားခဲ့ၿပီး ေနာက္ ၿမိဳ႕တြင္းသို႔ ကုန္စည္ဝင္ေရာက္မႈအမ်ားစု ရပ္တန႔္ေနျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။
“ေဆးဆိုင္ေတြမွာလည္း ေဆးမရွိေတာ့ဘူး။ တစ္ၿမိဳ႕လုံးမွာ ဘိုင္အိုဂ်က္ဆစ္ေတာင္ ဝယ္လို႔ မရေတာ့ဘူး။ ေနာက္ၿပီး ဘာမွလည္းဝယ္စားလို႔မရ ေတာ့ဘူး။ ဝယ္စားဖို႔လည္း ကုန္ေဈးေတြက ဆီတစ္လီတာ က်ပ္ သုံးေသာင္း၊ ဆန္တစ္ျပည္ကို ကိုးေထာင္၊ ၾကက္သြန္ တစ္ပိႆာႏွစ္ေသာင္းခြဲ ျဖစ္ေနၿပီ။ စားစရာမရွိလို႔ အရင္က ကန္စြန္း႐ြက္ေတြ စားေပမယ့္ ေနာက္ပိုင္းေရေတြႀကီးေတာ့ ကန္စြန္း ႐ြက္လည္း မရွိေတာ့ဘူး။ ဘာမွမရ ေတာ့ဘူး” ဟု အဆိုပါေဒသခံက ဆိုသည္။
လက္ရွိတြင္ KBZ Pay, Wave Pay ကဲ့သို႔ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားလည္း လည္ပတ္ႏိုင္ျခင္း မရွိေတာ့ သည့္အျပင္ ၿမိဳ႕အတြင္း လုံၿခဳံေရး အေျခအေနေကာင္းေသာ္လည္း လက္နက္ႀကီး ပစ္ခတ္သံအခ်ိဳ႕ကိုၾကားရေၾကာင္း ၎က ဆိုသည္။
လက္ရွိအေျခအေနအရ အေျခခံပညာ ေက်ာင္းမ်ား ဖြင့္လွစ္ထားေသာ္လည္း ၿမိဳ႕ခံမ်ား တိမ္း ေရွာင္ေနသည့္ အတြက္ ၿမိဳ႕တြင္းလူဦးေရ တစ္ေသာင္း ေက်ာ္သာ က်န္ရွိေတာ့ေၾကာင္း သိရသည္။ ေကာ့ကရိတ္ၿမိဳ႕တြင္း ပိတ္မိသူ မ်ား အထဲတြင္ သာမန္ ျပည္သူမ်ားအျပင္ အစိုးရဝန္ထမ္းမ်ားလည္း ပါဝင္ေၾကာင္းသိရသည္။
“ဝန္ထမ္းက ႏွစ္ပိုင္းရွိတယ္ ေျပာရမယ္။ တခ်ိဳ႕ကလည္း ဘားအံမွာ လစာသြားထုတ္ၿပီး ေကာ့ ကရိတ္ကို ျပန္လာဖို႔ လမ္းပိတ္လို႔မလာႏိုင္တဲ့ သူေတြလည္းရွိတယ္။ ဆရာမေတြကလည္း ေရွာင္မယ္ဆို ကေလးေတြ ပညာသင္ ၾကားခြင့္က ဆုံးရႈံးသြားမွာ” ဟု ၎က သိရွိသည့္အေျခအေနကို ရွင္းျပသည္။