တိုင်းရင်းဆေးဝါးများ ကုန်ကြမ်းရှားသဖြင့် ဈေးများမြင့်တက်နေ

 229

ပြည့်ဖြိုး (NP News) - အောက်တိုဘာလ ၇
ပြည်တွင်း၌အဓိကထုတ်လုပ်သော တိုင်း ရင်းဆေးဝါးများမှာ ပြည်ပမှ ကုန်ကြမ်းများတင်သွင်းနေရခြင်းနှင့် ပြည်တွင်း၌ ကုန်ကြမ်းလိုသလောက် ဝယ်ယူ၍မရခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်နေ ကြောင်း တိုင်းရင်းဆေးထုတ်လုပ်သူများထံမှသိရ သည်။
"ပစ္စည်းတွေပြတ်၊ အရောင်းအဝယ်မကောင်းဘူး။ တချို့ဆိုင်တွေဆို ခဏဆိုပြီး ပိတ်ထားကြတဲ့ဆိုင်တွေတောင်ရှိတယ်။ ဈေးက အကုန်တက်တာ။ နိုင်ငံခြားဆေးတွေတင်မကဘူး တိုင်းရင်းဆေး တွေလည်းဈေးတက်တာပဲ။ လူတိုင်းသုံးနေတဲ့ ဆရာ ခိုဆေးဆို အရင် (၃၀ဝ)၊ (၄၀ဝ) ဈေးကနေ တက် လာလိုက်တာ အခု တစ်ဘူးကို (၁၆၀ဝ)ဖြစ်နေပြီ။ တိုင်းရင်းဆေး ဘာကြောင့်တက်လဲဆို အဓိကက ကုန်ကြမ်းရှားနေတာ။ ပြည်ပကလည်း ကုန်ကြမ်းဝယ် မရဘူး။ ပြည်တွင်းမှာလည်း လိုသလောက် ဝယ်လို့မ ရဘူး။ ဒါကြောင့် တိုင်းရင်းဆေးတွေလည်း ဈေးတက် လာတယ်"ဟု ဆေးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
တိုင်းရင်းဆေးအတွက် လိုအပ်သည့်ကုန် ကြမ်းများကို ပြည်ပမှ ထက်ဝက်နီးပါးခန့်တင်သွင်း နေရခြင်းဖြစ်ပြီး ပြည်တွင်းတွင် ကုန်ကြမ်းဝယ်ယူနေ သော်လည်း လတ်တလောဖြစ်ပွားနေသည့် နယ်မြေ မအေးချမ်းမှုများကြောင့် လိုသလောက် ဝယ်ယူ၍မရ ကြောင်းသိရသည် ။
ဆေးဝါးကုန်ကြမ်းများကို ရေကြောင်းမှ တရားဝင်တင်သွင်းပါက ရာခိုင်နှုန်းအပြည့် အခွန်ပေး ဆောင်ရသောကြောင့် ဈေးပိုကြီးလာနိုင်ပြီး နယ်စပ်မှ တင်သွင်းပါကလည်း ကန့်သတ်မှုများ၊ ဖမ်းဆီးခံရမှု များရှိနေသောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေ ကြောင်းသိရသည်။
" တိုင်းရင်းဆေးဆိုပြီး ပြည်တွင်းကထုတ် တဲ့ကုန်ကြမ်းတွေသုံးထားပေမယ့် ကုန်ကြမ်းတွေ အကုန်ဈေးတက်နေတာကြာပြီ။ နောက်ပြီးတော့ ဆေးထည့်ဖို့ ပုလင်းတွေဘူးတွေကလည်း ဈေးတက် နေတော့ တိုင်းရင်းဆေးလည်း နိုင်ငံခြားဆေးလို ဈေး တက်လာတာပေါ့။ အဓိကပြောချင်တာကတော့ ပြည် တွင်းမှာ တိုင်းရင်းဆေးထုတ်လုပ်မှုကုန်ကျစရိတ်မြင့် တက်လာတာပါ"ဟု တိုင်းရင်းဆေးထုတ်လုပ်သူလုပ် ငန်းရှင်တစ်ဦးကပြောသည်။
တိုင်ရင်းဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းအများစုမှာ တစ်ပိုင်တစ်နိုင် အိမ်တွင်း အသေးစားလုပ် ငန်းများဖြစ်ကြပြီး လတ်တလော လျှပ်စစ်မီးပြတ် တောက်ခြင်းနှင့် အလုပ်သမားရှားပါးခြင်းတို့ကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်းသိရသည်။
" ပရဆေးထုတ်တဲ့သူတွေက အများစုက နယ်မှာ နေကြတာလေ။ အခုအချိန်မှာ နယ်မြို့တွေက‌ ‌ဒေသမအေးချမ်းလို့ ပရဆေးထုတ်တဲ့သူနည်းလာတယ်။ ရန်ကုန်ကိုလည်း ကုန်ကြမ်းအဝင်နည်းသွား တယ်"ဟု တိုင်းရင်းဆေးထုတ်လုပ်သူတစ်ဦးကပြောသည်။ လက်ရှိတွင် ပြည်ပမှကုန်ကြမ်းများကို အဓိက မှီခိုနေရခြင်းနှင့် ပြည်တွင်းကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် တိုင်းရင်းဆေးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။

Zawgyi Version:
တိုင္းရင္းေဆးဝါးမ်ား ကုန္ၾကမ္းရွားသျဖင့္ ေဈးမ်ားျမင့္တက္ေန
ျပည့္ၿဖိဳး (NP News) - ေအာက္တိုဘာလ ၇
ျပည္တြင္း၌အဓိကထုတ္လုပ္ေသာ တိုင္း ရင္းေဆးဝါးမ်ားမွာ ျပည္ပမွ ကုန္ၾကမ္းမ်ားတင္သြင္းေနရျခင္းႏွင့္ ျပည္တြင္း၌ ကုန္ၾကမ္းလိုသေလာက္ ဝယ္ယူ၍မရျခင္းတို႔ေၾကာင့္ ေဈးႏႈန္းမ်ားျမင့္တက္ေန ေၾကာင္း တိုင္းရင္းေဆးထုတ္လုပ္သူမ်ားထံမွသိရ သည္။
"ပစၥည္းေတြျပတ္၊ အေရာင္းအဝယ္မေကာင္းဘူး။ တခ်ိဳ႕ဆိုင္ေတြဆို ခဏဆိုၿပီး ပိတ္ထားၾကတဲ့ဆိုင္ေတြေတာင္ရွိတယ္။ ေဈးက အကုန္တက္တာ။ ႏိုင္ငံျခားေဆးေတြတင္မကဘူး တိုင္းရင္းေဆး ေတြလည္းေဈးတက္တာပဲ။ လူတိုင္းသုံးေနတဲ့ ဆရာ ခိုေဆးဆို အရင္ (၃၀ဝ)၊ (၄၀ဝ) ေဈးကေန တက္ လာလိုက္တာ အခု တစ္ဘူးကို (၁၆၀ဝ)ျဖစ္ေနၿပီ။ တိုင္းရင္းေဆး ဘာေၾကာင့္တက္လဲဆို အဓိကက ကုန္ၾကမ္းရွားေနတာ။ ျပည္ပကလည္း ကုန္ၾကမ္းဝယ္ မရဘူး။ ျပည္တြင္းမွာလည္း လိုသေလာက္ ဝယ္လို႔မ ရဘူး။ ဒါေၾကာင့္ တိုင္းရင္းေဆးေတြလည္း ေဈးတက္ လာတယ္"ဟု ေဆးဆိုင္ဖြင့္လွစ္ထားသူတစ္ဦးက ေျပာသည္။
တိုင္းရင္းေဆးအတြက္ လိုအပ္သည့္ကုန္ ၾကမ္းမ်ားကို ျပည္ပမွ ထက္ဝက္နီးပါးခန႔္တင္သြင္း ေနရျခင္းျဖစ္ၿပီး ျပည္တြင္းတြင္ ကုန္ၾကမ္းဝယ္ယူေန ေသာ္လည္း လတ္တေလာျဖစ္ပြားေနသည့္ နယ္ေျမ မေအးခ်မ္းမႈမ်ားေၾကာင့္ လိုသေလာက္ ဝယ္ယူ၍မရ ေၾကာင္းသိရသည္ ။
ေဆးဝါးကုန္ၾကမ္းမ်ားကို ေရေၾကာင္းမွ တရားဝင္တင္သြင္းပါက ရာခိုင္ႏႈန္းအျပည့္ အခြန္ေပး ေဆာင္ရေသာေၾကာင့္ ေဈးပိုႀကီးလာႏိုင္ၿပီး နယ္စပ္မွ တင္သြင္းပါကလည္း ကန႔္သတ္မႈမ်ား၊ ဖမ္းဆီးခံရမႈ မ်ားရွိေနေသာေၾကာင့္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ေန ေၾကာင္းသိရသည္။
" တိုင္းရင္းေဆးဆိုၿပီး ျပည္တြင္းကထုတ္ တဲ့ကုန္ၾကမ္းေတြသုံးထားေပမယ့္ ကုန္ၾကမ္းေတြ အကုန္ေဈးတက္ေနတာၾကာၿပီ။ ေနာက္ၿပီးေတာ့ ေဆးထည့္ဖို႔ ပုလင္းေတြဘူးေတြကလည္း ေဈးတက္ ေနေတာ့ တိုင္းရင္းေဆးလည္း ႏိုင္ငံျခားေဆးလို ေဈး တက္လာတာေပါ့။ အဓိကေျပာခ်င္တာကေတာ့ ျပည္ တြင္းမွာ တိုင္းရင္းေဆးထုတ္လုပ္မႈကုန္က်စရိတ္ျမင့္ တက္လာတာပါ"ဟု တိုင္းရင္းေဆးထုတ္လုပ္သူလုပ္ ငန္းရွင္တစ္ဦးကေျပာသည္။
တိုင္ရင္းေဆးဝါးထုတ္လုပ္သည့္လုပ္ငန္းအမ်ားစုမွာ တစ္ပိုင္တစ္ႏိုင္ အိမ္တြင္း အေသးစားလုပ္ ငန္းမ်ားျဖစ္ၾကၿပီး လတ္တေလာ လွ်ပ္စစ္မီးျပတ္ ေတာက္ျခင္းႏွင့္ အလုပ္သမားရွားပါးျခင္းတို႔ေၾကာင့္ အခက္အခဲ ႀကဳံေတြ႕ေနရေၾကာင္းသိရသည္။
" ပရေဆးထုတ္တဲ့သူေတြက အမ်ားစုက နယ္မွာ ေနၾကတာေလ။ အခုအခ်ိန္မွာ နယ္ၿမိဳ႕ေတြက‌ ‌ေဒသမေအးခ်မ္းလို႔ ပရေဆးထုတ္တဲ့သူနည္းလာတယ္။ ရန္ကုန္ကိုလည္း ကုန္ၾကမ္းအဝင္နည္းသြား တယ္"ဟု တိုင္းရင္းေဆးထုတ္လုပ္သူတစ္ဦးကေျပာသည္။ လက္ရွိတြင္ ျပည္ပမွကုန္ၾကမ္းမ်ားကို အဓိက မွီခိုေနရျခင္းႏွင့္ ျပည္တြင္းကုန္ၾကမ္းရွားပါးျခင္းတို႔ေၾကာင့္ တိုင္းရင္းေဆးေဈးကြက္အတြင္း ေဈးႏႈန္းမ်ား ျမင့္တက္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.