Health Financing System ကို လက်တွေ့အကောင်အထည်ဖော်မှုနှင့် ပြည်သူလူထုထံ ချပြမှု အားနည်းနေ ဟုဆို

216

Pearl (NP News) - အောက်တိုဘာ ၆
Health Financing System ကို လက်တွေ့အကောင်အထည်ဖော်မှုနှင့် ပြည်သူလူထုထံ ချပြမှု အားနည်းနေ ကြောင်း ဆရာဝန်တစ်ဦးက NP News သို့ ပြောသည်။
ပြည်သူလူထုအနေဖြင့် ကျန်းမာရေးကုသမှုခံယူရာတွင် နိုင်ငံတော်အနေဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရမည်ဟူသောအသိအမှားဖြင့် အစားအသောက်မဆင်ခြင်မှုများ၊ ကျန်းမာရေး မလိုက်စားမှုများ ရှိနေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။
“ပြည်သူတွေက အချိန်တန်ရင် ဆေးရုံရောက်ရင်အခမဲ့ လုပ်ပေးရမယ်ဆိုတဲ့ အသိအမှားကြီး ရှိနေတာပေါ့။ အဲဒီလို အသိအမှားကြီး ရှိနေတော့ သူတို့က အစားအသောက်လည်းမဆင်ခြင်ဘူး။ ကျန်းမာရေး လေ့လာလိုက်စားမှုလည်း မရှိဘူး။ ဒီလိုတွေက အစရှာမရသလို ဘယ်သူ့မှာပဲ တာဝန်ရှိသလိုလို Problem Circle ကြီး ဖြစ်နေတာပေါ့။ အခုက နို့သက်ခံစို့သလိုဖြစ်နေတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။
ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်မှ အကုန်အကျခံမည့် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပြည်သူလူထုမှ အကုန်အကျခံရမည့် ကျန်းမာရေးစောင့်ရှောင့်မှုများကို တိတိကျကျ လိုက်နာကျင့်သုံးရန် Health Financing System ကို သေချာဆောင်ရွက်သင့်ကြောင်းလည်း သိရသည်။
“ Health Financing System လို့ပဲ ပြောရမှာပေါ့။ တခြားနိုင်ငံမှာလည်း Health Economic လို့ခေါ်တဲ့ Health Finance System ကို သေချာလုပ်တယ်။ မြန်မာနိုင်ငံမှာလည်း သေချာလုပ်မထားဘူးလားမဟုတ်ဘူး လုပ်ထား တယ်။ တိကျတဲ့ Health Financing System လုပ်ဖို့လိုတယ်။ ဘယ်လိုလူလာရင်တော့ Free ပေးမယ်။ နိုင်ငံတော် က ကျခံမယ်။ ဘယ်လိုလူလာရင်တော့ လူနာအိတ်ထဲက စိုက်ထုတ်ရမယ်ပေါ့။ ဥပမာ သူ့ဘာသာ ဆေးလိပ် သောက်လို့ အဆုတ်ကင်ဆာဖြစ်တာကို နိုင်ငံတော် စရိတ်နဲ့အကုန် ကုပေး စရာ မလိုဘူး။ ကိုယ်ဝန်ဆောင်ဆိုရင် Free ရသင့်တယ်။ ကလေးကိစ္စ၊ အသက် (၇၅) အထက် ကိစ္စ ၊ ဒီလိုဟာမျိုးတွေဆိုရင် Free ပေးမယ်ဆိုပြီး တိတိကျကျသတ်မှတ်ထားရင် လူတွေကလည်း ဘယ်လိုဟာမျိုးဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်ရနိုင် မယ်။ ဘယ်လိုဟာတွေဆိုရင် ငါတို့ဘာသာကုရမယ်ဆိုတဲ့အသိလေး ရှိသွားမယ်။ တိကျတဲ့ Package တွေ သတ်မှတ်ဖို့လိုတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
Health Financing System အတွက် အမျိုးသားကျန်းမာရေးစီမံကိန်း (National Health Plan) တွင် ပါဝင်သော်လည်း ကျန်းမာရေးဝန်ထမ်းအချို့အနေဖြင့် လက်တွေ့ကျင့်သုံးမှု အားနည်းနေကြောင်းလည်း သိရ သည်။
ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်များနှင့် ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ Health Financing System ကို ကျန်းမာရေးဝန်ထမ်းအပြင် ပြည်သူလူထုပါ သိရှိရန်အတွက် ဆောင်ရွက်၍ လက်တွေ့ အသုံးချသင့်ကြောင်း အကြံပြုထားသည်။
“Health Financing System က မရှိဘူးတော့မဟုတ်ဘူး ။ ကျွန်တော်တို့ National Health Plan မှာ အဲဒါမျိုးလေးတွေ ပါတယ်။ သို့သော် လက်တွေ့အကောင်အထည်ဖော်မှုပိုင်းမှာနဲ့ ပြည်သူကို ချပြမှုပိုင်းမှာ အားနည်းမှုရှိတယ်လို့ မြင်တယ်။ ပြည်သူကိုတင်မဟုတ်ဘူး။ လက်တွေ့ ဆေးရုံမှာ လုပ်နေတဲ့လူတွေကိုက မပြတ်သား ဘူး။ ဥပမာ ကိုယ်ဝန်ဆောင်ဆိုရင် Free ရသင့်တယ်။ အဲဒါတွေမှာလည်း တချို့ ကုန်ကျစရိတ်တွေ ရှိတယ်။ ဒါမျိုးက အောက်က Health Care ပေးနေတဲ့ Service Providers တွေကလည်း ဒီအကြောင်းကို နားမလည်တာပါတယ်။ ဆေးတွေတော့ ပေးလိုက်တယ်။ ဘယ်လိုလူကို အခမဲ့ရအောင် လုပ်ပေးရမယ်။ ဘယ်သူကို သူ့ပိုက်ဆံနဲ့ သူဝယ်ခိုင်းရမယ်။ အဲဒါမျိုးတွေမပြတ်သားတဲ့အတွက် ခက်နေတယ်လို့မြင်တယ်။ ဒါလေးကို တကယ့် National Health Plan မှာပါတဲ့ တကယ့်အချက်တွေကို Health Care Providers လူရော ပြည်သူလူထုကို ချပြသင့်တယ်လို့မြင်တယ်။ နောက်ပြည်သူကလည်း ကျန်းမာရေး စောင့်ရှောက်မှုသည့် နိုင်ငံတော်က (၁၀၀) % တာဝန်ရှိတာမဟုတ်ဘူးဆိုတာ သိရမယ်” ဟု ၎င်း က ဆက်လက်ပြောသည်။
အမျိုးသားကျန်းမာရေးစီမံကိန်းကို ကျန်းမာရေးအခြေခံ အဆောက်အဦများ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာနှစ်အလိုက် ကျန်းမာရေး ဘဏ္ဍာငွေရရှိမှု၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း၊ ကျန်းမာရေး ဝန်ဆောင်မှုစနစ်၏ စွမ်းဆောင်နိုင်မှု အရည်အသွေး အခြေအနေ၊ နိုင်ငံ၏ စီးပွားရေးအခြေအနေစသည်များကို တွက်ချက်၍ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

Zawgyi Version:
Health Financing System ကို လက္ေတြ႕အေကာင္အထည္ေဖာ္မႈႏွင့္ ျပည္သူလူထုထံ ခ်ျပမႈ အားနည္းေနဟုဆို
Pearl (NP News) - ေအာက္တိုဘာ ၆
Health Financing System ကို လက္ေတြ႕အေကာင္အထည္ေဖာ္မႈႏွင့္ ျပည္သူလူထုထံ ခ်ျပမႈ အားနည္းေန ေၾကာင္း ဆရာဝန္တစ္ဦးက NP News သို႔ ေျပာသည္။
ျပည္သူလူထုအေနျဖင့္ က်န္းမာေရးကုသမႈခံယူရာတြင္ ႏိုင္ငံေတာ္အေနျဖင့္ အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးရမည္ဟူေသာအသိအမွားျဖင့္ အစားအေသာက္မဆင္ျခင္မႈမ်ား၊ က်န္းမာေရး မလိုက္စားမႈမ်ား ရွိေနေၾကာင္း က်န္းမာေရးအသိုင္းအဝိုင္းမွ သိရသည္။
“ျပည္သူေတြက အခ်ိန္တန္ရင္ ေဆး႐ုံေရာက္ရင္အခမဲ့ လုပ္ေပးရမယ္ဆိုတဲ့ အသိအမွားႀကီး ရွိေနတာေပါ့။ အဲဒီလို အသိအမွားႀကီး ရွိေနေတာ့ သူတို႔က အစားအေသာက္လည္းမဆင္ျခင္ဘူး။ က်န္းမာေရး ေလ့လာလိုက္စားမႈလည္း မရွိဘူး။ ဒီလိုေတြက အစရွာမရသလို ဘယ္သူ႔မွာပဲ တာဝန္ရွိသလိုလို Problem Circle ႀကီး ျဖစ္ေနတာေပါ့။ အခုက ႏို႔သက္ခံစို႔သလိုျဖစ္ေနတယ္” ဟု ဆရာဝန္တစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံေတာ္မွ အကုန္အက်ခံမည့္ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ားႏွင့္ ျပည္သူလူထုမွ အကုန္အက်ခံရမည့္ က်န္းမာေရးေစာင့္ေရွာင့္မႈမ်ားကို တိတိက်က် လိုက္နာက်င့္သုံးရန္ Health Financing System ကို ေသခ်ာေဆာင္႐ြက္သင့္ေၾကာင္းလည္း သိရသည္။
“ Health Financing System လို႔ပဲ ေျပာရမွာေပါ့။ တျခားႏိုင္ငံမွာလည္း Health Economic လို႔ေခၚတဲ့ Health Finance System ကို ေသခ်ာလုပ္တယ္။ ျမန္မာႏိုင္ငံမွာလည္း ေသခ်ာလုပ္မထားဘူးလားမဟုတ္ဘူး လုပ္ထား တယ္။ တိက်တဲ့ Health Financing System လုပ္ဖို႔လိုတယ္။ ဘယ္လိုလူလာရင္ေတာ့ Free ေပးမယ္။ ႏိုင္ငံေတာ္ က က်ခံမယ္။ ဘယ္လိုလူလာရင္ေတာ့ လူနာအိတ္ထဲက စိုက္ထုတ္ရမယ္ေပါ့။ ဥပမာ သူ႔ဘာသာ ေဆးလိပ္ ေသာက္လို႔ အဆုတ္ကင္ဆာျဖစ္တာကို ႏိုင္ငံေတာ္ စရိတ္နဲ႔အကုန္ ကုေပး စရာ မလိုဘူး။ ကိုယ္ဝန္ေဆာင္ဆိုရင္ Free ရသင့္တယ္။ ကေလးကိစၥ၊ အသက္ (၇၅) အထက္ ကိစၥ ၊ ဒီလိုဟာမ်ိဳးေတြဆိုရင္ Free ေပးမယ္ဆိုၿပီး တိတိက်က်သတ္မွတ္ထားရင္ လူေတြကလည္း ဘယ္လိုဟာမ်ိဳးဆိုရင္ က်န္းမာေရးေစာင့္ေရွာက္မႈ အျပည့္ရႏိုင္ မယ္။ ဘယ္လိုဟာေတြဆိုရင္ ငါတို႔ဘာသာကုရမယ္ဆိုတဲ့အသိေလး ရွိသြားမယ္။ တိက်တဲ့ Package ေတြ သတ္မွတ္ဖို႔လိုတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
Health Financing System အတြက္ အမ်ိဳးသားက်န္းမာေရးစီမံကိန္း (National Health Plan) တြင္ ပါဝင္ေသာ္လည္း က်န္းမာေရးဝန္ထမ္းအခ်ိဳ႕အေနျဖင့္ လက္ေတြ႕က်င့္သုံးမႈ အားနည္းေနေၾကာင္းလည္း သိရ သည္။
ထို႔ေၾကာင့္ က်န္းမာေရးေစာင့္ေရွာက္မႈကုန္က်စရိတ္မ်ားႏွင့္ က်န္းမာေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ Health Financing System ကို က်န္းမာေရးဝန္ထမ္းအျပင္ ျပည္သူလူထုပါ သိရွိရန္အတြက္ ေဆာင္႐ြက္၍ လက္ေတြ႕ အသုံးခ်သင့္ေၾကာင္း အႀကံျပဳထားသည္။
“Health Financing System က မရွိဘူးေတာ့မဟုတ္ဘူး ။ ကြၽန္ေတာ္တို႔ National Health Plan မွာ အဲဒါမ်ိဳးေလးေတြ ပါတယ္။ သို႔ေသာ္ လက္ေတြ႕အေကာင္အထည္ေဖာ္မႈပိုင္းမွာနဲ႔ ျပည္သူကို ခ်ျပမႈပိုင္းမွာ အားနည္းမႈရွိတယ္လို႔ ျမင္တယ္။ ျပည္သူကိုတင္မဟုတ္ဘူး။ လက္ေတြ႕ ေဆး႐ုံမွာ လုပ္ေနတဲ့လူေတြကိုက မျပတ္သား ဘူး။ ဥပမာ ကိုယ္ဝန္ေဆာင္ဆိုရင္ Free ရသင့္တယ္။ အဲဒါေတြမွာလည္း တခ်ိဳ႕ ကုန္က်စရိတ္ေတြ ရွိတယ္။ ဒါမ်ိဳးက ေအာက္က Health Care ေပးေနတဲ့ Service Providers ေတြကလည္း ဒီအေၾကာင္းကို နားမလည္တာပါတယ္။ ေဆးေတြေတာ့ ေပးလိုက္တယ္။ ဘယ္လိုလူကို အခမဲ့ရေအာင္ လုပ္ေပးရမယ္။ ဘယ္သူကို သူ႔ပိုက္ဆံနဲ႔ သူဝယ္ခိုင္းရမယ္။ အဲဒါမ်ိဳးေတြမျပတ္သားတဲ့အတြက္ ခက္ေနတယ္လို႔ျမင္တယ္။ ဒါေလးကို တကယ့္ National Health Plan မွာပါတဲ့ တကယ့္အခ်က္ေတြကို Health Care Providers လူေရာ ျပည္သူလူထုကို ခ်ျပသင့္တယ္လို႔ျမင္တယ္။ ေနာက္ျပည္သူကလည္း က်န္းမာေရး ေစာင့္ေရွာက္မႈသည့္ ႏိုင္ငံေတာ္က (၁၀၀) % တာဝန္ရွိတာမဟုတ္ဘူးဆိုတာ သိရမယ္” ဟု ၎ က ဆက္လက္ေျပာသည္။
အမ်ိဳးသားက်န္းမာေရးစီမံကိန္းကို က်န္းမာေရးအေျခခံ အေဆာက္အဦမ်ား၊ လူ႔စြမ္းအားအရင္းအျမစ္၊ ဘ႑ာႏွစ္အလိုက္ က်န္းမာေရး ဘ႑ာေငြရရွိမႈ၊ ျပည္သူလူထု၏ က်န္းမာေရးအဆင့္အတန္း၊ က်န္းမာေရး ဝန္ေဆာင္မႈစနစ္၏ စြမ္းေဆာင္ႏိုင္မႈ အရည္အေသြး အေျခအေန၊ ႏိုင္ငံ၏ စီးပြားေရးအေျခအေနစသည္မ်ားကို တြက္ခ်က္၍ ေရးဆြဲခဲ့ျခင္း ျဖစ္သည္။