ဗိုလ်တစ်ထောင်စေတီတော်တွင် နဝမအကြိမ်မြောက် သွေးလှူဒါန်းပွဲကျင်းပ

 60

ဗိုလ်တစ်ထောင်စေတီတော်တွင် နဝမအကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပ
စိမ့် (NP News) - ဒီဇင်ဘာ၂ဝ
ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်) တွင် ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ နဝမအကြိမ်မြောက် စုပေါင်းမေတ္တာသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။
အဆိုပါ သွေးလှူဒါန်းပွဲကို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာဝန်ယူစီစဉ်ခဲ့ခြင်းဖြစ်ပြီး သွေးလှူဒါန်းပွဲကို (၂၀၂၃) ခုနှစ် ဧပြီလ(၁)ရက်မှ စတင်ကာ (၄) လလျှင် တစ်ကြိမ် ပုံမှန်ကျင်းပလာခဲ့ခြင်းဖြစ်သိရသည်။
“အဘတို့တာဝန်ယူတဲ့အချိန်ပေါ့နော်။ ဘုရားမှာ တာဝန်စထမ်းတဲ့အချိန်မှာပဲ နဂိုကတည်းကတော့ ဒီက ဝန်ထမ်း များက သူတို့ရဲ့အသိစိတ်ဓာတ်လေးတွေနဲ့ သူတို့သွေးလှူကြတယ်။ ထိုနည်းတူစွာပဲ အဲဒီလိုလှူတဲ့အချိန်မှာ ဒီမှာ မေတ္တာဗျူဟာဆိုတဲ့ သွေးလှူဒါန်းပွဲလုပ်တဲ့ ကျင်းပပေးတဲ့အဖွဲ့ရှိတယ်။ ဒီအဖွဲ့နဲ့ဝန်ထမ်းတွေက သူတို့ အလျဉ်းသင့် ရင်သင့်သလို လှူကြတယ်။ လှူတဲ့အခါကြတော့ အဘတို့တာဝန်ယူတဲ့အချိန်မှာ ဒါဆိုရင် ဒီအမျိုးသား သွေးဘဏ် ကို ချိတ်ဆက်ပြီးတော့ ဒီမှာ ဒီဝန်ထမ်းတွေရော ဘုရားဖူးလာ လုပ်သားပြည်သူတွေရော လှူဒါန်း လို့ရအောင်လို့ စီစဉ်ပေးမယ်ဆိုပြီးတော့ အဘတို့ (၁.၄.၂၀၂၃)ပေါ့။ အဲဒီတည်းကနေစပြီးတော့ ပထမအကြိမ် သွေးလှူဒါန်းပွဲကို ကျင်းပခဲ့တယ်” ဟု ဘုရားဂေါပကတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပထမအကြိမ်သွေးလှူဒါန်းပွဲမှ (၈)ကြိမ်မြောက်သွေးလှူဒါန်းပွဲအထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ အမျိုးသား သွေးဘဏ်သို့ သွေးအိတ်စုစုပေါင်း (၉၂၅)အိတ် လှူဒါန်းနိုင်ခဲ့သည်။
ယခု(၉)ကြိမ်မြောက် သွေးလှူဒါန်းပွဲသို့ရောက်ရှိလာပြီဖြစ်ရာ စုစုပေါင်း သွေးအိတ် (၁,၀၀၀)ကျော် လှူဒါန်းနိုင် မည်ဟု ရည်မှန်းထားကြောင်းလည်း သိရသည်။
သွေးလှူဒါန်းပွဲတွင် အမျိုးသားသွေးဘဏ်မှ တာဝန်ခံဆရာဝန်များက ကိုယ်တိုင်လာရောက်၍ သွေးလက်ခံမှုများ ပြုလုပ်ပေးခဲ့ပြီး သွေးလှူရှင်များအတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများကိုလည်း စနစ်တကျ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် သွေးအလှူရှင်များအား အမှတ်တရ T-shirt များ၊ ကျေးဇူးတင်ဂုဏ်ပြုလွှာများနှင့် အစားအသောက်များ ပေးအပ်ခဲ့ပြီး အဆိုပါ အစားအသောက်အချို့ကို ရွှေသံလွင်ကုမ္ပဏီမှ လှူဒါန်းခဲ့ကြောင်း သိရသည်။ အမျိုးသား သွေးဘဏ်မှလည်း သွေးလှူရှင်များအတွက် အချိုရည်များနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဘုရားအလောင်းယုန်မင်းဘဝ၌ ကိုယ့်အသွေးအသားကို စတေးကာ မြင့်မြတ်သည့်အလှူဒါနအဖြစ် ပေးကမ်းစွန့်ကြဲခဲ့မှုအပေါ် ဗုဒ္ဓဘာသာဝင်များက ကြီးမားသောအလှူအဖြစ် သတ်မှတ်ခဲ့ကြကြောင်း သိရသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ဆံတော်မြတ် ကိန်းဝပ်သည့် ယခုကဲ့သို့နေရာ၌ ကိုယ့်အသွေးအသားကို လှူခြင်းသည် မွန်မြတ်ကြောင်း ဘုရားဖူးလာပြည်သူအများက ယုံကြည်ကြသည်။ အဆိုပါသဒ္ဓါစိတ်ဖြင့် လာရောက်လှူဒါန်းကြ သည်ကို မြင်ရသည့်အတွက် ဝမ်းသာပိတီဖြစ်ရကြောင်း ဘုရားဂေါပကတစ်ဦးက ဆိုသည်။
အဆိုပါ သွေးလှူဒါန်းပွဲကို ဘုရားဂေါပကအဖွဲ့၊ ဝန်ထမ်းများ၊ မေတ္တာဗျူဟာလူမှုကူညီရေးအသင်းနှင့် အများ ပြည်သူတို့၏ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် (၄)လတစ်ကြိမ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားသွေးလှူဘဏ်တွင်တစ်နေ့လျှင် သွေးအိတ်ပေါင်း(၈၀)ခန့် လာရောက်လှူဒါန်းနေကြပြီး သွေးလှူသူ နှင့် သွေးလိုအပ်၍ သုံးစွဲသူ မျှတသောအခြေအနေတွင်ရှိကြောင်း မေတ္တာဗျူဟာအသင်းမှ သိရသည်။

Zawgyi Version:
ဗိုလ္တစ္ေထာင္ေစတီေတာ္တြင္ နဝမအႀကိမ္ေျမာက္ ေသြးလႉဒါန္းပြဲ က်င္းပ
စိမ့္ (NP News) - ဒီဇင္ဘာ၂ဝ
ယေန႔ (ဒီဇင္ဘာလ ၂၀ ရက္) တြင္ ရန္ကုန္ၿမိဳ႕၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ ဗိုလ္တစ္ေထာင္က်ိဳက္ေဒးအပ္ဆံေတာ္ဦး ေစတီေတာ္၌ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕မွ ႀကီးမႉး၍ နဝမအႀကိမ္ေျမာက္ စုေပါင္းေမတၱာေသြးလႉဒါန္းပြဲ က်င္းပခဲ့သည္။
အဆိုပါ ေသြးလႉဒါန္းပြဲကို ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕မွ တာဝန္ယူစီစဥ္ခဲ့ျခင္းျဖစ္ၿပီး ေသြးလႉဒါန္းပြဲကို (၂၀၂၃) ခုႏွစ္ ဧၿပီလ(၁)ရက္မွ စတင္ကာ (၄) လလွ်င္ တစ္ႀကိမ္ ပုံမွန္က်င္းပလာခဲ့ျခင္းျဖစ္သိရသည္။
“အဘတို႔တာဝန္ယူတဲ့အခ်ိန္ေပါ့ေနာ္။ ဘုရားမွာ တာဝန္စထမ္းတဲ့အခ်ိန္မွာပဲ နဂိုကတည္းကေတာ့ ဒီက ဝန္ထမ္း မ်ားက သူတို႔ရဲ႕အသိစိတ္ဓာတ္ေလးေတြနဲ႔ သူတို႔ေသြးလႉၾကတယ္။ ထိုနည္းတူစြာပဲ အဲဒီလိုလႉတဲ့အခ်ိန္မွာ ဒီမွာ ေမတၱာဗ်ဴဟာဆိုတဲ့ ေသြးလႉဒါန္းပြဲလုပ္တဲ့ က်င္းပေပးတဲ့အဖြဲ႕ရွိတယ္။ ဒီအဖြဲ႕နဲ႔ဝန္ထမ္းေတြက သူတို႔ အလ်ဥ္းသင့္ ရင္သင့္သလို လႉၾကတယ္။ လႉတဲ့အခါၾကေတာ့ အဘတို႔တာဝန္ယူတဲ့အခ်ိန္မွာ ဒါဆိုရင္ ဒီအမ်ိဳးသား ေသြးဘဏ္ ကို ခ်ိတ္ဆက္ၿပီးေတာ့ ဒီမွာ ဒီဝန္ထမ္းေတြေရာ ဘုရားဖူးလာ လုပ္သားျပည္သူေတြေရာ လႉဒါန္း လို႔ရေအာင္လို႔ စီစဥ္ေပးမယ္ဆိုၿပီးေတာ့ အဘတို႔ (၁.၄.၂၀၂၃)ေပါ့။ အဲဒီတည္းကေနစၿပီးေတာ့ ပထမအႀကိမ္ ေသြးလႉဒါန္းပြဲကို က်င္းပခဲ့တယ္” ဟု ဘုရားေဂါပကတာဝန္ရွိသူတစ္ဦးက ေျပာသည္။
ပထမအႀကိမ္ေသြးလႉဒါန္းပြဲမွ (၈)ႀကိမ္ေျမာက္ေသြးလႉဒါန္းပြဲအထိ ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ကာ အမ်ိဳးသား ေသြးဘဏ္သို႔ ေသြးအိတ္စုစုေပါင္း (၉၂၅)အိတ္ လႉဒါန္းႏိုင္ခဲ့သည္။
ယခု(၉)ႀကိမ္ေျမာက္ ေသြးလႉဒါန္းပြဲသို႔ေရာက္ရွိလာၿပီျဖစ္ရာ စုစုေပါင္း ေသြးအိတ္ (၁,၀၀၀)ေက်ာ္ လႉဒါန္းႏိုင္ မည္ဟု ရည္မွန္းထားေၾကာင္းလည္း သိရသည္။
ေသြးလႉဒါန္းပြဲတြင္ အမ်ိဳးသားေသြးဘဏ္မွ တာဝန္ခံဆရာဝန္မ်ားက ကိုယ္တိုင္လာေရာက္၍ ေသြးလက္ခံမႈမ်ား ျပဳလုပ္ေပးခဲ့ၿပီး ေသြးလႉရွင္မ်ားအတြက္ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးမႈမ်ားကိုလည္း စနစ္တက် ေဆာင္႐ြက္ ေပးခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ေသြးအလႉရွင္မ်ားအား အမွတ္တရ T-shirt မ်ား၊ ေက်းဇူးတင္ဂုဏ္ျပဳလႊာမ်ားႏွင့္ အစားအေသာက္မ်ား ေပးအပ္ခဲ့ၿပီး အဆိုပါ အစားအေသာက္အခ်ိဳ႕ကို ေ႐ႊသံလြင္ကုမၸဏီမွ လႉဒါန္းခဲ့ေၾကာင္း သိရသည္။ အမ်ိဳးသား ေသြးဘဏ္မွလည္း ေသြးလႉရွင္မ်ားအတြက္ အခ်ိဳရည္မ်ားႏွင့္ ေဆးဝါးမ်ား ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ဘုရားအေလာင္းယုန္မင္းဘဝ၌ ကိုယ့္အေသြးအသားကို စေတးကာ ျမင့္ျမတ္သည့္အလႉဒါနအျဖစ္ ေပးကမ္းစြန႔္ႀကဲခဲ့မႈအေပၚ ဗုဒၶဘာသာဝင္မ်ားက ႀကီးမားေသာအလႉအျဖစ္ သတ္မွတ္ခဲ့ၾကေၾကာင္း သိရသည္။
ဗုဒၶျမတ္စြာဘုရား၏ဆံေတာ္ျမတ္ ကိန္းဝပ္သည့္ ယခုကဲ့သို႔ေနရာ၌ ကိုယ့္အေသြးအသားကို လႉျခင္းသည္ မြန္ျမတ္ေၾကာင္း ဘုရားဖူးလာျပည္သူအမ်ားက ယုံၾကည္ၾကသည္။ အဆိုပါသဒၶါစိတ္ျဖင့္ လာေရာက္လႉဒါန္းၾက သည္ကို ျမင္ရသည့္အတြက္ ဝမ္းသာပိတီျဖစ္ရေၾကာင္း ဘုရားေဂါပကတစ္ဦးက ဆိုသည္။
အဆိုပါ ေသြးလႉဒါန္းပြဲကို ဘုရားေဂါပကအဖြဲ႕၊ ဝန္ထမ္းမ်ား၊ ေမတၱာဗ်ဴဟာလူမႈကူညီေရးအသင္းႏွင့္ အမ်ား ျပည္သူတို႔၏ စုေပါင္းပါဝင္လႉဒါန္းမႈျဖင့္ (၄)လတစ္ႀကိမ္ ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အမ်ိဳးသားေသြးလႉဘဏ္တြင္တစ္ေန႔လွ်င္ ေသြးအိတ္ေပါင္း(၈၀)ခန႔္ လာေရာက္လႉဒါန္းေနၾကၿပီး ေသြးလႉသူ ႏွင့္ ေသြးလိုအပ္၍ သုံးစြဲသူ မွ်တေသာအေျခအေနတြင္ရွိေၾကာင္း ေမတၱာဗ်ဴဟာအသင္းမွ သိရသည္။

Related news

© 2021. All rights reserved.