အိန္ဒိယမှာ နီပါးဗိုင်းရပ်စ်ကူးစက်ခံရသူ သူနာပြုတစ်ဦး သေဆုံး

151

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၃
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ နီပါးဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသူနာပြုတစ်ဦး ကြာသပတေးနေ့(ဖေဖော်ဝါရီ ၁၂ ရက်) က သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားပါတယ်။
ဒါဟာ ရောဂါကူးစက်ခံထားရတဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ရင်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ အဆိုပါ သူနာပြုသေဆုံးမှုကြောင့် ဒေသတွင်း စိုးရိမ်ပူပန်မှုတွေမြင့်တက်လာခဲ့ပြီး အာဏာပိုင်တွေက ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဌာနဟာ သေဆုံးသူနဲ့ထိတွေ့မှုရှိခဲ့သူ ၁၅၀ ကျော်ကို ရှာဖွေဖော်ထုတ်ထားပြီး ၄င်းတို့အနက် ၃၀ ဦးမှာ သတိထားစောင့်ကြည့်ရမယ့် (High-risk) စာရင်းမှာ ပါဝင်နေတာကြောင့် လက်ရှိ ကွာရန်တင်းအဖြစ် သီးခြားခွဲထားကာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ကီရာလာပြည်နယ်မှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း နီပါးဗိုင်းရပ်စ်ကူးစက်မှု အကြိမ်ပေါင်းများစွာ တွေ့ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း အလားတူ ကူးစက်မှုတွေ တွေ့ရှိခဲ့ရတာကြောင့် အာဏာပိုင်တွေက ဒေသအချို့ကို ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ နီပါးဗိုင်းရပ်စ်ဟာ လင်းနို့ နဲ့ ဝက်တွေဆီမှ တစ်ဆင့်လူကို ကူးစက်တတ်ပြီး လူအချင်းချင်းလည်း တိုက်ရိုက်ကူးစက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီဗိုင်းရပ်စ်အတွက် သီးသန့်ကုသဆေး (သို့) ကာကွယ်ဆေး မရှိသေးပေမယ့် ကူးစက်ခံရသူတွေထဲမှာ သေဆုံးနှုန်းဟာ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ကီရာလာပြည်နယ် ကျန်းမာရေးဝန်ကြီးက "ပြည်သူတွေ အနေနဲ့ဘထိတ်လန့်ခြင်းမရှိဘဲ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေကိုသာ တိကျစွာလိုက်နာကြဖို့ တိုက်တွန်းထားပြီး ဆေးရုံတွေမှာ ကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အိႏၵိယမွာ နီပါးဗိုင္းရပ္စ္ကူးစက္ခံရသူ သူနာျပဳတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၃
အိႏၵိယႏိုင္ငံေတာင္ပိုင္း ကီရာလာျပည္နယ္မွာ နီပါးဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးသူနာျပဳတစ္ဦး ၾကာသပေတးေန႔(ေဖေဖာ္ဝါရီ ၁၂ ရက္) က ေသဆုံးသြားခဲ့တယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြက ေျပာၾကားပါတယ္။
ဒါဟာ ေရာဂါကူးစက္ခံထားရတဲ့ လူနာေတြကို ျပဳစုေစာင့္ေရွာက္ရင္း ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရျခင္းျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။ အဆိုပါ သူနာျပဳေသဆုံးမႈေၾကာင့္ ေဒသတြင္း စိုးရိမ္ပူပန္မႈေတြျမင့္တက္လာခဲ့ၿပီး အာဏာပိုင္ေတြက ေရာဂါကူးစက္မႈထိန္းခ်ဳပ္ေရးအတြက္ အေရးေပၚစုံစမ္းစစ္ေဆးမႈေတြ စတင္ေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။
က်န္းမာေရးဌာနဟာ ေသဆုံးသူနဲ႔ထိေတြ႕မႈရွိခဲ့သူ ၁၅၀ ေက်ာ္ကို ရွာေဖြေဖာ္ထုတ္ထားၿပီး ၄င္းတို႔အနက္ ၃၀ ဦးမွာ သတိထားေစာင့္ၾကည့္ရမယ့္ (High-risk) စာရင္းမွာ ပါဝင္ေနတာေၾကာင့္ လက္ရွိ ကြာရန္တင္းအျဖစ္ သီးျခားခြဲထားကာ စစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္။ ကီရာလာျပည္နယ္မွာ ၂၀၁၈ ခုႏွစ္ေနာက္ပိုင္း နီပါးဗိုင္းရပ္စ္ကူးစက္မႈ အႀကိမ္ေပါင္းမ်ားစြာ ေတြ႕ရွိခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္းကလည္း အလားတူ ကူးစက္မႈေတြ ေတြ႕ရွိခဲ့ရတာေၾကာင့္ အာဏာပိုင္ေတြက ေဒသအခ်ိဳ႕ကို ကန႔္သတ္ပိတ္ဆို႔မႈေတြ ျပဳလုပ္ထားပါတယ္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေတာ့ နီပါးဗိုင္းရပ္စ္ဟာ လင္းႏို႔ နဲ႔ ဝက္ေတြဆီမွ တစ္ဆင့္လူကို ကူးစက္တတ္ၿပီး လူအခ်င္းခ်င္းလည္း တိုက္႐ိုက္ကူးစက္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒီဗိုင္းရပ္စ္အတြက္ သီးသန႔္ကုသေဆး (သို႔) ကာကြယ္ေဆး မရွိေသးေပမယ့္ ကူးစက္ခံရသူေတြထဲမွာ ေသဆုံးႏႈန္းဟာ ၄၀ ရာခိုင္ႏႈန္းမွ ၇၅ ရာခိုင္ႏႈန္းအထိ ရွိႏိုင္တယ္လို႔ သိရပါတယ္။ ကီရာလာျပည္နယ္ က်န္းမာေရးဝန္ႀကီးက "ျပည္သူေတြ အေနနဲ႔ဘထိတ္လန႔္ျခင္းမရွိဘဲ က်န္းမာေရးဌာနမွ ထုတ္ျပန္ထားတဲ့လမ္းၫႊန္ခ်က္ေတြကိုသာ တိက်စြာလိုက္နာၾကဖို႔ တိုက္တြန္းထားၿပီး ေဆး႐ုံေတြမွာ ကူးစက္မႈထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြကို အရွိန္ျမႇင့္ေဆာင္႐ြက္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။