တောင်ကိုရီးယားသရုပ်ဆောင် လီယောင်အေးက ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်နေတဲ့ ထိုင်းကျောင်းသူတစ်ဦးကို ကိုရီးယားဝမ် ၁ဝ သန်း (အမေရိကန်ဒေါ်လာ ၇ဝဝဝ ခန့်) လှူဒါန်း

82

ရောင်နီ (NP News) - နိုဝင်ဘာ ၁၆
"နန်းတွင်းရတနာ" ဇာတ်လမ်းတွဲမှာ "ချန်ဂင်" ဇာတ်ကောင်နဲ့ နာမည်ကျော်တဲ့ တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီးကြီး လီယောင်အေးဟာ ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်နေတဲ့ ထိုင်းနိုင်ငံ ကျောင်းသူ တစ်ဦးကို ထောက်ပံ့ဖို့အတွက် ဝမ် (၁ဝ) သန်း လှူဒါန်းခဲ့ပါတယ်။
နိုဝင်ဘာ ၁၄ ရက်က Chonnam အမျိုးသားတက္ကသိုလ်ရဲ့စေတနာ့ဝန်ထမ်းကလပ် 'Rhythm of Hope' ရဲ့ ပြောကြားချက်အရ တက္ကသိုလ်ရဲ့ဘာသာစကားပညာရေး စင်တာမှာ ကိုရီးယားဘာသာကို သင်ယူနေတဲ့ ဆီရင်ရာ အမည်ရှိ ထိုင်းကျောင်းသူတစ်ဦးဟာ ဦးနှောက်သွေးယိုစီးမှု (subdural hemorrhage) ရောဂါနဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရပြီး သူမရဲ့မိသားစုက ဆေးကုသစရိတ်နဲ့ နေရပ်ပြန်ပို့ဆောင်ရေး စရိတ်တွေ မတတ်နိုင်ဘူးလို့ သိရပါတယ်။ ဒါကြောင့် သူမအတွက် တက္ကသိုလ်အဖွဲ့ဝင်တွေက ရန်ပုံငွေရှာဖွေမှုတွေ စတင်လုပ်ဆောင်ခဲ့ကြ ပါတယ်။ ကနဦး ရန်ပုံငွေရည်မှန်းချက်ဟာ ကိုရီးယားဝမ် ၉ သန်းထိသာဖြစ်ပေမယ့် အလှူငွေတွေ ဆက်တိုက် ဝင်ရောက်လာခဲ့ပြီး ခန့်မှန်းပမာဏရဲ့နှစ်ဆကျော်ထိ ရရှိခဲ့ပါတယ်။ အဲဒီအလှူငွေတွေထဲမှာ သရုပ်ဆောင် မင်းသမီး လီယောင်အေး ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ကိုရီးယားဝမ် (၁ဝ) သန်း လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ လီေယာင္ေအးက ေဆးဘက္ဆိုင္ရာအကူအညီလိုအပ္ေနတဲ့ ထိုင္းေက်ာင္းသူ တစ္ဦးကို ကိုရီးယားဝမ္ ၁ဝ သန္း (အေမရိကန္ေဒၚလာ ၇ဝဝဝ ခန႔္) လႉဒါန္း
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၆
"နန္းတြင္းရတနာ" ဇာတ္လမ္းတြဲမွာ "ခ်န္ဂင္" ဇာတ္ေကာင္နဲ႔ နာမည္ေက်ာ္တဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္မင္းသမီးႀကီး လီေယာင္ေအးဟာ ေဆးဘက္ဆိုင္ရာအကူအညီလိုအပ္ေနတဲ့ ထိုင္းႏိုင္ငံ ေက်ာင္းသူ တစ္ဦးကို ေထာက္ပံ့ဖို႔အတြက္ ဝမ္ (၁ဝ) သန္း လႉဒါန္းခဲ့ပါတယ္။
ႏိုဝင္ဘာ ၁၄ ရက္က Chonnam အမ်ိဳးသားတကၠသိုလ္ရဲ႕ေစတနာ့ဝန္ထမ္းကလပ္ 'Rhythm of Hope' ရဲ႕ ေျပာၾကားခ်က္အရ တကၠသိုလ္ရဲ႕ဘာသာစကားပညာေရး စင္တာမွာ ကိုရီးယားဘာသာကို သင္ယူေနတဲ့ ဆီရင္ရာ အမည္ရွိ ထိုင္းေက်ာင္းသူတစ္ဦးဟာ ဦးေႏွာက္ေသြးယိုစီးမႈ (subdural hemorrhage) ေရာဂါနဲ႔ ေဆး႐ုံမွာ ကုသမႈ ခံယူေနရၿပီး သူမရဲ႕မိသားစုက ေဆးကုသစရိတ္နဲ႔ ေနရပ္ျပန္ပို႔ေဆာင္ေရး စရိတ္ေတြ မတတ္ႏိုင္ဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ သူမအတြက္ တကၠသိုလ္အဖြဲ႕ဝင္ေတြက ရန္ပုံေငြရွာေဖြမႈေတြ စတင္လုပ္ေဆာင္ခဲ့ၾက ပါတယ္။ ကနဦး ရန္ပုံေငြရည္မွန္းခ်က္ဟာ ကိုရီးယားဝမ္ ၉ သန္းထိသာျဖစ္ေပမယ့္ အလႉေငြေတြ ဆက္တိုက္ ဝင္ေရာက္လာခဲ့ၿပီး ခန႔္မွန္းပမာဏရဲ႕ႏွစ္ဆေက်ာ္ထိ ရရွိခဲ့ပါတယ္။ အဲဒီအလႉေငြေတြထဲမွာ သ႐ုပ္ေဆာင္ မင္းသမီး လီေယာင္ေအး ကလည္း ပူးေပါင္းပါဝင္ခဲ့ၿပီး ကိုရီးယားဝမ္ (၁ဝ) သန္း လႉဒါန္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။