အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်၍ သေဆုံးလိုကြောင်း ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး အီလွန်မက်စ် ဖွင့်ဟ

61

Pika (NP News) - အောက်တိုဘာ ၅
အင်္ဂါဂြိုဟ်ပေါ်တွင်နေထိုင်ကာ သေဆုံးလိုသည့် ၎င်း၏ကာလရှည်ကြာရည်မှန်းချက်များကို ကမ္ဘာကျော်ဘီလျံ နာသူဌေးကြီး အီလွန်မက်စ်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရသည်။ အချို့သော ကမ္ဘာပျက်ဖြစ်ရပ်များတွင် လူသားမျိုး နွယ်အသက်ရှင်ကျန်စေခဲ့လိုသည့် ကြီးမားသောကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်္ဂါဂြိုဟ်ပေါ်သို့ နယ်ချဲ့ရန် အကြောင်းကို အီလွန်မက်စ်က အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့ ကြောင်းသိရသည်။
အဆိုပါရည်မှန်းချက် အောင်မြင်စေရန်အတွက် အီလွန်မက်စ်၏ Space X ကုမ္ပဏီက အာကာသယာဉ် ပရော ဂျက်များကို ဆက်တိုက်တီထွင် ဖန်တီးမှုများလုပ်ဆောင်နေကြောင်းလည်းသိရသည်။ အီလွန်မက်စ်က ‘ကျွန်တော့်ရဲ့ ကာလရှည်ကြာရည်မှန်းချက်က အင်္ဂါဂြိုဟ်ပေါ်မှာပဲနေထိုင်ပြီး သေဆုံးသွားချင်တာပါ။ အဲဒီရည်မှန်းချက်အောင်မြင်စေဖို့ ပရော ဂျက်တွေအများကြီးကိုလည်း ဆက်လက်လုပ်ဆောင် နေပါတယ်’ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံး Starship မစ်ရှင်ကို (၂၀၂၆) ခုနှစ်နှောင်းပိုင်းတွင် လွှတ်တင် သွားနိုင်ဖွယ်ရှိကြောင်း ယခုနှစ်အစောပိုင်းတွင် အီလွန်မက်စ်က ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် အင်္ဂါဂြိုဟ်သို့သွား ရောက်မည့် Star- ship ခရီးစဉ်များထဲမှတစ်ခုအတွင်း Tesla ကုမ္ပဏီ ၏ လူသားပုံစံစက်ရုပ် Optimus ကို သယ်ဆောင် သွားလိမ့်မည်ဖြစ်ကြောင်း အီလွန်မက်စ်က ထုတ်ဖော် ပြောဆိုခဲ့သည်။
အဆိုပါမစ်ရှင်သည် (၂၀၂၉) ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများဆင်းသက်နိုင်မည့်လမ်း ကြောင်းများ ခင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အီလွန်မက်စ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ အီလွန်မက်စ်သည် လကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့ပေါ်သို့ အာကာသယာဉ်မှူးများပါဝင်သည့်ပျံသန်းမှုများအပြင် ၎င်း၏ကုမ္ပဏီ SpaceX မှတစ်ဆင့် ဒုံးပျံများ၊ အာကာသ ယာဉ်နှင့် ဂြိုဟ်တုစနစ်များကို တီထွင်ဖန်တီးကာ အာကာသဆိုင်ရာပဏာမခြေလှမ်းများကို ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
အဂၤါၿဂိဳဟ္ေပၚတြင္ ေနထိုင္၍ ေသဆုံးလိုေၾကာင္း ကမာၻေက်ာ္ဘီလ်ံနာသူေဌးႀကီး အီလြန္မက္စ္ ဖြင့္ဟ
Pika (NP News) - ေအာက္တိုဘာ ၅
အဂၤါၿဂိဳဟ္ေပၚတြင္ေနထိုင္ကာ ေသဆုံးလိုသည့္ ၎၏ကာလရွည္ၾကာရည္မွန္းခ်က္မ်ားကို ကမာၻေက်ာ္ဘီလ်ံ နာသူေဌးႀကီး အီလြန္မက္စ္က ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္းသိရသည္။ အခ်ိဳ႕ေသာ ကမာၻပ်က္ျဖစ္ရပ္မ်ားတြင္ လူသားမ်ိဳး ႏြယ္အသက္ရွင္က်န္ေစခဲ့လိုသည့္ ႀကီးမားေသာႀကိဳးပမ္းမႈ တစ္စိတ္တစ္ပိုင္းအေနျဖင့္ အဂၤါၿဂိဳဟ္ေပၚသို႔ နယ္ခ်ဲ႕ရန္ အေၾကာင္းကို အီလြန္မက္စ္က အႀကိမ္ႀကိမ္ထုတ္ေဖာ္ေျပာဆိုခဲ့ ေၾကာင္းသိရသည္။
အဆိုပါရည္မွန္းခ်က္ ေအာင္ျမင္ေစရန္အတြက္ အီလြန္မက္စ္၏ Space X ကုမၸဏီက အာကာသယာဥ္ ပေရာ ဂ်က္မ်ားကို ဆက္တိုက္တီထြင္ ဖန္တီးမႈမ်ားလုပ္ေဆာင္ေနေၾကာင္းလည္းသိရသည္။ အီလြန္မက္စ္က ‘ကြၽန္ေတာ့္ရဲ႕ ကာလရွည္ၾကာရည္မွန္းခ်က္က အဂၤါၿဂိဳဟ္ေပၚမွာပဲေနထိုင္ၿပီး ေသဆုံးသြားခ်င္တာပါ။ အဲဒီရည္မွန္းခ်က္ေအာင္ျမင္ေစဖို႔ ပေရာ ဂ်က္ေတြအမ်ားႀကီးကိုလည္း ဆက္လက္လုပ္ေဆာင္ ေနပါတယ္’ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အဂၤါၿဂိဳဟ္ေပၚသို႔ ပထမဆုံး Starship မစ္ရွင္ကို (၂၀၂၆) ခုႏွစ္ေႏွာင္းပိုင္းတြင္ လႊတ္တင္ သြားႏိုင္ဖြယ္ရွိေၾကာင္း ယခုႏွစ္အေစာပိုင္းတြင္ အီလြန္မက္စ္က ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ အဂၤါၿဂိဳဟ္သို႔သြား ေရာက္မည့္ Star- ship ခရီးစဥ္မ်ားထဲမွတစ္ခုအတြင္း Tesla ကုမၸဏီ ၏ လူသားပုံစံစက္႐ုပ္ Optimus ကို သယ္ေဆာင္ သြားလိမ့္မည္ျဖစ္ေၾကာင္း အီလြန္မက္စ္က ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။
အဆိုပါမစ္ရွင္သည္ (၂၀၂၉) ခုႏွစ္တြင္ အဂၤါၿဂိဳဟ္ေပၚသို႔ လူသားမ်ားဆင္းသက္ႏိုင္မည့္လမ္း ေၾကာင္းမ်ား ခင္းေပးႏိုင္လိမ့္မည္ဟု ယုံၾကည္ေၾကာင္း အီလြန္မက္စ္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အီလြန္မက္စ္သည္ လကမာၻႏွင့္ အဂၤါၿဂိဳဟ္တို႔ေပၚသို႔ အာကာသယာဥ္မႉးမ်ားပါဝင္သည့္ပ်ံသန္းမႈမ်ားအျပင္ ၎၏ကုမၸဏီ SpaceX မွတစ္ဆင့္ ဒုံးပ်ံမ်ား၊ အာကာသ ယာဥ္ႏွင့္ ၿဂိဳဟ္တုစနစ္မ်ားကို တီထြင္ဖန္တီးကာ အာကာသဆိုင္ရာပဏာမေျခလွမ္းမ်ားကို ဆက္လက္လုပ္ ေဆာင္လ်က္ရွိေၾကာင္းသိရသည္။