ဈေးကောင်းရခဲ့သော်လည်း တင်ပို့ရန် ခက်ခဲခဲ့သည့်အတွက် ကွမ်းသီးနု ရောင်းချသည့် ကုန်သည်များ အရှုံးပေါ်

235

Pearl(NP News)-အောက်တိုဘာ ၆
ဈေးကောင်းရခဲ့သော်လည်း တင်ပို့ရန် ခက်ခဲခဲ့သည့်အတွက် ကွမ်းသီးနု ရောင်းချသည့် ကုန်သည်များ အရှုံး ပေါခဲ့ကြောင်း ဥယျာဉ်ခြံစိုက်ပျိုးသူတစ်ဦးက The Statesman ဂျာနယ်သို့ပြောသည်။
တနင်္သာရီတိုင်းရှိကွမ်းသီးနုများကို ရန်ကုန်တိုင်းဒေသ ကြီးအပါအဝင် အခြားတိုင်း ဒေသကြီးများနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချရာတွင် လမ်းခရီး အခြေအနေကြောင့် အခက်အခဲများ ရှိခဲ့ ကြောင်းလည်း သိရသည်။
ထို့ပြင် ကွမ်းသီးနုများကို ထိုင်းနိုင်ငံ ၊ ရနောင်းရှိ ကုန်သည်များက အဝယ်လိုက်နေ သော်လည်း နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသည့် လမ်းကြောင်းမရှိခဲ့သည့်အတွက် မှောင်ခိုဈေးကွက်မှ တစ်ဆင့် သွားရောက်ရောင်း ချခဲ့ရကာ ဈေးနှိမ်ခံရမှုများလည်းရှိခဲ့သည့်အပြင် လမ်းကြောင်း အခတ်အခဲများကြောင့် ပုပ်ကုန်သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။
“မနှစ်ကတုန်းက မြန်မာကုန်တွေက မှောင်ခိုစျေးနဲ့ပဲသွားတာ။ အစိုးရချင်း ချိတ်ဆက်ထားတာ မရှိဘူး။ ဂိုထောင်စျေးတွေ ဒီဘက်က မြစ်ဖြတ်တာတွေ ပေးရတာတွေ ဟိုဘက်ရောက်တော့လည်း ပေးရတာတွေ။ ပြီးတော့ ထိုင်း ဘက်ခြမ်းကလည်း အရသာသိသွားတယ်ထင်တယ်။ ပစ္စည်းတွေ တစ်ကီလို ကို အရင်က (၅) ဘတ်လောက်ကောက်လို့ရရင် အခုက (၁၅) ဘတ်လောက်ကောက်တယ်။ ဂိုထောင်ကြေးလည်း မြှင့်တင်တယ်။ အဘက်ဘက်က မြှင့်တင်တယ်။ ဝယ်တဲ့စျေးကလည်း တအားကျသွားတယ်။ ကျသွားတော့ ကွမ်းသီးနုလုပ်ငန်းကလည်း Error များတယ်။ တချက်ကလေး လွဲသွားတာနဲ့ အမှိုက်ဖြစ်သွားတာ။ ဒီကြားထဲ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးကလည်း နည်းနည်းရှုပ်ထွေးတယ်။ ကမ္ဘောဒီးယားနဲ့ ဖြစ်လိုက်တဲ့အခါမှာ ဗမာကုန်ပဲ ဖြစ်ဖြစ် ၊ ကမ္ဘောဒီးယားကုန်ပဲ ဖြစ်ဖြစ် စစ်ဆေးရေးဂိတ်တွေက နည်းနည်းတင်းကြပ်တော့ လုပ်ရကိုင်ရခက်တဲ့အနေအထားမှာ ဒီဘက်က တောင်သူတွေ နစ်နာတာပေါ့။ ဒီနှစ်မှာ လုံခြုံရေး ကြောင့် ဆက်သွားလို့မရတော့ဘူးဆိုပြီး ပုပ်ကုန်တဲ့ သိန်းထောင်နဲ့ချီ ရှုံးကုန်တဲ့လုပ်တွေ ရှိတယ်။ အစိမ်းရောင်ကပို့လိုက်တယ်။ အမဲရောင်ဖြစ်သွားတဲ့အထိပေါ့။ မောတောင်ဂိတ်တွေ ပိတ်လိုက်တဲ့ အချိန် ပိတ်မိခဲ့တဲ့အချိန်တွေလည်း ဖြစ်ကုန်တယ်” ဟု ဥယျာဉ်ခြံစိုက်ပျိုးသူတစ်ဦးက The Statesman ဂျာနယ်သို့ပြောသည်။
လက်ရှိတွင် ကွမ်းသီးနုရာသီကုန်ခါနီးဖြစ်သည့်အပြင် အဘက်ဘက်အဆင်မပြေမှုများရှိခဲ့သည့်အတွက် ကွမ်းသီးနု တင်ပို့မှု ရပ်တန့်သွားခဲ့သည်မှာ (၁)လကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခု ကွမ်းသီးနုတင်ပို့သည့်ရာသီအတွင်း တောင်သူများ နှင့် ကုန်သည်များ အနေဖြင့် အရှုံးပေါ်ခဲ့ကြောင်း သိရသည်။
“ကွမ်းသီးနုပို့တာက ရပ်သွားပြီ။ Custom စျေးတွေ စျေးကြီးတာလည်း ပါတယ်။ ကွမ်းသီးနု ရာသီကလည်း ကုန်သလောက်ဖြစ်ကုန်ပြီ။ နားလိုက်တာ (၁)လခွဲ ဝန်းကျင်လောက်ဖြစ်ပြီ။ မလုပ်ကြတော့ဘူး။ ဒီနှစ်လုပ်ငန်းရှင်တော်တော်များများ အရှုံးပေါ်တယ်လို့ ပြောလို့ရတယ်။ သိပ်လည်းမမြတ်ကြဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် တနင်္သာရီအတိုင်းမှထွက်ရရှိသည့် ကွမ်းသီးနုများ အပြင် အခြားဒေသထွက်ကုန်များကို နိုင်ငံတော်အနေဖြင့် ထိုင်းနိုင်ငံသို့ တရား ဝင်တင်ပို့နိုင်သည့် လမ်းကြောင်းဖော်ဆောင်ပေးရန် ဒေသခံ လုပ်ငန်းရှင်များ က မျှော်လင့်နေကြောင်းလည်း သိရသည်။

Zawgyi Version:
ေဈးေကာင္းရခဲ့ေသာ္လည္း တင္ပို႔ရန္ ခက္ခဲခဲ့သည့္အတြက္ ကြမ္းသီးႏု ေရာင္းခ်သည့္ ကုန္သည္မ်ား အရႈံးေပၚ
Pearl(NP News)-ေအာက္တိုဘာ ၆
ေဈးေကာင္းရခဲ့ေသာ္လည္း တင္ပို႔ရန္ ခက္ခဲခဲ့သည့္အတြက္ ကြမ္းသီးႏု ေရာင္းခ်သည့္ ကုန္သည္မ်ား အရႈံး ေပါခဲ့ေၾကာင္း ဥယ်ာဥ္ၿခံစိုက္ပ်ိဳးသူတစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။
တနသၤာရီတိုင္းရွိကြမ္းသီးႏုမ်ားကို ရန္ကုန္တိုင္းေဒသ ႀကီးအပါအဝင္ အျခားတိုင္း ေဒသႀကီးမ်ားႏွင့္ျပည္နယ္မ်ားသို႔ တင္ပို႔ေရာင္းခ်ရာတြင္ လမ္းခရီး အေျခအေနေၾကာင့္ အခက္အခဲမ်ား ရွိခဲ့ ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ကြမ္းသီးႏုမ်ားကို ထိုင္းႏိုင္ငံ ၊ ရေနာင္းရွိ ကုန္သည္မ်ားက အဝယ္လိုက္ေန ေသာ္လည္း ႏိုင္ငံေတာ္မွ တရားဝင္ခြင့္ျပဳထားသည့္ လမ္းေၾကာင္းမရွိခဲ့သည့္အတြက္ ေမွာင္ခိုေဈးကြက္မွ တစ္ဆင့္ သြားေရာက္ေရာင္း ခ်ခဲ့ရကာ ေဈးႏွိမ္ခံရမႈမ်ားလည္းရွိခဲ့သည့္အျပင္ လမ္းေၾကာင္း အခတ္အခဲမ်ားေၾကာင့္ ပုပ္ကုန္သည့္ ျဖစ္စဥ္မ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။
“မႏွစ္ကတုန္းက ျမန္မာကုန္ေတြက ေမွာင္ခိုေစ်းနဲ႔ပဲသြားတာ။ အစိုးရခ်င္း ခ်ိတ္ဆက္ထားတာ မရွိဘူး။ ဂိုေထာင္ေစ်းေတြ ဒီဘက္က ျမစ္ျဖတ္တာေတြ ေပးရတာေတြ ဟိုဘက္ေရာက္ေတာ့လည္း ေပးရတာေတြ။ ၿပီးေတာ့ ထိုင္း ဘက္ျခမ္းကလည္း အရသာသိသြားတယ္ထင္တယ္။ ပစၥည္းေတြ တစ္ကီလို ကို အရင္က (၅) ဘတ္ေလာက္ေကာက္လို႔ရရင္ အခုက (၁၅) ဘတ္ေလာက္ေကာက္တယ္။ ဂိုေထာင္ေၾကးလည္း ျမႇင့္တင္တယ္။ အဘက္ဘက္က ျမႇင့္တင္တယ္။ ဝယ္တဲ့ေစ်းကလည္း တအားက်သြားတယ္။ က်သြားေတာ့ ကြမ္းသီးႏုလုပ္ငန္းကလည္း Error မ်ားတယ္။ တခ်က္ကေလး လြဲသြားတာနဲ႔ အမႈိက္ျဖစ္သြားတာ။ ဒီၾကားထဲ ထိုင္းႏိုင္ငံရဲ႕ ႏိုင္ငံေရးကလည္း နည္းနည္းရႈပ္ေထြးတယ္။ ကေမာၻဒီးယားနဲ႔ ျဖစ္လိုက္တဲ့အခါမွာ ဗမာကုန္ပဲ ျဖစ္ျဖစ္ ၊ ကေမာၻဒီးယားကုန္ပဲ ျဖစ္ျဖစ္ စစ္ေဆးေရးဂိတ္ေတြက နည္းနည္းတင္းၾကပ္ေတာ့ လုပ္ရကိုင္ရခက္တဲ့အေနအထားမွာ ဒီဘက္က ေတာင္သူေတြ နစ္နာတာေပါ့။ ဒီႏွစ္မွာ လုံၿခဳံေရး ေၾကာင့္ ဆက္သြားလို႔မရေတာ့ဘူးဆိုၿပီး ပုပ္ကုန္တဲ့ သိန္းေထာင္နဲ႔ခ်ီ ရႈံးကုန္တဲ့လုပ္ေတြ ရွိတယ္။ အစိမ္းေရာင္ကပို႔လိုက္တယ္။ အမဲေရာင္ျဖစ္သြားတဲ့အထိေပါ့။ ေမာေတာင္ဂိတ္ေတြ ပိတ္လိုက္တဲ့ အခ်ိန္ ပိတ္မိခဲ့တဲ့အခ်ိန္ေတြလည္း ျဖစ္ကုန္တယ္” ဟု ဥယ်ာဥ္ၿခံစိုက္ပ်ိဳးသူတစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။
လက္ရွိတြင္ ကြမ္းသီးႏုရာသီကုန္ခါနီးျဖစ္သည့္အျပင္ အဘက္ဘက္အဆင္မေျပမႈမ်ားရွိခဲ့သည့္အတြက္ ကြမ္းသီးႏု တင္ပို႔မႈ ရပ္တန႔္သြားခဲ့သည္မွာ (၁)လေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ၿပီး ယခု ကြမ္းသီးႏုတင္ပို႔သည့္ရာသီအတြင္း ေတာင္သူမ်ား ႏွင့္ ကုန္သည္မ်ား အေနျဖင့္ အရႈံးေပၚခဲ့ေၾကာင္း သိရသည္။
“ကြမ္းသီးႏုပို႔တာက ရပ္သြားၿပီ။ Custom ေစ်းေတြ ေစ်းႀကီးတာလည္း ပါတယ္။ ကြမ္းသီးႏု ရာသီကလည္း ကုန္သေလာက္ျဖစ္ကုန္ၿပီ။ နားလိုက္တာ (၁)လခြဲ ဝန္းက်င္ေလာက္ျဖစ္ၿပီ။ မလုပ္ၾကေတာ့ဘူး။ ဒီႏွစ္လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ား အရႈံးေပၚတယ္လို႔ ေျပာလို႔ရတယ္။ သိပ္လည္းမျမတ္ၾကဘူး” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ တနသၤာရီအတိုင္းမွထြက္ရရွိသည့္ ကြမ္းသီးႏုမ်ား အျပင္ အျခားေဒသထြက္ကုန္မ်ားကို ႏိုင္ငံေတာ္အေနျဖင့္ ထိုင္းႏိုင္ငံသို႔ တရား ဝင္တင္ပို႔ႏိုင္သည့္ လမ္းေၾကာင္းေဖာ္ေဆာင္ေပးရန္ ေဒသခံ လုပ္ငန္းရွင္မ်ား က ေမွ်ာ္လင့္ေနေၾကာင္းလည္း သိရသည္။