ကျောက်မဲမြို့တွင် ယာယီဆေးရုံ ဖွင့်လှစ်ကာ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေ

259

စော(NP News)- အောက်တိုဘာ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယာယီဆေးရုံ ဖွင့်လှစ်ကာ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်မဲမြို့တွင် အုပ်ချုပ်မှုယန္တရားများ ပြန်လည် လည်ပတ်စေနိုင်ရန် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသခံတိုင်းရင်း သားပြည်သူများ အန္တရာယ်ကင်းရှင်းစွာနှင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန်အတွက် TNLA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့များနှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့များက ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းများအား အောက်တိုဘာ ၄ ရက်နေ့မှစတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့်နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံ ဖွင့်လှစ်ပြီး ယမန်နေ့ (အောက်တိုဘာ၅ ရက်)မှစတင်၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဆက်လက်၍ ကျောက်မဲမြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောက်မဲမြို့ မြို့အဝင်နေရာနှင့် ပတ်ဝန်းကျင်နေရာများအား ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပေးကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ေက်ာက္မဲၿမိဳ႕တြင္ ယာယီေဆး႐ုံ ဖြင့္လွစ္ကာ ေဒသခံမ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈမ်ားေပးေန
ေစာ(NP News)- ေအာက္တိုဘာ ၆
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ ယာယီေဆး႐ုံ ဖြင့္လွစ္ကာ ေဒသခံမ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈမ်ားေပးေနေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
တပ္မေတာ္အေနျဖင့္ ျပည္သူလူထု ေအးခ်မ္းစြာ ေနထိုင္ႏိုင္ေရးအတြက္ အၾကမ္းဖက္ေခ်မႈန္းမႈစစ္ဆင္ေရး (Counter - Terrorism Operation) ကို ေဆာင္႐ြက္ခဲ့ရာ ေက်ာက္မဲၿမိဳ႕အား အလုံးစုံျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည့္အတြက္ အစိုးရအုပ္ခ်ဳပ္ေရးယႏၲရားမ်ား ျပန္လည္ လည္ပတ္ႏိုင္ေရးႏွင့္ ၿမိဳ႕ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ လိုအပ္သည့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဒသခံျပည္သူလူထုႏွင့္ ပူးေပါင္း၍ အင္တိုက္အားတိုက္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ေပးလ်က္ရွိရာ ေက်ာက္မဲၿမိဳ႕တြင္ အုပ္ခ်ဳပ္မႈယႏၲရားမ်ား ျပန္လည္ လည္ပတ္ေစႏိုင္ရန္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္၊ ေဒသခံတိုင္းရင္း သားျပည္သူမ်ား အႏၲရာယ္ကင္းရွင္းစြာႏွင့္ စိတ္ေအးခ်မ္းသာစြာ ေနထိုင္ႏိုင္ရန္အတြက္ TNLA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအဖြဲ႕မ်ားႏွင့္ အၾကမ္းဖက္ပူးေပါင္းအဖြဲ႕မ်ားက ေထာင္ထားခဲ့သည့္ ေျမျမႇဳပ္မိုင္း၊ နင္းမိုင္း၊ တိုက္မိုင္းမ်ားအား ေအာက္တိုဘာ ၄ ရက္ေန႔မွစတင္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ၿပီး အမ်ားျပည္သူ သြားလာအသုံးျပဳလ်က္ရွိသည့္ေနရာမ်ားတြင္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ေဒသခံျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ တပ္မေတာ္မွ ဆရာဝန္မ်ား၊ သူနာျပဳမ်ား ပူးေပါင္း၍ ေက်ာက္မဲၿမိဳ႕ လာဘမုနိတ႐ုတ္ဘုံေက်ာင္း၌ ယာယီေဆး႐ုံ ဖြင့္လွစ္ၿပီး ယမန္ေန႔ (ေအာက္တိုဘာ၅ ရက္)မွစတင္၍ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ဆက္လက္၍ ေက်ာက္မဲၿမိဳ႕ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ၿမိဳ႕သန႔္ရွင္းသာယာလွပေရးအတြက္ ယေန႔နံနက္ပိုင္းတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားစုေပါင္း၍ ေက်ာက္မဲၿမိဳ႕ ၿမိဳ႕အဝင္ေနရာႏွင့္ ပတ္ဝန္းက်င္ေနရာမ်ားအား ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္း၊ ေရစီးေရလာေကာင္းမြန္ေစရန္အတြက္ ေရႏုတ္ေျမာင္းမ်ား တူးေဖာ္ေပးျခင္းစသည့္ စုေပါင္းသန႔္ရွင္းေရးလုပ္ငန္းမ်ားႏွင့္ အျခားလိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးၾကေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။