လုပ်ငန်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ မတရားအကျိုးအမြတ် တစ်စုံတစ်ရာရယူရန် ကန့်ကွက်ပါက အရေးယူမည်

 99

Pearl (NP News) - ဒီဇင်ဘာ ၂ဝ

လုပ်ငန်းလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ မတရားအကျိုးအမြတ် တစ်စုံတစ်ရာရယူရန် ကန့်ကွက်ပါက အရေးယူမည် ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာရအရ သိရသည်။
လက်ရှိတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့က မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများ၊ စာချုပ် စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အထားခိုင်လုံမှု မရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းများ ဖြစ်ပေါ်နေသည်ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။
ထိုသို့ ကန့်ကွက်ခြင်းများသည် လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေခြင်း၊ နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ခြင်းကို အဟန့်အတားဖြစ်စေခြင်း၊ မလိုလားအပ်သည့် အဂတိလိုက်စားမှုများဖြစ်ပေါ်စေခြင်းတို့ကြောင့် နိုင်ငံတော် ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်းလည်း ရေးသားထားသည်။
ထို့ကြောင့် အခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုသည့်လုပ်ငန်းများ၊ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ လုပ်ကိုင်ခွင့်ရသောကုမ္ပဏီ၊ အဖွဲ့အစည်းများ၊ အခြားသက်ဆိုင်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အထား ခိုင်လုံမှု မရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းအနေဖြင့် ယင်းကန့်ကွက်မှုကို ထည့်သွင်းစဉ်းစား သုံးသပ်ရန် မလိုဘဲ သက်ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်စေခြင်းတို့ ပြုရမည့်အပြင် လုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်ရန် ရေးသားထားသည်။
ထို့ပြင် အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်းအနှောင့်အယှက်ဖြစ်ရန်၊ မတရားအကျိုးအမြတ် တစ်စုံတစ်ရာ ရယူရန် ကန့်ကွက်ခြင်းဖြစ်ကြောင်း စိစစ်ပေါ်ပေါက်ပါက အဆိုပါကန့်ကွက်သည့် ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကို သက်ဆိုင်ရာတည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထိုသို့အရေးယူရာတွင်လည်း ကျောသားရင်သားမခွဲခြားဘဲ အောက်ခြေမှ စတင်ကာ ထိရောက်မည့်စနစ်ကို အသုံးပြု၍ အရေးယူသင့်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ အဂတိဆိုတာတော့ ဘယ်နိုင်ငံမှတော့ မကင်းပါဘူး။ နိုင်ငံတော်အဆင့်မှာ။ သို့သော်လည်း ကျွန်တော်တို့လိုမျိုး ဖွံ့ဖြိုးဆဲတိုင်းပြည်ပေါ့။ နိုင်ငံတော် တည်ဆောက်ရေးအတွက်ကို Reform နေရတဲ့ နိုင်ငံကျတော့ အဂတိကြောင့် ကိုပဲ နိုင်ငံတည်ဆောက်ရေးမှာ ရှေ့မရောက်ဖြစ်နေတာကိုး။ အဲဒီတော့ အဂတိကို ဥပဒေနဲ့အညီ စနစ်တကျ ကိုင်တွယ်ပြီး အရေးယူတာကို ကြိုဆိုတယ်။ ကျောသားရင်သားမခွဲခြားဘဲ လုပ်သင့်ပါတယ်။ On Ground မှာ ကြုံနေရတာတော့ ကုမ္ပဏီတွေ အခွန်ဆောင်ရတဲ့ကိစ္စတွေမှာ သက်ဆိုင်ရာအခွန် အရာရှိတွေနဲ့ ပြောတဲ့အခါမှာ လူတိုင်းတော့ မဆိုလိုဘူးအချို့က ဒီလိုပြေလည်အောင်လုပ်ဖို့ သူ့ဆီကို ဘယ်လောက်ရောက်မှာလဲဆိုတာမျိုးပေါ့။ ထိပ်ပိုင်းက သိတာလား မသိတာလားမပြောတတ်ဘူး။ အခြေခံအားဖြင့် အောက်ခြေမှာ ဖြစ်နေတဲ့ ဒီလိုအသေး အဖွဲ့ပေါ့။ အသေးအဖွဲ့ဆိုပေမဲ့လည်း တကယ်ပေါင်းလိုက်ရင် နိုင်ငံတော်အတွက် ဘီလျံနဲ့ ချီပြီး နစ်နာတာတွေပါ။ အဲဒီကနေ စပြီး ကိုင်တွယ်အရေးယူရင်တော့ အချိန်ကာလတစ်ခုချင်းစောင့်ပြီး ပြောင်းသွားရင် ရမယ်။ စနစ်ကလည်း ထိရောက်တဲ့စနစ်ဖြစ်ဖို့ လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
လုပ္ငန္းလုပ္ကိုင္ခြင့္ႏွင့္ပတ္သက္၍ မတရားအက်ိဳးအျမတ္ တစ္စုံတစ္ရာရယူရန္ ကန႔္ကြက္ပါက အေရးယူမည္
Pearl (NP News) - ဒီဇင္ဘာ ၂ဝ
လုပ္ငန္းလုပ္ကိုင္ခြင့္ႏွင့္ပတ္သက္၍ မတရားအက်ိဳးအျမတ္ တစ္စုံတစ္ရာရယူရန္ ကန႔္ကြက္ပါက အေရးယူမည္ ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီမွ ထုတ္ျပန္ထားသည့္ အမိန႔္ေၾကာ္ျငာစာရအရ သိရသည္။
လက္ရွိတြင္ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ား၊ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕မ်ားႏွင့္ ေနျပည္ေတာ္ေကာင္စီတို႔က မိမိအခြင့္အာဏာအရ လုပ္ကိုင္ခြင့္ျပဳသည့္လုပ္ငန္းမ်ား၊ စာခ်ဳပ္ စာတမ္းမွတ္ပုံတင္ျခင္းလုပ္ငန္းမ်ား၊ လုပ္ကိုင္ခြင့္ရရွိေသာ ကုမၸဏီ၊ အဖြဲ႕အစည္းမ်ားႏွင့္ အျခားသက္ဆိုင္ေသာ ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ အေထာက္အထားခိုင္လုံမႈ မရွိ၊ ပတ္သက္ဆက္ႏႊယ္မႈမရွိဘဲ ကန႔္ကြက္ျခင္းမ်ား ျဖစ္ေပၚေနသည္ဟု အဆိုပါ စာတြင္ ေဖာ္ျပထားသည္။
ထိုသို႔ ကန႔္ကြက္ျခင္းမ်ားသည္ လုပ္ငန္းမ်ားကို ေႏွာင့္ေႏွးၾကန႔္ၾကာေစျခင္း၊ ႏိုင္ငံေတာ္၏ရင္းႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ ျခင္းကို အဟန႔္အတားျဖစ္ေစျခင္း၊ မလိုလားအပ္သည့္ အဂတိလိုက္စားမႈမ်ားျဖစ္ေပၚေစျခင္းတို႔ေၾကာင့္ ႏိုင္ငံေတာ္ ၏ ဖြံ႕ၿဖိဳးတိုးတက္မႈလုပ္ငန္းစဥ္မ်ားကို ထိခိုက္ေႏွာင့္ေႏွးေစႏိုင္ေၾကာင္းလည္း ေရးသားထားသည္။
ထို႔ေၾကာင့္ အခြင့္အာဏာအရ လုပ္ကိုင္ခြင့္ျပဳသည့္လုပ္ငန္းမ်ား၊ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ျခင္းလုပ္ငန္းမ်ား၊ လုပ္ကိုင္ခြင့္ရေသာကုမၸဏီ၊ အဖြဲ႕အစည္းမ်ား၊ အျခားသက္ဆိုင္ေသာကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ အေထာက္အထား ခိုင္လုံမႈ မရွိ၊ ပတ္သက္ဆက္ႏႊယ္မႈမရွိဘဲ ကန႔္ကြက္ျခင္းျဖစ္ေၾကာင္း စိစစ္ေတြ႕ရွိရပါက သက္ဆိုင္ရာအစိုးရဌာန၊ အဖြဲ႕အစည္းအေနျဖင့္ ယင္းကန႔္ကြက္မႈကို ထည့္သြင္းစဥ္းစား သုံးသပ္ရန္ မလိုဘဲ သက္ဆိုင္ရာလုပ္ငန္းမ်ားကို ခြင့္ျပဳျခင္း၊ ဆက္လက္ေဆာင္႐ြက္ေစျခင္းတို႔ ျပဳရမည့္အျပင္ လုပ္ငန္းမ်ားကိုလည္း ဆိုင္းငံ့ထားျခင္းမျပဳဘဲ ဆက္လက္ေဆာင္႐ြက္ရန္ ေရးသားထားသည္။
ထို႔ျပင္ အေထာက္အထားခိုင္လုံမႈမရွိဘဲ လုပ္ငန္းအေႏွာင့္အယွက္ျဖစ္ရန္၊ မတရားအက်ိဳးအျမတ္ တစ္စုံတစ္ရာ ရယူရန္ ကန႔္ကြက္ျခင္းျဖစ္ေၾကာင္း စိစစ္ေပၚေပါက္ပါက အဆိုပါကန႔္ကြက္သည့္ ပုဂၢိဳလ္ (သို႔) အဖြဲ႕အစည္းကို သက္ဆိုင္ရာတည္ဆဲဥပေဒႏွင့္အညီ အေရးယူမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။
ထိုသို႔အေရးယူရာတြင္လည္း ေက်ာသားရင္သားမခြဲျခားဘဲ ေအာက္ေျခမွ စတင္ကာ ထိေရာက္မည့္စနစ္ကို အသုံးျပဳ၍ အေရးယူသင့္ေၾကာင္း လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
“ အဂတိဆိုတာေတာ့ ဘယ္ႏိုင္ငံမွေတာ့ မကင္းပါဘူး။ ႏိုင္ငံေတာ္အဆင့္မွာ။ သို႔ေသာ္လည္း ကြၽန္ေတာ္တို႔လိုမ်ိဳး ဖြံ႕ၿဖိဳးဆဲတိုင္းျပည္ေပါ့။ ႏိုင္ငံေတာ္ တည္ေဆာက္ေရးအတြက္ကို Reform ေနရတဲ့ ႏိုင္ငံက်ေတာ့ အဂတိေၾကာင့္ ကိုပဲ ႏိုင္ငံတည္ေဆာက္ေရးမွာ ေရွ႕မေရာက္ျဖစ္ေနတာကိုး။ အဲဒီေတာ့ အဂတိကို ဥပေဒနဲ႔အညီ စနစ္တက် ကိုင္တြယ္ၿပီး အေရးယူတာကို ႀကိဳဆိုတယ္။ ေက်ာသားရင္သားမခြဲျခားဘဲ လုပ္သင့္ပါတယ္။ On Ground မွာ ႀကဳံေနရတာေတာ့ ကုမၸဏီေတြ အခြန္ေဆာင္ရတဲ့ကိစၥေတြမွာ သက္ဆိုင္ရာအခြန္ အရာရွိေတြနဲ႔ ေျပာတဲ့အခါမွာ လူတိုင္းေတာ့ မဆိုလိုဘူးအခ်ိဳ႕က ဒီလိုေျပလည္ေအာင္လုပ္ဖို႔ သူ႔ဆီကို ဘယ္ေလာက္ေရာက္မွာလဲဆိုတာမ်ိဳးေပါ့။ ထိပ္ပိုင္းက သိတာလား မသိတာလားမေျပာတတ္ဘူး။ အေျခခံအားျဖင့္ ေအာက္ေျခမွာ ျဖစ္ေနတဲ့ ဒီလိုအေသး အဖြဲ႕ေပါ့။ အေသးအဖြဲ႕ဆိုေပမဲ့လည္း တကယ္ေပါင္းလိုက္ရင္ ႏိုင္ငံေတာ္အတြက္ ဘီလ်ံနဲ႔ ခ်ီၿပီး နစ္နာတာေတြပါ။ အဲဒီကေန စၿပီး ကိုင္တြယ္အေရးယူရင္ေတာ့ အခ်ိန္ကာလတစ္ခုခ်င္းေစာင့္ၿပီး ေျပာင္းသြားရင္ ရမယ္။ စနစ္ကလည္း ထိေရာက္တဲ့စနစ္ျဖစ္ဖို႔ လိုတယ္” ဟု ၎က ဆက္ေျပာသည္။

Related news

© 2021. All rights reserved.