ဘင်္ဂလားဒေရှ့်နိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိနေ

167

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂ဝ
နိုင်ငံတွင် ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေးဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် လူငယ် ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရသည့်ဒဏ်ရာများဖြင့် စင်ကာပူဆေးရုံတွင် သေဆုံးခဲ့ပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော်တွင် အကြမ်းဖက်မှုများပိုမိုဖြစ်လာခဲ့ကြောင်းသိရသည်။ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အိုစမန်ဟာဒီ သေဆုံးခဲ့ပြီးနောက် ၎င်းကို လုပ်ကြံသူကို ဖမ်းဆီးရန်ဒါကာမြို့ရှိ လမ်းများတွင် တောင်းဆို ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် အကြမ်းဖက်မှုများ ဖြစ်လာခဲ့ကြောင်း သိရသည်။
ဒါကာမြို့ရှိ နာမည်ကြီး သတင်းစာတိုက်နှစ်ခု၏ ရုံးအဆောက်အဦးများအပါအဝင် အဆောက်အဦးများမီးရှို့ခံခဲ့ရ ကြောင်း ဘင်္ဂလားဒေရှ့် အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။
လုပ်ကြခံရသည့် ဟာဒီသည် ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ရာထူးမှ ပြုတ်ကျစေရန် လုပ်ဆောင်ခဲ့သည် ဆန္ဒပြပွဲတွင် အဓိက ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လူသိများသူဖြစ်ကြောင်း သိရသည်။ ဟာဒီသည် ဒီဇင်ဘာ ၁၂ ရက်က ဒါကာမြို့ရှိ ဗလီမှအပြင်သို့ ထွက်လာချိန်တွင် မျက်နှာဖုံးစွပ်သေနတ်သမားများက လုပ်ကြံခဲ့ပြီး စင်ကာပူနိုင်ငံရှိ ဆေးရုံသို့ ချက်ချင်းတင်ပို့ခဲ့ရကြောင်း သိရသည်။
၎င်းသည် လာမည့် ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူဖြစ် ကြောင်း သိရသည်။ ဟာဒီ လုပ်ကြံခံရကာ သေဆုံးသည့်သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံ တွင် လူသိများသော သတင်းဌာနဖြစ်သည့် Daily Star နှင့် Prothom Alo သတင်းဌာနတို့ အပါအဝင် ဒါကာမြို့ရှိ အဆောက်အဦးများ မီးရှို့ခံရကြောင်း ဘင်္ဂလားဒေရှ့်မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟာဒီ၏ ရုပ်အလောင်းကို စင်ကာပူနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သော်လည်း ဒီဇင်ဘာ ၁၉ ရက်အထိ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရက ဟာဒီ သေဆုံးမှုသည် နိုင်ငံအတွက် အစားထိုးမရသည့် ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း ပြောသည်။

Zawgyi Version:
ဘဂၤလားေဒရွ႕္ႏိုင္ငံတြင္ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားလ်က္ရွိေန
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂ဝ
ႏိုင္ငံတြင္ ၂၀၂၄ ခုႏွစ္က ျဖစ္ပြားခဲ့သည့္ ဒီမိုကေရစီအေရးဆႏၵျပပြဲမ်ားတြင္ ဦးေဆာင္ပါဝင္ခဲ့သည့္ လူငယ္ ေခါင္းေဆာင္တစ္ဦး လုပ္ႀကံခံရသည့္ဒဏ္ရာမ်ားျဖင့္ စင္ကာပူေဆး႐ုံတြင္ ေသဆုံးခဲ့ၿပီးေနာက္ ဘဂၤလားေဒရွ႕္ႏိုင္ငံ ၿမိဳ႕ေတာ္တြင္ အၾကမ္းဖက္မႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္းသိရသည္။ လူငယ္ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ အိုစမန္ဟာဒီ ေသဆုံးခဲ့ၿပီးေနာက္ ၎ကို လုပ္ႀကံသူကို ဖမ္းဆီးရန္ဒါကာၿမိဳ႕ရွိ လမ္းမ်ားတြင္ ေတာင္းဆို ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ အၾကမ္းဖက္မႈမ်ား ျဖစ္လာခဲ့ေၾကာင္း သိရသည္။
ဒါကာၿမိဳ႕ရွိ နာမည္ႀကီး သတင္းစာတိုက္ႏွစ္ခု၏ ႐ုံးအေဆာက္အဦးမ်ားအပါအဝင္ အေဆာက္အဦးမ်ားမီးရႈိ႕ခံခဲ့ရ ေၾကာင္း ဘဂၤလားေဒရွ႕္ အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာသည္။
လုပ္ၾကခံရသည့္ ဟာဒီသည္ ၿပီးခဲ့သည့္ႏွစ္က ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကို ရာထူးမွ ျပဳတ္က်ေစရန္ လုပ္ေဆာင္ခဲ့သည္ ဆႏၵျပပြဲတြင္ အဓိက ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး လူသိမ်ားသူျဖစ္ေၾကာင္း သိရသည္။ ဟာဒီသည္ ဒီဇင္ဘာ ၁၂ ရက္က ဒါကာၿမိဳ႕ရွိ ဗလီမွအျပင္သို႔ ထြက္လာခ်ိန္တြင္ မ်က္ႏွာဖုံးစြပ္ေသနတ္သမားမ်ားက လုပ္ႀကံခဲ့ၿပီး စင္ကာပူႏိုင္ငံရွိ ေဆး႐ုံသို႔ ခ်က္ခ်င္းတင္ပို႔ခဲ့ရေၾကာင္း သိရသည္။
၎သည္ လာမည့္ ၂၀၂၆ ခုႏွစ္အတြင္း က်င္းပမည့္ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္သူျဖစ္ ေၾကာင္း သိရသည္။ ဟာဒီ လုပ္ႀကံခံရကာ ေသဆုံးသည့္သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ဘဂၤလားေဒရွ႕္ႏိုင္ငံ တြင္ လူသိမ်ားေသာ သတင္းဌာနျဖစ္သည့္ Daily Star ႏွင့္ Prothom Alo သတင္းဌာနတို႔ အပါအဝင္ ဒါကာၿမိဳ႕ရွိ အေဆာက္အဦးမ်ား မီးရႈိ႕ခံရေၾကာင္း ဘဂၤလားေဒရွ႕္မီးသတ္ဌာန တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဟာဒီ၏ ႐ုပ္အေလာင္းကို စင္ကာပူႏိုင္ငံမွ ဘဂၤလားေဒရွ႕္ႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ခဲ့ေသာ္လည္း ဒီဇင္ဘာ ၁၉ ရက္အထိ ဆႏၵျပပြဲမ်ား ဆက္လက္ျဖစ္ပြားေနေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္အိမ္ေစာင့္အစိုးရက ဟာဒီ ေသဆုံးမႈသည္ ႏိုင္ငံအတြက္ အစားထိုးမရသည့္ ဆုံးရႈံးနစ္နာမႈျဖစ္ေၾကာင္း ေျပာသည္။