PNO အနေဖြင့် ဒေသတွင်း လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးကိုသာဆောင်ရွက်နေပြီး ကယားပြည်နယ် ထိုးစစ်များအတွင်းပါဝင်ခြင်းမရှိ

835

Pearl(NP News)- အောက်တိုဘာ ၆
ပအို့ဝ် အမျိုးသား အစည်းအရုံး (PNO) ၏ လက်ရုံးတပ် ဖြစ်သော PNA အနေဖြင့် ဒေသတွင်း လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးကိုသာဆောင်ရွက်နေပြီး ကယားပြည်နယ် ထိုးစစ်များအတွင်းပါဝင်ခြင်းမရှိကြောင်း ကယားလက်နက်ကိုင်အဖွဲ့များ၏ စွပ်စွဲ ပြောကြားမှုအပေါ် PNO ၏ အဆင့်မြင့် အရာရှိတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်များသို့ ကယားလက်နက်ကိုင်အဖွဲ့များကျူးကျော် တိုက်ခိုက်ခဲ့စဉ် ကလည်း ခုခံ၍ ပြန်လည်တိုက်ထုတ်ခဲ့ရပြီး ယင်းနောက် ဒေသတွင်း လုံခြုံရေး အတွက် ကြိုးပမ်းနေရကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့က ကယားပြည်နယ်ထဲကို သွားဖို့နေနေသာသာကျွန်တော်တို့ရဲ့ ဒေသလုံခြုံရေး ကိစ္စတောင်မှ တော်တော်လေး လုပ်ယူနေရတာတော့ ဝန်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၅ အထိ သူတို့ရဲ့ ထိုးစစ်တွေကြောင့် မြို့နယ်ဆိုရင်လည်း ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုန်းမြို့နယ် ဒါတွေ သူတို့နယ်မြေကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒဏ်ကို မနည်း ခုခံပြီး ပြန်လည်တိုက်ထုတ်ရတဲ့အနေအထားဖြစ်ပါတယ်။ သူတို့ရဲ့ နယ်မြေထဲကို ဝင်ရောက်တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင် ပါဘူး။ အခုဆိုရင် ကျွန်တော်တို့က နယ်မြေလုံခြုံရေး ကိစ္စ တစ်ခုတည်းကိုပဲ အဓိက အားထားပြီးဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု PNO၏ အဆင့်မြင့် အရာရှိတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင်လည်း PNO အနေဖြင့် နယ်မြေလုံခြုံရေး ကိစ္စ တစ်ခုတည်းကိုသာ အဓိက အားထား ဆောင် ရွက်နေပြီး လုံခြုံရေးအရပြင်ဆင်ဆောင်ရွက်နေမှုများအပေါ် မဟုတ်မမှန် ဖြန့်ဝေ ရေးသားခြင်း ဖြစ်ကြောင်း PNO၏ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
“အဲဒီတော့ ဒီအချိန်မှာ ဘာကြောင့်ဒီလိုပြောလာတာလဲ ဆိုရင် ဒါကျွန်တော်တို့ ဘက်က ပြင်ဆင်နေတဲ့ လုံခြုံရေး ကိစ္စတွေ အပေါ် သူတို့ကြည့်ပြီး သုံးသပ်ပြီးတော့ မဟုတ်မမှန်တဲ့သတင်းတွေ ဖြန့်ပြီးတော့မှ သူတို့ရဲ့အမှားကို ဖုံးဖို့အတွက် PNO ကို လာရောက်ပြောဆိုဝေဖန်ရေးသားနေတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

Zawgyi Version:
PNO အေနျဖင့္ ေဒသတြင္း လုံၿခဳံေရးႏွင့္ ျပန္လည္ထူေထာင္ေရးကိုသာေဆာင္႐ြက္ေနၿပီး ကယားျပည္နယ္ ထိုးစစ္မ်ားအတြင္းပါဝင္ျခင္းမရွိ
Pearl(NP News)- ေအာက္တိုဘာ ၆
ပအို႔ဝ္ အမ်ိဳးသား အစည္းအ႐ုံး (PNO) ၏ လက္႐ုံးတပ္ ျဖစ္ေသာ PNA အေနျဖင့္ ေဒသတြင္း လုံၿခဳံေရးႏွင့္ ျပန္လည္ထူေထာင္ေရးကိုသာေဆာင္႐ြက္ေနၿပီး ကယားျပည္နယ္ ထိုးစစ္မ်ားအတြင္းပါဝင္ျခင္းမရွိေၾကာင္း ကယားလက္နက္ကိုင္အဖြဲ႕မ်ား၏ စြပ္စြဲ ေျပာၾကားမႈအေပၚ PNO ၏ အဆင့္ျမင့္ အရာရွိတစ္ဦးက NP News သတင္းဌာနသို႔ ေျပာသည္။
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္ေလာင္းၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္မ်ားသို႔ ကယားလက္နက္ကိုင္အဖြဲ႕မ်ားက်ဴးေက်ာ္ တိုက္ခိုက္ခဲ့စဥ္ ကလည္း ခုခံ၍ ျပန္လည္တိုက္ထုတ္ခဲ့ရၿပီး ယင္းေနာက္ ေဒသတြင္း လုံၿခဳံေရး အတြက္ ႀကိဳးပမ္းေနရေၾကာင္း ၎က ဆိုသည္။
“ကြၽန္ေတာ္တို႔က ကယားျပည္နယ္ထဲကို သြားဖို႔ေနေနသာသာကြၽန္ေတာ္တို႔ရဲ႕ ေဒသလုံၿခဳံေရး ကိစၥေတာင္မွ ေတာ္ေတာ္ေလး လုပ္ယူေနရတာေတာ့ ဝန္ခံတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ ၂၀၂၁ ကေန ၂၀၂၅ အထိ သူတို႔ရဲ႕ ထိုးစစ္ေတြေၾကာင့္ ၿမိဳ႕နယ္ဆိုရင္လည္း ပင္ေလာင္းၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ ဟိုပုန္းၿမိဳ႕နယ္ ဒါေတြ သူတို႔နယ္ေျမက်ဴးေက်ာ္ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့ ဒဏ္ကို မနည္း ခုခံၿပီး ျပန္လည္တိုက္ထုတ္ရတဲ့အေနအထားျဖစ္ပါတယ္။ သူတို႔ရဲ႕ နယ္ေျမထဲကို ဝင္ေရာက္တိုက္ခိုက္ဖို႔ဆိုတာ ဘယ္လိုနည္းနဲ႔မွ မျဖစ္ႏိုင္ ပါဘူး။ အခုဆိုရင္ ကြၽန္ေတာ္တို႔က နယ္ေျမလုံၿခဳံေရး ကိစၥ တစ္ခုတည္းကိုပဲ အဓိက အားထားၿပီးေဆာင္႐ြက္ေနတာျဖစ္ပါတယ္” ဟု PNO၏ အဆင့္ျမင့္ အရာရွိတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္လည္း PNO အေနျဖင့္ နယ္ေျမလုံၿခဳံေရး ကိစၥ တစ္ခုတည္းကိုသာ အဓိက အားထား ေဆာင္ ႐ြက္ေနၿပီး လုံၿခဳံေရးအရျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားအေပၚ မဟုတ္မမွန္ ျဖန႔္ေဝ ေရးသားျခင္း ျဖစ္ေၾကာင္း PNO၏ အဆင့္ျမင့္ အရာရွိတစ္ဦးက ေျပာသည္။
“အဲဒီေတာ့ ဒီအခ်ိန္မွာ ဘာေၾကာင့္ဒီလိုေျပာလာတာလဲ ဆိုရင္ ဒါကြၽန္ေတာ္တို႔ ဘက္က ျပင္ဆင္ေနတဲ့ လုံၿခဳံေရး ကိစၥေတြ အေပၚ သူတို႔ၾကည့္ၿပီး သုံးသပ္ၿပီးေတာ့ မဟုတ္မမွန္တဲ့သတင္းေတြ ျဖန႔္ၿပီးေတာ့မွ သူတို႔ရဲ႕အမွားကို ဖုံးဖို႔အတြက္ PNO ကို လာေရာက္ေျပာဆိုေဝဖန္ေရးသားေနတာပဲ” ဟု ၎က ဆက္ေျပာသည္။