ဗင်နီဇွဲလားမှာ မြေပြင်တိုက်ခိုက်မှုတွေကို မကြာခင်အချိန်အတွင်း စတင်သွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

274

Pika(NP News)- ဒီဇင်ဘာ ၁၅
ဗင်နီဇွဲလားနိုင်ငံနဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ မြေပြင်တိုက်ခိုက်မှုတွေကို အမေရိကန်က မကြာခင်အချိန်အတွင်းစတင်သွားနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်ဟာ ပင်လယ်ပြင်ကနေ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတွေကို လုံးဝနီးပါး ရပ်တန့်နိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း ဗင်နီဇွဲလားအစိုးရကတော့ ၎င်းတို့ဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်ဆက်စပ်တာမျိုးမရှိဘူးလို့ အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အမေရိကန်က စစ်ဆင်ရေးတွေ စတင်ခဲ့ပြီးနောက်ပိုင်း ဗင်နီဇွဲလားနဲ့ဆက်စပ်နေတဲ့ ရေကြောင်းကနေမူးယစ်ဆေးဝါးကုန်သွယ်မှုဟာ (၉၂)ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်တပ်ဖွဲ့တွေဟာ ယခင်က ဘယ်သူမှမမြင်ဖူးတဲ့ စစ်ဆင်ရေးအနေအထားနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေကို နှိမ်နှင်းနေတယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ရေကြောင်းကနေ မူးယစ်ဆေးဝါးကုန်သွယ်မှု (၉၀)ရာခိုင်နှုန်းကျော်ကို ကျွန်တော်တို့ နှိမ်နှင်းနိုင်ခဲ့ပါတယ်။မူးယစ်ဆေးဝါးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ မြေပြင်တိုက်ခိုက်မှုတွေကို မကြာခင်အချိန်အတွင်း စတင်သွားတော့မှာပါ။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ဖြစ်နိုင်ခြေရှိတဲ့ပစ်မှတ်တွေ ဒါမှမဟုတ် စစ်ဆင်ရေးရဲ့အတိုင်းအတာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားမွာ ေျမျပင္တိုက္ခိုက္မႈေတြကို မၾကာခင္အခ်ိန္အတြင္း စတင္သြားႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika(NP News)- ဒီဇင္ဘာ ၁၅
ဗင္နီဇြဲလားႏိုင္ငံနဲ႔ ဆက္စပ္တဲ့ မူးယစ္ေဆးဝါးလုပ္ငန္းေတြကို ပစ္မွတ္ထားတဲ့ ေျမျပင္တိုက္ခိုက္မႈေတြကို အေမရိကန္က မၾကာခင္အခ်ိန္အတြင္းစတင္သြားႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္ဟာ ပင္လယ္ျပင္ကေန မူးယစ္ေဆးဝါးကူးသန္းေရာင္းဝယ္မႈေတြကို လုံးဝနီးပါး ရပ္တန႔္ႏိုင္ခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း ဗင္နီဇြဲလားအစိုးရကေတာ့ ၎တို႔ဟာ မူးယစ္ေဆးဝါးဂိုဏ္းေတြနဲ႔ ပတ္သက္ဆက္စပ္တာမ်ိဳးမရွိဘူးလို႔ အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။အေမရိကန္က စစ္ဆင္ေရးေတြ စတင္ခဲ့ၿပီးေနာက္ပိုင္း ဗင္နီဇြဲလားနဲ႔ဆက္စပ္ေနတဲ့ ေရေၾကာင္းကေနမူးယစ္ေဆးဝါးကုန္သြယ္မႈဟာ (၉၂)ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္တပ္ဖြဲ႕ေတြဟာ ယခင္က ဘယ္သူမွမျမင္ဖူးတဲ့ စစ္ဆင္ေရးအေနအထားနဲ႔ မူးယစ္ေဆးဝါးကုန္သြယ္မႈေတြကို ႏွိမ္ႏွင္းေနတယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ေရေၾကာင္းကေန မူးယစ္ေဆးဝါးကုန္သြယ္မႈ (၉၀)ရာခိုင္ႏႈန္းေက်ာ္ကို ကြၽန္ေတာ္တို႔ ႏွိမ္ႏွင္းႏိုင္ခဲ့ပါတယ္။မူးယစ္ေဆးဝါးလုပ္ငန္းေတြကို ပစ္မွတ္ထားတဲ့ ေျမျပင္တိုက္ခိုက္မႈေတြကို မၾကာခင္အခ်ိန္အတြင္း စတင္သြားေတာ့မွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ျဖစ္ႏိုင္ေျခရွိတဲ့ပစ္မွတ္ေတြ ဒါမွမဟုတ္ စစ္ဆင္ေရးရဲ႕အတိုင္းအတာနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။