ဗြိတိန်နိုင်ငံတွင် နျူကလီးယားလက်နက်များ ထားရှိနိုင်ရန် အမေရိကန်ကကြိုးပမ်းနေကြောင်း သတင်းများ ထွက်ပေါ်နေ

1503

Pika (NP News) - သြဂုတ် ၃၁
အမေရိကန်နိုင်ငံသည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်နိုင်ငံတွင် နျူကလီးယားလက်နက် များထားရှိရန် ကြိုးပမ်းနိုင်ဖွယ်ရှိကြောင်း အမေရိကန် think-tank အဖွဲ့များ နှင့် ဗြိတိန်မီဒီယာများ၏ ဖော်ပြချက် အရ သိရသည်။
ထို့အပြင် အမေရိကန်၏ နျူကလီးယားလက်နက်များ တင်ဆောင်ပျံသန်းနိုင်စွမ်းရှိသော တိုက်လေယာဉ်များကို လည်း ဗြိတိန်လေတပ်စခန်းတွင် ထားရှိရန်စီစဉ်နေကြောင်းလည်း အဆိုပါအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လက လွှတ်တော်သို့ ရန်ပုံငွေတောင်းခံမှုတွင် အမေရိကန်စစ်တပ်သည် လန်ဒန်မြို့မြောက်ဘက် Suffolk ကောင်တီရှိ Lakenheath တော်ဝင်လေတပ်အခြေစိုက်စခန်းတွင် လက်နက်တိုက်အသစ် (surety dormitory) တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာသန်း(၅ဝ)တောင်းခံခဲ့ကြောင်း Telegraph သတင်းစာ က ဖော်ပြခဲ့သည်။
Lakenheath တော်ဝင်လေတပ်အခြေစိုက်စခန်းသည် စစ်အေးခေတ်ကာလတစ်လျှောက် အမေရိကန်၏ နျူကလီးယားလက်နက်များ ထားရှိရန် စီစဉ်ထားသော နေရာသုံးခုအနက်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်မကြာမီ အမေရိကန်သည် (၁၉၉၂)ခုနှစ် မတိုင်မီအချိန်အထိ ဗြိတိန်တပ်ဖွဲ့များကို အဏုမြူဗုံးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဗြိတိန်တွင် တည်ဆောက်မည့်လက်နက်တိုက်အသစ်တွင် နျူကလီးယားလက်နက်များကို သိုလှောင်နိုင်ဖွယ်ရှိ ကြောင်း ဗြိတိန်-နေတိုး ဓါတု၊ ဇီဝ၊ ဓါတ်ရောင်ခြည် နှင့် နျူကလီးယားတပ်ဖွဲ့များ၏ တပ်မှူးဟောင်း Hamish de Bretton-Gordon က ပြောကြားခဲ့သည်။
၎င်းက "ဒီကိစ္စမှာ (surety dormitory) ဆိုတာ နျူကလီးယားဒုံးကျည်တွေနဲ့ ထိပ်ဖူးတွေကို သိုလှောင်ဖို့ အသုံးပြုမယ့်ဘန်ကာတစ်ခုပါ။ ဘန်ကာကို တင်းကြပ်ပြီး လုံခြုံတဲ့နေရာတစ်ခုအဖြစ် တည်ဆောက်လိုက်မယ်ဆိုရင် ရုရှားတွေက အဲဒီနေရာကို ဗုံးကြဲတိုက်ခိုက်မယ်ဆိုရင်တောင် နျူကလီးယားမတော်တဆမှုကိုဖြစ်စေမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
အဆိုပါလက်နက်တိုက်အသစ်တည်ဆောက်မှုကို လာမည့်နှစ်နွေရာသီတွင် စတင်ရန် စီစဉ်ထားပြီး ၂ဝ၂၆ ခုနှစ် အစောပိုင်းတွင် အပြီးသတ်တည်ဆောက်သွားနိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

Zawgyi Version;
ၿဗိတိန္ႏိုင္ငံတြင္ န်ဴကလီးယားလက္နက္မ်ား ထားရွိႏိုင္ရန္ အေမရိကန္ကႀကိဳးပမ္းေနေၾကာင္း သတင္းမ်ား ထြက္ေပၚေန
Pika (NP News) - ၾသဂုတ္ ၃၁
အေမရိကန္ႏိုင္ငံသည္ ၂ဝဝ၈ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ၿဗိတိန္ႏိုင္ငံတြင္ န်ဴကလီးယားလက္နက္ မ်ားထားရွိရန္ ႀကိဳးပမ္းႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္ think-tank အဖြဲ႕မ်ား ႏွင့္ ၿဗိတိန္မီဒီယာမ်ား၏ ေဖာ္ျပခ်က္ အရ သိရသည္။
ထို႔အျပင္ အေမရိကန္၏ န်ဴကလီးယားလက္နက္မ်ား တင္ေဆာင္ပ်ံသန္းႏိုင္စြမ္းရွိေသာ တိုက္ေလယာဥ္မ်ားကို လည္း ၿဗိတိန္ေလတပ္စခန္းတြင္ ထားရွိရန္စီစဥ္ေနေၾကာင္းလည္း အဆိုပါအစီရင္ခံစာထဲတြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ မတ္လက လႊတ္ေတာ္သို႔ ရန္ပုံေငြေတာင္းခံမႈတြင္ အေမရိကန္စစ္တပ္သည္ လန္ဒန္ၿမိဳ႕ေျမာက္ဘက္ Suffolk ေကာင္တီရွိ Lakenheath ေတာ္ဝင္ေလတပ္အေျခစိုက္စခန္းတြင္ လက္နက္တိုက္အသစ္ (surety dormitory) တည္ေဆာက္ရန္အတြက္ အေမရိကန္ေဒၚလာသန္း(၅ဝ)ေတာင္းခံခဲ့ေၾကာင္း Telegraph သတင္းစာ က ေဖာ္ျပခဲ့သည္။
Lakenheath ေတာ္ဝင္ေလတပ္အေျခစိုက္စခန္းသည္ စစ္ေအးေခတ္ကာလတစ္ေလွ်ာက္ အေမရိကန္၏ န်ဴကလီးယားလက္နက္မ်ား ထားရွိရန္ စီစဥ္ထားေသာ ေနရာသုံးခုအနက္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ ဆိုဗီယက္ယူနီယံၿပိဳကြဲၿပီးေနာက္မၾကာမီ အေမရိကန္သည္ (၁၉၉၂)ခုႏွစ္ မတိုင္မီအခ်ိန္အထိ ၿဗိတိန္တပ္ဖြဲ႕မ်ားကို အဏုျမဴဗုံးမ်ား ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ၿဗိတိန္တြင္ တည္ေဆာက္မည့္လက္နက္တိုက္အသစ္တြင္ န်ဴကလီးယားလက္နက္မ်ားကို သိုေလွာင္ႏိုင္ဖြယ္ရွိ ေၾကာင္း ၿဗိတိန္-ေနတိုး ဓါတု၊ ဇီဝ၊ ဓါတ္ေရာင္ျခည္ ႏွင့္ န်ဴကလီးယားတပ္ဖြဲ႕မ်ား၏ တပ္မႉးေဟာင္း Hamish de Bretton-Gordon က ေျပာၾကားခဲ့သည္။
၎က "ဒီကိစၥမွာ (surety dormitory) ဆိုတာ န်ဴကလီးယားဒုံးက်ည္ေတြနဲ႔ ထိပ္ဖူးေတြကို သိုေလွာင္ဖို႔ အသုံးျပဳမယ့္ဘန္ကာတစ္ခုပါ။ ဘန္ကာကို တင္းၾကပ္ၿပီး လုံၿခဳံတဲ့ေနရာတစ္ခုအျဖစ္ တည္ေဆာက္လိုက္မယ္ဆိုရင္ ႐ုရွားေတြက အဲဒီေနရာကို ဗုံးႀကဲတိုက္ခိုက္မယ္ဆိုရင္ေတာင္ န်ဴကလီးယားမေတာ္တဆမႈကိုျဖစ္ေစမွာ မဟုတ္ပါဘူး" ဟု ေျပာခဲ့သည္။
အဆိုပါလက္နက္တိုက္အသစ္တည္ေဆာက္မႈကို လာမည့္ႏွစ္ေႏြရာသီတြင္ စတင္ရန္ စီစဥ္ထားၿပီး ၂ဝ၂၆ ခုႏွစ္ အေစာပိုင္းတြင္ အၿပီးသတ္တည္ေဆာက္သြားႏိုင္ဖြယ္ရွိေၾကာင္း အစီရင္ခံစာထဲတြင္ ေဖာ္ျပထားသည္။